.

AlinShin

Monday, December 23, 2013

ငါမရေးချင်သော . . သံဃိက.ကဗျာ

ငါမရေးချင်သော . . သံဃိက.ကဗျာ
❝ ❞ ❝ ❞ ❝ ❞ ❝ ❞ ❝
အို . . . ချစ်သော ညီငယ် .. ညီမငယ်တို့ တွေ . . .
မင်းတို့ သဘောကြ နှစ်ချိုက်စွာအားပေးခဲ့တဲ့
Sea Game ကတော့ ပြီးသွားလေပြီပေါ့ . . ။
သို့သော် . .

သံဃာတွေကို နှိပ်စက်သတ်ဖြတ်ခဲ့တဲ့ . .
လက်ပန်တောင်းတောင်ဂိမ်းကတော့ဖြင့်မပြီးငြိမ်းသေး . . ။
ဒါတွေကို ဒီလိုမပြောချင်ပါဘူး . . ။
ဒါတွေကို ဒီလိုမပြချင်ပါဘူး . . ။
ဒီလိုမပြရင် . .
ဒီလိုမသိတဲ့ . . ဒီလို မျိုးချစ်ညီငယ်ညီမငယ်များအတွက်
ဒီလိုပြတာ . .
ဒီလိုပြောတာ . .
အကုသိုလ်တရားမဟုတ်ငြားပါဘူးကွယ် . . ။
ယူတက်ရင် သံဝေဃ ၊ စစ်ခွေးဆိုးကြီးတွေလုပ်ခဲ့သမျှကို
ထေရ်သံဃာပဏ္ဍိတတို့ ပါရမီစခန်းမလှပခဲ့လေပြီ . . ။
အင်း . . အင်း . . အနိစ္စ
စစ်ခွေးဆိုးတို့ မသာ . . ကြွ ။
အင်း .. အင်း . . ဒုက္ခ
ဝမ်ပေါင်ကြီးတို့ သေပြီ . . ဗျ။
အင်း . . အင်း . . . အနတ္တ
တို့ပြည်သူတို့ . . . သံဝေ . . ဃ ။

█ ░ အလင်းရှင် ░ █
— with သု ဓမ္မ and 16 others.
Photo: ငါမရေးချင်သော . .  သံဃိက.ကဗျာ

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget