.

AlinShin

Sunday, December 29, 2013

ဖတ်ရင်းတွေးမိသော . . ပုံရိပ်များ

❝ ❞ ❝ ❞ ❝ ❞ ❝ ❞ ❝ ❞ ❝ ❞ ❝ ❞ ❝ ❞ ❝ ❞ ❝ ❞
အားလို့များ ပိဋကတ်ကို လှန်လှောမကြည့်မိစေနှင့် ကြည့်မိသောထို
နေ့သည် ဗုဒ္ဓမြတ်စွာရဲ့ စကားလုံးများကြားတွင် တမေ့တမောမေ့မြော
၍နေလေတော့၏။ ဤမျှလောက်အောင်ပင် ဗုဒ္ဓသည် အဆုံးအမ
ကောင်းသည်။ ဥပမာပေါ
င်းမြောက်များစွာနှင့် ပြောဆိုလေ့ရှိသောဗုဒ္ဓ
စကာတော်များကို ဖတ်ရှု့နေရသော မိမိသည် ချစ်စွာသောအဖေတစ်
ယောက်ရဲ့ ရင်ခွင်နားတွင် နားထောင်နေရသော ဧကပုတ္တတစ်
ယောက်တည်းသောသားကဲ့သို့ပင်တည်း .
ဒီလိုနှင့် အလင်းရှင်ဆိုသော မိမိသည် ရာသီတွေပြောင်း ရွက်ဟောင်း
တွေကြွေလို့ ရွက်သစ်တို့ဖြင့်ဝေဆာနေသော ပညောင်ပင်ကြီးကို
ကြည့်ကာ မိမိကျက်စားခဲ့ဖူးသော ဂါယာမြေကိုသတိရမိသည်။
ထိုမြေတွင် ဗုဒ္ဓသည် . . . .
သစ္စာလေးပါးကိုထိုးထွင်းကာ သိကျင့်တော်မူခဲ့သည် . . .။
ထိုမြေသည် ဗုဒ္ဓအတွက် . . . . .
ကိလေသာခပ်သိမ်းတို့ကိုဆေးကြောသုတ်သင်နိုင်ခဲ့သည် . . . ။
ထိုမြေတွင် ဗုဒ္ဓသည် . . . .
မာန်ငါးပါးကိုအောင်မြင်တော်မူခဲ့သည် . . .။
ဗုဒ္ဓ၀ါဒကိုကျင့်သုံးသော နိုင်ငံများသည် ကမ္ဘာပေါ်တွင် မရှိသလောက်
ပါးရှားခဲ့သည်။ ထိုအကြောင်းကိုလည်း ဗုဒ္ဓခေတ်ပိဋကတ်တော်များ
တွင် ဖေါ်ပြခဲ့သည်။ အထူးအားဖြင့် ရှေးယခင်ဗုဒ္ဓဘာသာနိုင်ငံတော်
များတွင် ဗုဒ္ဓ၀ါဒများဆိတ်သုန်းရခြင်းသည် ထိုနိုင်ငံကို အုပ်ချုပ်မင်း
မူသောခေါင်းဆောင်တို့ရဲ့ မိုက်မဲမှုကြောင့်ပင်ဖြစ်သည်။ လက်တွေ့
အားဖြင့် မိမိမျက်မြင်ကိုယ်တွေ့ကို သာဓကပြရသော် . . (၂၀၀၇)
ခုနှစ် စက်တင်ဘာလတွင်ဖြစ်ပွားခဲ့သော သံဃာတော်အပေါင်းဆု
တောင်းပရိတ်ရွတ်ပွဲတွင် စစ်ခွေးဆိုးကြီးဗိုလ်သန်းရွှေမှ သံဃာ
တော်များအား ပစ်သတ်ခဲ့သည်။ ယင်းထက်ဆိုးသည်ကား ကျောင်း
တိုက်ကြီးများတွင် ထောက်လှမ်းရေးများအား သင်္ကန်းဝတ်ပေးထား
ခြင်းနှင့် ထိုကျောင်းအနီးရှိ အရက်သမားဆေးသမားများအား inform
များအဖြစ် အရက်ဖိုးပေးကာမွေးမြူထားခြင်းတို့ဖြင့် သံဃာအတွင်း
ပူးဝင်ပူးသတ်ဝါဒကို ကျင့်သုံးခဲ့ပါသည်။
ဖြစ်ပုံက သာသနာ့ဘောင်တွင် ကြည်ညိုလို့ဝင်ရောက်ကာ ဗုဒ္ဓအရိပ်
သံဃာအရိပ်ကိုခိုလှိုနေသော ရဟန်းသူတော်ကောင်းများအား ပုထု
ဇဉ်များပီပီ အမြင်အကြည်လင်ပါက ယင်း inform မာများနှင့်ပေါင်း
ကာ စစ်ခွေးဆိုးများအား မဟုတ်မမှန်သတင်းများပေးခဲ့သဖြင့် သန့်
ရှင်းရိုးသားသော ရဟန်းသံဃာများသည် ထောင်ကျခဲ့ရသည်။
ဒီလိုဖြစ်ပုံများကြောင့် သံဃာထုအတွင်း သင်္ကန်းဝတ်ဖြင့်နေရသည်
မှာ ထောင်နှုတ်ခမ်းနင်းသကဲ့သို့ရှိခြေသည်။ ပို၍ဆိုးသည်ကား မဟန
ခေါ်သံဃာအဖွဲ့အစည်းရဲ့ လက်အောက်ရှိ မြို့နယ်သံဃနာယကအ
ဖွဲ့မှ ရဟန်းအချို့သည် ပုထုဇဉ်ရဟန်းများဖြစ်သည့်အလျှောက် ဓမ္မ
ကိုအဓမ္မလုပ်ကာ ငွေပေးတိုင်းရတော့သည်။ ထိုသို့ဖြင့် ဗုဒ္ဓသာသ
နာတော်တွေ ဓမ္မ၀ါဒီများအား အဓမ္မ၀ါဒီများမှ ဖိနှိပ်ချုပ်ချယ်နိုင်သော
အခွင့်အရေးများသည် စစ်ခွေးဆိုးကြီးဗိုလ်သန်းရွှေရဲ့ လက်ထက်
တွင် ပိုမိုထင်ပေါ်လာခဲ့ပေတော့သည်။

အလင်းရှင် 
Photo: ဖတ်ရင်းတွေးမိသော . . ပုံရိပ်များ
❝ ❞ ❝ ❞  ❝ ❞  ❝ ❞  ❝ ❞ 
အားလို့များ ပိဋကတ်ကို လှန်လှောမကြည့်မိစေနှင့် ကြည့်မိသောထို
နေ့သည် ဗုဒ္ဓမြတ်စွာရဲ့ စကားလုံးများကြားတွင် တမေ့တမောမေ့မြော
၍နေလေတော့၏။ ဤမျှလောက်အောင်ပင် ဗုဒ္ဓသည် အဆုံးအမ
ကောင်းသည်။ ဥပမာပေါင်းမြောက်များစွာနှင့် ပြောဆိုလေ့ရှိသောဗုဒ္ဓ
စကာတော်များကို ဖတ်ရှု့နေရသော မိမိသည် ချစ်စွာသောအဖေတစ်
ယောက်ရဲ့ ရင်ခွင်နားတွင် နားထောင်နေရသော ဧကပုတ္တတစ်
ယောက်တည်းသောသားကဲ့သို့ပင်တည်း .
ဒီလိုနှင့် အလင်းရှင်ဆိုသော မိမိသည် ရာသီတွေပြောင်း ရွက်ဟောင်း
တွေကြွေလို့ ရွက်သစ်တို့ဖြင့်ဝေဆာနေသော ပညောင်ပင်ကြီးကို
ကြည့်ကာ မိမိကျက်စားခဲ့ဖူးသော ဂါယာမြေကိုသတိရမိသည်။ 
ထိုမြေတွင် ဗုဒ္ဓသည်  . . . . 
သစ္စာလေးပါးကိုထိုးထွင်းကာ သိကျင့်တော်မူခဲ့သည် . . .။
ထိုမြေသည် ဗုဒ္ဓအတွက် . . . . . 
ကိလေသာခပ်သိမ်းတို့ကိုဆေးကြောသုတ်သင်နိုင်ခဲ့သည် . . . ။
ထိုမြေတွင် ဗုဒ္ဓသည်  . . . .
မာန်ငါးပါးကိုအောင်မြင်တော်မူခဲ့သည် . . .။
ဗုဒ္ဓ၀ါဒကိုကျင့်သုံးသော နိုင်ငံများသည် ကမ္ဘာပေါ်တွင် မရှိသလောက်
ပါးရှားခဲ့သည်။ ထိုအကြောင်းကိုလည်း ဗုဒ္ဓခေတ်ပိဋကတ်တော်များ
တွင် ဖေါ်ပြခဲ့သည်။ အထူးအားဖြင့် ရှေးယခင်ဗုဒ္ဓဘာသာနိုင်ငံတော်
များတွင် ဗုဒ္ဓ၀ါဒများဆိတ်သုန်းရခြင်းသည် ထိုနိုင်ငံကို အုပ်ချုပ်မင်း
မူသောခေါင်းဆောင်တို့ရဲ့ မိုက်မဲမှုကြောင့်ပင်ဖြစ်သည်။ လက်တွေ့
အားဖြင့် မိမိမျက်မြင်ကိုယ်တွေ့ကို သာဓကပြရသော် . .  (၂၀၀၇)
ခုနှစ် စက်တင်ဘာလတွင်ဖြစ်ပွားခဲ့သော သံဃာတော်အပေါင်းဆု
တောင်းပရိတ်ရွတ်ပွဲတွင် စစ်ခွေးဆိုးကြီးဗိုလ်သန်းရွှေမှ သံဃာ
တော်များအား ပစ်သတ်ခဲ့သည်။ ယင်းထက်ဆိုးသည်ကား ကျောင်း
တိုက်ကြီးများတွင် ထောက်လှမ်းရေးများအား သင်္ကန်းဝတ်ပေးထား
ခြင်းနှင့် ထိုကျောင်းအနီးရှိ အရက်သမားဆေးသမားများအား inform
များအဖြစ် အရက်ဖိုးပေးကာမွေးမြူထားခြင်းတို့ဖြင့် သံဃာအတွင်း
ပူးဝင်ပူးသတ်ဝါဒကို ကျင့်သုံးခဲ့ပါသည်။ 
ဖြစ်ပုံက သာသနာ့ဘောင်တွင် ကြည်ညိုလို့ဝင်ရောက်ကာ ဗုဒ္ဓအရိပ်
သံဃာအရိပ်ကိုခိုလှိုနေသော ရဟန်းသူတော်ကောင်းများအား ပုထု
ဇဉ်များပီပီ အမြင်အကြည်လင်ပါက ယင်း inform မာများနှင့်ပေါင်း
ကာ စစ်ခွေးဆိုးများအား မဟုတ်မမှန်သတင်းများပေးခဲ့သဖြင့် သန့်
ရှင်းရိုးသားသော ရဟန်းသံဃာများသည် ထောင်ကျခဲ့ရသည်။ 
ဒီလိုဖြစ်ပုံများကြောင့် သံဃာထုအတွင်း သင်္ကန်းဝတ်ဖြင့်နေရသည်
မှာ ထောင်နှုတ်ခမ်းနင်းသကဲ့သို့ရှိခြေသည်။ ပို၍ဆိုးသည်ကား မဟန
ခေါ်သံဃာအဖွဲ့အစည်းရဲ့ လက်အောက်ရှိ မြို့နယ်သံဃနာယကအ
ဖွဲ့မှ ရဟန်းအချို့သည် ပုထုဇဉ်ရဟန်းများဖြစ်သည့်အလျှောက် ဓမ္မ
ကိုအဓမ္မလုပ်ကာ ငွေပေးတိုင်းရတော့သည်။ ထိုသို့ဖြင့် ဗုဒ္ဓသာသ
နာတော်တွေ ဓမ္မ၀ါဒီများအား အဓမ္မ၀ါဒီများမှ ဖိနှိပ်ချုပ်ချယ်နိုင်သော
အခွင့်အရေးများသည် စစ်ခွေးဆိုးကြီးဗိုလ်သန်းရွှေရဲ့ လက်ထက်
တွင် ပိုမိုထင်ပေါ်လာခဲ့ပေတော့သည်။
☀ အလင်းရှင် ☀


No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget