Blessing များနဲ့ ကခုန်ခြင်း . .
❝ ❞ ❝ ❞ ❝ ❞ ❝ ❞ ❝ ❞ ❞
ဒီနေ့မနက် သရဏဂုံအတွေးလေးနဲ့ Blessing ဆိုတဲ့မင်္ဂလာလေးယူလိုက်ကြရအောင်
သရဏဂုံပျက်မှာကိုကြောက်ရင် အရင်ဆုံး theoretical knowledge ရှိအောင်တော့
တို့တွေ စာဖတ်မှရမယ်။ သရဏဂုံနဲ့ပတ်သက်တာကို သိအောင်အရင်စာဖတ်ရမယ်
သရဏဂုံဆိုတာဘာလဲ? ဒါကိုအရင်လေ့လာရမယ်။ မြွေဆိုးမှန်းမသမြွေပုတုတ်မှန်း
မသိရင်သေဘေးကြီးသင့်တက်တယ်။ မြွေပုတုတ်ကြက်တိုက်ကင်အသားက အင်မတန်
နူးညံ့တယ် နောက်သူ့ရနံ့က မွှေးသကွဲ့။ (တို့ငယ်ငယ်က တစ်ခါစားဖူးတယ်) ဒါကိုကိုယ်
က မြွေပွေကို မြွေပုတုတ်ထင်ပြီး သွားဖမ်းရင် သေပြီပေါ့ မသာ။
အေးဒါ့ကြောင့် သရဏဂုံပျက်မှာကိုကြောက်ရင် သရဏဂုံဆိုတဲ့ စကားအရာရဲ့အဓိပ္ပါယ်
ကိုလုံးစုံးသေချာထိမိအောင်တော့ သိရမယ် သရဏဂုံကျမ်းစာအုပ်ကို ဖတ်မှ၊ ဖတ်ကို
ဖတ်မှ။ အထက်ကပြောခဲ့တဲ့ ဥပမာလို အင်မတန်ကောင်းမွန်တဲ့ နူးညံ့တဲ့ ရနံ့ကောင်း
တဲ့ မြွေပုတုတ်သားစားချင်ရင် မြေပွေးကိုလည်းသိအုံးမှ။ တော်နေကြာ သေကိန်းဆိုက်
တက်တယ်လေ . .။ ဒါ့ကြောင့် သရဏဂုံပျက်မှာကိုကြောက်ရင် သရဏဂုံဝိနိစ္ဆယကျမ်း
မဖတ်မသိဘဲနှင့်တော့ ဖြစ်ပါ့မလားကွယ်တို့ .. ရေ . .။ ဒ့ါကြောင့် ဒီနေ့နက်ခင်း Blessing
ကောင်းကောင်းတွေ ရဖို့ တို့ စာဖတ်ကြရမယ်။ Blessing ဆိုတဲ့မင်္ဂလာဟာ နေထဲကဆင်း
လာတာမျိုး မဟုတ်သလို လထဲကလည်းထွက်လာတာမဟုတ် တို့တွေရဲ့ နေ့စဉ်ပြုမူဆောင်
ရွက်နေရသော action ထဲကနေထွက်လာတာပါ။ ဒါ့ကြောင့် သရဏဂုံပျက်မှာကိုကြောက်ရွံ
နေမယ့်အစား အခုပေးလိုက်တဲ့ စာအုပ်ကိုဒေါင်းပြီးဖတ်လိုက်ခြင်းသည်သာလျှင် Blessing
များပါဆိုတဲ့အကြောင်း . . . . . . ။
မှတ်ချက်။
ဤဆောင်းပါးကို နံနက်အာရုံဆွမ်းစားပြီးကတည်းကရေးပြီးသွားတာပါ။
သို့သော် News Feed ပေါ်မှာ တွေ့ရတဲ့ ပိုစ့်လေးတွေကို ဖတ်နေရတာနဲ့
ကြိုက်တာလေးတွေကိုယ့်နဲ့သဘောသဘာဝတူမျှတဲ့ ပိုစ့်လေးတွေကို Like
နေရလို့အခုမှတင်ဖြစ်တာပါ။
☀ အလင်းရှင် ☀
Download Here >>>>> သရဏဂုံဝိနိစ္ဆယကျမ်း.pdf - 179 KB
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment