.
AlinShin
Tuesday, November 12, 2013
ဒေါ်အောင်ဆန်းစုကြည် ဖတ်ဖို့ .. . ပါ။
သံဃာရတနာကိုပူဇော်လိုပါက ဒီပိုစ့်ကို အများပူဇော်နိုင်ရန် Share
ခြင်းဖြင့် ဓမ္မဒါနပြုပါ။
ဆရာတော် ဦးဝိစာရ ကို မုံရွာခရိုင် ၊ အမြင့် မြို့ နယ် ၊ ကမ်းနိမ့်ရွာ ၊ အဖဦးပြား
နှင့် အမိဒေါ်ဇလပ်တို့ မှ ၁၂၅၀ ခုနှစ် ၊ နှောင်းတခူးလပြည့် ကျော် ( ၉ )ရက်နေ့  
ဗုဒ္ဓဟူး နေ့ တွင်ဖွားမြင် ခဲ့ သည် ။
သားသမီးသုံးယောက် အနက် ဒုတိယမြောက်သား ဖြစ်သည် ၊
၁ ။ မဖွားသိုက် ။ ၂ ။ မောင်လှကျော် ။ ၃ ။ မောင်သာပုံ တို့ဖြစ်သည် ။ဒုတိယမြောက်
သားမောင်လှကျော် မှာ ဦးဝိစာရ လောင်းလျှာ ဖြစ်သည် ။ မောင်လှကျော်သည် အင်းနားရွာ ဆရာတော်အရှင် စန္ဒိမာ ကျောင်းတွင် အသက် (၁၂ ) သား အရွယ် တွင် ရှင်ပြု၍ သာမနေ
မောင်လှကျော် (ခ) ရှင်ဝိစာရ ၏ ဗီဇမှာ အကောင်းဖက်ကိုရှေးရှု့ ပြီး ၊ ငယ်ရွယ်သူ များကို
 ထောက်ထား ညှာတာကာ ၊ ကြီးနိုင်ငယ်ညှင်း အပြုအမူ တို့ကိုအလွန်မုန်းတီး သည် ။
 ကျောင်းနေစဉ် ဥာဏ်ကောင်း သွက်လက်ပြီး လက်ရေး လက်သား မှအစ
သေသပ်ကောင်းမွန်သဖြင့် ဆရာတော် ဘုန်းကြီး ၏ အချစ်တော် ရှင်သာမနေ အဖြစ် လေး ၀ါအထိ နေခဲ့ သည် ။
လေးဝါအရတွင် လူထွက်ပြီးမိဘ များနှင့် အတူနေသည် ။ လူပျို ပေါက် အရွယ်တွင် ရပ်ရေး 
ရွာရေး များတွင် အားတက်သရော စိတ်ရောကိုယ်ပါ ဆောင်ရွက်ပေး သဖြင့် တစတစ လူသိများလာကာ ခေတ်ကာလ အလျှာက် ကာလသားခေါင်း ဖြစ်လာခဲ့ ပြီး ကာလသားခေါင်း 
လှကျော် ဆိုလျှင် မသိသူမရှိ သလောက် ဖြစ်ခဲ့သည် ။မိဘများက
အသက် (၁၈) နှစ် အရွယ်တွင် ကာလသားခေါင်း မောင်လှကျော်အား ရွှေလှေရွာသူ မယ်ဥာဏ် နှင့် ထိမ်းမြားပေးခဲ့ ပြီး သမီးတယောက်ထွန်းကား ခဲ့သည် ။ အမည် မှာ 
မဖွားရန်ဖြစ်သည် ။ထို့ နောက်အိမ်ထောင်ရေး အဆင်မပြေသဖြင့်  မယ်ဥာဏ် 
နှင့်ကွာရှင်းပြီး တရွာတည်းနေ ကမ်းနိမ့် ရွာသူမသေးမျှင်နှင့် အိမ်ထောင်သစ်ပြုခဲ့ 
သည် ။မသေးမျှင်နှင့် သားသမီးတယောက် ထပ်မံထွန်းကားပြီး အမည်မှာမနွယ်
ဖြစ်သည် ။ကိုလှကျော်သည် အိမ်ထောင်နှစ်ဆက် ဖြင့် လူဘ၀၏ ဒုက္ခ အဖုံဖုံကြုံ ခဲ့ပြီး 
စိတ်သက်သာရာ ရစေကြောင်းဖြင့် လောကုတ္တရာအခြေခံရှိသူ ပီပီ ဥပုဒ် ရက်ရှည်
 စောင့် လေ့ရှိသည် ။ ထိုသို့ဖြင့် လူလောကကိုစိတ်ကုန်ကာ အသက်(၂၃ ) အရွယ်တွင် 
ရဟန်း ဘောင် သို့  ၀င်ရောက်ခဲ့ သည် ။ ကိုလှကျော်၏ ဥပဇ္ဈယ် ဆရာတော် မှာ ဘုံပျံ
 ကျောင်း ဆရာတော် အရှင်အာဒိစ္စ ဖြစ်သည် ။ ကိုလှကျော်၏ ရဟန်းဘွဲ့ မှာ သာမနေ 
ဘ၀က ဘွဲ့ တော် အတိုင်း ဦးဝိစာရ ပင်ဖြစ်သည်။ရဟန်းဘ ၀သို့ ရောက်သောအခါ
 ရှေးဦးစွာ ကစ္စည်း ၊ သဒ္ဒါကျမ်းများကို သင်ယူပြီးနောက် ပျဉ်းမနားမြို့ 
သို့ ကြွရောက်ခါသင်ရိုးကျမ်းများနှင်ပိဋကကျမ်းစာများကို လေ့လာလိုက်
စားခဲ့သည် ။ထိုမှတဆင့် မန္တလေး ၊ ပခုက္ကူ စသောမြို့ များသို့  ကြွရောက်ပြီး
လောကုတ္တရာစာပေများကို ထပ်မံ လိုက်စားပြီး ၊ တဖက် မှလည်း စာသင်သား
များအား စာချဆရာတော် အဖြစ်နှင့် သီတင်းသုံးနေတော်မူ၏ ။
၁၂၈၀ ပြည့် နှစ်ဝန်းကျင်လောက်က မန္တလေးတွင် ရှိစဉ် မျက်နှာဖြူရာဇ၀တ်ဝန် 
မစ္စတာစတီးဝပ် ဆိုသူသည် အိမ်တော်ရာဘုရားပွဲတော်တွင် ဘုရာဝန်းအတွင်း ဖိနပ်စီးမှု့ ကြောင့် ဖြစ်ပေါ်ခဲ့သော အရေးအခင်းမှ စတင်ကာ အမျိုးသားရေး
စိတ်ဓါတ် တို့ ကိန်းအောင်းခဲ့သည် ။
ဆရာတော် ဦးဝိစာရ သည် ၁၂၈၂ - ၁၂၈၃ လောက်တွင် ပခုက္ကူမြို့ မှနေ၍ သံဃသမဂ္ဂ 
အဖွဲ့ သို့  ၀င်ရောက်ခဲ့ ပြီး မလှိုင် ၊ ပန်းလှိုင်အိုင် နယ် မှစတင်ပြီး အခွန် တော် ကောက်ခံ
 မှု့ နှင့်  ပက်သက်သော နိုင်ငံရေးတရားများကို ရဲရဲတောက် ဟောကြားခဲ့ သည် ။ ထို့ ကြောင့် 
လဲ အစိုးရအား အကြည်အညို ပျက်အောင်ဟောပြောမှု့ ကြောင့်  ရာဇသတ်ကြီး ပုဒ်မ ၁၂၄ (က)
 ၁၀၈ အရ ဦးဝိစာရ နှင့်  ဦးပုည ကိုယ်တော်နှစ်ပါးအား ထောင်ဒဏ် ( ၆ ) လစီ အပြစ်ပေးခဲ့သည် ။
ဦးဝိစာရသည် ၁၂၈၅ ခုနှစ်တွင် ရန်ကုန်သို့ ရောက်ရှိလာပြီး ဝေဠုဝန်တိုက်တွင် သီတင်းသုံနေစဉ် နိုင်ငံရေးတရားများကို မျိုးစေ့ ချပေးသူ ဆရာတော် ဦးဥတ္တမ နှင့်  အဆက်အသွယ်ရရှိခဲ့သည် ။ ဆရာတော် ဦးဥတ္တမသည် ဦးဝိစာရအား ခေါ်ဆောင်ကာ 
 ရေး ၊ မြိတ် ၊ ထားဝယ် စသော တနင်္သာရီ နယ်များသို လှည့် လည်ပြီး နိုင်ငံရေး တရားများ ဟောပြောစေသည် ။
 ဦးဝိစာရ သည်ဆရာတော် ဦးဥတ္တမ နှင့် အတူ ပထမဦးဆုံး နိုင်ငံရေးတရားများ
 ဟောပြောခြင်းဖြစ်သည် ။ ဆရာတော် ဦးဥတ္တမ ၏ ဆက်သွယ်ပေးမှု့ ကြောင့် ၁၂၈၆ 
ခုနှစ် (၁၉၂၂ )တွင် အိန္ဒိယပြည် ၊ ဂါယာမြို့ တွင် ကျင်းပသော ပြည်လုံးကျွတ် ကွန်ဂရက်
 အသင်းကြီး၏ ညီလာခံ သို့  တက်ရောက်ခဲ့ သည် ။ ထို မှတဆင့် ကာလကတ္တားသို့
 ရောက်ရှိ သီတင်းသုံးပြီး ပါဠိ ၊ သက္ကတ ၊ ဟိန္ဒီ စာပေ များ နှင့် နိုင်ငံရေး ဗဟုသုတများကို
 လေ့လာခဲ့ သည် ။
ထို့ နောက် ဆရာတော် ဦးဝိစာရသည် မြန်မာပြည် သို့ ပြန်ကြွလာပြီး အနယ်နယ် အရပ်ရပ်
 သို့ မနေမနား လှည့် လည် ပြီး ( အမျိုးသား စောင့်ရှောက် ရေး တရား များ )ဟောပြောခဲ့
 ပြန်သည် ။ ထို့ ကြောင့်  လည်း အရေးပါသော နိုင်ငံရေး
ခေါင်းဆောင် တဦးဖြစ်၍ အစိုးရ၏ နိုင်ငံရေး ( လူဆိုး ) စာရင်းဝင် နံပါတ် (၄၄ ) အဖြစ် 
မှတ်တမ်းတင် ခံရ သည် ။ ထိုသို့ ၀ံသာနုတရားများ ဟောပြောနေရင်း ၁၂၈၈-တန်ဆောင်
မုန်းလဆုတ် ၂ ရက် ( ၂၂-၁ -၁၉၂၆ ) နေ့ တွင်အာဏာဖီဆန်မှု
့ဖြင် သာယာဝတီ ထောင်ချုပ်ကြီးတွင် ပုဒ်မ- ၁၈၈ အရ အဖမ်းခံ ရပြီး ပုဒ်မ ၁၄၄ ကိုဆန့် ကျင်ကန့် ကွက်ဟောပြောမှု့ ကြောင့် ပုဒ်မ ၁၈၈အရတရား စွဲဆိုခံခဲ့ရသည် ။
ထို့ နောက် သာယာဝတီထောင်မှတဆင့်  ရန်ကုန်ထောင် တွင် အလုပ်မရှိ ထောင်ဒါဏ်
 ( ၂ ) လအပြစ်ပေးခံ ခဲ့ ရ သည် ။ လွတ်ခါနီး ( ၁ ) ရက်အလို ( ၂၀-၁-၁၉၂၇ ) တွင် 
ရန်ကုန်ထောင် မှ သာယာဝတီထောင် သို့  ပုလိပ်အစောင့်  အရှောက် များဖြင့်  ပြန်လည် ပို့
 ဆောင်ခဲ့ သည် ။ (၂၁-၁-၁၉၂၇ ) နေ့ တွင် ပြန်လည် လွှတ်ပေးခဲ့ သော်လည်း ထောင်ဘူးဝ 
မှာပင် အရေးပိုင်မင်း၏ ၀ရမ်းစာပြကာ ရာဇသတ်ပုဒ်မ ၁၂၄( က ) အရ ထပ်မံဖမ်းဆီးခဲ့ပြန်သည် ။
ဆရာတော် သည် သာယာဝတီ ထောင်ချုပ်ကြီး၌ နေရစဉ် ၁၂၈၈ ခု ၊ ပြာသိုလဆုတ် ၁၅ ရက် ၊ လကွယ် ဥပုဒ် ( ၁- ၂ - ၁၉၂၇ ) တွင် ရဟန်းတော် တို့ ၏ ၀ိနည်းသိက္ခာ ပုဒ် နှင့်  အညီ သိမ် တခုခု တွင် ဥပုဒ်ပြုခွင့် တောင်းသည် ကို အရေးပိုင် မှ အကျဉ်းထောင် ဥပဒေ အရ ဥပုဒ်ပြုခွင့်  မပြုနိုင်ကြောင်း ပြန်ကြား
စာရခဲ့ သည် ။ ထို့ ကြောင့် ဆရာတော် သည် အစာငတ်ခံဆန္ဒပြ အရေးဆိုခဲ့ သည် ။ ထိုအချိန် ဆရာတော် မှာ ၀ါတော် မှာ ၁၅ ၀ါ (သက်တော် - ၃၈ ) နှစ် ရှိပြီ ဖြစ်သည် ။ ဆန္ဒပြ အရေးဆိုမှု့  လေး ရက်မြောက် နေ့ တွင် အရေးပိုင်မင်းရောက်လာပြီး အစာစားရန် ခြိမ်းခြောက် ပြောဆိုသည် ကို “ မစားနိုင်ကြောင်း ၊ လိုအင်ဆန္ဒမပြည့် 
ပါက အငတ်ခံမည် ဖြစ်ကြောင်း ၊ မင်းတို့ လက်ခုပ်ထဲ ကရေ မင်းတို့  လုပ်ချင်သ
လိုလုပ်နိုင် ကြောင်း “ ၊ ထိုသို့ ပြန်လည် ပြောဆို မှု့ ကြောင့်  ထိုနေ့ ညနေ ( ၆ ) နာရီတွင် ပုလိပ်အစောင့်  အရှောက်များဖြင့်  ရန်ကုန် ထောင်ကြီးသို့ ပြောင်းရွှေခြင့်း ခံခဲ့ ရ ပြန် သည် ။ သို့ သော် ရန်ကုန်ထောင်သို့  ပြောင်းရွှေ့  ခံ ရ သော် လဲ ဆက်လက် ဆန္ဒပြနေမှု့  ကြောင့်  ရက်ပေါင်း ( ၄၀) မြောက် တွင် အာဏာပိုင် များမှ ဥပုဒ်ပြုခွင့် ပြုလိုက် သည် ။ ဆရာတော်လည်း ထို အခါမှ ဆွမ်းပြန်စားတော် မူ ၏ ။ ထိုအမှု့ အား အင်းစိန်ရုံးတွင် စစ်ဆေးပြီး ထောင်ချခံ ခဲ့ ရ ပြန် သည် ။ ထောင်ဘူးဝအရောက် တွင် အာဏာ ပိုင်များမှ ဆရာတော် အား သင်္ကန်းအား ချွတ်၍ ထောင်အ၀တ်နံငယ် ပိုင်း ကိုလဲလှယ် စေသောအခါ ဆရာတော် မှ အိန္ဒြရေ သိက္ခာ ဖြင့်  ခပ်မဆိတ်နေတော် မူ၏ ။ ထိုအခါအာဏာပိုင်များမှ စိတ်ဆိုး မာန်ဆိုးဖြင့်  အတင်းအကျပ် သင်္ကန်းအားဆွဲ ချွတ် လေ သည် ။
ထို အခါဆရာတော် မှာ သင်္ကန်းမှ လွဲ ၍ မည်သည့် အ၀တ် မျှ မ၀တ်နိုင် ဟုဆိုကာ အ၀တ်မပါဗလာ ကိုယ် ဖြင့် နေတော် မူ သောအခါ ထောင် အမှု ထမ်းများမှ ဇွတ်အတင်း ချီမ ပြီးတိုက်ပိတ်ထား လိုက် ၏ ။
အ၀တ်မပါ ဗလာကိုယ်တည်း ဖြင့်  တိုက်ပိတ် ခံထားရသော ဦးဝိစာရ သည် ၁၂၈၉ ခု ကဆုန် လဆန်း ၈ ရက် ( ၈-၅-၁၉၂၇ ) တနင်္ဂနွေနေ့ မှ စတင်၍ ဒုတိယ အကြိမ် အစာငတ်ခံ ဆန္ဒပြ ပြန်သည် ။ ၃ -ရက်မြောက်နေ့ တွင် ထောင်ပိုင်ကြီး ကိုယ်တိုင်
လာပြီး အစာစားရန် အ၀တ်ဝတ်ရန် ကြိမ်းမောင်း ပြောဆို သည် ကို ဆရာတော် မှနေ၍ သင်္ကန်း မ၀တ်ရသ၍ အစာမစား ၊ အ၀တ်မ၀တ် ဟု ပြန်လည်ပြောဆိုခဲ့ သည် ။ ရက်အတန်ကြာ သောအခါ သင်္ကန်း ပြန်မ၀တ်စေသေးပဲ ၊ အတင်းအဓမ္မ ချုပ်နှောင်၍ နွားနို့  ၊ ကြက်ဥ တို့  ကို နှာခေါင်း မှ အတင်းသွင်းကြ သည် ။ မသေတသေ ဖြစ်အောင် တနေ့  နှစ်ကြိမ် သွင်းကြ သည် ဟု ဆို၏ ။.ထို့နောက်တဖန် စအိုပေါက် မှနေ၍လည်း ပိုက်သွင်းကာ ၀မ်းချူ ကြပြန်သည် ။
ဆရာတော်မှာ အစာမစားပဲ နေလာရင်း ရက်ပေါင်းလေးဆယ် ကျော်လာသောအခါ ဂုန်နီ 
ဖျင် ခင်း အိပ်.ယာပေါ်တွင် သတိမေ့  တချက်လျှော့  တချက်ဖြင့်  ဘုန်းဘုန်း လဲသော အခါတွင်မှ ထောင်ဆရာဝန်များရောက်လာကာ ဆေးရုံကြီးသို့  ပို့ ဆောင်ခဲ့ ကြသည် ။
 ဆေးဝါးကုသပြီး အတန်ငယ် သက်သာ လာသော အခါ (၁၂၈၉-ခု နတော်လဆန်း ၇ -ရက် ) နေ့ တွင် တံတားလေး အရူးထောင်သို့  ပို့ ဆောင် ခဲ့ကြပြန်သည် ။ ဆေးရုံသို့ ရောက်သော အခါ (၇ ) ခန့် ကြိုးများဖြင့်  တုတ်နှောင်ပြီး ရိုက်နှက် ခြင်း ၊ နား ၊ နှာခေါင်း များထဲသို့ ရေများ လောင်းထဲ့ ပြီး နှိပ်စက်ကြပြန်သည် ။ ပြီးနောက်တွင် ဆရာတော် အား ရူးသွပ်နေသော သူများနှင့်  အတူထားပြန်သဖြင့်  ရိုက်နှက်ကန်ကျောက် ခြင်း ဆဲဆိုခြင်း များအပြင် ဆရာတော် ၏ ဖွားဖက်တော် ကိုပါ ဆွဲ 
ညှစ်ကြသည် အထိ ဒုက္ခ အမျိုးမျိုး ပေးခဲ့ ကြသည် ။
ထိုသို့ ဒုက္ခ အဖုံဖုံပေးပြီးမှ ဆရာတော် ကို ထောင်ထဲ သို့  ပြန် ပို့  လိုက် ကြသည် ။ ၁၂၈၉ -ခု နတော်လပြည့် တွင် ဆရာတော် ကို မထင် မှတ်ပဲ အာဏာပိုင်များမှ သင်္ကန်းဝတ်ခွင့် 
 ပြန်ပေးလိုက် သည် ။ ဆရာတော် လည်းသ့င်္ကန်းပြန်လည် ၀တ် ခွင့် ရသဖြင့်  
အစားအသောက်များ တဖြည်းဖြည်း ပြန်လည်စားသောက်ရာမှာ အားအင်များ ပြန်လည် ပြည့် ဖြိုးစ ပြုလာသည် ။ မကြာခင်မှာပဲ တပို့ တွဲလဆုတ်
( ၁၀ ) ရက်နေ့  တွင် တဖန်သင်္ကန်း ကိုအတင်ချွတ်ပြန်လေသည် ။ ဆရာတော် လဲ 
တတိယ အကြိမ် အစာငတ်ခံ ဆန္ဒ ပြ ပြန်လေသည် ။
` အာဏာပိုင်များမှ ထောင်တွင်းတိုက်ပွဲ ပြင်းထန်မှု့ ကြောင့်  ၁၂၈၉-ခု တပေါင်းလဆန်း 
( ၆ )ရက်နေ့ နံနက် ပိုင်းတွင် သင်္ကန်းအားပြန်လည် ပေး အပ်ပြီး နေ့ လည် တစ်နာရီ 
အချိန်တွင် ကာလကတ္တားသို့  ထွက်မည့် သင်္ဘောဖြင့်  အန္ဒိယ နိုင်ငံ မေဒနီထောင် သို့
ပို့ လိုက်လေတော့  သည် ။ ထိုမှအဆင့် ဆင့်  လာလဗဂျားရား ရဲဌာန ၊ အလီပူရ ရဲဌာန
 ၊ ဘလိဂန်ဂျ ရဲဌာနများသို့  ပိုဆောင်ခဲ့ ကြသည် ။
ဆရာတော်အား ကလက္ကတား ရဲဌာန များမှတဆင့်  (၁၈-၂-၁၉၂၉ ) နေ့တွင် ရန်ကုန်ထောင်ကြီးသို့  ပြန်ပို့  ပေးခဲ့  သည် ။ ( ၂၈ -၂ -၁၉၂၉ )နေတွင်
့ဆရာတော်အားထောင်မှ ပြန်လည် လွှတ်ပေးခဲ့ လေ သည် ။ ဆရာတော်
သည် ထောင်မှလွတ်ပြီး အမြို့ မြို့  အနယ်နယ် သို့  လှည့် လည် ကာ ၀ံသာနု 
တရားများဟောပြန်လေ သဖြင့်  ( ၆- ၄ -၁၉၂၉ ) နေ့ တွင် ကာလက္ကတားသို့  သင်္ဘောဖြင့် ကြွရန်ပြင်ဆင်နေခိုက် သုံးခွ နယ် ၊ ဖရုံကန် ရွာတရားပွဲတွင် အစိုးရအား အကြည် ညိုပျက်စေရန် ဟောပြောခဲ့မှု့ကြောင့်  ပုဒ်မ ၁၂၄ ( က ) အရအဖမ်းခံရပြန်လေသည် ။ ထောင်တွင်းရောက်ပြန်လေသောအခါ ရဟန်းတော်တို့ ရသင့် ရထိုက်သော အခွင့် 
အရေးများ တောင်းဆို ရာ မရပြန်သဖြင့်  အစာငတ်ခံ ဆန္ဒပြ ပြန်လေသည် ။
အစာငတ်ခံ ဆန္ဒပြနေသော ဆရာတော် အား ဆန္ဒပြ ၍ (၈၃) ရက်မြောက်နေ့ 
( ၂၈ - ၈ -၁၉၂၉ ) နေ့ တွင် ဟံသာဝတီ စက်ရှင်တရားသူကြီးသည် အားအင်ပြတ်လပ်ကာ
ဗုန်းဗုန်း လဲနေသော ဆရာတော် ဘေးနား တွင် ပုဒ်မ ၁၂၄( က ) အရ ပြစ်မှု့ ထင်ရှားသည် 
ဟုဆို ပြီး ထောင်ဒါဏ် တသက်တကျွန်းနှင့်  ၆ နှစ် ကျခံစေရန် စီရင်ချက် ချခဲ့  သည် ။ 
စီရင်ချက် ချပြီးသည် နှင့် တပြိုင်နက် သင်္ကန်းများကို ချွတ်ယူသွားပြီး ထောင်သို့ပို့ ဆောင်ခဲ့
 လေသည် ။ ဆရာတော်မှာ လဲ ဆက်လက်၍ အစာငတ်ခံ ဆန္ဒပြ နေရာ ရက်ပေါင်း ( ၁၄၀ ) 
အရောက်တွင် တွံတေးဆရာတော် ဦးကေတု နှင့်  အာလံဆရာတော် ဦးလာဘ တို့ က 
အာဏာပိုင် များထံမှ ခွင့် တောင်း၍ ဆရာတော် ဦးဝိစာရ ကို ၀င်ရောက်ကြည့်  ရှု့  ရာ ကြိုးတိုက်
နံပါတ် - ၅ ခုတင်တလုံး ပေါ်တွင် အ၀တ်အစားကင်းမဲ့ နေပြီး ပိန်လှီပြားချပ်ကာ အသက်ငွေ
ဆရာတော် နှစ်ပါးသည် နား နားသို့ တိုးကပ် ပြီး “ တပည့် တော်တို့ လာရောက်ဖူးေ
မျှာ်ပါသည် ဘုရား “ ဟုဆိုရာတွင် ပထမအကြိမ် တွင် မကြား ပဲ ဒုတိယ အကြိမ် ခပ်ကျယ်ကျယ်လျှောက်ထားသော အခါတွင်မှ ချိုင့် ခွက်နေသော မျက်လုံးများကို 
 အားယူဖွင့်  လှစ်ရင်း လေသံမျှသာအသံဖြင့်  “ လိမ်…မာ…ရစ်…ကြ..ပါ…..” ဟု 
ဆရာတော် ဦးဝိစာရ၏ နောက်ဆုံးစကား ကို မိန့် ကြား တော် မူခဲ့ လေသည် ။
ဆရာတော် ဦးဝိစာရ သည် အစာငတ်ခံ ဆန္ဒပြနေရာ ရက်ပေါင်း ၁၆၆ ရက်အကြာ..-
သက္ကရာဇ်  ၁၂၉၁ ခု ၊ တော် သလင်း လဆုတ် ၂ ရက်နေ့  ( ၁၉ - ၉- ၁၉၂၉ ) ည ( ၈ )
 နာရီ မိနစ် ၂၀ အချိန်တွင် ရန်ကုန်ထောင်ကြီးအတွင်း သက်တော် လေးဆယ့် တနှစ် 
အရွယ်တွင် ခန္ဒာချုပ်ငြိမ်း၍ ဘ၀ နတ်ထံ ပျံလွန်တော် မူလေ သည် ။
မှတ်ချက် ။ ။ ယခင် က တော်သလင်းလပြည့် ကျော် ( ၂ ) ရက်နေ့  အား ဦးဝိစာရ နေ့  ဟု
သတ်မှတ် ဂုဏ်ပြု ခဲ့ ကြပါသည် ။
 ဦးဝိစာရ ၏ မြန်မာပြန် အဓိပါယ် မှာ 
( ၀ိ = အထူး ၊ စာရ = အကျင့်  ) အကျင့်  ထူးရှိသူ ဟု အဓိပါယ်ရပါသည် ။
ကျမ်းကိုး ။ ။
- တချိန်က ထင်ရှားခဲ့ သော ပုဂ္ဂိုလ်ကြီးများ (ရွှေ ဥသြ ) - ၁၉၈၆
- မြန်မာ့ စွယ်စုံ ကျမ်း အတွဲ - ၁၂
- အာဇာနည် အရှင် ဦးဝိစာရ - ( သခင် လွင် ) -၁၉၇၁
အလင်းရှင်
Photo: ဒေါ်အောင်ဆန်းစုကြည် ဖတ်ဖို့  .. . ပါ။
☀  ☀   ☀   ☀   ☀   ☀   ☀   ☀   ☀   ☀ 
သံဃာရတနာကိုပူဇော်လိုပါက ဒီပိုစ့်ကို အများပူဇော်နိုင်ရန် Share
ခြင်းဖြင့် ဓမ္မဒါနပြုပါ။
♥  ♥  ♥  ♥   ♥  ♥  ♥  ♥   ♥  ♥  ♥  ♥   ♥  ♥  ♥  ♥
ဆရာတော် ဦးဝိစာရ ကို မုံရွာခရိုင် ၊ အမြင့် မြို့ နယ် ၊ ကမ်းနိမ့်ရွာ ၊ အဖဦးပြား
 နှင့် အမိဒေါ်ဇလပ်တို့ မှ ၁၂၅၀ ခုနှစ် ၊ နှောင်းတခူးလပြည့် ကျော် ( ၉ )ရက်နေ့  ဗုဒ္ဓဟူး နေ့ တွင်ဖွားမြင် ခဲ့ သည် ။
သားသမီးသုံးယောက် အနက် ဒုတိယမြောက်သား ဖြစ်သည် ၊
၁ ။ မဖွားသိုက် ။ ၂ ။ မောင်လှကျော် ။ ၃ ။ မောင်သာပုံ တို့ဖြစ်သည် ။ဒုတိယမြောက်
သားမောင်လှကျော် မှာ ဦးဝိစာရ လောင်းလျှာ ဖြစ်သည် ။ မောင်လှကျော်သည် အင်းနားရွာ ဆရာတော်အရှင် စန္ဒိမာ ကျောင်းတွင် အသက် (၁၂ ) သား အရွယ် တွင် ရှင်ပြု၍ သာမနေ ၀တ်ခဲ့ သည် ။ ဘွဲ့ တော်မှာ ရှင်ဝိစာရ ဖြစ်သည် ။
မောင်လှကျော် (ခ) ရှင်ဝိစာရ ၏ ဗီဇမှာ အကောင်းဖက်ကိုရှေးရှု့ ပြီး ၊ ငယ်ရွယ်သူ များကို ထောက်ထား ညှာတာကာ ၊ ကြီးနိုင်ငယ်ညှင်း အပြုအမူ တို့ကိုအလွန်မုန်းတီး သည် ။ ကျောင်းနေစဉ် ဥာဏ်ကောင်း သွက်လက်ပြီး လက်ရေး လက်သား မှအစ
သေသပ်ကောင်းမွန်သဖြင့် ဆရာတော် ဘုန်းကြီး ၏ အချစ်တော် ရှင်သာမနေ အဖြစ် လေး ၀ါအထိ နေခဲ့ သည် ။
လေးဝါအရတွင် လူထွက်ပြီးမိဘ များနှင့် အတူနေသည် ။ လူပျို ပေါက် အရွယ်တွင် ရပ်ရေး ရွာရေး များတွင် အားတက်သရော စိတ်ရောကိုယ်ပါ ဆောင်ရွက်ပေး သဖြင့် တစတစ လူသိများလာကာ ခေတ်ကာလ အလျှာက် ကာလသားခေါင်း ဖြစ်လာခဲ့ ပြီး ကာလသားခေါင်း လှကျော် ဆိုလျှင် မသိသူမရှိ သလောက် ဖြစ်ခဲ့သည် ။မိဘများက 
အသက် (၁၈) နှစ် အရွယ်တွင် ကာလသားခေါင်း မောင်လှကျော်အား ရွှေလှေရွာသူ မယ်ဥာဏ် နှင့် ထိမ်းမြားပေးခဲ့ ပြီး သမီးတယောက်ထွန်းကား ခဲ့သည် ။ အမည် မှာ မဖွားရန်ဖြစ်သည် ။ထို့ နောက်အိမ်ထောင်ရေး အဆင်မပြေသဖြင့်  မယ်ဥာဏ် နှင့်ကွာရှင်းပြီး တရွာတည်းနေ ကမ်းနိမ့် ရွာသူမသေးမျှင်နှင့် အိမ်ထောင်သစ်ပြုခဲ့ 
သည် ။မသေးမျှင်နှင့် သားသမီးတယောက် ထပ်မံထွန်းကားပြီး အမည်မှာမနွယ် 
ဖြစ်သည် ။ကိုလှကျော်သည် အိမ်ထောင်နှစ်ဆက် ဖြင့် လူဘ၀၏ ဒုက္ခ အဖုံဖုံကြုံ ခဲ့ပြီး စိတ်သက်သာရာ ရစေကြောင်းဖြင့် လောကုတ္တရာအခြေခံရှိသူ ပီပီ ဥပုဒ် ရက်ရှည် စောင့် လေ့ရှိသည် ။ ထိုသို့ဖြင့် လူလောကကိုစိတ်ကုန်ကာ အသက်(၂၃ ) အရွယ်တွင် ရဟန်း ဘောင် သို့  ၀င်ရောက်ခဲ့ သည် ။ ကိုလှကျော်၏ ဥပဇ္ဈယ် ဆရာတော် မှာ ဘုံပျံ ကျောင်း ဆရာတော် အရှင်အာဒိစ္စ ဖြစ်သည် ။ ကိုလှကျော်၏ ရဟန်းဘွဲ့ မှာ သာမနေ ဘ၀က ဘွဲ့ တော် အတိုင်း ဦးဝိစာရ ပင်ဖြစ်သည်။ရဟန်းဘ ၀သို့ ရောက်သောအခါ ရှေးဦးစွာ ကစ္စည်း ၊ သဒ္ဒါကျမ်းများကို သင်ယူပြီးနောက် ပျဉ်းမနားမြို့ သို့ ကြွရောက်ခါသင်ရိုးကျမ်းများနှင်ပိဋကကျမ်းစာများကို လေ့လာလိုက်
စားခဲ့သည် ။ထိုမှတဆင့် မန္တလေး ၊ ပခုက္ကူ စသောမြို့ များသို့  ကြွရောက်ပြီး
လောကုတ္တရာစာပေများကို ထပ်မံ လိုက်စားပြီး ၊ တဖက် မှလည်း စာသင်သား
များအား စာချဆရာတော် အဖြစ်နှင့် သီတင်းသုံးနေတော်မူ၏ ။
၁၂၈၀ ပြည့် နှစ်ဝန်းကျင်လောက်က မန္တလေးတွင် ရှိစဉ် မျက်နှာဖြူရာဇ၀တ်ဝန် မစ္စတာစတီးဝပ် ဆိုသူသည် အိမ်တော်ရာဘုရားပွဲတော်တွင် ဘုရာဝန်းအတွင်း ဖိနပ်စီးမှု့ ကြောင့် ဖြစ်ပေါ်ခဲ့သော အရေးအခင်းမှ စတင်ကာ အမျိုးသားရေး
စိတ်ဓါတ် တို့ ကိန်းအောင်းခဲ့သည် ။
ဆရာတော် ဦးဝိစာရ သည် ၁၂၈၂ - ၁၂၈၃ လောက်တွင် ပခုက္ကူမြို့ မှနေ၍ သံဃသမဂ္ဂ အဖွဲ့ သို့  ၀င်ရောက်ခဲ့ ပြီး မလှိုင် ၊ ပန်းလှိုင်အိုင် နယ် မှစတင်ပြီး အခွန် တော် ကောက်ခံ မှု့ နှင့်  ပက်သက်သော နိုင်ငံရေးတရားများကို ရဲရဲတောက် ဟောကြားခဲ့ သည် ။ ထို့ ကြောင့် လဲ အစိုးရအား အကြည်အညို ပျက်အောင်ဟောပြောမှု့ ကြောင့်  ရာဇသတ်ကြီး ပုဒ်မ ၁၂၄ (က) ၁၀၈ အရ ဦးဝိစာရ နှင့်  ဦးပုည ကိုယ်တော်နှစ်ပါးအား ထောင်ဒဏ် ( ၆ ) လစီ အပြစ်ပေးခဲ့သည် ။
ဦးဝိစာရသည် ၁၂၈၅ ခုနှစ်တွင် ရန်ကုန်သို့ ရောက်ရှိလာပြီး ဝေဠုဝန်တိုက်တွင် သီတင်းသုံနေစဉ် နိုင်ငံရေးတရားများကို မျိုးစေ့ ချပေးသူ ဆရာတော် ဦးဥတ္တမ နှင့်  အဆက်အသွယ်ရရှိခဲ့သည် ။ ဆရာတော် ဦးဥတ္တမသည် ဦးဝိစာရအား ခေါ်ဆောင်ကာ ရေး ၊ မြိတ် ၊ ထားဝယ် စသော တနင်္သာရီ နယ်များသို လှည့် လည်ပြီး နိုင်ငံရေး တရားများ ဟောပြောစေသည် ။ ဦးဝိစာရ သည်ဆရာတော် ဦးဥတ္တမ နှင့် အတူ ပထမဦးဆုံး နိုင်ငံရေးတရားများ ဟောပြောခြင်းဖြစ်သည် ။ ဆရာတော် ဦးဥတ္တမ ၏ ဆက်သွယ်ပေးမှု့ ကြောင့် ၁၂၈၆ ခုနှစ် (၁၉၂၂ )တွင် အိန္ဒိယပြည် ၊ ဂါယာမြို့ တွင် ကျင်းပသော ပြည်လုံးကျွတ် ကွန်ဂရက် အသင်းကြီး၏ ညီလာခံ သို့  တက်ရောက်ခဲ့ သည် ။ ထို မှတဆင့် ကာလကတ္တားသို့ ရောက်ရှိ သီတင်းသုံးပြီး ပါဠိ ၊ သက္ကတ ၊ ဟိန္ဒီ စာပေ များ နှင့် နိုင်ငံရေး ဗဟုသုတများကို လေ့လာခဲ့ သည် ။
ထို့ နောက် ဆရာတော် ဦးဝိစာရသည် မြန်မာပြည် သို့ ပြန်ကြွလာပြီး အနယ်နယ် အရပ်ရပ် သို့ မနေမနား လှည့် လည် ပြီး ( အမျိုးသား စောင့်ရှောက် ရေး တရား များ )ဟောပြောခဲ့ ပြန်သည် ။ ထို့ ကြောင့်  လည်း အရေးပါသော နိုင်ငံရေး
 ခေါင်းဆောင် တဦးဖြစ်၍ အစိုးရ၏ နိုင်ငံရေး ( လူဆိုး ) စာရင်းဝင် နံပါတ် (၄၄ ) အဖြစ် မှတ်တမ်းတင် ခံရ သည် ။ ထိုသို့ ၀ံသာနုတရားများ ဟောပြောနေရင်း ၁၂၈၈-တန်ဆောင်မုန်းလဆုတ် ၂ ရက် ( ၂၂-၁ -၁၉၂၆ ) နေ့ တွင်အာဏာဖီဆန်မှု
ထို့ နောက် သာယာဝတီထောင်မှတဆင့်  ရန်ကုန်ထောင် တွင် အလုပ်မရှိ ထောင်ဒါဏ် ( ၂ ) လအပြစ်ပေးခံ ခဲ့ ရ သည် ။ လွတ်ခါနီး ( ၁ ) ရက်အလို ( ၂၀-၁-၁၉၂၇ ) တွင် ရန်ကုန်ထောင် မှ သာယာဝတီထောင် သို့  ပုလိပ်အစောင့်  အရှောက် များဖြင့်  ပြန်လည် ပို့ ဆောင်ခဲ့ သည် ။ (၂၁-၁-၁၉၂၇ ) နေ့ တွင် ပြန်လည် လွှတ်ပေးခဲ့ သော်လည်း ထောင်ဘူးဝ မှာပင် အရေးပိုင်မင်း၏ ၀ရမ်းစာပြကာ ရာဇသတ်ပုဒ်မ ၁၂၄( က ) အရ ထပ်မံဖမ်းဆီးခဲ့ပြန်သည် ။
ဆရာတော် သည် သာယာဝတီ ထောင်ချုပ်ကြီး၌ နေရစဉ် ၁၂၈၈ ခု ၊ ပြာသိုလဆုတ် ၁၅ ရက် ၊ လကွယ် ဥပုဒ် ( ၁- ၂ - ၁၉၂၇ ) တွင် ရဟန်းတော် တို့ ၏ ၀ိနည်းသိက္ခာ ပုဒ် နှင့်  အညီ သိမ် တခုခု တွင် ဥပုဒ်ပြုခွင့် တောင်းသည် ကို အရေးပိုင် မှ အကျဉ်းထောင် ဥပဒေ အရ ဥပုဒ်ပြုခွင့်  မပြုနိုင်ကြောင်း ပြန်ကြား
စာရခဲ့ သည် ။ ထို့ ကြောင့် ဆရာတော် သည် အစာငတ်ခံဆန္ဒပြ အရေးဆိုခဲ့ သည် ။ ထိုအချိန် ဆရာတော် မှာ ၀ါတော် မှာ ၁၅ ၀ါ (သက်တော် - ၃၈ ) နှစ် ရှိပြီ ဖြစ်သည် ။ ဆန္ဒပြ အရေးဆိုမှု့  လေး ရက်မြောက် နေ့ တွင် အရေးပိုင်မင်းရောက်လာပြီး အစာစားရန် ခြိမ်းခြောက် ပြောဆိုသည် ကို “ မစားနိုင်ကြောင်း ၊ လိုအင်ဆန္ဒမပြည့် 
ပါက အငတ်ခံမည် ဖြစ်ကြောင်း ၊ မင်းတို့ လက်ခုပ်ထဲ ကရေ မင်းတို့  လုပ်ချင်သ
လိုလုပ်နိုင် ကြောင်း “ ၊ ထိုသို့ ပြန်လည် ပြောဆို မှု့ ကြောင့်  ထိုနေ့ ညနေ ( ၆ ) နာရီတွင် ပုလိပ်အစောင့်  အရှောက်များဖြင့်  ရန်ကုန် ထောင်ကြီးသို့ ပြောင်းရွှေခြင့်း ခံခဲ့ ရ ပြန် သည် ။ သို့ သော် ရန်ကုန်ထောင်သို့  ပြောင်းရွှေ့  ခံ ရ သော် လဲ ဆက်လက် ဆန္ဒပြနေမှု့  ကြောင့်  ရက်ပေါင်း ( ၄၀) မြောက် တွင် အာဏာပိုင် များမှ ဥပုဒ်ပြုခွင့် ပြုလိုက် သည် ။ ဆရာတော်လည်း ထို အခါမှ ဆွမ်းပြန်စားတော် မူ ၏ ။ ထိုအမှု့ အား အင်းစိန်ရုံးတွင် စစ်ဆေးပြီး ထောင်ချခံ ခဲ့ ရ ပြန် သည် ။ ထောင်ဘူးဝအရောက် တွင် အာဏာ ပိုင်များမှ ဆရာတော် အား သင်္ကန်းအား ချွတ်၍ ထောင်အ၀တ်နံငယ် ပိုင်း ကိုလဲလှယ် စေသောအခါ ဆရာတော် မှ အိန္ဒြရေ သိက္ခာ ဖြင့်  ခပ်မဆိတ်နေတော် မူ၏ ။ ထိုအခါအာဏာပိုင်များမှ စိတ်ဆိုး မာန်ဆိုးဖြင့်  အတင်းအကျပ် သင်္ကန်းအားဆွဲ ချွတ် လေ သည် ။ 
ထို အခါဆရာတော် မှာ သင်္ကန်းမှ လွဲ ၍ မည်သည့် အ၀တ် မျှ မ၀တ်နိုင် ဟုဆိုကာ အ၀တ်မပါဗလာ ကိုယ် ဖြင့် နေတော် မူ သောအခါ ထောင် အမှု ထမ်းများမှ ဇွတ်အတင်း ချီမ ပြီးတိုက်ပိတ်ထား လိုက် ၏ ။
အ၀တ်မပါ ဗလာကိုယ်တည်း ဖြင့်  တိုက်ပိတ် ခံထားရသော ဦးဝိစာရ သည် ၁၂၈၉ ခု ကဆုန် လဆန်း ၈ ရက် ( ၈-၅-၁၉၂၇ ) တနင်္ဂနွေနေ့ မှ စတင်၍ ဒုတိယ အကြိမ် အစာငတ်ခံ ဆန္ဒပြ ပြန်သည် ။ ၃ -ရက်မြောက်နေ့ တွင် ထောင်ပိုင်ကြီး ကိုယ်တိုင်
လာပြီး အစာစားရန် အ၀တ်ဝတ်ရန် ကြိမ်းမောင်း ပြောဆို သည် ကို ဆရာတော် မှနေ၍ သင်္ကန်း မ၀တ်ရသ၍ အစာမစား ၊ အ၀တ်မ၀တ် ဟု ပြန်လည်ပြောဆိုခဲ့ သည် ။ ရက်အတန်ကြာ သောအခါ သင်္ကန်း ပြန်မ၀တ်စေသေးပဲ ၊ အတင်းအဓမ္မ ချုပ်နှောင်၍ နွားနို့  ၊ ကြက်ဥ တို့  ကို နှာခေါင်း မှ အတင်းသွင်းကြ သည် ။ မသေတသေ ဖြစ်အောင် တနေ့  နှစ်ကြိမ် သွင်းကြ သည် ဟု ဆို၏ ။.ထို့နောက်တဖန် စအိုပေါက် မှနေ၍လည်း ပိုက်သွင်းကာ ၀မ်းချူ ကြပြန်သည် ။
ဆရာတော်မှာ အစာမစားပဲ နေလာရင်း ရက်ပေါင်းလေးဆယ် ကျော်လာသောအခါ ဂုန်နီ ဖျင် ခင်း အိပ်.ယာပေါ်တွင် သတိမေ့  တချက်လျှော့  တချက်ဖြင့်  ဘုန်းဘုန်း လဲသော အခါတွင်မှ ထောင်ဆရာဝန်များရောက်လာကာ ဆေးရုံကြီးသို့  ပို့ ဆောင်ခဲ့ ကြသည် ။ ဆေးဝါးကုသပြီး အတန်ငယ် သက်သာ လာသော အခါ (၁၂၈၉-ခု နတော်လဆန်း ၇ -ရက် ) နေ့ တွင် တံတားလေး အရူးထောင်သို့  ပို့ ဆောင် ခဲ့ကြပြန်သည် ။ ဆေးရုံသို့ ရောက်သော အခါ (၇ ) ခန့် ကြိုးများဖြင့်  တုတ်နှောင်ပြီး ရိုက်နှက် ခြင်း ၊ နား ၊ နှာခေါင်း များထဲသို့ ရေများ လောင်းထဲ့ ပြီး နှိပ်စက်ကြပြန်သည် ။ ပြီးနောက်တွင် ဆရာတော် အား ရူးသွပ်နေသော သူများနှင့်  အတူထားပြန်သဖြင့်  ရိုက်နှက်ကန်ကျောက် ခြင်း ဆဲဆိုခြင်း များအပြင် ဆရာတော် ၏ ဖွားဖက်တော် ကိုပါ ဆွဲ ညှစ်ကြသည် အထိ ဒုက္ခ အမျိုးမျိုး ပေးခဲ့ ကြသည် ။
ထိုသို့ ဒုက္ခ အဖုံဖုံပေးပြီးမှ ဆရာတော် ကို ထောင်ထဲ သို့  ပြန် ပို့  လိုက် ကြသည် ။ ၁၂၈၉ -ခု နတော်လပြည့် တွင် ဆရာတော် ကို မထင် မှတ်ပဲ အာဏာပိုင်များမှ သင်္ကန်းဝတ်ခွင့်  ပြန်ပေးလိုက် သည် ။ ဆရာတော် လည်းသ့င်္ကန်းပြန်လည် ၀တ် ခွင့် ရသဖြင့်  အစားအသောက်များ တဖြည်းဖြည်း ပြန်လည်စားသောက်ရာမှာ အားအင်များ ပြန်လည် ပြည့် ဖြိုးစ ပြုလာသည် ။ မကြာခင်မှာပဲ တပို့ တွဲလဆုတ် 
( ၁၀ ) ရက်နေ့  တွင် တဖန်သင်္ကန်း ကိုအတင်ချွတ်ပြန်လေသည် ။ ဆရာတော် လဲ တတိယ အကြိမ် အစာငတ်ခံ ဆန္ဒ ပြ ပြန်လေသည် ။
` အာဏာပိုင်များမှ ထောင်တွင်းတိုက်ပွဲ ပြင်းထန်မှု့ ကြောင့်  ၁၂၈၉-ခု တပေါင်းလဆန်း ( ၆ )ရက်နေ့ နံနက် ပိုင်းတွင် သင်္ကန်းအားပြန်လည် ပေး အပ်ပြီး နေ့ လည် တစ်နာရီ အချိန်တွင် ကာလကတ္တားသို့  ထွက်မည့် သင်္ဘောဖြင့်  အန္ဒိယ နိုင်ငံ မေဒနီထောင် သို့ ပို့ လိုက်လေတော့  သည် ။ ထိုမှအဆင့် ဆင့်  လာလဗဂျားရား ရဲဌာန ၊ အလီပူရ ရဲဌာန ၊ ဘလိဂန်ဂျ ရဲဌာနများသို့  ပိုဆောင်ခဲ့ ကြသည် ။
ဆရာတော်အား ကလက္ကတား ရဲဌာန များမှတဆင့်  (၁၈-၂-၁၉၂၉ ) နေ့တွင် ရန်ကုန်ထောင်ကြီးသို့  ပြန်ပို့  ပေးခဲ့  သည် ။ ( ၂၈ -၂ -၁၉၂၉ )နေတွင်
သည် ထောင်မှလွတ်ပြီး အမြို့ မြို့  အနယ်နယ် သို့  လှည့် လည် ကာ ၀ံသာနု တရားများဟောပြန်လေ သဖြင့်  ( ၆- ၄ -၁၉၂၉ ) နေ့ တွင် ကာလက္ကတားသို့  သင်္ဘောဖြင့် ကြွရန်ပြင်ဆင်နေခိုက် သုံးခွ နယ် ၊ ဖရုံကန် ရွာတရားပွဲတွင် အစိုးရအား အကြည် ညိုပျက်စေရန် ဟောပြောခဲ့မှု့ကြောင့်  ပုဒ်မ ၁၂၄ ( က ) အရအဖမ်းခံရပြန်လေသည် ။ ထောင်တွင်းရောက်ပြန်လေသောအခါ ရဟန်းေ
တ်ာတို့ ရသင့် ရထိုက်သော အခွင့် အရေးများ တောင်းဆို ရာ မရပြန်သဖြင့်  အစာငတ်ခံ ဆန္ဒပြ ပြန်လေသည် ။ 
အစာငတ်ခံ ဆန္ဒပြနေသော ဆရာတော် အား ဆန္ဒပြ ၍ (၈၃) ရက်မြောက်နေ့  
( ၂၈ - ၈ -၁၉၂၉ ) နေ့ တွင် ဟံသာဝတီ စက်ရှင်တရားသူကြီးသည် အားအင်ပြတ်လပ်ကာ ဗုန်းဗုန်း လဲနေသော ဆရာတော် ဘေးနား တွင် ပုဒ်မ ၁၂၄
( က ) အရ ပြစ်မှု့ ထင်ရှားသည် ဟုဆို ပြီး ထောင်ဒါဏ် တသက်တကျွန်းနှင့်  ၆ နှစ် ကျခံစေရန် စီရင်ချက် ချခဲ့  သည် ။ စီရင်ချက် ချပြီးသည် နှင့် တပြိုင်နက် သင်္ကန်းများကို ချွတ်ယူသွားပြီး ထောင်သို့ပို့ ဆောင်ခဲ့ လေသည် ။ ဆရာတော်မှာ လဲ ဆက်လက်၍ အစာငတ်ခံ ဆန္ဒပြ နေရာ ရက်ပေါင်း ( ၁၄၀ ) အရောက်တွင် တွံတေးဆရာတော် ဦးကေတု နှင့်  အာလံဆရာတော် ဦးလာဘ တို့ က အာဏာပိုင် များထံမှ ခွင့် တောင်း၍ ဆရာတော် ဦးဝိစာရ ကို ၀င်ရောက်ကြည့်  ရှု့  ရာ ကြိုးတိုက်
နံပါတ် - ၅ ခုတင်တလုံး ပေါ်တွင် အ၀တ်အစားကင်းမဲ့ နေပြီး ပိန်လှီပြားချပ်ကာ အသက်ငွေ့ ငွေ့ သာ ရှိတော့ သော ဆရာတော် အား ဖူးမြင် ရလေသောအခါ ယူကြုံးမရ ဖြစ်ကြလေ သည် ။
ဆရာတော် နှစ်ပါးသည် နား နားသို့ တိုးကပ် ပြီး “ တပည့် တော်တို့ လာရောက်ဖူးေ
မျှာ်ပါသည် ဘုရား “ ဟုဆိုရာတွင် ပထမအကြိမ် တွင် မကြား ပဲ ဒုတိယ အကြိမ် ခပ်ကျယ်ကျယ်လျှောက်ထားသော အခါတွင်မှ ချိုင့် ခွက်နေသော မျက်လုံးများကို အားယူဖွင့်  လှစ်ရင်း လေသံမျှသာအသံဖြင့်  “ လိမ်…မာ…ရစ်…ကြ..ပါ…..” ဟု ဆရာတော် ဦးဝိစာရ၏ နောက်ဆုံးစကား ကို မိန့် ကြား တော် မူခဲ့ လေသည် ။
ဆရာတော် ဦးဝိစာရ သည် အစာငတ်ခံ ဆန္ဒပြနေရာ ရက်ပေါင်း ၁၆၆ ရက်အကြာ..-သက္ကရာဇ် ၁၂၉၁ ခု ၊ တော် သလင်း လဆုတ် ၂ ရက်နေ့  ( ၁၉ - ၉- ၁၉၂၉ ) ည ( ၈ ) နာရီ မိနစ် ၂၀ အချိန်တွင် ရန်ကုန်ထောင်ကြီးအတွင်း သက်တော် လေးဆယ့် တနှစ် အရွယ်တွင် ခန္ဒာချုပ်ငြိမ်း၍ ဘ၀ နတ်ထံ ပျံလွန်တော် မူလေ သည် ။
မှတ်ချက် ။ ။ ယခင် က တော်သလင်းလပြည့် ကျော် ( ၂ ) ရက်နေ့  အား ဦးဝိစာရ နေ့  ဟု သတ်မှတ် ဂုဏ်ပြု ခဲ့ ကြပါသည် ။ ဦးဝိစာရ ၏ မြန်မာပြန် အဓိပါယ် မှာ ( ၀ိ = အထူး ၊ စာရ = အကျင့်  ) အကျင့်  ထူးရှိသူ ဟု အဓိပါယ်ရပါသည် ။
ကျမ်းကိုး ။ ။
- တချိန်က ထင်ရှားခဲ့ သော ပုဂ္ဂိုလ်ကြီးများ (ရွှေ ဥသြ ) - ၁၉၈၆
 - မြန်မာ့ စွယ်စုံ ကျမ်း အတွဲ - ၁၂ 
- အာဇာနည် အရှင် ဦးဝိစာရ - ( သခင် လွင် ) -၁၉၇၁ 
☀  အလင်းရှင် ☀
No comments :
Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget