အလင်းရှင်ရဲ့ဆောင်းပါးတွေက Like လုပ်ဖို့ရေးတာမဟုတ်ဘူးနော် ..
မင်းတို့နှလုံးသားထဲကို သိမ်းထားဖို့ . . ကွ။ အခုငါ့မျက်လုံးတွေအောင့်
နေတဲ့ကြားထဲကရေးပေးနေတာ . ..
Chit Mg ရေ . . ထပ်ပြီးပြော၇ရင် ငါ့ညီလည်း အမေရိကန်မှာနေရင်

အမေရိကန်ကဘွဲ့ရတာ မဆန်းပါဘူးကွာ။ တောမှာနေလို့ နွားမောင်းတက်တာ
လည်းမဆန်းပါဘူး။ အဓိကက လုပ်ဆောင်ချက်ပဲ.. ပြည်သူကိုဘယ်လောက်
အကျိုးပြုခဲ့သလဲ . . ဥပမာကွာ။ဆရာဇော်ဂျီတို့ဆိုရင် သမိုင်းတွင်ခဲ့တဲ့

ကဗျာလေးတွေရှိတယ်ပေါ့နော် . .သူ့အရင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းတို့၊
ဆီပန်နီဆရာတော်တို့၊ ဆရာတော် ဦးဥတ္တမတို့ ..စသည်ဖြင့်ပေါ့ကွာ
ဖြောက်ပစ်မလို့မရတဲ့ စုတ်ချက်တွေ . . . ဒါကို မင်းတို့ငါတို့ ပြင်ချင်သလို
ပြင်လိုမရဘူးသူ့တို့ရေးခဲ့တဲ့ပြောခဲ့တဲ့ စကားပနက်တွေက ရှိပြီး သားလေ .

ဒေါ်စုကြည်ကို ကမ္ဘာကပေးတဲ့ဘွဲ့က ဘာသုံးလို့ရမှာလည်း တို့မြန်မာနိုင်ငံ
သမိုင်းအတွက် ဘာများအထောက်အကူပေးနိုင်မှာလဲ . . ဒေါ်စုကြည်ပညာ
ပေးခဲ့တာကတော့ မြန်မာမတွေ သူ့လိုအမျိုးဘာသာမစောင့်စည်းပဲ ကိလေ
သာကိုယ်ပေးနိုင်ငံခြားသွေးကို ဖေါက်ထည့်ဖြစ်ခဲ့တာကိုတော့ ဒေါ်စုကြည်
တရားဝင်ကမ္ဘာသိပေးခဲ့ပါတယ်။
ကြံကြံဖန်ဖန်ဝေဖန်ပြရင်ေ နာက်ဆုံးဦးသန့်လည်းကမ္ဘာကျော် တယ်ဆိုပေမယ့် တို့လူငယ်တွေရဲ့အနာဂါတ်အတွက် သူကမ္ဘာကျော်ခဲ့တာမဟုတ်ဘူး။
အေး . . (လိမ္မာရစ်ကြပါ)ဆိုတဲ့ ဆရာတော်ဦးဝီစာရရဲ့ စကားလုံးဟာ

ကမ္ဘာမကျော်ခဲ့ပေမယ့်မြန်မာလူ့ ငယ်တွေရဲ့ အနာဂတ်သမိုင်းအတွက်
ပုံတူပန်းချီကားတစ်ချပ်ဆိုတာ ဘယ်ကောင်ငြင်းရဲသလဲ ကွ။ အေး လိမ္မာရစ်ကြပါ
ဆိုတဲ့ ဆရာတော်ဟာ ကမ္ဘာကျော်ဘွဲ့တွေမရှိပေမယ့် တို့မြန်မာနိုင်ငံ အတွက်တော့
အဖိုးမဖြတ်နိုင်သော အမြူတေပါကွာ။
အလင်းရှင်
အလင်းရှင်
No comments :
Post a Comment