♙♟♙♙♟♙ ♙♟♙ ♙♟♙
ကောင်မလေးရေ . .
ငါပြောချင်တဲ့စကားတွေကို နားထောင်ပေးတဲ့နင့်ကို
ငါ့အသဲနှလုံးတစ်နေရာမှာတော့ ရပ်တည်ခွင့်ပေးပါ . . နော် . . ။
တို့မြန်မာပြည်က . . ဒီလိုဖြစ်နေတာပေါ့ . .
ဟို . . .အမျိုးယုတ်တွေ ရှိုးထုတ်နေတဲ့ခေတ်မှာ .
ငါကလူဖြစ်ခဲ့တာကို။
ဘုရားမှန်းမသိ၊ ဓာမှန်းမသိတဲ့ ဒီလိုသူယုတ်တွေ ဗိုလ်လုပ်နေမှတော့
ဗုဒ္ဓ၀ါဒဟာ လှီးခံနေရတာပေါ့။
ဝါဒတွင်မကဘူး သာဝကတွေပါ လည်လှီးခံနေရတယ်လေ . . ။
ထောင်ထဲကိုကြည့်လိုက်ရင် . . .
လူဆိုးသူခိုး မုဒိန်းမျိုးထက် . .
လူကောင်းသူကောင်းတွေက များနေတဲ့အပြင် သံဃာတော်တွေကထုနဲ့ဒေး။
ဒါတွေဟာ . .
ငါကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့ တကဲ့အနိဋ္ဌာရုံ စစ်စစ်တွေပါ။
ဒီလိုလူ့ဘီလူးတွေ . . . လူ့ခရိုနီမိစ္ဆာသမားတွေ အားကောင်းနေသရွေ့
မြန်မာမှာ သံဃာရတနာဆိုတာ
ထောင်သွင်းအကျဉ်းကြ ခံနေရမယ့်အပြင် .
လည်လှီးခံနေရဦးမယ်ဆိုတာကို ..
မှတ်ထားလိုက်ပါဦး . . . ကောင်မလေးရေ . . .။
အလင်းရှင်

No comments :
Post a Comment