.

AlinShin

Wednesday, October 30, 2013

☼✩♨ ရင်ဘတ်နာ ☼✩♨

ရင်ဘတ်နာ
☼✩♨♫☼✩♨♫
အမုန်းမာန်မထား ၊ အငြိုးမပွားဘဲ ၊
အမျိုးဘာသာအတွက် လုပ်ခဲ့တယ် . . ။
ဒီလိုလုပ်ရင်း၊ ချုပ်ထောင်အတွင်း၊
မသိမသာရောက်ခဲ့တယ် . . ။
ထောင်ကထွက်လည်း၊ မလျှော့ဘဲ ၊
ပါရမီတရားအဖြစ်ကျိုးစားတယ် . . .။
တခါတရံ၊ သူယုတ်ဒါဏ်၊
ခံရများတော့ စိတ်ပျက်တယ် . . ။

ဒီတော့အခါ ၊ ၀ိပဿနာ၊
ရှု့ပွားမိတော့ သက်သာတယ် . . ။
ပမာဒတရား ၊ မေ့လျှော့သွား၊
လူများအတွက် စိတ်ပျက်တယ် . . ။
ကိုယ့်လက်ဖျားတောင်၊ မတူမျှပေါင်၊
ဒီလိုတွေးလို့ ၊ အားတင်းတယ် . . ။
အင်း . . အင်း . .တော်ပြီ တော်ပြီ
ငါ့မျက်လုံးတွေ ..ညောင်းကိုက်လို့နေ .. သည်။

အလင်းရှင်

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget