~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~ ~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
ပြည်သူဆိုတာ . .. တကယ်တော့ သနားစရာပါ။
အစိုးရမကောင်းသရွှေ့ . . . . .
ပြည်သူဟာ . . . ရောဂန္တရကပ်ဆိုတဲ့အမျိုးမျိုးသောအ
နာရောဂါများခံစားဒုက္ခတွေ . . . . သတ္တန္တရကပ်ဆိုတဲ့
ခေတ်လက်နက်ပစ္စည်းများကြောင့် သေကြေပျက်စီးရ
တဲ့ဆင်းရဲဒုက္ခတွေ . . . .ဒုဗ္ဘိကန္တရကပ်ဆိုတဲ့အစာရေစာ
နေထိုင်စရာတို့ ပျက်လက်ငတ်ပြတ်ရတဲ့ဘေးဒုက္ခတွေ .
ဒါတွေကို ပြည်သူတွေအားလုံး အချိုးအစားတူညီစွာ
ခံစားနေရပါတယ်။
သမ္မတဆိုတဲ့ နာမည်ဟာ နယ်နယ်ရရမဟုတ်ပါဘူး . .
ပိဋကတ်တော်မှာ အထင်အရှားရှိတဲ့ သူတော်ကောင်းတို့ရဲ့
အမှတ်တံဆိပ်ပါ။
မြတ်စွားဘုရားရှင်ဟာ ကမ္ဘာတည်နေပုံအခြင်းအရာနဲ့ လူသားများအစမင်းသမ္မတဖြစ်ပေါ်လာရပုံစုံလင်စွာဟောကြားခဲ့တာကို
သုတ္တန်ပိဋကတ်ပါဠိတော်၊ ဒီဃနိ- ကာယ်၊ ပါထိက၀ဂ် ၊ အဂ္ဂညသုတ်၊
တွေ့ရပါတယ်။
သို့တွက်ကြောင့် သမ္မတဆိုတာ သူတော်ကောင်း သူ မြတ်လောင်းတို့ရဲ့
အက္ခရာဖြစ်သော်လည်း . . ထိုသူ တော်ကောင်းသူမြတ်လောင်းတို့ရဲ့
အကျင့်ကို ကျင့်နိုင် မှသာလျှင် သမ္မတစစ်စစ် ဧကန်ဖြစ်တာမျိုးပါ။
ဒါဆိုရင် နိုင်ငံတစ်နိုင်ငံရဲ့ သမ္မတတစ်ယောက်ရဲ့ သူ ကောင်းဟုတ်
မဟုတ် စစ်မစစ် မှန်မမှန်ကို ဘာနဲ့တိုင်း တာမလဲဆိုရင် . . အဲဒီနိုင်ငံမှာ
ပြည်သူတွေ အမျိုးမျိုး သောအတိဒုက္ခ တွေရောက်နေသရွှေ့
အထက်ကပြော ခဲ့တဲ့ ကပ်သုံးပါးဆိုက်ရောက်နေသရွှေ့ ထိုနိုင်ငံရဲ့
သမ္မတဟာ မင်းကောင်းမင်းမြတ်မဖြစ်နိုင်ပါဘူး။ ထိုသမ္မတ ဟာ
အာဝါဒီးသမ္မတပါပဲ။ ပြောမယ်ဆိုရင် ဒေ၀ဒတ်တို့ မင်းဖြစ်တဲ့ခေတ်ပေါ့ဗျာ။
ဒါ့ကြောင့် ဟိုးရှေးက လူကြီးသူမများက ပြောဆိုဆုံး မကြဖူးတယ် . .
ရွာတစ်ရွာမြို့တစ်မြို့ နိုင်ငံတစ်နိုင်ငံ သာယာဝပြောချင် ရင် . .
(၁)ဘုန်းကြီးရယ် (၂) ရွာသူကြီးရယ် (၃)ကာ လသားခေါင်းဆောင်ခေါ်
လူငယ်ခေါင်းဆောင်ရယ် . . သူတို့သုံး ဦးမညီညွတ်ရင် အဲဒီရွာဟာ
သာယာတိုး တက်မှုမရှိဘူး . . တဲ့။
ဒါ့ကြောင့် သမ္မတကြီးရေ . . . .
ပြည်သူကို နေစရာပေးပါ . . .
လုပ်စရာ လုပ်ခင်းဆောင်တာတွေပေးပါ . .
စာစရာနဲ့ဆေးဝါး ၀တ်စရာအ၀တ်အထည်တွေပေးပါ . . လို့
ပြည်သူ့ကို သနား . .. တက်တဲ့ အလင်းရှင်တောင်း ဆိုပါရစေ . . .
အလင်းရှင်
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~ ~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
No comments :
Post a Comment