.

AlinShin

Monday, October 28, 2013

ဘာတဲ့လဲ ?

♗ ♗ ♗ ♗ ♗
ပုတ်ရဟန်းမင်းကြီးဆိုတာ . .
ကိလေသာကင်းတဲ့ ဘုရားလား ? ရဟန္တာလား ?
သူနဲ့တွေ့ရင် . . . ဘာကိစ္စတွေပြီးမှာလဲ?
လက်ပံတောင်းတောင်ကပြည်သူတွေ လယ်ယာမြေတွေပြန်ရမှာလား?
နိုင်ငံအ၀ှမ်းက ပြည်သူတွေ .. အိုးအိမ်မြေတွေပြန်ရမှာလား?
ဧရာဝတီမြစ်ကြီးအတွက် အမြဲစီးဆင်းဖို့ သက်သေဖြစ်မှာလား?
မတရားကျဉ်းခံ . . ထောင်နန်းစံနေရသူတွေလွတ်မှာလား?
တစ်နိုင်ငံလုံး . . လျှပ်စစ်မီးတွေ (၂၄)နာရီလင်းမှာလား?

ဖုန်းတစ်လုံးကို တကယ်(၁၅၀၀)ကျပ်နဲ့ရမှာလား?
♬ ♬ ဘကြီးအောင်ညာသလိုလဲ ♬♭♮♯ . .
မလုပ်နဲ့ မေရယ် . .♪♫♩ သီချင်းဆိုနေတာလား?
ဒါကိုများ . .ဗျာ .. မသိရင်
ကျုပ်တို့ ပြည်သူတွေ ထမင်းနပ်မှန်တော့မယ့်အတိုင်းပဲ ။
ဘ၀အဆုံးတစ်မဂ် တစ်ဖိုလ်ကို ရတော့မဲ့အတိုင်းပဲ . . ။
သြော် . . .
ဒုက္ခု . . မုတ္တ . . မင်းတို့လုပ်သမျှကတော့
တလွဲ ဆံပင်ကောင်းနေတာပါပဲ . . ။

အလင်းရှင်

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget