☛အကုသိုလ်မီး၊ ငြိမ်းသတည်းဟု၊ မထင်မသိမရှိနှင့်၊ သေသောအခါ ၊ ကိုယ့်နောက်မှာဝယ်၊ နွားနောက်လှည်းဘီး၊ လိုက်သို့နည်းသို့၊ ပြေး၍ဘယ်ခါ၊
မလွတ်သာဘူး။ ချစ်သားလည်ဆွဲ၊ ၀မ်းမယ်တွဲလော့၊ ပါပကုသိုလ်၊အကုသိုလ်ကို၊
မြူမျှနှမ်းလုံး၊ သေးသည့်နှုန်းဟု၊ ဘယ်သောဘယ်ခါ၊မမှတ်ပါနဲ့။
သေကံရောက်လာ၊ သက်ပျောက်ပါက၊လောင်ကျွမ်းအကုသိုလ်၊သင့်ကိုယ်ကိုယ်တွင်၊
ဘယ်သူငြိမ်းလို့ . . မရပေ။ ။ ☚
♕ မှတ်ချက်။ ။ ♕
အလင်းရှင်ငယ်စဉ်က မဃဒေကျမ်းပြုဆရာတော်ကိုအားကျခဲ့ဖူးသည်။
ထိုလင်္ကာကျမ်း၏ ပုတ္တောဝါဒခဏ်းအား အလင်းရှင် အာဂုံဆောင်ဖူးသည်။
အခုလင်္ကာကတော့ ကိုယ်တိုင်ရေးတာပါ။ မာန်လည်ဆရာတော်ကိုအားကြမိ
လို့ပေါ့ နော် . .ပြောရဦးမယ် ။ တစ်ခါက အလင်းရှင်စိတ်ပေါက်ပေါက်နဲ့
ဒေါ်စုအကြောင်းလင်္ကာရေးမိတယ်။ ဒါကို အွန်လိုင်းပေါ်ကကောင်လေးတစ်
ယောက်ကခိုးပြီး သူ့နာမည်တပ်ထားဖူးတယ်။ သူ့ကိုသနားမိတာပါ။ သူ့ကို
လည်းကိုယ့်လို ကဗျာရေးတက်စေချင်ပါတယ်။ အဲဒီကောင်လေးဒီပိုစ့်လေးကို
တွေ့ရင် အတုယူတက်စေဖို့ အခုလိုရေးမိတာပါ။
☀ အလင်းရှင် ☀

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ လက်ရှိ ကျန်းမ
ာရေး အခြေအနေကို ဒေါ်ကြိုင်ကြိုင်နဲ့ မိသားစုဝင်
တွေ က စိုးရိမ်နေကြတယ်လို့ အခုလေးတင်ပဲ နေပြ
ည်တော် သတင်းရပ်ကွက်တခုက MM Play Boys
ကို ပြောလာပါတယ်။
ဒီရက်ပိုင်း ဗိုလ်ချုပ်မှူးကြီးက လက်ရှိ မြန်မာ့နိုင်ငံရေး
အခင်းအကျင်းကို စိုးရိမ်တယ်ဆိုတဲ့ စကားကို သူရ
ဦးရွှေမန်းက ဖောက်သည်ချပြီး အခု ဒီ သတင်း ဖြစ်
ပေါ်လာခဲ့တာပါ။ ဒီသတင်းကို အတည်ပြုနိုင်ဖို့ MM
Play Boys က ကြိုးစားနေပါတယ်။
နေပြည်တော်က ဗိုလ်ချုပ်မှူးကြီး အိမ်တော်နဲ့ နီးစပ်
တဲ့သူကတော့ တယ်လီဖုန်းကို လက်ခံဖြေဆိုပေမ
ယ့် "ဒီကိစ္စ သေချာ မသိဘူး။ ဒီရက်ပိုင်းမှာတော့ အ
စိုးရ အရာရှိတွေ၊ လွှတ်တော်အရာရှိတွေနဲ့ ပြည်ခိုင်ြ
ဖိုး ပါတီခေါင်းဆောင်တွေတော့ အိမ်တော်ကို လာေ
နကြတာပါဘဲ၊ ဘာသံမှ ထူးထူးခြားခြား မရှိဘူး"လို့
ပြော ပါတယ်။
ဒါနဲ့ အခု ဒီကနေ့ ကြားရတဲ့ သတင်းတခုမှာ ဗိုလ်ချု
ပ်မှူးကြီးရဲ့ ကျန်းမာရေးကို မိသားစုက စိုးရိမ်နေတ
ယ် ဆိုတာ ဟုတ်သလားလို့ မေးတော့ "ဗိုလ်ချုပ်မှူြး
ကီးရဲ့ ကျန်းမာရေးက ကောင်းပါတယ်"တဲ့။
ဒါပေမယ့် သူက ဆက်ပြီး ပြောတာက "တခါတခါ
သတိက မေ့တတ်သလို ဖြစ်နေတာ" ပါတဲ့။
နောက်ဆုံး ရရှိတဲ့ သတင်းတခုမှာတော့ မိသားစု
ဆရာဝန်ရဲ့ ကား အိမ်တော်သို့ ည ၁၁ နာရီက ၀င်
သွား ခဲ့ပါကြောင်း သိရပါတယ်။
အောက်တိုဘာ ၂၆ ရက် ည ၁၂ နာရီ သတင်းစုစည်
းချက်။
MM PLAY BOYS
Posted 14 hours ago by MM Play Boys
Labels: Breaking News

No comments :
Post a Comment