အိန္ဒိယကို ငါဘယ်တုန်းကမှ မသွားချင်ခဲ့ဘူး။ ဒါပေမယ့်
ငါမရောက် ချင်တဲ့အိန္ဒိယကို ငါရောက်လာဖြစ်ဖြစ်ခဲ့တယ်။
ရောက်လို့ နေရပြန် တော့လည်း ငါ မဟာဗောဓိနားကမခွါချင်ခဲ့ပြန်ဘူး။
ညညဆို လူသံ ကင်းပြတ်တဲ့ မဟာဗောဓိစေတီတောက်ကို
မီးပူဇော်တဲ့နေရာကို ငါ သွားဖြစ်တယ်။ ဘုရားဖူးတွေလာတဲ့ရက်ဆို
မီးတွေ ပူဇော်ထားလိုက် ကြာတာ . . ကြည်နူးစရာပေါ့။
ငါကျောင်းကနေ ဘုရားဝတ်တက်ပြီးချိန် မဟာဗောဓိစေတီတော်ဆီ သွားဖြစ်တယ်။

ကျောင်းကိစ္စပြီးရင် ငါနဲ . . မဟာဗောဓိဟာ တစိမ်းဆန်
ရဦးမယ်ဆိုတဲ့အသိဟာ ငါ့ရင်ကို နာကျင်စေတယ်။ ဒါဏ်ရာမရှိတဲ့
အဲလိုနာကျင်မှုမျိုးကို . . အဖေသေတုန်းကလည်း ရဖူးတယ်။ အခု လည်း ငါမဟာဗောဓိကို ကျောင်းပြီးရင်ခွဲရပေဦးမယ်။
ငါ့သူငယ်ချင်းတွေက နာလန္ဒတက္ကသိုလ်ကိုတက်ကြတယ်။
ငါက တော့ မဂဓကိုလွမ်းလို့ မာဂဓကိုပဲရွေးချယ်ခဲ့တယ်။ မဟာဗောဓိကို

ရောက်ခဏခဏရောက်ဖို့ဆိုတဲ့ အစွဲစိတ်ဟာ
ငါ့ကို အိပ်ယာနိုးတိုင်း ကြားရတဲ့ ငှက်ကျေးသံအတိုင်းပဲ။
ငါပြောချင်တာကတော့ . .
တစ်နေ့ မဟာဗောဓိကနေကျောင်းကိုအပြန် လန်ချားဂိတ်နားမှာ
ဘုံသံကိုကြားလိုက်ရတယ်။ ဘုံသံနဲ့အတူ ဟိန္ဒူကုလားကြီးရဲ့
သီချင်းသံလေးဟာ လွန်ခဲသော နှစ်ပေါင်းနှစ်ထောင့်ငါးရာကျော်ဆီ
ကိုရောက်သွားတဲ့အတိုင်း ငါခံစားလိုက်ရတယ်။
သြော် . . မဟာဗောဓိရှိရာ ဂါယာမြို့လေးဟာ အဲဒီတုန်းက မုဆိုး
တွေအများစုနေတဲ့ရွာကြီးတဲ့ . . . အင်း . . . နာလန္ဒဟာ အရှင်သာ
ရိပုတ္တရာလို့ခေါ်တဲ့ မထေရ်မြတ်ကြီးတို့ရဲ့ အိမ်ကြီးပဲ။
ဗုဒ္ဓဟာ မဟာဗောဓိပင်ရင်းမှာဘုရားဖြစ်ပြီး ဥရုဝေဋ္ဌတောကိုအသွား
မှာ တွေ့ဆုံခဲ့ကြတဲ့ ဥပကကြီးတို့ရဲ့ ရွာကြီးပေါ့လေ . . .
သြော် . . မဟာဓောရယ် . . ဟိန္ဒူကုလားကြီးရဲ့ဘုံသံနဲ့ သူတို့ရဲ့
ရိုးရာယဉ်ကျေးမှုတို့ကို . .ငါ ကျောင်းပြီးတဲ့တစ်နေ့ ခွဲရပေဦးတော့
မယ်ဆိုတဲ့အသိက . ..
အလင်းရှင်

No comments :
Post a Comment