.

AlinShin

Saturday, September 7, 2013

အရူပဈာန်တန်ခိုးလား


ထူးထူးခြားခြားပါ။ ဒီနေ့ဟာပေါ့နော်။ မနေ့ညတုန်းတဲ့က
ရုပ်တရားကြီးကိုမုန်းနေမိတယ်။ရုပ်ကိုဆင်ခြင်နေရင်း
ပျက်နေတာကိုပဲတွေ့နေရတယ။် ဒါနဲ့ အင်း . . ဒီအတိုင်းသာငါသေ
ရင် အရူပဘုံအဆင့်လောက်ပဲရောက်မယ် . . မဖြစ်သေးဘူးလို့ . .
ကိုယ့်ကိုယ်ကိုဆုံးမနေတယ်။ညမှာ သာမညဆရာတော်ကြီးကို
အိပ်မက်မက်တယ်။ မနက်ရေချိုးနေရင်း သတ္တ၀ါတို့ကို ဒီရုပ်
တရားကြီးကနှိပ်စက်နေတယ် . . ဒီလိုရေချိုးရင်းဆင်ခြင်တယ်။
နောက် အချိန်ရလို့ အင်တာနက်ထဲဝင်တယ်။ ကိုယ်ရေးနေကြစာရေးနေ
တုန်းကိုယ့်ဆောင်းပါးနဲ့လိုက်ဖက်မှာပုံကို
ဒေါ်စုပုံကြီးနဲ့တန်းတိုးတယ်။ လွယ်တာနဲ့ယူပြီးတင်လိုက်တယ်။
ဟောဗျာ။ ကုသိုလ်သတ္တသတ္တိက ပြပြီ။
အလင်းရှင်ကို အရင် ဒါကာရင်းတစ်ယောက်က
acer ဒေါ်လာ ၇၂၉ တန် Aspire|P3 processors Core i3 လာလှူတယ်ဗျာ။ ကိုယ်လည်းကြက်သည်းမွေးညှင်းတောင်ထသွားတယ်။ ဒါနဲ့ ဒကာကြီးနဲ့
စကားပြောရေစက်လည်းချပြီး . . ဒကာလည်းပြန်သွားတော့
ကိုယ်သုံးနေတဲ့ lenovo ဟာ အလှူခံ မယ့်သူလက်ထဲကို
ရေစက်မချဘဲရောက်သွားတယ်။ Lenovo က core i5
ဆိုပေမယ့် မော်ဒါန်အရမ်း နိမ့်နေတယ်။ စိတ်မကောင်းတာက
ကိုယ့်ကိုလာလှူတဲ့သူကိုတော့ကိုယ် ကရေစက်သွန်းချပြီး . ..အလှူခံလိုက်ရတယ်။
ကိုယ်ဆီက ပြန်အလှူခံသွားတဲ့သူက ရေစက်မချတဲ့အပြင် . . ဘာပြောတယ်မှတ်လဲ?
"အလင်းရှင် ကိုယ့်တော့ ဟတ်ဒစ်ကအသံနဲနဲမြည်နေတယ်
ပျက်သွားရင်ဟတ်ဒစ်တော့လဲပေးပါ " အဲဒီမှာတင် ကိုယ်လည်းး လက်အုပ်လေးချီပြီး
?အရှင်ဘုရားကို ကြည်ညိုလွန်းလို့ လက်သီးလေးပါအလျူခံသွားပါဦးလားဘုရား။"
လူများကအခက်သားဗျ။ အဲလိုလေးပြောလိုက်တော့မှ အဲဒီကိုယ်တော်ရဲ့ (၃၆) သွားက
ကွမ်းချေးရောင်တွေ မြင်လိုက်ရလေသတည်း။
အခု အဲဒီကိုယ်တော် အရင်ဆုံး ဒီပိုစ့်ကို Like လိမ့်မယ် မလိုက်ရင် ကိုယ့်ကွန်ပြူတာ
ပြန်တောင်းမယ်။ မရရင် သူအိပ်တုန်း ပြန်ခိုးရမှာပဲ .. ဒကာတို့ရေ . . .
Unlike · ·

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget