ဘုရားလက်ထက်က မျိုးစောင့်ဥပဒေရှိလို့လားလို့ မေးတဲ့ကောင်တွေ . . .
မင်းတို့ ဘုရားစကားကိုရော နားလည်လို့လားလို့ ငါပြန်မေးရင်ဘယ်လိုဖြေမှာလဲ?
ဒီကနေ့ ဦးဆောင်နေတဲ့ အင်းစိန်ဆရာတော်ဦးတိလောကတို့ဆိုတာ စစ်အာဏာရှင်တွေကို
တော်လှန်ခဲ့တဲ့ ဆရာတော်တွေပါ။ လိုအပ်လို စီမံတာကို ငြင်းဆန်ရအောင် မင်းတို့ကဘာဝါဒတွေလဲ ဒီလိုပြောရင် ကေသမုတ္တိသုတ်နဲ့ မင်းတို့က ဆန့်ကျင်မယ်။ အဲလိုသာ ဘုရားဟောတွေကို လှေနံ
ဓားထစ်မှတ်လို့ရင် . . ငါ့ကျောင်းမှာ ဂေါတမရုပ်တုထားနေစရာမလိုဘူးကွ။
ဘာဖြစ်လို့လည်းဆိုတော့ ဗုဒ္ဓကိုယ်တိုင် (အတ္တဟိ အတ္တနော နာထော) လို့ဟောထားခဲ့တာ။
သူ့ကိုကိုးကွယ်နေစရာအကြောင်းမရှိတော့ဘူး။ ပိဋကတ်လည်းကိုးကွယ်နေစရာကြောင်းမရှိဘူး။ ဘယ်သံဃာမှလည်းကိုးကွယနေစရာအကြောင်းမရှိဘူး။ မိဘဆရာသမားလည်း ကိုးကွယ်မနေနဲ့ အတ္တဟိ အတ္တနော နာထော ဆိုတာ ပါဠိတစ်ပါဒလောက်နဲ့ နေကြပါလားကွာ။

No comments :
Post a Comment