ကိုယ့်ဘ၀ကို . .
ကိုယ်ပိုင်စက်ထဲထည့်ပြီး ကိုယ်ပြန်ချရေးမိတာဟာ
ကိုယ်ပိုင်မိတ္တူတစ်ဆောင်ဆိုရင် . . .
ငါချရေးပြမယ် . .
ငါ့ရဲ့မိတ္တူပုံတွေကိုပေါ့။
ဒီလိုချရေးတက်အောင်
ဘယ်သူမှတကူးတကတော့သင်ပေးခဲ့တာမျိုးမဟုတ်ပါဘူး
အာဏာရှင်စနစ်ဆိုးရဲ့ ဆိုးမွေတွေက
ငါ့ကို နာကျင်မှုတွေပေးခဲ့လို့ပါပဲ။
၈၈ ဆိုတာ ငါတို့ရဲ့ မကျက်တဲ့ဒါဏ်ရာတွေပေါ့။
စက်တင်ဘာဆိုတာကတော့ အသေဆုံးနိုင်တဲ့ ၀ိဉာဉ်ခြေထောက်ပဲ။
အေးပါလေ . . . .
ငါရေးတာဟာ ငါ့ရဲ့ မူရင်းမဟုတ်ခဲ့ရင်တောင်
ကိုယ်ပိုင်မိတ္တူတစ်ဆောင်ကတော့အစစ်မှအစစ်ပါပဲ။
အလင်းရှင်
ငါအလယ်တန်းကျောင်းသားဘ၀တုန်းက အတွေးအခေါ်
သစ်တစ်ခုကိုရခဲ့တယ်။ ဘာကိုမှအစွဲအလမ်းမထား ဖို့ဆိုတာပါပဲ။

ပီမိုးနင်းစာအုပ်ကဖြစ်မယ်။ နောက် မင်သိင်္ခကျေးဇူးကြောင့်
ပဏ္ဍိတဝေဒနိယကျမ်းကြီးကိုငါဖတ်ခဲ့ ရတယ်။ မဃဒေ၀ကျမ်း
စာအုပ်ကိုဖတ်ဖြစ်သွားတယ်။ ဒါ့ကြောင့် ပီမိုးနင်းနဲ့ မင်သိင်္ခတို့ဟာ
ငါ့ရဲ့ မမြင်ဘူး လိုက်ရတဲ့ ဆရသမားတွေပဲပေါ့။
မင်းတို့လည်းဖတ်ကြည့်။ ငါတို့ခေတ်တုန်းက ဒီနေ့လိုအင်တာနက်မရှိလို့
စာအုပ်ဆိုတာ ဘုရားတစ်ဆူလို ဖြစ်နေတယ်။ အခုတော့လည်း
ငါကွန်ပျူတာထဲမှာ အဲဒီဘုရားလိုရှားတဲ့စာအုပ်တွေက တစ်ပုံတစ်ပင်ကြီး
ဒါ့ကြောင့်မင်းတို့ အဲဒီစာအုပ်တွေဖတ်စေချင်တယ်ကွာ။ မင်းတို့အတွက် အလင်းတံခါးပေါက်တွေဖွင့်ပေး စေတဲ့ကျမ်းစာအုပ်တွေပဲ။
ငါ့ရဲ့စိတ်ကို အရာတိုင်းကို မကပ်တက်တဲ့စိတ်မွေးခဲ့တယ်။

နောက်ဆုံး ချစ်သူရည်းစားဆိုတာတောင် မချစ်တက်တော့ဘူး။
အချစ်ဆိုတာဘာလဲ ? အဲဒိမေးခွန်းကိုတောင် ငါနားမလည်တော့ဘူးဖြစ်သွားတယ်။ နောက်ဆုံးလူငယ်အလိုက်အထိုက်
ငါရည်းစားစာရေးတယ်။ ချစ်လို့ရေးတာမဟုတ်ဘူးနော် ငါ့ရဲ့လူငယ်ဘဝ

ကိုငါပီပြင်အောင်နေလိုက်တာ။
ငါကလက်ရေးလှတော့ ငါ့သူငယ်ချင်းတွေကလည်း သူတို့ရေးချင်တဲ့
စာကားလေးတွေကို ငါ့ကိုရေးခိုင်းတယ်။ အဲဒီနောက် ငါလည်းရီးစား
တစ်ယောက်မှမရဖြစ်ပါဘူး။
ငါ့ကိုဆယ်တန်းကောင်မလေးတစ်ယောက်ကတော့ လာကြောင်ဖူးတယ်။
ငါ့ကိုယ်ငါတောင် အထင်ကြီးသွားတယ်။
ဒီလိုနဲ့ငါ မွတ်ဆလင်ဘာသာကိုစတင်လေ့လာတယ်။
ပြီးနောက် ခရစ်ယာန်ဘာသာကိုလေ့လာတယ်။ ခရစ်ယာန် ဘာသာမှာ

ငါတော်တော်ကြာသွားတယ်။ ဂစ်တာတီးပြီး ဘုရားကျောင်းမှာ
သီချင်းဆိုတဲ့အဆင့် အထိကိုရောက်ခဲ့တယ်။ ခရစ်ယာန်ကောင်မလေးတွေက
ပွင့်လင်းတယ်။ ဒါပေမယ့်ငါနဲ့ ရည်းစားမဖြစ်ခဲ့ဘူး။
၈၈ ပြီးတော့ ငါလည်း ကိုရင်ဝတ်ဘုန်းကြီးဖြစ်ခဲ့တယ်။

No comments :
Post a Comment