.

AlinShin

Friday, July 12, 2013

ခွေးပါးစပ်က နတ်စကား ထွက်နေကြတယ်

သာဝတ္ထိပြည်ရဲ့ ကျက်သရေဆောင်ဖြစ်တဲ့ ဇေတ၀န်ကျောင်းတော်မှာ ဗုဒ္ဓသီတင်းသုံးနေတဲ့ တစ်နေ့မှာ ပေါ့။ ကျောင်းတိုက်ထဲ စင်္ကြန်ကြွနေတဲ့ မြတ်စွာဘုရားဟာ အနီးအပါးမှာရှိတဲ့ ရဟန်းတွေဘက်လှည့်ကာ မြေမှုန့်အချို့ကို ကောက်ယူလိုက်ပြီး . . .̏ ချစ်သားတို့ . . ငါ့လက်သည်းပေါ်မှာ တင်ရှိနေတဲ့ မြေမှုန့် လေးတွေနဲ့ အခုမင်းတို့မြင်နေရတဲ့ ဒီကမ္ဘာမြေကြီးနဲ့ ဘယ်ဟာက ပိုများသလဲ˝ ဒီလိုဟန်ပန်အမူအရာလေးပါသုံးပြီး ဗုဒ္ဓကမေးလိုက်တယ်။
အဲဒီအထဲက ခပ်သွပ်သွပ်ရဟန်းတစ်ပါးက ̏ မြတ်စွာဘုရား ကမ္ဘာမြေကြီးကသာပိုများပါတယ်ဘုရား။˝ လို့ လျှောက်ထားတယ်။ ဒီတော့ ဗုဒ္ဓက ̏ အေးမင်းတို့ လောကလူသားတွေဟာလည်းပဲ ကောင်းသော သုဂတိကိုရောက်တဲ့သူဟာ ငါ့လက်သည်းပေါ်ကမြေမှုံလောက်ပဲရှိတယ်။˝ လို့မိန့်လိုက်တယ်။
ဒီအကြောင်းအရာလေးကို ဟိုး . . ခပ်ငယ်ငယ်က ဖတ်ဖူးတယ်။ အခုလိုချရေးဖို့ကြတော့ references ကတိတိကျကျ လိုလာပြန်တယ်။ ဒီတော့ အလင်းရှင်တို့ လိုက်ရှာလိုက်ရတာ သုံးရက် လောက် အချိန်ယူလိုက်ရတယ်။ တွေ့မယ့်တွေ့တော့ နိဒါန၀ဂ္ဂသုံတ်ပါဠိတော်၊ အဘိသမယသံယုတ်ထဲက နခသိခါသုတ်ဖြစ်နေတယ်။ ပြောချင်တာကတော့ လူဖြစ်ဖို့သာခဲရင်းတာပါ ဗုဒ္ဓကိုစော်ကားဖို့ ဓမ္မကိုစော်ကားဖို့ သံဃာကိုစော်ကားဖို့ကတော့ ဒီနေ့ခေတ်က အရမ်းလွယ်နေတယ်။ ကြည့်လေ အမျိုးစောင့်ဥပဒေဆိုတာ ကိုယ့်အဖေကိုယ့်အမေလုပ်တာမဟုတ်ဘူး။ ထေရ်တော်ရ၀ါတော်ရကြီးတွေ ကလုပ်ပေးနေတာ။ သူတိုက ကိုယ့်ကျောင်းမှာ သူ့တို့ရဲ့ ဘုန်းကံနဲ့ လူလိုပြောရင် Feeling ယူနေလို့ရတယ်။ ဒါ ပေမယ့်မနေကြဘူး။ အင်မတန်သနားကြည်ညိုဖို့ကောင်းတဲ့ ဆရာတော်ကြီးတွေ။ ဒါကိုဗျာ။ သူ့တို့သား ရွယ်သမီးရွယ်လေးတွေက မိုက်ကိုင်ပြီး မီဒီယာကနေ ၀ိနည်းသံထုတ်ကာ ခွေးပါးစပ်က နတ်စကား ထွက်နေကြတယ်။ အဲဒီခွေးပါးစပ်တွေကို မရဏကပိတ်ပေးမှာလား? ဘယ်နေ့လည်း?

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget