စိုင်းနော်ခမ်း ကို လူကောင်းလား ၊ လူဆိုးလား လာမပြောနဲ့  ။ အဖြေကရှင်းနေအောင် သိပြီးသား..။
သေဒဏ်ကို အစားထိုးဖို့  ပစ်ဒဏ်အတွက် နောက်ဆုံးဘယ်လို မှမဖြစ်နိုင်တော့တဲ့
အဆုံး သေဒဏ်ပေးရမယ်ဆိုရင်တောင် ငါတို့ နိုင်ငံကပဲ ငါတို့ နိုင်ငံသားကို
ဂုဏ်သိက္ခာရှိရှိ ပေးချင်တယ်။
အဖြေကရှင်းနေပြီးသား....။ အဲဒါ ငါတို့ နိုင်ငံရဲ့  ဂုဏ်သိက္ခာအတွက်မို့ ပဲ..။
ငါ့သားသမီး မကောင်းလို့ ဆုံးမ ရမှာကို ငါလက်ခံတယ်..။မှတ်လောက်သားလောက်အောင်
ရိုက်ပြီးဆုံးမရမယ့် အဆင့်ထိဆိုရင်တောင် ငါ့သားသမီးကို ငါပဲ
ရိုက်ဆုံးမမယ်..။ ဘယ်သူမှငါ့သားသမီးကို ရိုက်ပြီးဆုံးမတာကိုမှ
ငါမကြိုက်ဘူး။ ဆုံးမနိုင်တဲ့ ငါ အဖေတစ်ယောက်လုံးရှိနေလို့ ပဲ။
ငါပဲဆုံးမခွင့် အပြည့်အ၀ရှိရမယ်..။ သေချာတာကတော့ လူမိုက်ကို
ကျုပ်အားမပေးဘူး..။
သားသမီးလုပ်ခဲ့တဲ့ အမှားတွေအတွက်တော့ အဖေမျက်နှာငယ်စွာဖြေရှင်းချင်ဖြေရှင်းရမယ်...င့ါက အဖေပဲလေ.။ ငါကသူတို့ ရဲ့  တံတိုင်းကြီးလေ..။ သားသမီးမကောင်း မိဘခေါင်းဆိုတာ ငါ သိထားခဲ့ ပြီးပြီ...............။
ဘစည်(စင်ကာပူ)
1.3.2013
No comments :
Post a Comment