ကျနော်တစ်ယောက်ထဲ
ရင်ဘတ်အသစ်ချက်ချွတ်တွေရှိတာမဟုတ်ပါဘူး။
သူတို့
. . .
သူတို့
. . . သူတို့ . . သန်းခြောက်ဆယ်ဆီမှာလည်း ဒါဏ်ရာ
ဗရပွ နဲ့ ရင်ဘတ်တွေ . . .
မြန်မာဆိုတဲ့
နိုင်ငံလေးမှာ
အာဏာရှင်ဆိုတဲ့
အရူးတွေအမူးတွေ
အား
. . . ပါး . . ပါး . . .
ရက်စက်လိုက်ပုံက
ကမ်းကုန်ပါရောလား
မြတ်သော
. . . သံဃာတော်အရှင်သူမြတ်တွေ
အနာဂါတ်ပုံတူ
. . . ကျောင်းသားကျောင်းသူလေးတွေ
ရိုးသားတဲ့
. . . ပြည်သူလူထု
သူတို့
. . . သူတို့ သန်းခြောက်ဆယ်အားလုံးဟာ
ခရိုနီရူးအာဏာရူးများကြောင့်
သွေးအသစ်စက်စက်တွေကို
ဖေါက်ထုတ်ပေးခဲ့ရတယ်။
အခုလည်းကြည့်စမ်း
အကိုမင်းကိုနိုင်က
ငါဟာ
နီရဲတဲ့နှင်းဆီပွင့် . . . တဲ့။
အလင်းရှင်
www.alinshin.com အရိုးမပါသော စာများကိုဖတ်ပါ။
No comments :
Post a Comment