by U Ko Vi Da on Monday, 21 January 2013 at 19:13 ·
အရင်အပတ်ကတော့ Facebook ကိုရေဆေးသုံးတက်အောင်ပြောပြီပြီ။ အခုပြောချင်တာက ကချင် စစ်ပွဲအကြောင်းပါ။ ကြာလာပြီနော် ဘာမှလဲမထူးခြားသေးဘူး။ သူတော်ကောင်းတွေကတော့ ကြိုးစား လိုက်ကြတာ။ သူ့နည်းသူ့ဟန်နဲ့ပေါ့လေ။ ကိုနေမျိုးဇင်းကြီးကလည်း ကျည်ဆံတွေအစားပန်းများပွင့် ပါစေတဲ့။ ဟို . . .ညီလေးတွေတစ်စုကလည်း ကချင်အထိလမ်းလျှောက်မယ်တဲ့။ ကောင်းလိုက်တဲ့အ ကြံဉာဏ်တွေနော်။ ကြိုးစားကြတယ်။ သူတို့ထောင်ထဲမှာနေတုန်းက ဆင်းရဲခဲ့တဲ့အကြောင်းလည်းဖတ် ရတယ်။ အင်း . . . သူရဲကောင်းလေးတွေ . ..သူရဲကောင်းကြီးတွေ ဦးဇင်းမှာ န၀ကမ္မ၀တ္ထု နွမ်းပါးလို့ ပါ နောက်မို့ဆို သူတို့ခရီးအတွက် ပါရမီဖြည့်လိုက်ချင်ပါတယ်။
နိုင်ငံကျော်ဓမ္မကထိကတွေလို မြန်မာငွေပေါတဲ့အပြင် ဒေါ်လာတွေပဲဘဏ်ထဲမှထည့်ထားသေးတယ် ဆိုတဲ့ ဘုန်းတော်ကြီးများလိုသာပေါများရင် လှူဒါန်းလိုက်ချင်ပါတယ်။ အဲ . . . ဒါပေမယ့်မရှိတာလဲ ကောင်းပါတယ်။ ဗုဒ္ဓဘုရားက ဘိက္ခုတွေဟာ ငွေမကိုင်ရဘူးတဲ့။ ငွေကိုင်တဲ့ဘိက္ခုဟာ မိန်းမလည်း ကိုင်ကောင်းသွားမှာပေါ့လို့ ဦးဇင်းတို့ဝိနည်းတက်ခဲ့တုန်းက သင်ကြားမှတ်သားရဖူးပါတယ်။
အဲ .. ဒီနေ့ခေတ်တော့ ဘိက္ခုတွေမဟုတ်ကြတော့လိုပဲနေမယ်။ ဘိက္ခုခေါ်ဘုန်းကြီးများ ငွေတွေကိုင် ကုန်ကြပြီ . . . ။ ဒီအထဲမှာ ဒီပိုစ့်ရေးသူ ဦးဇင်းလဲပါတယ်။ ကဲ . . ဘယ်လိုသာသာပြုကြမလဲ။ ဗုဒ္ဓက တော့ ဘိက္ခုဟာငွေမကိုင်ရဘူးတဲ့။ ဟုတ်ပါတယ်လေ . . နိုင်ငံကျော်ဓမ္မကထိကများက ငွေမကိုင်ပါဘူး သိန်းပေါင်းများစွာသောမြန်မာငွေနဲ့နိုင်ငံခြားငွေတွေကို ဘဏ်ထဲမှာထည့်ထားတော့ ဘဏ်စာအုပ်ပဲ ကိုင်တာပါ။
references ကတော့ ဘုရားဥပဒေတော်ကြီးပါပဲ။ အဲဒီကျမ်းစာအုပ်ကြီးကိုတော့ ဓမ္မကထိကတွေ ဘုရားဟောမဟုတ်ဘူးလို့တော့ မငြင်းရဲရှာပါဘူး။ ငြင်းလို့လဲ မရဘူးလေ သူတို့ပဲ အဲဒီပိဋကတ်
နဲ့ပဲ ဘဏ်ထဲမှာ ပိုက်ဆံစုထားရတာကို။
No comments :
Post a Comment