အပိုင်း(က)ရဲရဲတိုက် . . . ရဲရဲတက် . . . ရဲရဲသေ . .. ရဲရဲကြောက်သော ဗမာပြည်စစ်သား
အင်း . . . facebook ပရိတ်သတ်ရေ . .. ဖတ်ကြပေဦးပေါ့။ ခေါင်စဉ်ကတော့ ကောသလသို့ . . . လွမ်းခြင်း အပိုင်း(၁)တဲ့။ ဘုန်းကြီးလဲ လွမ်းတော့လွမ်းကြည့်တာပဲ ဒါပေမယ့် facebook ပေါ်ကကောင်မလေးမဟုတ်ဘဲ ဟိုး . . . အိန္ဒိယနိုင်ငံ အရင်အခေါ်ကောသလတိုင်းပြည်က ကောသလဖြစ်နေတယ်။ သူ့ကိုလွမ်းမိတာကောင်းပါတယ် ဘာဖြစ်လို့လဲဆိုတော့ ကောသလရှင်ဘုရင်က ဗုဒ္ဓစာပေသမိုင်းမှာ ပိဋကတ်မှာတွင်ရစ်ရအောင်ကို အိပ်မက် မက်တဲ့ ဘုရင်ဖြစ်နေတယ်။ အဲဒီတုန်းက အိန္ဒိယမှာရှိတဲ့ ဘုရင်တွေ အိပ်မက်မက်ကြမှာပါ။ သူတို့အိပ်မက် ကိုလည်း ဘုရားရှင်ထံသွားပြီး လျှောက်ထားရင် ဒီနေ့ပိဋကတ်မှာ ဖတ်မှတ်စရာကောင်းတဲ့ စာပေတွေ အဖြစ် ရှိနေမှာပါ။ ဒါပေမယ့် ထိုထိုသော ဘုရင်များက အမှတ်မဲ့နေခဲ့တဲ့အတွက် အခြားသောရှင်ဘုရင်များရဲ့အိပ်မက် တွေကို ဘုန်းကြီးတို့ ပိဋကတ် မှာမတွေ့ရတာပဲနေမယ်။ ဘာပဲဖြစ်ဖြစ် ကောသလရှင်ဘုရင်ရဲ့ ဒီအတုလေးကိုတော့ ဗမာပြည်သူပြည်သားတွေ ရင်ထဲ သိမ်းထားစေ ချင်တယ်။ သူသာသူ့ရဲ့ထူးခြားဖြစ်စဉ်ဖြစ်တဲ့ ဒီအိပ်မက်ကို အမှတ်သညာမထားဘဲ ပေါ့ပျက်ပျက် နဲ့နေသွားရင် ဘုန်းကြီးတို့အတွက် ကြိုတင်ခန့်မှန်းသံဝေဃယူစရာမကျန်ရစ်ဘဲဖြစ်သွားမယ်။ ဒါ့ကြောင့် ဘုရင်ကောသလဟာ သူ့ဘ၀ကိုအမှုမဲ့အမှတ်မဲ့မနေခဲ့ဘူးဆိုတာ နှောင်းလူတွေကို အတုယူစေဖို့ ပညာပေး လေးလည်းရသွားတယ်။ ဒီနေ့ခေတ်က ̏ ဟာကွာ. . ထားလိုက်စမ်းပါ . . အပိုတွေပါကွာ . . . ̋ ဆိုတဲ့လူ ပေါ့လူပျက် များအတွက် ဘုရင်ကောသလက ဆင်ခြင်ဖို့ရန်အတုယူစရာလေးလည်းဖြစ်နေတယ်။ အခြားစအခြားသောရှင်ဘုရင်တွေကို လွမ်းမိတာထက်စာရင် ဒီနေ့တော့ ကောသကို လွမ်းရတာ ဒီတစ်ခုနဲ့တင်ကျေနပ်ဖို့ကောင်းနေပါပြီ။ တည့် ပြောရင် သူ့အိပ်မက်က အခြားတိုင်းပြည်တွေထက်စာရင် မြန်မာပြည်အတွက်က မြေကြီးလက်ခပ်မလွဲ အောင် ကိုမှန်နေတယ်ဟေ့။ ဒီတော့က တို့ ပရိတ်သတ်တို့ရေ . . . ကောသလကို လွမ်းလိုက်ကြရအောင် . . .။ သူ့ဘ၀လေးကလည်း ရှင်ဘုရင်သာ ဖြစ်ရတာ ဇာတ်သိမ်းကမလှလေတော့ တကယ်ကိုပဲ လွမ်းစရပါ။ ဒီနေ့အာဏာရူးများဖြစ်ကြတဲ့ တိုင်းပြည်ကို တရုပ်လက်ထဲဝကွက်အပ်သွားတဲ့ ဗိုလ်ချုပ်နေ၀င်းမှတိုင် လက်ရှိလဲအပ်နေရဆဲ့ဖြစ်တဲ့ အာဏာရစ်မူးအာဏာရူးခေါင်ဆောင်အချုပ်ဗိုလ်ချုပ်မူးကြီးသန်းရွှေရဲ့စစ်အရေခွံချွတ် တိုက်ပုံဝတ်သိန်းစိန်တို့ တိုင်အောင် ဗမာပြည်ဟာ တရုပ်ပြည်ဖြစ်ခဲ့ရတယ်။ ဒါနဲ့စကားစပ်မိလို့ပြောရင် ဘုန်းကြီးတို့ကျောင်းရှေ့မလှမ်းနဲနဲဝေးတဲ့နေရာလေးမှာ (၂၀၁၃)အရောက် နယူးရီး ယားညမှာ လူငယ်လေးတွေ ဂစ်တာလာတီးကြတယ်။ ပုလင်းတွေဗူးတွေအပြည့်နဲ့ပါပဲ ညကညဉ့်နက်လာလေ သူတို့သီဆိုတဲ့သီချင်းသံလေးက ပိုပိုကျယ်လာလေပေါ့။ အရေအရှိုန်လေးရလာလို့အသံအောင်လာတာလဲ ဖြစ် ချင်ဖြစ်မှာပေါ့လေ။ အခြားရက်တွေအခုလို ဒီအုပ်ခုံမှာ ဂစ်တာလာမတီးကြပါဘူး။ ဒီနေ့မှာ ဘယ်လိုလူစုပြီး ၀ိုင်းဖြစ်သွားလဲမသိဘူး။ ဂစ်တာကလဲ သုံးလက်တောင် နောက်ပြီးပုလင်းလေးတွေကို သူတို့စားတဲ့ဝါးတူ ချောင်းလေးတွေနဲ့ တီးခပ်တာကလည်း နားထောင်လို့အစဉ်ပြေနေတယ်။ ဂစ်တာတစ်လက်ဆီက အသံတစ်မျိုးဖြစ်ပုံရတယ် အဲဒီဂစ်တာသံတွေကသူတို့ဆိုတဲ့သီချင်းနဲ့ ဘုန်းကြီးလဲ အင်္ဂလိပ်လိုတော့မခေါ်တက်ဘူး တော်တော်ကိုအသံအသွားအလာက ညီညွတ်နေတယ်။ ဒါ့ကြောင့်ကျောင်း ခန်းထဲကထွက်ပြီး မရမ်းပင်အောက်လေးမှသူတို့ကို သွားကြည်နေမိတယ်။ ကဲ . . ဗျာ အဲဒီမှာတင် တရုတ်ကြီးအကြောင်းက ပါလာတော့တာပဲ။ လူငယ်တစ်ယောက်က ထူးထူးခြားခြားအသံကျယ်ကျယ်နဲ့ ̏ ကျွန် တော်တို့ဒီညရဲ့ပျှော်ရွှင်မှုကို နိုင်ငံတော်အလံအားလေးပြုရင်းသိမ်းပါမယ် ̋ တဲ့ဗျာ။ ဘုန်းကြီးလည်း ဟ ဒီလူ ငယ်လေးတွေ တို့ဗမာပြည်အတွက် အားထားရမယ့်ကလေးတွေပါလား? ငါလာနားထောင်မိတာ ဂုဏ်ယူစရာ ပဲပေါ့ ဆိုတဲ့အတွေးနဲ့အတူ ဘုန်းကြီးလည်း ကြက်သီးမွှေးညင်းတွေပါထသွားအောင်ကို ပီတိဖြစ်သွားတယ်။ အဲ မကြာပါဘူး သူတို့သီချင်းလဲဆုံးရော ဘုန်းကြီးလည်း ဗုန်းဗုန်းလဲပါလေရော . . .ဗျာ။ သူတို့ဆိုတဲ့နိုင်ငံတော်သီချင်းက အတော်ကို စိတ်ပျက်စရာကောင်းသွားတယ်။ သူတို့ကလည်း မြန်မာနိုင်ငံ အတွက်အဲ ဒီလိုစိတ်ပျက်နေတယ်ဆိုတာကို သိစေချင်တာကြောင့်လားမသိ သူတို့ဆိုတဲ့အသံတွေကိုက ၀မ်းနည်းသံတွေပါ။ ဒါ့ကြောင့် ဘုန်းကြီးကိုယ်တိုင် ရင်နင့်ခဲ့ရတာပါ။ ကဲ . . . နားထောင်ကြည့်ပါဦး . . .မြန်မာ နိုင်ငံတော်သီချင်းလေးကို . . . . ကမ္ဘာမကြေ . . . ဗမာပြည် . . .တို့ ဘိုးဖွားအမွေအနှစ်မို့ ချစ်မြတ်နိုးပေ။ ပြည်ထောင်စုကိုအသက်ပေးလို့ တို့ ကာကွယ်မလေ . . . ၊ ဒါ တို့ပြည် . . . ဒါ . . တို့မြေ . . . တရုတ်ပိုင်တဲ့မြေ။ တို့ . . . ပြေ။ တရုပ်မြေ။ အကျိုးကို ညီညာစွာဆောင်ရွက်မလေ တရုတ်သာယူနေ . .တို့ ဗမာပြည်။ ကဲ . . . facebook ညီငယ်ညီမငယ်တို့ရေ . . . . ဗမာနိုင်ငံတော်သီချင်းဟာ တကယ့်ဖြစ်ပျက်နေတဲ့ဖြစ်စဉ်တွေကို မီးမောင်းထိုးပြတာမှန်သော်လည်း . . တကယ်လဲပဲ တရုတ်က ဗမာကိုပိုင်နေသော်လည်းပဲ . . . သီဆိုသူလူငယ်လေးတွေလည်း ကြေကွဲစွာခံစား ရင်နင့်နင့်နဲ့သီဆိုခဲ့ကြသလို ကြားလိုက်ရတဲ့ ဘုန်းကြီးမှာလည်းပဲ နောင်အနာဂါတ်အတွက် မကျန်ရစ်တော့ မယ့် မြန်မာပြည်ကြီးကို လက်လွတ်ဆုံးရှုံးလိုက်ရမှာကို စိတ်မကောင်းဖြစ်နေမိပါတယ်။ မြန်မာပြည်ဟာ တို့ပြည် . . တို့မြေ တဲ့ . ဒါပေမယ့် တရုတ်ပိုင်တဲ့မြေဖြစ်နေတယ် တဲ့။ အောင်မင်းကိုယ်တိုင် ကိုပဲ အတည်အလင်းပြောထားတာကို အများသိကြပြီးသားပါ။ တရုတ်ကိုကြောက်ရတယ်တဲ့။ သူတို့စစ်သား တွေ အမျိုးမျိုးပြောတယ်နော် . . . ရဲရဲတက်၊ရဲရဲတိုက်၊ရဲရဲသေ။တဲ့ အခုတော့ ရဲရဲကြောက်လို့။ဆောင်ပုဒ်သစ် လေးတစ်ခုထည့်ရေးဖို့ကောင်းတယ်နော်။ ဒီလိုပြောလို့ ဘုန်းကြီးကိုသူတို့အပြစ်မတင်သင့်ဘူးနော်။ သူတို့ပဲ ရဲရဲတက်။ရဲရဲတိုက်။ရဲရဲသေ။ လို့ကြိမ်းဝါး ထားတာလေ။ စစ်တပ်ထဲသွားရင်အရေရောင်ဆေးခံပေါ်မှာ အဖြစ်ရောင်စာလုံးကြီးနဲ့ရေးထားတာ စစ်တပ် ထဲ သွားဖူးရင်တွေဖူးကြမှာပါ။ ဒါ့ကြောင့် အခုသူတို့စစ်ခေါင်းဆောင်အရေခွံချွတ်အောင်မင်းက တရုပ်ကိုကြောက် ရပါတယ်ဆိုတော့ ရဲရဲတက်၊ရဲရဲတိုက်။ရဲရဲသေ။ရဲရဲကြောက်။ လို့အသစ်ထပ်ထည့်ရေးရမှာပေါ့။ ဘုန်းကြီးမလွန်ပါဘူးနော်။ ဘုန်းကြီးတို့လက်နပ်မဲ့သံဃာတော်တွေ လမ်းပေါ်မှာ ပြည်သူအတွက်ပရိတ်ရွတ်တာ ကိုတော့ သတ်ရဲဖြတ်ရဲလိုက်တာ။ တကယ်သူရဲကောင်းကြီးတွေအတိုင်းပဲ။ သူတို့ကလူမိုက်လူရဲလို့ထင်နေတာ တကယ်က ဒီဗမာစစ်သားတွေဟာ လူရဲလူမိုက်မဟုတ်ဘူး လူရူးလူမူးတွေပါ။ လူမိုက်ဆိုက ဂုဏ်ရှိသေးတယ်။ သူ့မှာလူမိုက်ဆိုတဲ့ဂုဏ်အရည်အသွေးအထိုက်အလျှောက်ရှိသေးတယ်။ ဒီဗမာစစ်သားတွေမှာက အဲလိုလူ မိုက်ဂုဏ်ရည်လဲမရှိတော့ဘူး။ လူရူးလူကြောက်ဂုဏ်ရည်ပဲရှိတော့တယ်။ ဒါ့ကြောင့် ဗမာစစ်တပ်တွေမှာရေးထားတဲ့ စိတ်စွမ်းရည်မြင့် ကြော်ငြာဆောင်ပုဒ်တွေကို Facebook ပရိတ်သတ် က မြင်တွေ့တဲ့အခါ။ ရဲရဲတက်၊ရဲရဲတိုက်၊ရဲရဲသေ၊လို့ရေထားတဲ့နေရာမှာ ရဲရဲကြောက် ဆိုတဲ့စကားလုံးလေး ပိုထည့်လိုက်နော်။ (၁) ဆက်ဖတ်ရန်။ ရေးနိုင်သရွှေ့ တင်စွမ်းနိုင်စွမ်းရှိသရွှေ့ ရေးပို့သွားပါမည်။သို့သော်အင်တာနက်လိုင်းမကောင်း၍ စိတ်သွားတိုင်း ကိုယ်မပါဖြစ်ရသည်။
ဆက်သွယ်ရန်လိပ်စာ
ဦးသောဘိတ
လူမရောက်တော
ဖေ့ဘုတ်ကျေးရွာ
မြန်မာပြည်။ တရုပ်နိုင်ငံ ။ မြန်မာအစိုးရ
ဖုန်းနံပါတ်။ ၅၀၀၀ တန်ထွက်မှရမည်။
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment