ယခင်အစိုးရ လက်ထက်က စတင် အကောင်အထည် ဖော်ခဲ့သည့် ဆယ်နှစ်
ကြာခဲ့ပြီ ဖြစ်သော
ကြက်ဆူပင်စီမံကိန်းနှင့် ပတ်သက်သည့် ကြယ်ပွင့်ပြ
မေးခွန်းကို အောက်တိုဘာ
၂၉ ရက်နေ့ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရေစကြိုမြို့နယ်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဦးဌေးအောင်က မေးမြန်းခဲ့ရာ
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန
ဒုတိယ၀န်ကြီးက
ပြန်လည်ဖြေကြား ရာတွင် မေးခွန်းနှင့် အဖြေကွာခြားနေ၍
ဝေဖန်မှုများ
ရှိနေကြောင်း သိရသည်။
ယင်းစီမံကိန်းအတွက် နိုင်ငံတော်၏ အချိန်၊ ငွေကြေး၊ မြေယာ၊ အဆောက်အဦ၊
လုပ်အားများစွာ ရင်းနှီးအသုံးပြုခဲ့ပြီး ယခုအခါ ၁၀
နှစ်ခန့်ကြာမြင့်ပြီဖြစ်သောကြောင့်
အဆိုပါကြက်ဆူပင်စိုက်ခင်းကြီးများ
မည်မျှအောင်မြင်နေသည်၊ ကုန်ကြမ်း
များမည်မျှစုဆောင်းသိုလှောင်ရရှိနေသည်၊
ကုန်ချော Bio ဒီဇယ်များကို ပြည်သူများ
မည်မျှသုံးစွဲနေကြရသည် စသည်တို့ကို
သိရှိလိုပါကြောင်း မေးမြန်းခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့ မေးမြန်းခဲ့မှုအပေါ် ဒုဝန်ကြီးက လောင်စာဆီနှင့်ပတ်သက်၍
ပြည်သူများ၏အကျိုးစီးပွားမြှင့်တင်နိုင်ရန်
ပြည်ပထွက်ငွေများလျော့ကျစေရန်
အကြောင်းပြချက်ဖြင့် Bio ဒီဇယ်အတွက် ကြက်ဆူ
ပင်စီမံကိန်းအားတနိုင်ငံလုံး
အတိုင်းအတာဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ ကြက်ဆူမှာ
ခြံစည်းရိုးကြက်ဆူနှင့်ဆီကြမ်း သီးနှံကြက်ဆူဟူ၍ နှစ်မျိုးရှိကြောင်း၊
မြန်မာနိုင်ငံအပူ
ပိုင်းဒေသ မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းဒေသကြီးနှင့်
တောင်ပေါ်ဒေသများဖြစ်
သည့်ရှမ်းပြည်နယ် ကယားပြည်နယ်တို့တွင် ရှေးနှစ်ပေါင်း
များစွာကတည်းက
နေအိမ်ကျေးရွာများတွင် ခြံစည်းရိုးပင်အဖြစ်
စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ တိုင်းနှင့်ပြည်နယ်အသီးသီးတွင်ဌာနဆိုင်ရာ
အဖွဲ့အစည်းများ၊ မြို့နယ်ရပ်ကွက်များတွင်
စိုက်ခင်းအဖြစ်နည်းပါးကြောင်း၊
ကာဗွန်ဒိုင် အောက်ဆိုဒ်ထုတ်လုပ်မှုလျှော့ချနိုင်ရေးအတွက်
တိုကျိုသဘောတူညီချက်အရ စက်မှုဖွံ့ဖြိုးသောနိုင်ငံများတွင် တွင်းထွက်
ဆီနှင့်ဇီဝဒီ
ဇယ်ဆီအား ရောနှောအသုံးပြု လျက်ရှိပါကြောင်း၊
ထိုင်းနိုင်ငံတွင်လည်း စွမ်းအင်လောင်
စာဆီ ၅ ရာခိုင်နှုန်းမှ ၁၅ရာခိုင်နှုန်းအထိ ရောနှောသုံးနေကြောင်း၊
မြန်မာနိုင်ငံတွင်လည်း
အနာဂတ်အစားထိုး လောင်စာဆီအဖြစ်အစားထိုးနိုင်ရန်အတွက်
မျိုးကောင်းမျိုးသန့်ရရှိရေး၊
မျိုးကွဲများသုတေသနပြုလုပ်ခြင်းဒီဇယ်ထုတ်လုပ်ခြင်းနှင့်စိုက်ပျိုးရေးဦးစီးဌာန၏
သုတေ
သနဌာနမှာ သုတေသနလုပ်ငန်းများဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း
ပြန်
လည်ဖြေကြားသွားခဲ့သည်။
ဒုဝန်ကြီးပြန်လည်ဖြေကြားခဲ့ရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးဌေးအောင်မေးမြန်းခဲ့သည့် ကြက်ဆူပင် စိုက်ခင်းကြီးများ
အောင်မြင်မှုအခြေအနေ၊
ကုန်ကြမ်းများသိုလှောင်ထားမှုနှင့်ကုန်ချော
ဇီဝဒီဇယ်များကိုပြည်သူများသုံးစွဲနေရသည့်
အခြေအနေများအား ထည့်သွင်းဖြေကြား
နိုင်ခဲ့ခြင်းမရှိကြောင်းသိရှိရသည်။
ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal?ref=br_tf
Saturday, November 1, 2014
နာဆာ က ဒုံးကျည်ကို တမင်တကာ ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်
ဗာဂျီးနီးယား ၊ ၁-၁၁-၂၀၁၄
အောက်တိုဘာ ၂၉ ရက်က အမေရိကန် ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ် Wallops
Island ဒုံးလွှတ်စင်မှ နာဆာ က လွှတ်တင် လိုက်သောAntares ဒုံးကျည် ပေါက်ကွဲ
ခဲ့ခြင်းသည် လုံခြုံရေးဆိုင်ရာ တာဝန်ခံ အရာရှိနှစ်ဦး က ဒုံးကျည် ပျံသန်းရာ
လမ်းကြောင်း
လွဲမှား သွားသည်ကိုသိရှိခဲ့သည့် အတွက် ယင်း ဒုံးကျည်ကို အချိန်မီ ဖောက်ခွဲ ဖျက်ဆီးခဲ့
ရခြင်းဖြစ်ကြောင်း သိရသည်။
Orbital Sciences Corp က ပြုလုပ်ထားသော Antares ကို နိုင်ငံတကာအာကာသစ
ခန်းသို့ ပို့ဆောင်ရန် ကုန်ပစ္စည်းများ တင်ဆောင်ကာ ဝေါလော့ဒုံးလွှတ်စင်မှ ပစ်လွှတ်
လိုက်ရာ လမ်းကြောင်း လွဲချော်သွား ခဲ့သည့်အတွက် ချက်ချင်းလိုလို ဖောက်ခွဲဖျက်ဆီး
ခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
နာဆာ က ဒုံးကျည်တစ်ခုကို လွှတ်တင်တိုင်း ဘေးအန္တရာယ် ကင်းရှင်းရေး တာဝန်ခံ
အရာရှိနှစ်ဦး က ဒုံးကျည်တွင် လွဲချော်မှုတစ်စုံတစ်ရာ ရှိခဲ့လျှင် အလိုအလျောက် ဖျက်ဆီး
သည့် ခလုတ်ကိုနှိပ်ရလေ့ ရှိသည်။ မလိုအပ်ဘဲ ဒုံးကျည်ကို ဖျက်ဆီးမိလျှင် ဒေါ်လာသန်း

သန်းပေါင်းများစွာ တန်ကြေးရှိသော သိပ္ပံကိရိယာ
တစ်ခုကို ဖျက်ဆီးမိမည် ဖြစ်ပြီး ချို့ယွင်း
နေပြီ ဖြစ်သော ဒုံးကျည်ကို အချိန်မီ မဖျက်ဆီးလျှင်လည်း ဒုံးကျည်ပျက် ကျခြင်းကြောင့်
လူ့အသက်ပေါင်း များစွာ ဆုံးရှုံးသွားမည် ဖြစ်သည်။
အဆိုပါနေ့က အမြင့် ၁၃၉ ပေ ရှိသော Antares ဒုံးကျည်သည်လွှတ်တင် လိုက်ပြီး
ချက်ချင်းလိုပင် ချို့ယွင်းခဲ့သည့် အတွက်ယင်းလုံခြုံရေး ဆိုင်ရာ တာဝန်ခံ အရာရှိနှစ်ဦး
က ဒုံးကျည် ဖျက်ဆီးသည့် ခလုတ်ကို အချိန်မီ နှိပ်နိုင်ခဲ့သည့် အတွက်သာ ထိုစဉ်ကဒုံးကျည်

လွှတ်သည့် ဧရိယာတွင် ရှိနေသော လူပေါင်း
မြောက်မြားစွာတို့ အသက် မဆုံးရှုံးခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။
အဆိုပါ အရာရှိနှစ်ဦးသည် ပျံသန်းမှုနှင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးကို
တာဝန်ယူရပြီး ဒုံးကျည် စတင်ပစ်လွှတ် လိုက်ချိန်မှစက္ကန့်ပိုင်း အတွင်း ဒုံးကျည်ကို
ဆက်လက် ပျံသန်းစေမည် သို့တည်းမဟုတ် ဖျက်ဆီး ပစ်ရမည်ကို ဆုံးဖြတ်ချက်ချ
ရလေ့ရှိသည်။
ဒုံးကျည်ကို ပစ်လွှတ် လိုက်လျှင် ယင်း အရာရှိနှစ်ဦးက စောင့်ကြည့်ရသော ပြစ်ချက်
၁ဝ ခုရှိပြီး ဒုံးကျည် ပျံသန်းမှု လမ်းကြောင်းလွဲချော်သွား ခြင်း ကဲ့သို့ ပြစ်ချက်မျိုး
အတွက် ဒုံးကျည်ကို ချက်ချင်း ဖျက်ဆီး ရလေ့ရှိသည်။
ပျံသန်းမှု လမ်းကြောင်း လွဲချော် သွားသော ဒုံးကျည်သည်ပျံတက်နိုင်မည် မဟုတ်ဘဲ
မြေပြင်ပေါ် သို့ ပြန်လည်ပြုတ်ကျ မည်ဖြစ်ပြီးလူ့အသက်ပေါင်း မြောက်မြားစွာကို
သေဆုံး စေနိုင်မည် ဖြစ်ကြောင်းသိရသည်။
ဒုံးကျည် ပစ်လွှတ် လိုက်စဉ် အရာရှိ နှစ်ဦးက ဒုံးကျည် ဦးတည်ရာလမ်းကြောင်းကို
စောင့်ကြည့်ခဲ့ရာ လမ်းကြောင်း သတ်မှတ်ထားသော ဝိုင်ယာကြိုးများ၏ နောက်ဘက်
မှ ထွက်ခွာ သွားခဲ့သည့်အတွက် ဒုံးကျည် ပျံသန်းမှု လမ်းကြောင်း လွဲချော် သွားခဲ့ကြောင်း

ပေါ်ပေါက်၍ ဒုံးကျည်ကို
ချက်ချင်း ဖောက်ခွဲ ဖျက်ဆီးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ထိုစဉ်က ဒုံးကျည် လွှတ်တင်ရာ Wallops Island တွင် လူပေါင်းထောင်နှင့်ချီ
စုဝေးကြည့်ရှု နေခဲ့ခြင်း ဖြစ်ပြီးဒုံးကျည်ပေါ်တွင်လည်းနိုင်ငံတကာ အာကာသစခန်းသို့
ပို့ဆောင်မည့်ကိရိယာနှင့် စာနပ်ရိက္ခာ ပေါင် ၅ဝဝဝ ထက်မနည်းကို တင်ဆောင် ထားကြောင်း

သိရသည်။
#PyiChitThar
#PyiChitThar
http://www.pyichitthar.com/2014/10/blog-post_69.html
တက်တူးထိုးခြင်း၏ နောက်ကွယ်
လူငယ်များ အကြားတွင် ခေတ်စားနေသော တက်တူး ထိုးခြင်းသည်
အရေပြား ကင်ဆာ ဖြစ်ပွားမှု နှုန်းကို မြင့်တက် စေကြောင်း လေ့လာမှု
တစ်ရပ်တွင် ဖော်ပြ ထားသည်။ တက်တူး ထိုးရာတွင် အသုံးပြုသော
ဆေးရည်သည် အရေပြား ကင်ဆာကို ဖြစ်စေနိုင်သော ပစ္စည်းများ ပါဝင်
နေသည်ဟု သိရသည်။ အထူးသဖြင့် အပြာရောင်ခြယ် တက်တူး မင်သည်
တက်တူး ထိုးသူများနှင့် ထိုးနှံ ပေးသော သူများ အကြိုက် အရောင် တစ်မျိုး
ဖြစ်ပြီးကို ဘော့သတ္ထုနှင့် အလူ မီနီယမ်များ ပါဝင် နေသည်။

နယူး
ဒေလီမြို့ BLK ဆေးရုံ၊ အရေပြား အထူးကုဌာနမှ Dr. D.J.S Tula
တက်တူးနှင့်
ကိုယ်ခန္ဓာ အပေါက်ဖောက်သော ကိရိယာများသည် လူ့သွေးများမှ
တစ်ဆင့် ကူးစက်သော
ရောဂါများ ရရှိနိုင်ချေ များကြောင်း၊ သွေးမှ တစ်ဆင့်
ကူးစက် တတ်သော HIV၊
အသည်းရောင် အသားဝါ B,Cနှင့် အရေပြား ကင်ဆာ
ရောဂါ အချို့ကို
ရရှိနိုင်ကြောင်း၊ အရေပြား ကင်ဆာ များတွင် မှဲ့ကင်ဆာနှင့်
Squamous cell
carcinoma တို့ ပါဝင်ကြောင်း၊ တက်တူး ထိုးသူတိုင်း အဆိုပါ
ရောဂါများကို
ရရှိနိုင်သည်ဟု မဆိုလိုဘဲ အသုံးပြုသော တက်တူး မင်အမျိုးအစား၊
တက်တူး
ထိုးသော ကိရိယာ၊ လုပ်ငန်းစဉ် များ၏ ပိုးသတ် ထားမှု ရှိမရှိက
အဓိကကျ
ကြောင်းကို ရှင်းပြ ထားသည်။
“တက်တူးထိုးတဲ့ မင်မှာ တစ်ခါတလေ အာဆင်း နစ်တွေ ထည့်သွင်း ထားတတ်
“တက်တူးထိုးတဲ့ မင်မှာ တစ်ခါတလေ အာဆင်း နစ်တွေ ထည့်သွင်း ထားတတ်
ပါတယ်။ ထိုးနှံ သူကတော့ မသိတဲ့ အတွက် အရေပြား
ကင်ဆာ ဖြစ်ဖို့ အခွင့်အလမ်းများ နေပါတယ်။ နောက်ပြီး မှဲ့ရှိတဲ့ နေရာတွေ
နားမှာလည်း
တက်တူး မထိုး သင့်ပါဘူး တကယ်လို့ တက်တူး ထိုးထားတဲ့ နေရာ
အနီးတ၀ိုက်မှာ
ပုံမှန် မဟုတ် ဘဲမှဲ့တွေ ပေါ်လာပြီဆိုရင် အရောင်၊ အရွယ် အစား၊
ပုံသဏ္ဌာန်၊
အနားသတ် ပုံစံတွေကို သေချာ စစ်ဆေးဖို့ လိုပါတယ်။ တကယ်လို့
သေချာ
မကြည့်ဘဲ ပေါ့ပေါ့ဆဆပဲ ထားမယ်ဆိုရင် မှဲ့ကင်ဆာနဲ့ အခြား အရေပြား
ကင်ဆာ တွေကို အချိန်လွန်မှ သိတာမျိုး ဖြစ်သွား နိုင်ပါတယ်ဟု ကင်ဆာ ရောဂါ
အထူးကု ဆရာဝန် Dr.Amit Kumarက အကြံ ပေးထားသည်။
ထို့ပြင် တက်တူး ဖျက်ခြင်းတွင်လည်း ဆိုးကျိုးများ ရှိနေကြောင်း၊ အရေပြား အရောင်
ထို့ပြင် တက်တူး ဖျက်ခြင်းတွင်လည်း ဆိုးကျိုးများ ရှိနေကြောင်း၊ အရေပြား အရောင်
ဖျော့သွားခြင်း (hypo pigmentation)၊ ရင့်သွားခြင်း (hyper pigmentation)
များ
ရလာ နိုင်ကြောင်း သိရသည်။ ကျွမ်းကျင်သော တက်တူး ထိုးပေးသူများ ထံသာ
သွားသင့်ကြောင်း၊ progessional tattooistသည် အော်ဂဲနစ် မင်ကိုသာ
အသုံးပြု
ကြကြောင်း၊ ဈေးပေါပေါ သုံးထားသော တက်တူးများတွင် အာဆင်းနစ်၊
ကိုဘော့နှင့်
အလူမီနီယမ် ကဲ့သို့သော အရေပြား ကင်ဆာ ဖြစ်စေနိုင်သည့် ဓာတ်များ
ပါဝင်
နေကြောင်းကို ယခု လေ့လာမှုတွင် ဖော်ပြ ထားသည်။
သန့်စင်
Ref: IANS
Health Updates Journal
သန့်စင်
Ref: IANS
Health Updates Journal
http://www.myanmarnewsnow.org/2014/02/blog-post_9062.html
Friday, October 31, 2014
စစ်ခွေးကြံ့ဖွတ်အောင်သောင်းကို အမေရိကန်က နာမည်ပျက်စရင်းထည့်သွင်းလိုက်သည်။
01.11.2014 03:10
ကတ္တိမကြီးမားသူ တယောက်ဖြစ်သလို လက်ရှိ လွှတ်တော်
ကိုယ်စားလှယ်တဦးလည်းဖြစ်တဲ့ ဦးအောင်သောင်းကို အမေရိကန်
အစိုးရရဲ့ အရေးယူပိတ်ဆို့မှုချမှတ်ခံရသူ အမည်မည်းစာရင်း (Blacklist)မှာ
ထည့်သွင်းလိုက်ကြောင်း အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးဌာနက
သောကြာနေ့မှာ ကြေညာ လိုက်ပါတယ်။
ဦးအောင်သောင်းဟာ မြန်မာနိုင်ငံမှာ မကြာသေးခင်ကစတင်
လုပ်ဆောင်လာတဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ
အားနည်း သွားအောင် အကြမ်းဖက် ဖိနှိပ်မှုတွေနဲ့ အဂတိ လိုက်
စားမှုတွေကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသလို သူဟာ
အတိုက်အခံ ဒီိမိုကရေစီ အင်အားစုတွေ ကို နှိမ်နှင်းရာမှာ ပါဝင်
ပတ်သက်ခဲ့သူ ဖြစ်တယ်လို့ အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးဌာနရဲ့
ထုတ်ပြန်ချက် မှာ ဖေါ်ပြထားပါတယ်။
အမေရိကန်အစိုးရဟာ မြန်မာနိုင်ငံက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေကို ထောက်ခံမှု ပေးနေသလို အစဉ်တစိုက်လေ့လာ စောင့်ကြည့်လျှက်ရှိကြောင်းနဲ့ ဦးအောင်သောင်းဟာ
ဒီဖြစ်စဉ်တွေကို ဆန့်ကျင်ဖို့ ကြိုးပမ်းနေသူ ဖြစ်တယ်လို့ ဆိုပါတယ်။
အရေးယူပိတ်ဆို့မှု အစီအစဉ်အရ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့
ဦးအောင်သောင်း ရဲ့ ပိုင်ဆိုင်မှု အားလုံးကို ထိန်းချုပ် လိုက်ပြီး အမေရိ
ကန်နိုင်ငံ သားတွေ အနေနဲ့ သူနဲ့အကျိုးတူ စီးပွားရေး လုပ်ခွင့်မရှိတော့ပါဘူး။
အခုချမှတ်တဲ့ အရေးယူပိတ်ဆို့မှဟာ ဦးအောင်သောင်း တဦးတည်းနဲ့သာ
သက်ဆိုင်ပြီး၊ တခြားအစိုးရအဖွဲ့အစည်းတွေ၊ သူနဲ့ပတ်သက်တဲ့ အသင်းအဖွဲ့
တွေနဲ့ သက်ဆိုင်ခြင်းမရှိဘူးလို့ အမေရိကန်အစိုးရရဲ့ ကြေညာချက်မှာ
ဖေါ်ပြထားပါတယ်။
အသက် ၇၃ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဦးအောင်သောင်းဟာ အရင်စစ်အစိုးရ
လက်ထက်က စက်မှုဝန်ကြီး တာဝန်ယူခဲ့ပြီး အာဏာရ ပြည်ထောင်စု ကြံ့
ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီမှာ အယူအစွဲပြင်းထန်တဲ့ ခေါင်းဆောင်တဦးဖြစ်ပါတယ်။
အရင် စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှုးကြီးသန်းရွှေနဲ့ နီးစပ်သူတဦးအဖြစ်
လူသိများပါတယ်။
https://www.blogger.com/blogger.g?blogID=7183521177547611220#editor/target=post;postID=9139458692767937972
Subscribe to:
Posts
(
Atom
)