.

AlinShin

Sunday, August 31, 2014

ဒေါ်လာတစ်သိန်းတန်သရဖူနှင့် မေမြတ်နိုးကိစ္စ

ကန်ဒေါ်လာတစ်သိန်းတန် သရဖူယူပြီး တိမ်းရှောင်နေသည်ဟု မေမြတ်နိုး စွပ်စွဲခံရ

ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
အာရှပစိဖိတ်အလှမယ် သရဖူကို ပူပူနွေးနွေးအသိမ်းခံခဲ့ရ သည့် မြန်မာအလှမယ် မေမြတ်နိုး သည်အမေရိကန်ဒေါ်လာ တစ်သိန်းတန်ကြေးရှိ သရဖူကိုယူပြီးတိမ်းရှောင်နေသည်ဟု တောင်ကိုရီး ယား အာရှပစိဖိတ်အလှမယ်အ ဖွဲ့အစည်းက သောကြာနေ့တွင်စွပ်စွဲလိုက်သည်။
မေမြတ်နိုးကို အာရှပစိဖိတ် အလှမယ်အဖြစ်မှ ရပ်စဲလိုက်ပြီး သရဖူရုပ်သိမ်းကြောင်းကို ၂၇ ရက်က ကြေညာခဲ့ကာ သြဂုတ် ၂၈ ရက်တွင် တောင်ကိုရီးယားနိုင်ငံ ရှိ အာရှပစိဖိတ်အလှမယ် အဖွဲ့ အစည်းသို့ သရဖူနှင့် စလွယ်အပ် နှံရန် ပြောကြားခဲ့သည်။ သို့သော် မေမြတ်နိုးနှင့် ၎င်း၏ မိခင်တို့သည် သြဂုတ် ၂၇ ရက် နံနက်အစောကအဖွဲ့အစည်းထံအကြောင်းကြားခြင်းမရှိဘဲ သရဖူကိုယူဆောင်၍ မြန်မာနိုင်ငံသို့ ပြန်သွားကြောင်းအဖွဲ့အစည်းဘက်မှ ထုတ်ဖော်ပြောကြားထားသည်။
(၁)
http://aungminkhoung.blogspot.com/2014/08/bbc.html
(၂)
http://aungminkhoung.blogspot.com/2014/08/blog-post_35.html
(၃)
http://aungminkhoung.blogspot.com/2014/08/blog-post_80.html

အဖွဲ့အစည်းမှ ဒါရိုက်တာ ဒေးဗစ်ကင်ကို ကိုးကား၍ ဧရာဝ တီသတင်းတစ်ရပ်တွင် မေမြတ် နိုးသည် သရဖူသိမ်းဆည်းခံရမည်ကို ယခုရက်သတ္တပတ်အစောပိုင်းကတည်းက သိရှိထားကြောင်း ဖော်ပြထားသည်။
အဆိုပါ ဒါရိုက်တာကပင် တောင်ကိုရီးယားသို့ ရောက်ရှိနေ ခိုက် မေမြတ်နိုးကို ရင်သားခွဲစိတ် ပြုပြင်ရန် အမေရိကန်ဒေါ်လာ တစ်သောင်း စပွန်ဆာပေးထား ကြောင်း ပြောကြားထားသည်။
မေမြတ်နိုးအနေနှင့်လည်း တောင်ကိုရီးယားသို့ ရောက်ရှိပြီး နှစ်ရက်အကြာ သြဂုတ် ၁၈ ရက် က ဘူဆန်မြို့ရှိ ဆေးရုံတစ်ခုတွင် တောင်ကိုရီးယားရှိ အာရှပစိဖိတ် အလှမယ် အဖွဲ့အစည်းနှင့် သ ဘောတူညီထားသည့်အတိုင်း ဒေါ်လာတစ်သောင်းကုန်ကျ သည့် ရင်သားခွဲစိတ်ပြုပြင်မှုကို ပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံမှ အာရှပစိဖိတ်အလှမယ် အဖွဲ့အစည်းမှသိရှိရသည်။
ထိုကိစ္စများနှင့်ပတ်သက်၍ မေမြတ်နိုးထံသို့ သြဂုတ်လ ၂၉ ရက် ညဦးပိုင်းကဆက်သွယ်မေး မြန်းခဲ့ရာ တစ်စုံတစ်ရာဖြေကြား ခြင်းမရှိဘဲလာမည့် အင်္ဂါနေ့ (စက်တင်ဘာ ၂ ရက်) တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်သွားမည်ဟုသာ ဖြေကြားခဲ့သည်။
  သို့သော် ဘီဘီစီမြန်မာပိုင်းသို့ ၎င်းအနေဖြင့်စည်းကမ်းဖောက်ဖျက်ခြင်း လုံးဝ မရှိခဲ့ဘဲ သရဖူသည် မြန်မာနိုင်ငံကိုယ်စားပြုရရှိထားခြင်းဖြစ်၍ မြန်မာလူထုက ပြန်အပ်စေလိုလျှင် ပြန်လည်
ပေးအပ်သွားမည်ဟု မေမြတ်နိုးကဖြေကြားထားသည်။
မေမြတ်နိုးအနေနှင့် မြန်မာ နိုင်ငံသို့ သြဂုတ်လ ၂၇ ရက်က ပြန်လည်ရောက်ရှိနေသော်လည်း အာရှပစိဖိတ်အဖွဲ့အစည်း၏ ထုတ်ပြန်သော  ကြေညာချက်တွင်  ပါရှိသည့်အတိုင်း မြန်မာနိုင်ငံရှိ  အာရှပစိဖိတ်အလှမယ် (မြန်မာ) အဖွဲ့အစည်းသို့ သရဖူနှင့်  စလွယ်ပြန်လည်အပ်နှံရန် သတိပေးထားသော်လည်း သြ ဂုတ် ၂၉ ရက် ညပိုင်းအထိ တစ်စုံ တစ်ရာ ဆက်သွယ်အကြောင်း
ကြားခြင်း မရှိသေးကြောင်း မြန် မာနိုင်ငံမှ အာရှပစိဖိတ်အလှမယ် အဖွဲ့အစည်း (မြန်မာ) ဒါရိုက်တာ ဒေါ်လှနုထွန်းက ပြောကြားသည်။
တောင်ကိုရီးယားရှိ အာရှ ပစိဖိတ်အလှမယ်အဖွဲ့အစည်း ဘက်က ထိုလုပ်ရပ်များအတွက် တရားဥပဒေအတိုင်း ဆောင်ရွက် သွားမည်ဟု ပြောကြားကြောင်း ဒေါ်လှနုထွန်းက ပြောကြားသည်။
တောင်ကိုရီးယားမှ အဖွဲ့အ စည်းက သြဂုတ် ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သော သရဖူရုပ်သိမ်း ကြောင်း ကြေညာချက်တွင် မေ မြတ်နိုးအနေနှင့် ရိုးသားမှုမရှိခဲ့ သလို၎င်း၏ မိခင်ဖြစ်သူကလည်း ကိုရီးယားသို့လိုက်ပါရန် တရားမ၀င် သုံးလဗီဇာပြုလုပ်ခဲ့ကြောင်းဖော်ပြခဲ့သည်။
သောကြာနေ့ညနေပိုင်းမှစကာ မေမြတ်နိုးသရဖူယူပြီး တိမ်းရှောင်နေကြာင်း နိုင်ငံတကာသတင်းဌာနများတွင်လည်း ခေါင်းကြီးအနေနှင့်ဖော်ပြခဲ့ကြသည်။
http://www.7daydaily.com/story/19499#.VAPi-kDYH0t

Saturday, August 30, 2014

မေမြတ်နိုး/ရသားခွဲစိတ်ခြင်း/သရဖူအဖြစ်မှန် / BBc သတင်းဌာနနှင့်ရင်

(၁)
http://aungminkhoung.blogspot.com/2014/08/blog-post_80.html
(၂)
http://aungminkhoung.blogspot.com/2014/08/blog-post_35.html
မေမြတ်နိုးကို ဘာလို့ သရဖူ သိမ်းတာလဲ
30 August 2014 04:07
မြန်မာ အလှမယ် မေမြတ်နိုးကို Miss Asia Pacific World သရဖူ ပြန်လည် ရုပ်သိမ်းလိုက်တာဟာ နှစ်ဘက် သဘော တူညီချက်တွေကို ချိုးဖောက်ခဲ့လို့ ဖြစ်တယ်လို့ ပွဲစီစဉ်သူတွေ ဘက်က ပြောဆိုပြီး မေမြတ်နိုးကို အပြစ်ပုံချခဲ့ ပါတယ်။
ဒါပေမဲ့ မေမြတ်နိုးကို အပ်နှင်းထားတဲ့ Miss Asia Pacific World အလှမယ်ဘွဲ့ကို နောက်တစ်ယောက်ကို ပြောင်းလဲ ပေးမှာ မဟုတ်ဘူးလို့ တောင်ကိုရီးယားက နိုင်ငံ ပွဲစီစဉ်ရေး အဖွဲ့က ပြောခွင့်ရသူ ဒေးဗစ် ကင်းမ်ကပြောပါတယ်။
မေမြတ်နိုးဘက်က မရိုးသားခဲ့တဲ့ အတွက်ရယ်၊ အလှမယ်ဘွဲ့ ရသူ တစ်ယောက် အဖြစ် ရပ်တည်ဖို့ အဆင်သင့် မဖြစ်သေးတဲ့ အတွက် ရယ်ကြောင့် သရဖူကို ပြန်ရုပ်သိမ်း တာလို့ ပြောပါတယ်။
အဓိက မကျေနပ်တဲ့ အကြောင်း တစ်ခုကတော့ သူတို့ ကုမ္ပဏီနဲ့ အလုပ် ဆက်လုပ်ဖို့ သြဂုတ်လ ထဲမှာ မေမြတ်နိုး တောင်ကိုရီးယားကို ပြန်လာချိန်မှာ သူ့မိခင်ကိုပါ တပါတည်း ခေါ်လာခဲ့တဲ့ ကိစ္စ ဖြစ်တယ်လို့ ဒေးဗစ် ကင်းမ်ကပြောပါတယ်။
Photo: မေမြတ်နိုး/ရသားခွဲစိတ်ခြင်း/သရဖူအဖြစ်မှန် / BBc သတင်းဌာနနှင့်ရင်

မေမြတ်နိုးရဲ့ မိခင်ကို နှစ်ပတ်ဗီဇာ လျှောက်ပေးခဲ့ပေမဲ့ သူက မေမြတ်နိုး တောင်ကိုရီးယားမှာ ရှိနေသမျှ သုံးလလုံး နေချင်တယ်ဆိုတာကို သူတို့ လက်မခံနိုင်ဘူးလို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။
အလှမယ် ဖြစ်ပြီးတဲ့ အခါ ပိုမိုလှပအောင် Breast Implant ဆိုတဲ့ ရင်သား ခွဲစိပ် ပြုပြင်တာ၊ ခေါင်း၊ ခါးနဲ့ ခြေ အဆုံး ပလတ်စတစ် ဆာဂျရီ နည်းနဲ့ ခွဲစိပ် ပြုပြင်တာတွေ လုပ်ရမယ်လို့ ကြိုတင် သဘောတူခဲ့တာ ရှိခဲ့ပြီး အခုတခါ မေမြတ်နိုး ကိုရီးယားကို ပြန်လာပြီး နောက်တစ်ရက်မှာ ဒေါ်လာ တစ်သောင်း ကုန်ကျတဲ့ ရင်သား ခွဲစိပ် ပြုပြင်မှုလုပ်ပေးခဲ့တယ်လို့ ဒေးဗစ် ကင်းမ်ကပြောပါတယ်။
ဒါဟာ မေမြတ်နိုးရဲ့ သဘောတူညီချက်နဲ့ လုပ်ဆောင်တာလို့ ဒေးဗစ် ကင်းမ်က ပြောပေမဲ့ မေမြတ်နိုး အနေနဲ့ ငြင်းလို့ မရတဲ့ ဖိအားပေးမှုကြောင့် လက်ခံခဲ့ရတာလို့ သူ့ အစ်မဖြစ်သူက ပြောပါတယ်။
ရင်သား ခွဲစိပ် ပြုပြင်တဲ့ ကိစ္စကို လူတစ်ယောက်ရဲ့ အတွင်းရေး လျှို့ဝှက် ချက် အဖြစ် ထားမယ်လို့ ပြောခဲ့ပြီးမှ အခု ထုတ်ဖော်ပြောတာဟာ ပွဲစီစဉ်သူတွေ ဘက်က လိမ်လည် ပြောဆိုရာ ကျပြီး သူတပါး အတွင်းရေးကို ထုတ်ပြောရာလည်း ကျတယ်လို့ မေမြတ်နိုးရဲ့ အစ်မက ပြောပါတယ်။
ဒေါ်လာ တစ်သိန်း လောက်တန်တဲ့ သရဖူကြီးကို ယူပြီး မေမြတ်နိုး ထွက်ပြေး သွားခဲ့တယ်လို့ ပွဲစီစဉ်သူတွေ ဘက်က ပြောတာနဲ့ ပတ်သက်လို့လည်း သူ့ အစ်မက မေမြတ်နိုးဟာ တောင်ကိုရီးယားမှာ နေဖို့ ခွင့်ပြုထားတဲ့ရက် မတိုင်ခင် ပြန်လာခွင့် ရှိတဲ့ အတိုင်း ပြန်လာခဲ့တာလို့ ပြောပါတယ်။
သရဖူဟာ မြန်မာနိုင်ငံသားတွေ အတွက် ရခဲ့တာ ဖြစ်လို့ ဘာဆက်လုပ်မယ်ဆိုတာကို လာမယ့် အင်္ဂါနေ့မှာ မေမြတ်နိုးက သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီး အကြောင်းစုံ ရှင်းလင်း ပြောပြ သွားမယ် လို့လည်း သူက ပြောပါတယ်။
အခုပူတွဲဓာတ်ပုံပါ သတင်းတွေကြောင့်လို့လည်း facebook စာမျက်နှာမှာ
သတင်းများထွက်ပေါ်နေပြန်ပါသေးတယ်။
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)

မေမြတ်နိုး ရင်သားခွဲစိတ်ကြောင်းသတင်း/ဓာတ်ပုံများထွက်ရှိ

အောက် လင့်တွင်ကလစ်ခေါက်၍ ကြည့်ရှု့နိုင်ပါသည်။
http://aungminkhoung.blogspot.com/2014/08/blog-post_80.html
 အလှမယ် မေမြတ်နိုးကို ခွဲစိတ်ပြုပြင်ပြီး ပိုမို လှပအောင် လုပ်ပေးဖို့ စီစဉ်ခဲ့ဖူးကြောင်း သရဖူပြန်သိမ်းလိုက်တဲ့ တောင်ကိုရီးယား အခြေစိုက် မယ်ပြိုင်ပွဲအဖွဲ့က ပြောပါတယ်။
သူ ပိုပြီး လှပသွားစေဖို့အတွက် တောင်ကိုရီးယားကို ရောက်ရောက်ချင်း ဆေးရုံကို ပို့လိုက်တယ်၊ ရင်သားပြုပြင်ဖို့ပါ ဆိုပြီး
မယ်ပြိုင်ပွဲအဖွဲ့ ပြန်ကြားရေးတာဝန်ခံ  David Kim က ပြောပါတယ်။
နှာခေါင်းမလှဘူးဆိုရင်... သူလည်း သဘောတူမယ် ဆိုရင် နှာခေါင်း ပြင်ပေးမှာပါ၊ ရင်သား မလှဘူး ဆိုရင်လည်း ရင်သားပေါ့ လို့ David Kim က ပြောပါတယ်။

ခွဲစိတ်ပြုပြင်ခဲ့ခြင်း ရှိမရှိ ဆိုတာကိုတော့ သေသေချာချာတော့ သတင်းထဲ ရေးမထားပါ။

မေမြတ်နိုးနဲ့ ပြိုပွဲအေဂျင်စီတို့ ကြား ဆက်ဆံရေး အဆင်မပြေဖြစ်ခဲ့တာကတော့ တောင်ကိုရီးယားခရီးစဉ် အစပိုင်းကတည်းကလို့ ဆိုတယ်။
မေမြတ်နိုးက သူ့မေမေကို ဆိုးလ်မြို့တော် အလည်အပတ် ၁၀ ရက် ဆိုပြီး ခေါ်ခဲ့တယ် တဲ့။ သို့သော်လည်း ၃ လ ကြာသွားတယ်လို့ ဆိုတယ်။
ပြိုင်ပွဲအဖွဲ့ အပိုကုန်ကျသွားတယ်လို့ သူက ဆိုပါတယ်။Miss Asia Pacific World သရဖူရုပ်သိမ်းကြောင်းလည်း  မေမြတ်နိုးကို အကြောင်းကြားထားပါတယ် တဲ့။

http://www.irrawaddy.org/burma/ex-burmese-beauty-queen-accused-stealing-crown.html

မေမြတ်နိုးနှင့်သရဖူဖြစ်ရန်မှန်ဇာတ်လမ်းတစ်စိတ်တစ်ဒေသ

Posted by: Kamayut Media Admin on August 27, 2014 at 22:55 PM
Miss Asia Pacific World 2014 ရဲ့ အလှမယ် မေမြတ်နိုးကို သရဖူသိမ်းလိုက်ပြီလို့ သြဂုတ် ၂၇ရက်နေ့ရက်စွဲနဲ့ Miss Asia Pacific World Super Talent Organization ရဲ့ ဥက္ကဌက ကြေညာလိုက်ပါပြီ။ မြန်မာနိုင်ငံရဲ့ ပထမဆုံး နိုင်ငံတကာသရဖူရ မေမြတ်နိုးကို ဘာ့ကြောင့် သရဖူ ပြန်သိမ်းလိုက်တာလဲ။
မေမြတ်နိုးအနေနဲ့ သူရဲ့ မူလ Organization နဲ့ National Director ဒေါ်လှနုထွန်း၊ မီဒီယာနဲ့ ပရိသတ်တွေအပေါ် လေးစားမှုမရှိတဲ့အပြင် လိမ်ညာခဲ့တယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပြီး မေမြတ်နိုးရဲ့ မိခင်ဖြစ်သူဟာ ကိုရီးယားကို မေမြတ်နိုးနဲ့အတူ ဗီဇာရယူဖို့အတွက် တရားမဝင်နည်းလမ်းတွေနဲ့ ကြိုးစားခဲ့တဲ့အပေါ် တုန်လှုပ်မိတယ်လို့လည်း ဆိုပါတယ်။
Miss ဆိုတာ သူ့ကို အားပေးတဲ့ ပရိသတ်၊ မီဒီယာနဲ့ Organization ဆိုတဲ့ ဒေါက်တိုင်နဲ့ သူ့ရဲ့ အလှမယ်ဆိုတဲ့ အရာကို ပေါင်းစပ်မှသာ သရဖူကို ထိန်းသိမ်းထားနိုင်မှာဖြစ်တယ်”လို့ ဒေါ်လှနုထွန်းက ကမာရွတ်မီဒီယာကို ပြောပါတယ်။ အလှမယ် မေမြတ်နိုးနဲ့ သူ့ရဲ့မိခင်တို့ အပြုအမူတွေကြောင့် သရဖူပြန်သိမ်းခံရနိုင်တဲ့ အလားအလာတွေ ရှိတယ်ဆိုတာ ဒေါ်လှနုထွန်းအနေနဲ့ အကြိမ်ကြိမ် သတိပေးခဲ့ပေမယ့် အခုအခါမှတော့ Miss Asia Pacific World အဖွဲ့အစည်းကိုယ်တိုင်က တရားဝင် သရဖူသိမ်းလိုက်တဲ့အပေါ် သူ့အနေနဲ့ စိတ်မကောင်းဖြစ်မိတယ်လို့ ဆိုပါတယ်။
ဒီကိစ္စ အသေးစိတ်ကို ထုတ်ဖော်ပြောဆိုဖို့ မရှိဘဲ မေမြတ်နိုးအနေနဲ့ Miss Asia Pacific World 2014 ရဲ့ သရဖူပိုင်ရှင်အဖြစ် သူ့ရဲ့တာဝန်ဝတ္တရားတွေကို ဆက်လက်လုပ်ကိုင်နိုင်မယ်ဆိုတာ အယုံအကြည်မရှိတော့သလို မေမြတ်နိုးအပေါ် ယုံကြည်မှု မရှိတော့ဘူးလို့ ပြင်းပြင်းထန်ထန် ဖော်ပြထားပါတယ်။
ကိုရီးယားနိုင်ငံကို ရောက်ရှိနေတဲ့ မေမြတ်နိုး မြန်မာပြည်ပြန်ဖို့အတွက်လေယာဉ် လက်မှတ်ဝယ်ယူထားပြီးဖြစ်တာကြောင့် သူတို့အဖွဲ့အစည်းအပေါ် မလိုလားအပ်တဲ့ ထိခိုက်မှုတွေ မဖြစ်စေချင်တော့ဘူးလို့ Miss Asia Pacific World Super Talent Organization ဥက္ကဌက ဆိုပါတယ်။

အလှမယ် သရဖူကို ပြန်လည်ရုတ်သိမ်းလိုက်တဲ့အတွက် မေမြတ်နိုးအနေနဲ့ သူရရှိခဲ့တဲ့ Title၊ သရဖူကို မြန်မာပြည်ပြန်ရောက်တာနဲ့ National Director ဒေါ်လှနုထွန်းဆီကို ပြန်အပ်ရမယ်လို့ ဆိုပါတယ်။ 

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget