Posted by: Kamayut Media Admin on August 27, 2014 at 22:55 PM
Miss
Asia Pacific World 2014 ရဲ့
အလှမယ် မေမြတ်နိုးကို
သရဖူသိမ်းလိုက်ပြီလို့
သြဂုတ် ၂၇ရက်နေ့ရက်စွဲနဲ့
Miss Asia Pacific
World Super Talent Organization ရဲ့
ဥက္ကဌက
ကြေညာလိုက်ပါပြီ။ မြန်မာနိုင်ငံရဲ့
ပထမဆုံး နိုင်ငံတကာသရဖူရ
မေမြတ်နိုးကို ဘာ့ကြောင့်
သရဖူ ပြန်သိမ်းလိုက်တာလဲ။
မေမြတ်နိုးအနေနဲ့
သူရဲ့ မူလ Organization
နဲ့
National Director
ဒေါ်လှနုထွန်း၊
မီဒီယာနဲ့ ပရိသတ်တွေအပေါ်
လေးစားမှုမရှိတဲ့အပြင်
လိမ်ညာခဲ့တယ်လို့ ကြေညာချက်ထဲမှာ
ဖော်ပြထားပြီး မေမြတ်နိုးရဲ့
မိခင်ဖြစ်သူဟာ ကိုရီးယားကို
မေမြတ်နိုးနဲ့အတူ ဗီဇာရယူဖို့အတွက်
တရားမဝင်နည်းလမ်းတွေနဲ့
ကြိုးစားခဲ့တဲ့အပေါ်
တုန်လှုပ်မိတယ်လို့လည်း
ဆိုပါတယ်။
“Miss
ဆိုတာ
သူ့ကို အားပေးတဲ့ ပရိသတ်၊
မီဒီယာနဲ့ Organization
ဆိုတဲ့
ဒေါက်တိုင်နဲ့ သူ့ရဲ့
အလှမယ်ဆိုတဲ့ အရာကို ပေါင်းစပ်မှသာ
သရဖူကို ထိန်းသိမ်းထားနိုင်မှာဖြစ်တယ်”လို့
ဒေါ်လှနုထွန်းက ကမာရွတ်မီဒီယာကို
ပြောပါတယ်။ အလှမယ် မေမြတ်နိုးနဲ့
သူ့ရဲ့မိခင်တို့ အပြုအမူတွေကြောင့်
သရဖူပြန်သိမ်းခံရနိုင်တဲ့
အလားအလာတွေ ရှိတယ်ဆိုတာ
ဒေါ်လှနုထွန်းအနေနဲ့ အကြိမ်ကြိမ်
သတိပေးခဲ့ပေမယ့် အခုအခါမှတော့
Miss Asia Pacific
World အဖွဲ့အစည်းကိုယ်တိုင်က
တရားဝင် သရဖူသိမ်းလိုက်တဲ့အပေါ်
သူ့အနေနဲ့ စိတ်မကောင်းဖြစ်မိတယ်လို့
ဆိုပါတယ်။
ဒီကိစ္စ
အသေးစိတ်ကို ထုတ်ဖော်ပြောဆိုဖို့
မရှိဘဲ မေမြတ်နိုးအနေနဲ့
Miss Asia Pacific
World 2014 ရဲ့
သရဖူပိုင်ရှင်အဖြစ်
သူ့ရဲ့တာဝန်ဝတ္တရားတွေကို
ဆက်လက်လုပ်ကိုင်နိုင်မယ်ဆိုတာ
အယုံအကြည်မရှိတော့သလို
မေမြတ်နိုးအပေါ် ယုံကြည်မှု
မရှိတော့ဘူးလို့ ပြင်းပြင်းထန်ထန်
ဖော်ပြထားပါတယ်။
ကိုရီးယားနိုင်ငံကို
ရောက်ရှိနေတဲ့ မေမြတ်နိုး
မြန်မာပြည်ပြန်ဖို့အတွက်လေယာဉ်
လက်မှတ်ဝယ်ယူထားပြီးဖြစ်တာကြောင့်
သူတို့အဖွဲ့အစည်းအပေါ်
မလိုလားအပ်တဲ့ ထိခိုက်မှုတွေ
မဖြစ်စေချင်တော့ဘူးလို့
Miss Asia Pacific
World Super Talent Organization ဥက္ကဌက
ဆိုပါတယ်။
အလှမယ်
သရဖူကို ပြန်လည်ရုတ်သိမ်းလိုက်တဲ့အတွက်
မေမြတ်နိုးအနေနဲ့ သူရရှိခဲ့တဲ့
Title၊
သရဖူကို မြန်မာပြည်ပြန်ရောက်တာနဲ့
National Director
ဒေါ်လှနုထွန်းဆီကို
ပြန်အပ်ရမယ်လို့ ဆိုပါတယ်။
No comments :
Post a Comment