.

AlinShin

Sunday, August 24, 2014

ဓနုဂ္ဂဟစေတီရယ် . .ဓမ္မစေတီရယ် . . မိကျောင်းနက္ခတ်ရယ် .. ကျိန်စာရယ် . . .

Photo: ဓနုဂ္ဂဟစေတီရယ်  . .ဓမ္မစေတီရယ် . . မိကျောင်းနက္ခတ်ရယ်  .. ကျိန်စာရယ် . . . ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  

ခေါင်းလောင်းကြီးကို သွန်းလောင်းချိန်ဟာ မိကျောင်းနက္ခက်နှင့်စန်းယှဉ်
ချိန်ဖြစ်သောကြောင့် ကုန်းတစ်လှည့်ရေတစ်ကြိမ်နေရခြင်းဖြစ်ပါတယ်။
ဒါ့ကြောင့် . .ဓမ္မစေတီခေါင်းလောင်းကြီးဟာရွံနွံတွေထဲမှာမြုတ်နေတာမျိုး
မဟုတ်ပါဘူး။ နတ်နဂါးတွေတည်ထားသော ရွှေတိဂုံဘုရားထဲတွင် ကိန်းဝပ်နေပါတယ်။ 
ရူးကြောင် . . .  နတ်ကြောင်  . . . .
ဓါတ်ကြောင်  . . သီလကြောင်  . .. 
ဂလယ်အူကြောင်တွေ ဆယ်ယူလို့မရဘူးဆိုတာ ဗိုလ်ချုပ်ခင်ညွှန့်
ကသက်သေခံနေပါတယ်။
ယင်းခေါင်းလောင်းကြီးအား ဆယ်ယူရန်ကျိုးစားခဲ့သော ဗိုလ်ချုပ်
ခင်ညွှန့်ဓါတ်ပုံနှင့်တကွ နိုင်ငံပိုင်သတင်းစာတွင် တစ်ချိန်ကအတိ
အလင်းဖေါ်ပြခဲ့ဖူးပါတယ။် 
ဒါပေမယ့်မရခဲ့တာဟာ တဘောင်စနည်း ပါရမီခရီးသွားမဟုတ်လို့
ပါပဲ။
“စနေသားမင်းဖြစ်ချိန်  . . . ဓမ္မရေပေါ်ပေါ်လတ္ထံ့ ”
“သုံးစနေ ကုန်းမဟေပေါ်လတ္တံ့”
ဆိုသော တဘောင်ရှိပါတယ်။
တ၊ထ၊ဒ၊ဓ၊န ၊ အမည်ရသောသူ သမ္မတဖြစ်ချိန်မှာ ဓမ္မစေတီခေါင်း
လောင်းဟာ ဆယ်ယူ၍ ရခြင်း ၊ ပေါ်ခြင်း တစ်မျိုးမျိုးကြုံပါလိမ့်မည်။
ယင်းခေါင်းလောင်းကြီးကို သွန်းလောင်းချိန်တွင် ကျိန်စာပန္နက်များ 
ချထားကြောင်းဆိုပါတယ်။
ဒါ့ကြောင့် ယင်းဓမ္မစေတီခေါင်းလောင်းကြီးကို ဆယ်ယူဖို့ကြိုးစားခဲ့သော
ဗိုလ်ချုပ်ခင်ညွှန့် ပြုတ်ခဲ့သည်။
အထူးမှတ်ရန်မှာ ဓမ္မစေတီခေါင်းလောင်းကြီး ကိန်းဝမ်ရာအနီအနားတွင်
“စနေနံကိန်းသော ” ဓနုတ်စေတီတော်မြတ်ကြီးရှိပါသည်။ ယင်းဓနုတ်စေ
တီတော်မြတ်ကြီးအကြောင်းကို  . . . 
(၁)
http://aungminkhoung.blogspot.com/2014/05/blog-post_3.html 
(၂)
http://aungminkhoung.blogspot.com/2014/08/blog-post_62.html
(၃)
http://aungminkhoung.blogspot.com/2014/08/blog-post_82.html
တွင်ဆက်လက်လေ့လာနိုင်သည်။
“ဓနုတ်စေတီတော်”သည် စနေနံဖြစ်သလို ဓမ္မစေတီခေါင်းလောင်းကြီး
သည်လည်း ဓနေနံကိန်းပါသည်။ “သုံးစနေ ကုန်းမဟေပေါ်လတ္ထံ”
ဆိုသောတဘောင်အရ “စနေသားသမ္မတဖြစ်ချိန်တွင် ” ဓမ္မစေတီ
ခေါင်းလောင်းကြီးသည် နတ်လောကမှလူလောကအတွင်းသို့တစ်ဖန်
ပြန်လည် အကြည်ညိုခံမည်ဟု စာရေးသည်ထင်မှတ်သည်။
ယင်းသို့ ဓနုတ်စေတီတော်ကို အာဏာရူးသန်း၏မယား အကြိုင်မ
ထီးတော်တင်တုန်းကလည်း တင်နေဆဲစေတီတော်ကြီးပြိုကျခဲ့သ
ဖြင့် အပြစ်မဲ့သော  . . စစ်သားများ အရပ်သားများသေပျောက်ခဲ့
ရပါသေးသည်။ ယင်းကိစ္စကို အများသိမှမို့ ဖုံးကွယ်ထားတာပါ။
ဒါ့ကြောင့်  . . “ ဘုမသိ ဘမသိတွေ” “ဘာတွေလုပ်နေမှန်းကိုမသိ”
ဖြစ်နေပါပြီ။ တစ်ဖန်အသိပေးရခြေသော်  .. 
မူပဋိသန္ဓေစိတ်ဖြင့် သားသတ်လွတ်စားသူများမဟုတ်ရင်  . .သို့တည်း
မဟုတ် နှစ်ကြာရှည်သည့်တိုင် သတ္တ၀ါအပေါ်သနားကရုဏာမေတ္တာ
ဈာန်ကမ္မဋ္ဌာန်းစီးဖြန်းကာ နေသော  . .. 
(၁) ရသေ့ရဟန်းကောင်း 
(၂) လူသူတော်ကောင်း
(၃) မင်းကောင်း
မပေါ်သရွေ့ ဓမ္မစေတီသည် ရေပေါ်ပေါ်မည်မဟုတ်ပါ။
ထိုသုံးချက်ညီပါက  . .
“မုန့်လုံးရေပေါ်ပေါ်လတ္တံ့ ” ဟူသော တဘောင်အရ (၉)န၀င်းစီးသော
ဂုဏ်တော်ကိုးပါးကို စီးဖြန်းသော လူစွမ်းကောင်းကြီးဆယ်လိမ်မည်။
ဘဒ္ဒန္တကောဝိဒ (အလင်းရှင်)
အရှေ့ဥယျာဉ်တိုက်
စမ်းချောင်းမြို့နယ်
ရန်ကုန်တိုင်း
ခေါင်းလောင်းကြီးကို သွန်းလောင်းချိန်ဟာ မိကျောင်းနက္ခက်နှင့်စန်းယှဉ်
ချိန်ဖြစ်သောကြောင့် ကုန်းတစ်လှည့်ရေတစ်ကြိမ်နေရခြင်းဖြစ်ပါတယ်။
ဒါ့ကြောင့် . .ဓမ္မစေတီခေါင်းလောင်းကြီးဟာရွံနွံတွေထဲမှာမြုတ်နေတာမျိုး
မဟုတ်ပါဘူး။ နတ်နဂါးတွေတည်ထားသော ရွှေတိဂုံဘုရားထဲတွင် ကိန်းဝပ်နေပါတယ်။
ရူးကြောင် . . . နတ်ကြောင် . . . .
ဓါတ်ကြောင် . . သီလကြောင် . ..
ဂလယ်အူကြောင်တွေ ဆယ်ယူလို့မရဘူးဆိုတာ ဗိုလ်ချုပ်ခင်ညွှန့်
ကသက်သေခံနေပါတယ်။
ယင်းခေါင်းလောင်းကြီးအား ဆယ်ယူရန်ကျိုးစားခဲ့သော ဗိုလ်ချုပ်
ခင်ညွှန့်ဓါတ်ပုံနှင့်တကွ နိုင်ငံပိုင်သတင်းစာတွင် တစ်ချိန်ကအတိ
အလင်းဖေါ်ပြခဲ့ဖူးပါတယ။်
ဒါပေမယ့်မရခဲ့တာဟာ တဘောင်စနည်း ပါရမီခရီးသွားမဟုတ်လို့
ပါပဲ။

“စနေသားမင်းဖြစ်ချိန် . . . ဓမ္မရေပေါ်ပေါ်လတ္ထံ့ ”
“သုံးစနေ ကုန်းမဟေပေါ်လတ္တံ့”
ဆိုသော တဘောင်ရှိပါတယ်။
တ၊ထ၊ဒ၊ဓ၊န ၊ အမည်ရသောသူ သမ္မတဖြစ်ချိန်မှာ ဓမ္မစေတီခေါင်း
လောင်းဟာ ဆယ်ယူ၍ ရခြင်း ၊ ပေါ်ခြင်း တစ်မျိုးမျိုးကြုံပါလိမ့်မည်။
ယင်းခေါင်းလောင်းကြီးကို သွန်းလောင်းချိန်တွင် ကျိန်စာပန္နက်များ
ချထားကြောင်းဆိုပါတယ်။
ဒါ့ကြောင့် ယင်းဓမ္မစေတီခေါင်းလောင်းကြီးကို ဆယ်ယူဖို့ကြိုးစားခဲ့သော
ဗိုလ်ချုပ်ခင်ညွှန့် ပြုတ်ခဲ့သည်။

အထူးမှတ်ရန်မှာ ဓမ္မစေတီခေါင်းလောင်းကြီး ကိန်းဝမ်ရာအနီအနားတွင်
“စနေနံကိန်းသော ” ဓနုတ်စေတီတော်မြတ်ကြီးရှိပါသည်။ ယင်းဓနုတ်စေ
တီတော်မြတ်ကြီးအကြောင်းကို . . .
(၁)
http://aungminkhoung.blogspot.com/2014/05/blog-post_3.html
(၂)
http://aungminkhoung.blogspot.com/2014/08/blog-post_62.html
(၃)
http://aungminkhoung.blogspot.com/2014/08/blog-post_82.html
တွင်ဆက်လက်လေ့လာနိုင်သည်။
“ဓနုတ်စေတီတော်”သည် စနေနံဖြစ်သလို ဓမ္မစေတီခေါင်းလောင်းကြီး
သည်လည်း ဓနေနံကိန်းပါသည်။ “သုံးစနေ ကုန်းမဟေပေါ်လတ္ထံ”
ဆိုသောတဘောင်အရ “စနေသားသမ္မတဖြစ်ချိန်တွင် ” ဓမ္မစေတီ
ခေါင်းလောင်းကြီးသည် နတ်လောကမှလူလောကအတွင်းသို့တစ်ဖန်
ပြန်လည် အကြည်ညိုခံမည်ဟု စာရေးသည်ထင်မှတ်သည်။
ယင်းသို့ ဓနုတ်စေတီတော်ကို အာဏာရူးသန်း၏မယား အကြိုင်မ
ထီးတော်တင်တုန်းကလည်း တင်နေဆဲစေတီတော်ကြီးပြိုကျခဲ့သ
ဖြင့် အပြစ်မဲ့သော . . စစ်သားများ အရပ်သားများသေပျောက်ခဲ့
ရပါသေးသည်။ ယင်းကိစ္စကို အများသိမှမို့ ဖုံးကွယ်ထားတာပါ။
ဒါ့ကြောင့် . . “ ဘုမသိ ဘမသိတွေ” “ဘာတွေလုပ်နေမှန်းကိုမသိ”
ဖြစ်နေပါပြီ။ တစ်ဖန်အသိပေးရခြေသော် ..
မူပဋိသန္ဓေစိတ်ဖြင့် သားသတ်လွတ်စားသူများမဟုတ်ရင် . .သို့တည်း
မဟုတ် နှစ်ကြာရှည်သည့်တိုင် သတ္တ၀ါအပေါ်သနားကရုဏာမေတ္တာ
ဈာန်ကမ္မဋ္ဌာန်းစီးဖြန်းကာ နေသော . ..
(၁) ရသေ့ရဟန်းကောင်း
(၂) လူသူတော်ကောင်း
(၃) မင်းကောင်း
မပေါ်သရွေ့ ဓမ္မစေတီသည် ရေပေါ်ပေါ်မည်မဟုတ်ပါ။
ထိုသုံးချက်ညီပါက . .
“မုန့်လုံးရေပေါ်ပေါ်လတ္တံ့ ” ဟူသော တဘောင်အရ (၉)န၀င်းစီးသော
ဂုဏ်တော်ကိုးပါးကို စီးဖြန်းသော လူစွမ်းကောင်းကြီးဆယ်လိမ်မည်။
ဘဒ္ဒန္တကောဝိဒ (အလင်းရှင်)
အရှေ့ဥယျာဉ်တိုက်
စမ်းချောင်းမြို့နယ်
ရန်ကုန်တိုင်း

နေပြည်တော်ဇိမ်ခံဟိုတယ်ကြီးတွင် တစ္ဆေခြောက်

လူခြေတိတ် ကျယ်ပြန့်လွန်းတဲ့ နေပြည်တော်ကို တစ္ဆေမြို့လိုလို ဘာလိုလို ပြောသူတချို့ 
ရှိနေပေမယ့် နိုင်ငံတကာ ဟိုတယ်အုပ်စု Kempinski  ကတော့ ကြယ်ငါးပွင့်အဆင့်ရှိ ဇိမ်ခံဟိုတယ်ကြီးတခုကို နိုဝင်ဘာမှာ ဖွင့်ဖို့ ပြင်နေပါပြီ။




  • နေပြည်တော် Kempinski  ဟိုတယ် ရေကူးကန် (ဓာတ်ပုံ - ကျော်ဆုမွန် / ဧရာဝတီ)  

 ကမ္ဘောဇ အုပ်စု နဲ့  Jewellery Luck ကုမ္ပဏီတို့က ဒေါ်လာ ၄၅ သန်း ရင်းနှီးမြှုပ်နှံထားကြကြောင်း ဧရာဝတီ အင်္ဂလိပ်ပိုင်း သတင်းတပုဒ်ဖြစ်တဲ့ Local Companies Invest US$ 45 Million in Luxury Napyidaw Hotel မှာ ရေးပါတယ်။ အပြည့်အစုံကို
http://www.irrawaddy.org/business/local-companies-invest-us-45-million-luxury-napyidaw-hotel.html မှာ ဖတ်နိုင်ပါတယ်။ ဒီဟိုတယ်က နေပြည်တော်မှာ ဈေးအကြီးဆုံး ဇိမ်ခံဟိုတယ် ဖြစ်လာနိုင်ပါတယ် တဲ့။
အခန်းခတွေက တရက် ဒေါ်လာ ၂၂ဝ ကနေ ၄,ဝဝဝ အတွင်း ဖြစ်မှာပါ။

နိုဝင်ဘာလ အာဆီယံထိပ်သီးအစည်းအဝေးတွေ မတိုင်ခင် ဒီဟိုတယ် ဆောက်လုပ်ပြင်ဆင်မှု အပြီးသတ်မယ်လို့ ဆိုတယ်။

ဒီဟိုတယ်ကြီးမှာ တည်းခိုနိုင်ချေရှိတာကတော့ အာဆီယံအစည်းအဝေးများကို လာတက်မယ့် နိုင်ငံတကာအစိုးရကိုယ်စားလှယ်အဖွဲ့တွေ ဖြစ်မယ်၊ NGO နဲ့ စီးပွားရေးဘက်ပိုင်းကလည်း တည်းကြပါလိမ့်မယ်။

ဟိုတယ်ခရီးဝန်ကြီးဌာနရဲ့အဆိုအရ နေပြည်တော်မှာ ဟိုတယ်ပေါင်း ၅ဝ ထက် မနည်း ရှိနေတာပါ။

လူသူကင်းမဲ့သလိုဖြစ်နေတဲ့ မြို့တော်ကြီးမှာ ဟိုတယ်တွေ ထပ်ပြီး လိုပါဦးမလား၊ ပြီးခဲ့သော အာဆီယံအစည်းအဝေးတွေမှာလည်း ဟိုတယ်အများအပြားမှာ အခန်းလွတ်တွေ ရှိနေတယ်လို့ ထောက်ပြသူတို့လည်း ရှိပါတယ်။

မြန်မာပြည်သူ့ဖိုရမ်လုပ်ငန်းအဖွဲ့ - Myanmar People Forum Working Group ရဲ့ ညွှန်ကြားရေးမှူး ကိုကျော်လင်းဦးကတော့ ... ဒီနှစ် အာဆီယံထိပ်သီးအစည်းအဝေးတွေ ပြီးသွားရင် နေပြည်တော်က ဟိုတယ်ကြီးတွေ ဧည့်သည် ရှိတော့မယ်မဟုတ်ဘူးလို့ ထင်ပါတယ် တဲ့။
နိုင်ငံတကာကိုယ်စားလှယ်တွေ လာကြတယ် ဆိုတာက အစည်းအဝေးများ ရှိလို့ဖြစ်တယ်၊ ဧည့်သည် ပုံမှန်ဝင်ရေး ဆိုတာက ထိပ်သီးအစည်းအဝေးတွေ ပြီးသွားရင် ဖြစ်နိုင်မယ်မဟုတ်ဘူးလို့ သူက သုံးသပ်ပါတယ်။

.

ကြေးမုံသတင်းစာမှ ထူးအိမ်သင်၏သီချင်းစာသားအားခိုးယူခြင်း





ထူးအိမ်သင်ရဲ့ သီချင်းတပုဒ်နဲ့ နိဂုံးချုပ်ရေးသားထားတဲ့ တနင်္ဂနွေနေ့ထုတ် ကြေးမုံသတင်းစာ
စာ ၁၉  "ဒါ စိတ်ဓာတ်ကျစရာလား" ခေါင်းစဉ်တပ် ဆောင်းပါးကို ဖတ်ပြီးကြပြီလား။ 
ထူးအိမ်သင်ရဲ့စာသားဖြစ်ကြောင်းတော့ ရေးမထားပါ။
စိတ်မညစ်နဲ့ ဆိုတဲ့ သီချင်းထဲက စာသားတွေပါ။

ဆောင်းပါးတပုဒ်လုံးရဲ့ ဆိုလိုရင်းကို....  ကိုယ့်ဝန်းကျင်မှာ အဆင်မပြေတာတွေများနေတယ်၊ သို့သော်လည်း စိတ်ညစ်စရာ မလိုဘူး လို့ နားလည်ရပါတယ်။
ကလောင်သစ်တယောက်ရဲ့ ဆောင်းပါး  ဖြစ်နိုင်သလို
ကလောင်ဟောင်းတယောက်ရဲ့ ဦးဏှောက်ဆေးဆောင်းပါးလည်း ဖြစ်နိုင်မှာပါ။ 

ဖြတ်ညှပ်ကပ်လျှောက်ရေးတာပဲဖြစ်ဖြစ်၊ စနစ်တကျ ဗျူဟာချရေးထားတာပဲဖြစ်ဖြစ် ထူးအိမ်သင်အမည် ဖြုတ်ထားတာတော့ စိတ်မကောင်းစရာလို့ သူ့ပရိသတ်က ပြောပါလိမ့်မယ်။

အခုအချိန်ဟာ ထူးအိမ်သင်ကွယ်လွန်ခြင်း ဆယ်နှစ်ပြည့်ကာလလည်း ဖြစ်နေတယ် မဟုတ်လား။

သို့သော်လည်း ဒီလိုမျိုးဆောင်းပါးမှာ ထူးအိမ်သင်နာမည်ကို ထည့်မထားတာ ပိုကောင်းပါတယ်လို့ 

ဆိုသူက ဆိုပါလိမ့်မယ်။

သူရေးခဲ့တဲ့ "စိတ်မညစ်နဲ့" ဟာ ပေါ်လစီသီချင်း/အကျိုးပြုသီချင်း ဖြစ်ပါလိမ့်မယ်။
ကန္တာရနှစ်များအစောပိုင်းကာလ ကတည်းက  အဆိုတော်တွေ စီးရီးထုတ်မယ် ဆိုရင်  

အကျိုးပြုသီချင်း ၂ ပုဒ်လောက် မဖြစ်မနေ ထည့်သွင်းရပါတယ်။
အဲဒါ ကျေးဇူးရှင်အစိုးရ ထုတ်ပြန်တဲ့ စည်းကမ်း။
အဆိုတော်တချို့ကလည်း  ဆေးလိပ်သောက်တာ မကောင်းဘူး ဆိုတဲ့ ကဗျာလေး ဘာလေး
သီချင်းစာအုပ်ထဲ ထည့်တယ်။ သီချင်းအဖြစ်နဲ့တော့ ဆိုတီးထားတာမဟုတ်။
တချို့ကလည်း ရိုးရိုးလေးသာဝတ်ခဲ့ပါ၊ အခါကြီးရက်ကြီးမို့ တောရကျောင်းသွားတယ် စသဖြင့် ဝိနည်းလည်းလွတ်၊ ပြီးတော့ ... အများလည်း ကြိုက်ကြ၊ လက်ခံနိုင်ကြတဲ့သီချင်းကောင်းတွေ ထည့်ကြတယ်။

ထူးအိမ်သင်လည်း အဲဒီခေတ်ထဲ အဆိုတော်ဖြစ်ရသူမို့ အကျိုးပြုသီချင်း မထည့်မဖြစ် 

ထည့်ခဲ့ရတာပေါ့။ သူ့အကျိုးပြုတွေကတော့ စာပေကင်ပေတိုင်လည်း သဘောကျ၊ ပရိသတ်လည်း သဘောကျ။

"စိတ်မညစ်နဲ့" သီချင်းကို အောင်ရင်အတွက် သူ ရေးပေးပါတယ်။ အောင်ရင် သီဆိုတာကို

 ချီးကျူးသူလည်း ရှိ၊ ဆိုဟန်နဲ့အသံကို ကဲ့ရဲ့သူလည်း  ရှိပါတယ်။ ဥပမာ ... စိတ်မညစ်နဲ့ 
ဆိုတဲ့ သီချင်းကို စိတ်ညစ်ဖွယ် ကြားနေရ၏... စသဖြင့်။

မည်သို့ပင် စိတ်ညစ်စေကာမူ တင်ဇာမော်ကလည်း ဒီသီချင်း ပြန်ဆိုတယ်။
အင်တာနက်အဆင်ပြေရင် http://www.youtube.com/watch?v=Nw8JATCUIrk မှာ 

တင်ဇာမော်ရဲ့ ဆိုဟန်ကို ခံစားပါ၊ ကြည့်ရှုပါ။
စိတ်ညစ်နေချိန်မှာတော့ မကြည့်သင့်ပါ။

သီချင်းကတော့ မြူးလွန်းပါတယ်။


ကဲ... ပြောချင်တာကတော့ ဒီလောက်ပါပဲ။
 စိတ်ညစ်စရာတွေ့ရင်တော့ လူ့သဘာဝအရ ညစ်ကြရမှာပါ။
သီချင်းထဲ တိုက်တွန်းထားသလို ... ပျော်တတ်အောင်လည်း ကြိုးစားရမှာပါလို့ဆိုပါရစေ။
ဆက်စပ်


  • ထူးအိမ်သင်အမှတ်တရပွဲအတွက် မှတ်ချက်အထွေထွေ 
http://blog.irrawaddy.org/2014/08/blog-post_891.html 

ကားရှေ့ခန်းထဲမှာ အပျိုရည်ပျက်ခဲ့ကြောင်းပြောလိုက်တဲ့ Katy Perry

ငယ်စဉ်အခါက ရင်သားကြီးချင်လို့ဆုတောင်းခဲ့ရကြောင်းနဲ့ အသက် ၁၆ နှစ်အရွယ်တုန်းက ကားရှေ့ခန်းထဲမှာ အပျိုရည်ပျက်ခဲ့ကြောင်းပြောလိုက်တဲ့ Katy Perry
Wednesday, January 22, 2014 GQ မဂ္ဂဇင်း ရဲ့ ၂၀၁၄ ဖေဖေါ်ဝါရီလထုတ်အတွက် မျက်နှာဖုံးအကြောင်းမှာ Katy Perry က သူမဟာ ကြီးမားတဲ့ရင်သားတွေပိုင်ဆိုင်ဖို့ ဆုတောင်းခဲ့ရကြောင်းပြောပါတယ်။


ညတစ်ညမှာ ကျွန်မ ပက်လက်လှန်ပြီးကျွန်မရဲ့ခြေထောက်တွေကိုကြည့်လိုက်တယ်။ ပြီးတော့ ဘုရားသခင်ထံဆုတောင်းတယ်။ ‘အရှင်ဘုရား။ ကျွန်မလှဲနေတုန်း ကျွန်မခြေထောက်တွေကို လှမ်းကြည့်လို့မမြင်နိုင်လောက်အောင် ကြီးမားတဲ့ရင်သားတွေပိုင်ဆိုင်ခွင့်ပေးပါလို့ဆုတောင်းခဲ့ပါတယ်’ လို့ပြောပါတယ်။
 
အခုသင်မြင်နေရသမျှအရာ (သူမရဲ့ရင်သားတွေ)ဟာ သဘာဝအတိုင်းဖြစ်တယ်လို့ဆိုပ
ါတယ်။
“ကျွန်မ ပလတ်စတစ်ဆာဂျရီမလုပ်ဖူးပါဘူး။ နှာခေါင်း၊ မေးစေ့၊ ပါး၊ ရင်သား နည်းနည်းလေးတောင်မလုပ်ပါဘူး” လို့ပြောပါတယ်။

Katy ဟာသူမရဲ့ အတွင်းရေးတစ်ခုကိုလဲဖွင့်ဟသွားပါတယ်။ သူမဟာ Nashville, Tennessee မှာ ၁၆ နှစ်သမီးတုန်းက အပျိုရည်ပျက်ခဲ့တာဖြစ်ပြီး နေရာကတော့ Volve seden ကားရှေ့ခန်းမှာဖြစ်ပါတယ်။ ပြီးတော့အဲ့ဒီ့အချိန်မှာ Jeff Buckley ရဲ့ Grace album ကိုဖွင့်ထားတာဖြစ်ပါတယ်။

‘ကျွန်မအဲဒီ့အခွေကို အရမ်းချစ်တယ်’ လို့ Katy ကနောက်ကြောင်းပြန်ပါတယ်။

Myawady News
http://gyizaw.blogspot.com/2014/01/katy-perry.html

Saturday, August 23, 2014

ဓမ္မစေတီကို နဂါးမောင်နှမကဖွက်ထားခြင်းနှင့် နတ်ကရာကျီးမော့နေကြသူများ

Photo: ဓမ္မစေတီကို နဂါးမောင်နှမကဖွက်ထားခြင်းနှင့် 
♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥နတ်ကရာကျီးမော့နေကြသူများ 
http://aungminkhoung.blogspot.com/2014/08/blog-post_62.html
နဂါးတွေတော့ ၀င်ပူးနေတယ်တဲ့  . . မယုံရင်ပလုံဂွေးစေ့ 
သောင်တူးစက်ပျက်တာ နဂါးတွေကြောင့်လား
ဝိဇ္ဇာလား . . . . ပြိတ္တာလား  . . မိစ္ဆာတွေကြောင့်လား  . .
ဘာတွေမှန်းမသိတာကတော့ ဘာမှန်းမသိလို့ပါ
သိတယ်မဟုတ်လား  .. 
မြန်မာပြည်က မြန်မာလူမျိုးတွေလေ  . . ဒါ့ကြောင့်
ဒေါ်အောင်ဆန်းစုကြည်ကပြောတာပေါ့  . .
ပြည်သူတွေ စာဖတ်ပါတဲ့  .. ။
စာမဖတ်သရွေ့ကတော့ (နတ်ကရာကျီးမော့)ပဲ။
ဓာတ်ကြောင် ၊ နတ်ကြောင် ၊
ရူးကြောင် ၊ မူးကြောင် ၊
အာဏာကြောင် ၊ အာပလာကြောင် ၊
တကယ်တော့ကွာ  . . အားလုံးဟာ အရူးတွေချည်းပါပဲ။
သို့သော်  . . 
ဓာတ်ရူး ၊နတ်ရူး ၊အာဏာရူး၊ တဏှာရူး၊ မဖြစ်ဖို့ပဲလိုပါတယ်။
ဒဲ့ ပြောရရင်တော့  . .
ဦးနု၊နေ၀င်း၊သန်းရွှေ၊သိန်းစိန်တို့အဖွဲကြံ့ဖွတ်စစ်ခွေးတွေလိုပေါ့ကွာ။
█ ░ အလင်းရှင် ░ █
ဓမ္မစေတီကို နဂါးမောင်နှမကဖွက်ထားခြင်းနှင့်
နတ်ကရာကျီးမော့နေကြသူများ
http://aungminkhoung.blogspot.com/2014/08/blog-post_62.html
နဂါးတွေတော့ ၀င်ပူးနေတယ်တဲ့ . . မယုံရင်ပလုံဂွေးစေ့
သောင်တူးစက်ပျက်တာ နဂါးတွေကြောင့်လား
ဝိဇ္ဇာလား . . . . ပြိတ္တာလား . . မိစ္ဆာတွေကြောင့်လား . .
ဘာတွေမှန်းမသိတာကတော့ ဘာမှန်းမသိလို့ပါ
သိတယ်မဟုတ်လား ..
မြန်မာပြည်က မြန်မာလူမျိုးတွေလေ . . ဒါ့ကြောင့်
ဒေါ်အောင်ဆန်းစုကြည်ကပြောတာပေါ့ . .
ပြည်သူတွေ စာဖတ်ပါတဲ့ .. ။
စာမဖတ်သရွေ့ကတော့ (နတ်ကရာကျီးမော့)ပဲ။
ဓာတ်ကြောင် ၊ နတ်ကြောင် ၊
ရူးကြောင် ၊ မူးကြောင် ၊
အာဏာကြောင် ၊ အာပလာကြောင် ၊
တကယ်တော့ကွာ . . အားလုံးဟာ အရူးတွေချည်းပါပဲ။
သို့သော် . .
ဓာတ်ရူး ၊နတ်ရူး ၊အာဏာရူး၊ တဏှာရူး၊ မဖြစ်ဖို့ပဲလိုပါတယ်။
ဒဲ့ ပြောရရင်တော့ . .
ဦးနု၊နေ၀င်း၊သန်းရွှေ၊သိန်းစိန်တို့အဖွဲကြံ့ဖွတ်စစ်ခွေးတွေလိုပေါ့ကွာ။
█ ░ အလင်းရှင် ░ █

ဓမ္မစေတီ ဘယ်လဲနှင့် နတ်ကရာကျီးမော့ နေကြသူများ

လှည်းကူးမြို့မှ အသက် ၆ဝကျော်အမယ်အိုတစ်ဦးအား ဓမ္မစေတီခေါင်းလောင်းကို
စောင့်ရှောက်နေသည်ဟုဆိုသောနဂါး ဝင်ပူးသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ဟုဆို
Yangon Media Group
ငယ်ထွေး(ကလေး)
ရန်ကုန်၊
ဓမ္မစေတီ ခေါင်းလောင်းကြီး တူးဖော်ဆယ်ယူရန် ကြိုးစားနေသည်မှာ ၁၃ရက်တိုင်ရှိ လာခဲ့ပြီဖြစ်သည်။
ယင်းသို့ သာကေတမြို့နယ်အ နီး လှိုင်မြစ်၊ ပဲခူးမြစ်နှင့် ပုဇွန်တောင် ချောင်းတို့ဆုံသည့်နေရာ၌ ဓမ္မစေတီ ခေါင်းလောင်းတူးဖော်မှု လုပ်ဆောင် နေခြင်းကို စိတ်ဝင်စားသူအမြောက် အမြားရှိနေချိန်၌ ရန်ကုန်မြို့နှင့် မိုင်၂ဝကျော်ကွာဝေးသည့် လှည်းကူး မြို့နယ်တွင် ခေါင်းလောင်းကြီးနှင့် ပတ်သက်၍ နဂါးဝင်ပူးသည့်ဖြစ်ရပ် တစ်ခုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ယင်းဖြစ်ရပ်မှာ ခေါင်းလောင်း ကြီးကို စောင့်ရှောက်နေသည်ဟုဆို သော နဂါးမောင်နှမသုံးဖော်ထဲမှ တစ်ဦးက လှည်းကူးမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက် သီတာအေး (၅)လမ်းတွင် နေထိုင်သည့် အမယ် အိုတစ်ဦး ဘုရားဝတ်ပြုဆုတောင်း နေချိန်တွင် နဂါး ဝင်ရောက်ပူးကပ် သည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။


ထိုအမယ်အို၏ အမည်မှာ ဒေါ် စိန်ကြည်ဖြစ်ပြီး အသက်၆၇နှစ်ရှိပြီ ဖြစ်သည်။ ဖြစ်ပွားပုံမှာ အမေအို ဒေါ်စိန်ကြည် သြဂုတ် ၂၁ရက်၊ နံနက် ၆နာရီ ဘုရားရှိခိုးချိန်တွင် ဓမ္မ စေတီခေါင်းလောင်းတော်ကြီးကို စောင့်ရှောက်နေကြသော နဂါးမောင် နှမသုံးဖော်မှ တစ်ဦးဖြစ်သည့် စော သိုက်ရွှေအမည်ရှိ နဂါးမက ဝင် ရောက်ပူးကပ်ခြင်းဖြစ်ကြောင်း သိရ သည်။
ထိုသို့ အမယ်အို ဒေါ်စိန်ကြည် အား နဂါးမ စောသိုက်ရွှေ ဝင်ရောက် ပူးကပ်နေချိန်တွင် ပြောကြားချက်များ အရ ခေါင်းလောင်းကြီးကို စောင့် ရှောက်နေသော ယင်းတို့နဂါးမောင် နှမသုံးယောက်၏အပေါ်တွင် သြ ဂုတ် ၁၈ရက်မှ စတင်၍ သောင်တူး ဖော်နေသော သောင်တူးစက်ဖိထား သဖြင့် အမြန်ဆုံးဖယ်ရှားပေးရန် ငို ယိုတောင်းဆိုနေသည်ကို တွေ့ရ သည်။
ထိုအချိန်တွင် အမယ်အိုသည် ရှိုက်ကြီးတငင်ငိုကြွေး နေပြီး ပါးစပ် မှလည်း ''ငါတို့အပေါ်မှာ ပိနေတဲ့ သောင်တူးစက်ကြီးကို အမြန်ဆုံးရွှေ့ ပေးပါ။ ရွှေ့ပေးရင် ခေါင်းလောင်းကြီး ကို တွေ့မယ်'' ဟု ပြောကြားရင်း အမယ် အိုသည် နာကျင်သည်ဟု ပြောကြား ကာ သူ့ခန္ဓာကိုယ်ကို ကြမ်းပြင်ပေါ် တွင် လူးလှိမ့်အော်ဟစ်နေတော့သည်။
ထိုသို့လူးလှိမ့်အော်ဟစ်နေရင်း က ''အရပ်ရှည်ရှည်နဲ့ ဘုန်းကြီးက ငါတို့သုံးယောက်ကိုချုပ်ထားတယ်။ ငါတို့တင်မကဘူး။ အဲဒီမှာရှိတဲ့သူ တွေအားလုံးကို ချုပ်ထားတာ''ဟု ပြောရင်းမှ ''ဘုန်းဘုန်း ဘာဖြစ်လို့ တပည့်တော်တို့ကို ချုပ်ထားရတာ လဲ''ဟု ငိုကြီးချက်မဖြင့် ပြောဆိုသည် ကို တွေ့ရသည်။
ထို့ပြင် ''သောင် တူးစက်ကိုလဲ ရွှေ့ပေး၊ ငါတို့မောင်နှ မကိုလည်း လွှတ်ပေး၊ မလုပ်ပေးဘူး ဆိုရင် ဘုန်းဘုန်းဆီကို ငါကိုယ်တိုင် နဂိုအလုံးအထည်ဖော်ပြပြီး လာမယ်။ ငါဒေါသထွက်ရင် မလွယ်ဘူးနော်။ တခြားလူတွေပါ ဒုက္ခရောက်ကုန် မယ်။ ငါတို့ကို ဖြေပေးပြီးရင် ခေါင်း လောင်းကြီး ဘယ်နေ့တွေ့မယ်ဆိုတာ ဘုန်းဘုန်းကို အိပ်မက်ပေးလိုက်မယ်။ ငါတို့ကို ချုပ်ထားတာကို ဖြေချင်ဖြေ မဖြေချင်နေ။ သူတို့လဲ ကြာမှာပဲ။ငါတို့ ဒီအတိုင်းသေသွားရင် ခေါင်း လောင်းကြီးကို နောက်ဘဝမှာလဲ ဆက်စောင့်ရှောက်မှာ'' ဟု ဒေါသတ ကြီး ရေရွတ်ပြောဆိုနေသည်ကိုတွေ့ ရသည်။
ယင်းအပြင် အမယ်အိုက ဆက် လက်၍ ''ခေါင်းလောင်းရှိတဲ့နေရာ ကို ဘုန်းဘုန်းပဲ မြင်ရတယ်။ ပြီး တော့ အခုလုပ်နေတဲ့ သိုက်ပွဲတွေ၊ ကန် တော့ပွဲတွေက မှားနေတယ်။ အကုန် လုံးအသစ်ပြန်လဲရမယ်။ ဒီလိုလဲပြီး မှ သင်တို့ လွတ်ရာကျွတ်ရာကို သွား နိုင်ပြီလို့ ပြောရမယ်။ အဲလိုကျမှ အစစအရာရာ အဆင်ပြေမယ်။ ငါ တို့ကိုသာ ဖြေပေးပါ၊ သူတို့လိုချင် တာ အကုန်ရမှာပဲ။ ငါတို့က ခေါင်း လောင်းကြီးကို စောင့်ရှောက်ဖို့ တာ ဝန်ပေးခံထားရတာ။ ခေါင်းလောင်း ကြီး ဆယ်ပြီးသွားရင် ကျိုက်ခေါက် ဘုရားကိုသွားပြီး ငါတို့အမျိုးတွေနဲ့ အတူ နောက်ဘုရားပွင့်ချိန်ကို သာ သနာပြုရင်းစောင့်ရမှာ''ဟု ပြော ကြားသည်ကို တွေ့ရသည်။
ယင်းနောက် ခေါင်းလောင်းကြီး အောင်မြင်စွာ ဆယ်ယူနိုင်ရေးအ တွက် '' ရေနဲ့ပဲ ထိပြီး၊ စနေ အရင် ဆုံးဆင်း၊ ပြီးတော့ ဗုဒ္ဓဟူးသားဆင်း၊ ပြီးတော့ ကြာသပတေးဆင်း ၊ အောင်ပြီ ဟေ့''ဟု အော်ဟစ်လူးလွန့်ရင်းက ''ဖိထားတာ ငါက နာတယ်''ဟု နာကျင်စွာ အော်ညည်းနေသည်ကို တွေ့ရသည်။
ထိုဖြစ်စဉ်များဖြစ်နေစဉ်အ တွင်း အမယ်အို၏ ပုံပန်းသဏ္ဌာန် မှာ လွန်စွာမောဟိုက်ပင်ပန်းနာကျင် ခံစားနေရသည်ကို တွေ့မြင်ရပြီး အမောပြေ ရေတိုက်ရာတွင် သာမန် လူတစ်ယောက် ရေသောက်သလို မ သောက်ဘဲ မြွေတစ်ကောင် (သို့မ ဟုတ်) နဂါးတစ်ကောင် ရေသောက်သ လိုမျိုး လျှာဖြင့်လျက်၍ သောက်နေ သည်ကို ထူးဆန်းစွာတွေ့မြင်ရသည်။
ထိုသို့ ရေသောက်နေစဉ်တွင် အမေအို၏ သားမက်ဖြစ်သူက ကာ ယကံရှင်မှာ ကျန်းမာရေးမကောင်း သဖြင့် ပြောချင်သည်များကို ပြော ၍ပြီးပါက ထွက်သွားပေးပါရန် တောင်းပန်သဖြင့် ရေသောက်ပြီးသည် နှင့် ချက်ချင်းပြန်ထွက်သွားသည်ကို တွေ့ရသည်။
ထိုအဖြစ်အပျက်နှင့်ပတ်သက် ၍ အမယ်အို ဒေါ်စိန်ကြည်က ပြန် လည်ပြောပြရာတွင် '' ဘုရားသောက် တော်ရေကပ်၊ ဘုရားရှိခိုးနေရင်းနဲ့ ကို မသိတော့တာ''ဟု နဂါးဝင်အပူး ခံရသည့်အခြေအနေကို ပြောပြသည်။
ထိုသို့ဖြစ်ပြီးနောက်ပိုင်း ''သိပ်နေမ ကောင်းတော့ဘူး။ ရင်ထဲ နေလို့မ ကောင်းတော့ဘူး''ဟု ပြောကာ ထို သို့ နောက်ထပ်ခဏခဏ နဂါးလာ ဝင်ပူးမည်ကို ကြောက်ရွံ့နေကြောင်း ပြောပြသည်။
ယင်းဖြစ်စဉ်များ မဖြစ်ပေါ်မီ သြဂုတ်လ ၂ဝရက် ညနေပိုင်းအ ချိန်က နေအိမ်ရှေ့တွင် မြွေသုံးကောင် ကို အမယ်အိုက တွေ့မြင်ခဲ့ရကြောင်း ပြောပြသည်။
အမယ်အိုမှာ ပုံမှန်အား ဖြင့် ကိုယ်တိုင် လမ်းကောင်းကောင်း မလျှောက်နိုင်သဖြင့် လူတွဲ၍လျှောက် ရသည့်အနေအထားဖြစ်သည်။ သို့ရာ တွင် နဂါးဝင်အပူးခံရချိန်တွင် သန်သန် မာမာနှင့် လူးလှိမ့်လှုပ်ရှားနိုင်ပြီး စ ကားပြောပုံမှာလည်း လူသန်သန်မာမာ တစ်ဦးကဲ့သို့ ပြောဆိုနိုင်သည်ကို တွေ့ရသည်။
ထိုကဲ့သို့ပင် အမယ်အို၏ သမီး ဖြစ်သူ၏ အိမ်တွင်လည်း မြွေတစ် ကောင်က အိမ်အတွင်း လာရောက် ခွေနေသဖြင့် တုတ်ဖြင့်ခြောက်လှန့် မောင်းထုတ်သည့်တိုင် ထွက်မသွား သဖြင့် တုတ်ဖြင့်ကော်,မ၍ ဖယ်ထုတ် ပစ်ခဲ့ရသည့်ဖြစ်ရပ်တစ်ခု သြဂုတ် ၂ဝ ရက်မှာပင် ဖြစ်ပွားခဲ့ကြောင်း သိရ သည်။
နဂါးအပူးခံရသည်ဆိုသော အမယ်အို ဒေါ်စိန်ကြည်သည် ဓမ္မ စေတီခေါင်းလောင်းတူးဖော်သည့် နေရာသို့ ရောက်ဖူးခြင်းလဲမရှိ၊ ခေါင်းလောင်းတူးဖော်မှုနှင့်လဲ ပတ် သက်ခြင်းမရှိ၊ ခေါင်းလောင်းနှင့် ပတ်သက်သည့်အကြောင်းအရာအ ချို့ကို နေ့စဉ်ထုတ်သတင်းစာများ တွင်ဖော်ပြထားသည်ကိုသာ ဖတ်ရှု ခြင်းသာရှိသည်။ ယင်းအခြေအနေ တွင် ခေါင်းလောင်းကိုစောင့်ရှောက် သည့် နဂါးဝင်ပူးသည်ဆိုသည်မှာ ထူးဆန်းသည့်ဖြစ်ရပ်တစ်ခုဖြစ် သည်။ လက်ရှိအချိန်တွင် ဓမ္မစေတီ ခေါင်းလောင်းတူးဖော်ရာနေရာသို့ အိပ်မက်အရ လာရောက်လှူဒါန်း နေသူများလည်း ရှိနေကြောင်း သိ ရသည်။
‪#‎Democracytoday‬
Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget