ခေါင်းလောင်းကြီးကို သွန်းလောင်းချိန်ဟာ မိကျောင်းနက္ခက်နှင့်စန်းယှဉ်
ချိန်ဖြစ်သောကြောင့် ကုန်းတစ်လှည့်ရေတစ်ကြိမ်နေရခြင်းဖြစ်ပါတယ်။
ဒါ့ကြောင့် . .ဓမ္မစေတီခေါင်းလောင်းကြီးဟာရွံနွံတွေထဲမှာမြုတ်နေတာမျိုး
မဟုတ်ပါဘူး။ နတ်နဂါးတွေတည်ထားသော ရွှေတိဂုံဘုရားထဲတွင် ကိန်းဝပ်နေပါတယ်။
ရူးကြောင် . . . နတ်ကြောင် . . . .
ဓါတ်ကြောင် . . သီလကြောင် . ..
ဂလယ်အူကြောင်တွေ ဆယ်ယူလို့မရဘူးဆိုတာ ဗိုလ်ချုပ်ခင်ညွှန့်
ကသက်သေခံနေပါတယ်။
ယင်းခေါင်းလောင်းကြီးအား ဆယ်ယူရန်ကျိုးစားခဲ့သော ဗိုလ်ချုပ်
ခင်ညွှန့်ဓါတ်ပုံနှင့်တကွ နိုင်ငံပိုင်သတင်းစာတွင် တစ်ချိန်ကအတိ
အလင်းဖေါ်ပြခဲ့ဖူးပါတယ။်
ဒါပေမယ့်မရခဲ့တာဟာ တဘောင်စနည်း ပါရမီခရီးသွားမဟုတ်လို့
ပါပဲ။
ချိန်ဖြစ်သောကြောင့် ကုန်းတစ်လှည့်ရေတစ်ကြိမ်နေရခြင်းဖြစ်ပါတယ်။
ဒါ့ကြောင့် . .ဓမ္မစေတီခေါင်းလောင်းကြီးဟာရွံနွံတွေထဲမှာမြုတ်နေတာမျိုး
မဟုတ်ပါဘူး။ နတ်နဂါးတွေတည်ထားသော ရွှေတိဂုံဘုရားထဲတွင် ကိန်းဝပ်နေပါတယ်။
ရူးကြောင် . . . နတ်ကြောင် . . . .
ဓါတ်ကြောင် . . သီလကြောင် . ..
ဂလယ်အူကြောင်တွေ ဆယ်ယူလို့မရဘူးဆိုတာ ဗိုလ်ချုပ်ခင်ညွှန့်
ကသက်သေခံနေပါတယ်။
ယင်းခေါင်းလောင်းကြီးအား ဆယ်ယူရန်ကျိုးစားခဲ့သော ဗိုလ်ချုပ်
ခင်ညွှန့်ဓါတ်ပုံနှင့်တကွ နိုင်ငံပိုင်သတင်းစာတွင် တစ်ချိန်ကအတိ
အလင်းဖေါ်ပြခဲ့ဖူးပါတယ။်
ဒါပေမယ့်မရခဲ့တာဟာ တဘောင်စနည်း ပါရမီခရီးသွားမဟုတ်လို့
ပါပဲ။
“စနေသားမင်းဖြစ်ချိန် . . . ဓမ္မရေပေါ်ပေါ်လတ္ထံ့ ”
“သုံးစနေ ကုန်းမဟေပေါ်လတ္တံ့”
ဆိုသော တဘောင်ရှိပါတယ်။
တ၊ထ၊ဒ၊ဓ၊န ၊ အမည်ရသောသူ သမ္မတဖြစ်ချိန်မှာ ဓမ္မစေတီခေါင်း
လောင်းဟာ ဆယ်ယူ၍ ရခြင်း ၊ ပေါ်ခြင်း တစ်မျိုးမျိုးကြုံပါလိမ့်မည်။
ယင်းခေါင်းလောင်းကြီးကို သွန်းလောင်းချိန်တွင် ကျိန်စာပန္နက်များ
ချထားကြောင်းဆိုပါတယ်။
ဒါ့ကြောင့် ယင်းဓမ္မစေတီခေါင်းလောင်းကြီးကို ဆယ်ယူဖို့ကြိုးစားခဲ့သော
ဗိုလ်ချုပ်ခင်ညွှန့် ပြုတ်ခဲ့သည်။
အထူးမှတ်ရန်မှာ ဓမ္မစေတီခေါင်းလောင်းကြီး ကိန်းဝမ်ရာအနီအနားတွင်
“စနေနံကိန်းသော ” ဓနုတ်စေတီတော်မြတ်ကြီးရှိပါသည်။ ယင်းဓနုတ်စေ
တီတော်မြတ်ကြီးအကြောင်းကို . . .
(၁)
http://aungminkhoung.blogspot.com/2014/05/blog-post_3.html
(၂)
http://aungminkhoung.blogspot.com/2014/08/blog-post_62.html
(၃)
http://aungminkhoung.blogspot.com/2014/08/blog-post_82.html
တွင်ဆက်လက်လေ့လာနိုင်သည်။
“ဓနုတ်စေတီတော်”သည် စနေနံဖြစ်သလို ဓမ္မစေတီခေါင်းလောင်းကြီး
သည်လည်း ဓနေနံကိန်းပါသည်။ “သုံးစနေ ကုန်းမဟေပေါ်လတ္ထံ”
ဆိုသောတဘောင်အရ “စနေသားသမ္မတဖြစ်ချိန်တွင် ” ဓမ္မစေတီ
ခေါင်းလောင်းကြီးသည် နတ်လောကမှလူလောကအတွင်းသို့တစ်ဖန်
ပြန်လည် အကြည်ညိုခံမည်ဟု စာရေးသည်ထင်မှတ်သည်။
ယင်းသို့ ဓနုတ်စေတီတော်ကို အာဏာရူးသန်း၏မယား အကြိုင်မ
ထီးတော်တင်တုန်းကလည်း တင်နေဆဲစေတီတော်ကြီးပြိုကျခဲ့သ
ဖြင့် အပြစ်မဲ့သော . . စစ်သားများ အရပ်သားများသေပျောက်ခဲ့
ရပါသေးသည်။ ယင်းကိစ္စကို အများသိမှမို့ ဖုံးကွယ်ထားတာပါ။
ဒါ့ကြောင့် . . “ ဘုမသိ ဘမသိတွေ” “ဘာတွေလုပ်နေမှန်းကိုမသိ”
ဖြစ်နေပါပြီ။ တစ်ဖန်အသိပေးရခြေသော် ..
မူပဋိသန္ဓေစိတ်ဖြင့် သားသတ်လွတ်စားသူများမဟုတ်ရင် . .သို့တည်း
မဟုတ် နှစ်ကြာရှည်သည့်တိုင် သတ္တ၀ါအပေါ်သနားကရုဏာမေတ္တာ
ဈာန်ကမ္မဋ္ဌာန်းစီးဖြန်းကာ နေသော . ..
(၁) ရသေ့ရဟန်းကောင်း
(၂) လူသူတော်ကောင်း
(၃) မင်းကောင်း
မပေါ်သရွေ့ ဓမ္မစေတီသည် ရေပေါ်ပေါ်မည်မဟုတ်ပါ။
ထိုသုံးချက်ညီပါက . .
“မုန့်လုံးရေပေါ်ပေါ်လတ္တံ့ ” ဟူသော တဘောင်အရ (၉)န၀င်းစီးသော
ဂုဏ်တော်ကိုးပါးကို စီးဖြန်းသော လူစွမ်းကောင်းကြီးဆယ်လိမ်မည်။
ဘဒ္ဒန္တကောဝိဒ (အလင်းရှင်)
အရှေ့ဥယျာဉ်တိုက်
စမ်းချောင်းမြို့နယ်
ရန်ကုန်တိုင်း
No comments :
Post a Comment