.

AlinShin

Tuesday, June 17, 2014

ခွေးကြာကြာရေးမကူးနိုင်ပါဘူး။

မနေ့က DVB သတင်းဌာနမှာ သတင်းလေးတစ်ခုကြည့်လိုက်ရတယ်။
နေမျိုးဝေ ဟာ “အမျိုးဘာသာသာသနာကိုခုတုံးလုပ်ပြီး” အခြေခံဥပဒေ
၄၃၆ မပြင်ဆင်ရေးကို ပြောသွားတယ်။ ဒါကို ဒေသခံပြည်သူတွေက
၎င်းနေမျိုးဝေ ပြောနေတုန်းပင် ၀င်ရောက်ကန့်ကွက်ခြင်းမေးခွန်းများကို
မေးမြန်းခဲ့ပြီး ။ ဗုဒ္ဓဘာသာကိုအယောင်ပြ နိုင်ငံရေးဟောပြောမှုကိုပြုလုပ်
ခဲ့သော နေမျိုးဝေအား နောက်နောင်ဒီလိုမပြုလုပ်ရန်တားဆီးခဲ့တဲ့အပြင်
ယင်းဟောပြောပွဲကို စီမံပေးခဲ့သော ဆရာတော်အား မူလအဓိပ္ပါယ်ပျက်
ပြယ်ပြီ ဘာသာေ၇းကိုခုတုံးလုပ်သော နိုင်ငံရေးဟောပြောပွဲကို နောက်
နောင်မပြုလုပ်၇န် ဆရာတော်အားပန်ကြားခဲ့တာကိုလည်းတွေ့လိုက်
ရပါတယ်။
နှလုံးသားနူးညံ့သိမ်မွေ့တက်ကြသော သံဃာတော်များကို ဘာသာရေး
ကိုအကြောင်းပြုပြီး ဗုဒ္ဓဘာသာသာသနာတော်တိုးတက်ပြန့်ပွားစေဖို့ဆို
သော စကားနှင့် နေမျိုးဝေတို့ အာဏာရှင်တစ်ခန်းရပ်ဇာတ်လမ်းတွေ
ဖန်တီးနေပါတယ်။ ကြောင်ကြာကြာရေမငုတ်နိုင်သလို ခွေးဟာလဲပဲကြာ
ကြာရေးမကူးနိုင်ပါဘူး။။
Photo: ခွေးကြာကြာရေးမကူးနိုင်ပါဘူး။ 
♥☤♥☤♥☤♥☤♥☤♥☤♥

ဒါ့ကြောင့် ဒီကနေ့မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ ဘာသာရေးအသွင်
ဆောင်ထားတဲ့ စစ်ခွေးတွေရဲ့ အာဏာရေးလမ်းစဉ်ကို ဖေါ်ဆောင်နေ
တဲ့ နေမျိုးဝေကဲ့သို့သော လူများ၊ ဦးဝီရသူကဲ့သို့သော ရဟန်းသံဃာများ
ကိုသတိထားမိဖို့လိုပါတယ်။  
ဒီဖြစ်စဉ်တွေဟာ စစ်ခွေးကြံ့ဖွတ်ရဲ့ (၂၀၁၅)အတွက် ပြင်ဆင်မှုတွေလုပ်
နေတာပါပဲ။ ဒါကိုပြည်သူတွေဟာ လိမ္မာပါးနပ်စွာသိမှသာလျှင် အနာဂတ်
ကာလမှာ စစ်ခွေးတွေရဲ့နိုင်ငံရေးအခန်းကဏ္ဍပြုတ်ကျသွားမှာဖြစ်ပါ
တယ်။ ဒေါ်အောင်းဆန်းစုကြည်ပြောသလို ပြည်သူတွေစာဖတ်ကြပါ။
စာပေကပေးသောအသိဉာဏ်ကို ပစ္စုပ္ပန်မျက်မှောက်ကာလနဲ့လျှော်ညီ
အောင်အသုံးချတက်ဖို့လိုပါတယ်။
ပြည်သူတွေ အခုလိုစာမတက်သရွေ့ စစ်ခွေးအရေခွံကျွတ်တွေက
(၂၀၁၅)အတွက်မျှော်လင့်ချက်တွေရှိနေဦးမှာဖြစ်ပါတယ်။ အခု
ဆောင်ပါးပါသတင်းမှတ်တမ်းများကဲ့သို့ ဒေသခံပြည်သူများအနေဖြင့်
အခြေခံဥပဒေကိုနားလည်ပြီး ဘာသာရေးကိုခြေယောင်ပြတက်သော
အရေခွံကျွတ်လော်ဘီများရဲ့ ဘာသာရေးဝါဒမှိုင်းကိုသိရှိနားလည်ဆန့်
ကျင်နိုင်ပါက နောက်လာလတ္တံ့သော (၂၀၁၅) သည် နေ၀င်းပြုတ်ကျ
သကဲ့သို့ သန်းရွှေသိန်းစိန်တို့ပြုတ်ကျသွားမှာဖြစ်ကြောင်း  .. . 

█ ░ အလင်းရှင် ░ █

4k သိရင် ၊အော်ရီဒူးကိုလည်းသိမယ်၊ဒါဆိုရင်စစ်ခွေးဆိုးတွေရဲ့ ကုလားဖန်ကွက်ကိုလည်းသိမယ်။

Photo: 4k သိရင် ၊အော်ရီဒူးကိုလည်းသိမယ်၊ဒါဆိုရင်စစ်ခွေးဆိုးတွေရဲ့
ကုလားဖန်ကွက်ကိုလည်းသိမယ်။ 
☤♥☤♥☤♥☤♥☤☤♥☤♥☤♥☤♥☤♥☤
တို့နိုင်ငံမှာ Full HD နဲ့တောင် အခုမှသမီးရီးစားစကားပြောမယ်ကြံတုန်း
ရှိသေးတယ်။ သူများနိုင်ငံတွေမှာ 4K နဲ့တောင်လင်ခန်းမယားခန်းပေါင်း
နေကြလို့ 8k တွေတောင်မွေးနေပြီဆိုပဲ။အိမ်တိုင်းမှာ ၊ TV လေးတစ်လုံး
တော့ရှိသလို andrive ဖုန်းလေးတစ်လုံးလည်းရှိတာပါပဲ။သို့သော် 4kဆို
တာဘာမှန်းမသိဘူးဆိုရင် ခက်ပြီ။
 “ဘကြီးအောင်မောင်းအိမ်က စီးလာတဲ့မြင်းအထီးမှန်းအမမှန်းမသိတဲ့
ကိန်း” ပဲကွ။ အဲလို ဂလယ်အူကြောင်ကောင်တွေ နာမည်ကြီးနေတဲ့
ခေတ်မှာကြောင်းကျိုးသိမြင်ပညာရှင်တွေ ပုန်းလျှိုနေရတယ်။
အခုလည်းပဲ “အော်ရီဒူးကိုတိုက်မယ်” တဲ့။ ဖြစ်ပုံကဘာနဲ့အလားသဏ္ဍာန်
သူနေသလဲဆော့တော့  .. က။
  “ ခွေးဆိုတဲ့တိရိစ္ဆာန်ကို လူကရိုက်ရင် ၊ ရိုက်တဲ့သူကိုမကိုက်ဘဲ ၊ တုတ်
ကိုသာကိုက်တယ်” 
အဲလိုကြီးဖြစ်နေတယ်။ စစ်ခွေးတွေက သန်း(60)ဆယ်ကို ဒုက္ခရောက်
စေဖို့အတွက် ကုလားအော်ရီဒူးကို မြန်မာပြည်ထဲကိုရက်ရက်ရောရော
ပေးသွင်း၊ နောက်ဘင်္ဂါလားကုလားတွေကို အဖြူကဒ်ပေးတယ်။အဲဒီ စစ်
ခွေးတွေဖန်တီးလိုက်တဲ့ action ကို ဦးပါမောက်စတဲ့သူတွေက “ အော်ရီ
ရီဒူးဆန့်ကျင်ရေး” ဆိုတဲ့ reaction ကိုဖန်တီးတယ်။ ဒါ  “ တုတ်ကိုကိုက်
တဲ့ခွေးပဲ”  ရိုက်တဲ့သူကိုက်ရမှာကို ၊ မြန်မာပြည်ထဲကို တိုင်းရင်းသားအ
ဖြစ်လက်ခံခဲ့တဲ့စစ်ခွေးကို ကိုက်ရမှာ။ မြန်မာပြည်ထဲမှာ စီးပွားရေးအရ
ဗိုလ်ကျစိုးမိုးခွင့်ပေးတဲ့ စစ်ခွေးတွေကို ကိုက်ရမှာ။ ဒီတော့အသိဉာဏ်ကာ
ရကချို့တဲ့ခွေးဟာ “ တုတ်ကိုပဲ တွင်တွင်ကိုက်နေတဲ့ ဥပမာကြီး”အတိုင်း
ဖြစ်နေတယ်။ ဒီ program ဟာ၊ systematically မဖြစ်ဘူး။ “ တုတ်ကို
ကိုက်တဲ့ ခွေးတစ်ကောင်ရဲ့knowledge ဖြစ်နေတယ်” ဒါ့ကြောင့်သူတို့ရဲ့
အမျိုးသားရေးဟာ ပညာမပါတဲ့အမျိုးသားရေးပဲ။“တုတ်ကိုကိုက်တဲ့အမျိုး
သားရေးပဲ”။တို့ဖြစ်စေချင်တာမျိုးက “တုတ်ကိုဖမ်းဆွဲပြီး အဲဒီလူကိုပြန်
ရိုက်တဲ့အမျိုးသားရေးမျိုး” ဖြစ်စေချင်တာ။ ဒါမှ  ပြဿနာကိုဖြေရှင်းတဲ့
Very good Systemဖြစ်မှာ၊ ဘုရားရှင်ရဲ့ဝါဒနဲ့လည်းဆီလျှော်တယ်လေ။
ဘုရားရှင်ရဲ့ဝါဒဟာ “ အကြောင်းကြောင့်အကျိုးဖြစ်ရခြင်း” ကိုသာလက်
ခံတဲ့ဝါဒ ၊ တစ်စုံတစ်ဦးရဲ့ဖန်တီးမှုပယောဂမပါဘူး။ ဒါကို “ပဋိစ္စသမုပ္ပါဒ”
 “chain of causation”  တဲ့။ ဒါကို ဦးပါမောက်အစရှိတဲ့ အမျိုးသားရေးကို
ဆောင်ရွက်သူများ သိစေချင်တယ်။ နောက်တစ်ချက်က ၊ စာပေမသိတဲ့
ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒကိုနားမလည်တဲ့ လူငယ်လူရွယ်များအတွက် လမ်းကြောင်း
အမှားကြီးပေါ် လျှောက်နေမိမှာစိုးလို့၊ “ ဒေ၀ဒတ်ရဟန်းနောက်လိုက်တဲ့
မင်းသားလေး အဇတသတ်ဟာ အခု ငရဲမှာပဲမဟုတ်လား။ ဘုရားဟော
တွေနဲ့ ဒီဘုန်းကြီးဦးပါမောက်တို့လုပ်နေတာနဲ့ကလုံးဝ difference 
ဖြစ်နေတယ်နော်။
ဒါ့ကြောင့် problem တစ်ခုကိုကိုင်တွယ်ရာမှာ . . . . .
(၁) အကြောင်းတရားကို စဦးစွာကြည့်ပါ။
(၂) အကျိုးတရားကို မြင်ပါစေ ။
(၃) ယင်းအကြောင်းတရားအား လောဘမငဲ့၊ ဒေါသမတွက်ဘဲ၊ဖြေရှင်းပါ။
ဒါ ဗုဒ္ဓအလိုတော်ကျ ploblem တစ်ခုကိုဖြေရှင်းနည်းပါပဲ။ 
ကဲ  .. 4k ဆိုတာဘာကြီးလည်းဆိုတာကိုသိဖို့ အခုချိပ်ပေးလိုက်တဲ့လင့်
မှာ ဖတ်လို့ရတယ်၊ photo ကို copy ယူသွားလို့ရတယ်။
http://aungminkhoung.blogspot.com/2014/06/4k.html 
ကိုးကား
ပါဠိ၊မြန်မာ၊အင်္ဂလိပ်၊အဘိဓာန်၊
ဆရာကြီးဦးဟုတ်စိန်၊

သာသနာရေးဝန်စီးဌာန၏လုပ်နည်းလုပ်ဟန်များ

ယခုတင်ပြမယ့်အတွေးသတင်းကိုရေးမယ်ဆိုပြီးအားခဲထားတာ(၁)ကျော်
ကြောခဲ့ပါပြီ သို့သော်လည်းအခြားဦးစားပေးရာအကြောင်းအရာများကို
ဖေါ်ပြနေရသောကြောင့် မရေးဖြစ်ခဲ့တာပါ။ ပုံပါဓာတ်ပုံဟာ (၂၀၁၂-၂၀၁၃)
ခုနှစ် ၊ ကမ္ဘာအေးတွင်ပြုလုပ်သော ဘွဲ့တံဆိပ်ဆပ်ကပ်လှူဒါန်းပွဲ
တွင် သက်တော်ရှည်ဆရာတော်ကြီးများနှင့်သာသနာရေ၀န်ကြီးဌာနရှိ
ဝန်ထမ်းများ၏ မှတ်တမ်းတင်ဓာတ်ပုံပင်ဖြစ်ပါသည်။ 
Photo: သာသနာရေးဝန်စီးဌာန၏လုပ်နည်းလုပ်ဟန်များ
☤✩☤✩☤✩☤✩☤✩☤✩☤✩☤✩☤
ယခုတင်ပြမယ့်အတွေးသတင်းကိုရေးမယ်ဆိုပြီးအားခဲထားတာ(၁)ကျော်
ကြောခဲ့ပါပြီ သို့သော်လည်းအခြားဦးစားပေးရာအကြောင်းအရာများကို
ဖေါ်ပြနေရသောကြောင့် မရေးဖြစ်ခဲ့တာပါ။ ပုံပါဓာတ်ပုံဟာ (၂၀၁၂-၂၀၁၃)
ခုနှစ် ၊ ကမ္ဘာအေးတွင်ပြုလုပ်သော ဘွဲ့တံဆိပ်ဆပ်ကပ်လှူဒါန်းပွဲ
တွင် သက်တော်ရှည်ဆရာတော်ကြီးများနှင့်သာသနာရေ၀န်ကြီးဌာနရှိ
ဝန်ထမ်းများ၏ မှတ်တမ်းတင်ဓာတ်ပုံပင်ဖြစ်ပါသည်။  
ဓာတ်ပုံကြည့်ရ၍ ယခုစာဖတ်သူများသာ ဝေဖန်ဓိကပြုကြပါတော့ စာရေး
သူမိမိအနေဖြင့် ဝေဖန်ရလျှင် “မကောင်းရှိတော့မယ်” တကယ်တော့ ဒီ
ကနေ့ခေတ် ဗုဒ္ဓဘာသာတွင် သာသနာရေးဝန်ကြီးဌာနဟူသည် သာသ
နောတော်ရေးအရာကောင်းစားတိုးတက်ရေးကိုအလေးပေးဆောင်ရွက်
နေသည်မဟုတ်၊ “ သာသနာ့ဝန်ကိုထမ်းသော” “ သာသနာရေးဝန်ကြီး
ဌာနမဟုတ်ဘဲ သာသနာရေးဝန်စီးဌာနသာ” ဖြစ်ကြောင်း . . ။
သာသနာတော်တွင် ပုထုဇဉ်ရှင်ရဟန်းများကြောင့် အမူအခင်းအရာများ
သည်လည်း ဖြစ်ပေါ်တက်မြဲဖြစ်သည်။ ဘုရားရှင်ငုတ်တုတ်ကြီးရှိစဉ်က
တည်းကလည်း ပြဿနာဆိုတာဖြစ်ခဲ့ဖူးပါသည်။ သို့သော်ယင်းပြဿနာ
ဖြစ်ရာတွင် ကြီးသောအမှုကိုငယ်စေ ငယ်သောအမှုကိုပပျောက်စေဆိုတဲ့
သူတော်ကောင်းဓလေ့ကိုမကျင့်သုံးခဲ့ဘူးဆိုတာ“မဟာသန္တိသုခကျောင်း”
ကသက်သေခံနေသည်မဟုတ်ပါလား။
ဒါက အများအမြင်ပါ ကမ္ဘာ့အမြင်ပါ။ ယင်း မဟာသန္တိသုခကျောင်းကဲ့သို့
ဖြစ်ပေါ်ခံစားခဲ့ရသော သံဃာတော်များ ကျောင်းတိုက်တာကြီးများသည်
မြန်မာနိုင်ငံတွင် မြောက်များစွာရှိခဲ့ဖြစ်ခဲ့ဖူးပါသည်။ 
ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ပြောသလို “ တရားဥပဒေစိုးမိုးမှုမရှိ”
သောကြောင့် အရပ်လောက ဘုန်းကြီးလောကတွင် အဓမ္မမှုများနေ့စဉ်
တိုးပွားလာခြင်းဖြစ်ပါသည်။ မကြာခင်ကကျင်းပပြီးခဲ့သော ဂိုဏ်းပေါင်းစုံ
အစည်းအဝေးဆိုတာကလည်း သံဃာထုကို စစ်အာဏာရှင်အရေခွံကျွတ်
တွေက “ နားလှည့်ပါးရိုက်” လိုက်သော နိုင်ငံရေးကစားကွက်ပင်ဖြစ်ပြီး
သာသနာတော်အတွက် ဓမ္မ၀ိနယများကို မည်သို့မည်ပုံအလေးကရုပြု
ဆောင်ရွက်လိုက်နာရမည့်ထက် စစ်အစိုးရထုတ်ပြန်ရေးဆွဲထားခဲ့သော
(မဟန)ညွှန်ကြားလွှာကိုသာ ဆက်လက်အသက်သွင်းလိုက်ခြင်းပင်ဖြစ်
ပါသည်ဟု သုံးသပ်မိပါသည်။

4k အကြောင်း

Monday, June 16, 2014

လိုလိုသမျှ နတ်မ’မ၊ ကိုယ်တိုင်ကြံအုံးဟ

စာကြည့်နုတဲ့သူတွေဟာ အတ္တအနတ္တကို သိဖို့ခဲယဉ်းလှသလိုအကြောင်း
အကျိုးလည်းသိဖို့ဝေးပြီပေါ့ ။ တို့များဒါ့ကြောင့် စာများဖတ်ကြပါလို့တိုက်
တွန်းရတယ်နော်။ စာဖတ်ပြန်တော့လည်း ကိုယ်ဖတ်တဲ့စာက အကြောင်း
နဲ့အကျိုးကိုသုံးသပ်နိုင်တဲ့စာမျိုးဖြစ်ဦးမှ။ ဗုဒ္ဓ၀ါဒဆိုတာ အစွန်းလွတ်တယ်
ဘာကိုဖြစ်စေ ၊ action ကြောင့် reaction ဖြစ်တယ်ဆိုတာ ဗုဒ္ဓမြတ်စွာ
ကမ္ဘာကိုဦးဆုံးချပြနိုင်ခဲ့ပါတယ်။ အိုင်ဆက်နယူတန်တို့ ပြောခဲ့တယ်ဆို
တာနှစ်နှစ်ရာကဏန်းပဲနော် ၊ ဗုဒ္ဓက ထောင်ကဏန်းတော်ကျော်ခဲ့ပြီ။
ဒါ့ကြောင့် ဥဒါန်းပါဠိတော်ကိုကြည့်ရင် အာသဝေါကုန်ခမ်းသွားတဲ့ရဟန္တာ
မထေရ်မြတ်များ ကျူးရစ်တော်မူခဲ့တဲ့ ပါဠိတော်များ ဖတ်လေမှတ်လေ
စိတ်ထဲ ကြည်ညိုစရာကောင်းလေပဲ။ ဘယ်အရာမှ အကြောင်းလွတ်တဲ့
အကျိုးရယ်လို့ ဘုရားဟောခဲ့ဘူး။ သာဓကလေးတစ်ခု စိတ်ထဲပေါ်လာ
တာလေးထောက်ရရင် .. . .။
Photo: လိုလိုသမျှ နတ်မ’မ၊ ကိုယ်တိုင်ကြံအုံးဟ

ရှင်ဒေ၀ဒတ်က ဂိဇ္ဈကုဋ်တောင်ပေါ်ကနေ ကျောက်တုံးကြီးကိုအနေအ
အထားချိန်စပြီး ဗုဒ္ဓရှင်တော်ဆွမ်းခံထွက်ရင် ဒဲ့ကြဖို့ ဒဲ့ထိဖို့ ဒဲ့သေဖို့ ဖန်
တီးပြင်ဆင်ထားတယ်။ ဗုဒ္ဓရှင်တော်ဆွမ်းခံကြွလာတဲ့အခါ အနေတော်
လောက်မှာ သူတွက်ချက်ချိန်ကိုက်ထားတဲ့ကျောက်တုံးကိုလှိမ့်ချလိုက်
တယ်။ ကံကောင်းခြင်တော့က သူချလိုက်တဲ့ကျောက်တုံးရဲ့လမ်းမှာ အ
ခြားကြီးတဲ့ကျောက်တုံးကြီးကခံနေတယ်။ အဲဒီမှာတင်ကျောက်တုံးနှစ်ခု
တို့ တိုက်မိကြပြီး အစိတ်စိတ်အမွှာမွှာကွဲသွားတယ်။ ကွဲသွားတဲ့ကျောက်
တုံးအစိတ်အမွှာလေးတွေထဲက ကျောက်တစ်စဟာ ဘုရားရှင်ရဲ့ခြေ
တော်ဖျားကို ထိသွားတယ်။ စာထဲမှာတော့ အတော်ကိုဒါဏ်ရာဟာပြင်း
ထန်သွားတယ်လို့ဆိုတယ်။ အဲဒီညမှာပဲ နတ်တွေရောက်လာကြတယ်။
ဒါပေမယ့် ဘယ်နတ်ကမှဆေးကုပေးတယ်ဆိုတာ မပါဘူး။ ဒါပိဋကတ်ကို
ဖတ်ရင် အခုလိုဂရုတစိုက်လေး သတိထားမိရတယ်။ ဒါ့ကြောင့်တို့ ပတ်
ဝန်းကျင်မှာလူတွေ အစွန်းထွက်တဲ့စကားတွေပြောကြတယ်နော်။ နတ်က
ဖန်တီးပေးတယ်။ နတ်ကမဖန်တီးပေးဘူး။ ဒါနှစ်ခုစလုံးဟာ အစွန်းတစ်
ဘက်ဆီကပဲနော်။ ကဲ ၊ အခုဘုရားရှင်ကို ခံစားနေရတဲ့ ဝေဒနာ ၊ဘယ်
နတ်က နတ်တန်ခိုးနဲ့ ကုသပေးသလဲ။ မပေးဘူးနော်။ ပေးတယ်လို့ စာမှာ
မပါဘူး။ စာမှာက . . .
★ “ အာဇာနေယော ၀တ ဘော သမဏော ဂေါတမော” ★
►❝ ရဟန်းဂေါတမသည် တကဲ့အာဇာနည် ယောက်ျားပါတကား၊
အာဇာနည်ယောက်ျားဖြစ်သောကြောင့်သာ ဤမျှလောက်ပြင်းပြ
သောဝေဒနာကို ဣနြေ္ဒမပျက် ခံနိုင်ပါပေသည်❞◄လို့ပဲပါတယ်နော်။
 “နတ်တွေကတော့ဖြင့် ဘုရားရှင်ခံစားနေရသော ကာယိကဒုက္ခဝေဒနာ
ကို ပျောက်ကင်းအောင်ကုသပေးသွားသည်” ဆိုတဲ့ပါဠိမပါဘူးဒါကိုအချို့
က မသိတော့ နတ်တွေကိုတင်မြောက်ပသတိုင်း ကိုယ့်ဘ၀ဒုက္ခငြိမ်းလိမ့်
မယ်လို့အထင်ရောက်နေတဲ့သူရှိသလို တင်မြောက်စရာမလိုဘူးဒီနတ်ဆို
တဲ့ကောင်တွေဘာမှမလုပ်ပေးနိုင်ဘူး ၊ ဒီအစွန်းနှစ်ဘက်မှာပဲရပ်နေကြ
တယ်။ အလယ်မှမရပ်မိကြဘူးနော်။ 
ဒါ့ကြောင့် စာဖတ်နုရင်ဖြစ်စေ ၊ ကိုယ်ဖတ်တဲ့စာကိုယ်တိုင်ကိုယ်ကအစွန်း
တစ်ဘက်ဘက် ကပ်နေတဲ့စာဆိုရင် ကိုယ်လည်းအစွန်းကပ်တက်တယ်။
(၁) နတ်တွေဟာကိုယ့်အတွက်ကောင်းကျိုးမဆောင်ရွက်နိုင်ဘူး။
(၂) ဆောင်ရွက်နိုင်တယ်။ 
ဒီအစွန်းနှစ်ဘက်ကနေ အလယ်ကိုလျှောက်နိုင်ရပ်နိုင်ဖို့ရန်အတွက် ဒီ
ဆောင်းပါးလေးဖတ်ရုံလောက်နဲ့မရဘူး။ ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူး။
အခြားကျမ်းတွေဖတ်ရမယ်။ ကျမ်းညွှန်းပေးလိုက်မယ် ။ အဲဒီကျမ်း
စာအုပ်ရှိတဲ့နေရာကိုပါ အတိအကျပေးမယ်။ ကိုယ်ဘက်က Download
ဆွဲရုံပဲ။ အဲဒါမှမဆွဲခြင်ရင်တော့ မဖတ်ရုံပေါ့ကွာ။ အခုဖတ်လက်စဆောင်း
ပါးပါ ဖတ်မနေနဲ့ အကျိုးမရှိနိုင်တော့ဘူး။ အကယ်၍ ကိုယ်က အလယ်
လမ်းကိုလိုက်လိုတယ် ရပ်လိုတယ် ဆိုရင် . . .
http://ungminkhoun.blogspot.com မှာ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒဆိုတဲ့အခန်းရှိ
တယ် အဲဒီလင့်မှာဝင်ဒေါင်းပါ။ ဒေါင်းရမယ့် ကျမ်းစာအုပ်က  .. 
(၁) ဒါနဒိဒီပနီကျမ်း။(၂)သီလ၀ိနိစ္ဆယကျမ်း။(၃) ရောဂန္တဒီပနီကျမ်း။
အေး အဲဒီသုံးကျမ်းလောက်ဖတ်လိုက်ရင် မင်းတို့ အလယ်လောက်မှရပ်
တက်သွားမယ်။အခြား ခေတ်ပေါ်ပင်စာအုပ်တွေဖတ်လို့ကတော့ ရူးသွား
မယ်။ မင်းတို့ အလယ်မှာရပ်နိုင်မှာမဟုတ်ဘူး၊ဒါတောင်နောက်ထပ်တစ်
ကျမ်းရှိသေးတယ် ၊ ငါကိုယ်တိုင်တောင်ရှာလို့မရတော့လို့ကွ။ငါထောင်က
ထွက်တော့ စာအုပ်တွေ ယူလိုသူတွေယူသွားကြတယ်။ဒါ့ကြောင့်ကျမ်းမ
ညွှန်းနိုင်တော့ဘူး။
အေးကွယ်  .. ။ လောကထဲ မစ္ဇျိမပဋိပဒါကြဖို့  ..  တို့ညွှန်းလိုက်တဲ့စာ
များသာဖတ်ကြပါစို့လို့ နိဂုံးချုပ်ပါတယ်။
REFENERCES
သုတ္တန်ပိဋကတ်၊ဒေ၀တာသံယုတ်၊
သကလိကသုတ်။
█░အလင်းရှင် ░█
မှတ်ချက်။ ဤဆောင်းပါးတင်ချန် (၂)ရီခန့်ကြာသည်။ မြန်မာကျပ်ငွေ
(၈၀၀)ကျပ်ကုန်ကျသည်။

http://ungminkhoun.blogspot.com/ မှာ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒဆိုတဲ့အခန်းရှိ
တယ် အဲဒီလင့်မှာဝင်ဒေါင်းပါ။ ဒေါင်းရမယ့် ကျမ်းစာအုပ်က ..
(၁) ဒါနဒိဒီပနီကျမ်း။(၂)သီလ၀ိနိစ္ဆယကျမ်း။(၃) ရောဂန္တဒီပနီကျမ်း။
အေး အဲဒီသုံးကျမ်းလောက်ဖတ်လိုက်ရင် မင်းတို့ အလယ်လောက်မှရပ်
တက်သွားမယ်။အခြား ခေတ်ပေါ်ပင်စာအုပ်တွေဖတ်လို့ကတော့ ရူးသွား
မယ်။ မင်းတို့ အလယ်မှာရပ်နိုင်မှာမဟုတ်ဘူး၊ဒါတောင်နောက်ထပ်တစ်
ကျမ်းရှိသေးတယ် ၊ ငါကိုယ်တိုင်တောင်ရှာလို့မရတော့လို့ကွ။ငါထောင်က
ထွက်တော့ စာအုပ်တွေ ယူလိုသူတွေယူသွားကြတယ်။ဒါ့ကြောင့်ကျမ်းမ
ညွှန်းနိုင်တော့ဘူး။
အေးကွယ် .. ။ လောကထဲ မစ္ဇျိမပဋိပဒါကြဖို့ .. တို့ညွှန်းလိုက်တဲ့စာ
များသာဖတ်ကြပါစို့လို့ နိဂုံးချုပ်ပါတယ်။
REFENERCES
သုတ္တန်ပိဋကတ်၊ဒေ၀တာသံယုတ်၊
သကလိကသုတ်။
█░အလင်းရှင် ░█
မှတ်ချက်။ ဤဆောင်းပါးတင်ချန် (၂)ရီခန့်ကြာသည်။ မြန်မာကျပ်ငွေ
(၈၀၀)ကျပ်ကုန်ကျသည်။

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget