.

AlinShin

Tuesday, February 12, 2013

ပိဋကတ်အကိုးအကား နဲ့ ထောက်ပြငြင်းဆန်လိုသူများကို လေးစားစွာမျှော်လင့်နေပါတယ်။

ပိဋကတ်အကိုးအကား နဲ့ ထောက်ပြငြင်းဆန်လိုသူများကို  လေးစားစွာမျှော်လင့်နေပါတယ်။
  . . . . . .
“သူများတွေ အလှူလုပ်လို့ သာဓုခေါ်သံကြားတိုင်း ကိုယ်ကရမ်းပြီးသာဓု မခေါ် မိကြစေနဲ့”  “ဘာဖြစ်လို့လဲဆိုတော့ ”  “သူတို့က အကုသိုလ်ဒုစရိုက်အလုပ်တွေ နဲ့ ကြီးပွားပြီး အဲဒီကရတဲ့ငွေတွေနဲ့ အလှူလုပ်တယ်ဆိုပါစို့။”  “အဲဒီအလှူက သာဓုကို ကိုယ်က ၀မ်းပန်းတသာနဲ့ ခေါ်မိရင်”  “ခေါ်မိတဲ့ပုဂ္ဂိုလ်ဟာ အလှူရှင်ရဲ့အကုသိုလ် ဒုစရိုက် အလုပ်တွေကို ၀မ်းမြောက်သလိုဖြစ်သွားတဲ့အတွက်”  “အဲဒီအကုသိုလ်ဟာ ကိုယ့်ကို လာပြီးအကျိုးပေးစေပါတယ်။”
အချိန်ကား . . . မြန်မာပြည်တွင် စစ်အာဏာရူးများ ကြီးစိုးမင်းမူနေသော ကာလပင်တည်း။ တိကြစွာ ပြောရပါသော် မြန်မာနိုင်ငံဟာ အင်္ဂလိပ်လက်အောက်သူ့ကျွန်သဘောက်အဖြစ်မှ လွတ်မြောက်လာခဲ့- သော်လည်း ပြည်သူများဟာ အင်္ဂလိပ်ရဲ့ကိုလိုနီတို့ရဲ့ အကောက်ဉာဏ် affect တွေနဲ့ဆင်းရဲကြီးစွာနဲ့ ခံစားခဲ့ရပါတယ်။ အဲဒီကနေစပြီး တိုရင်းပြောရင် ဗိုလ်ချုပ်နေ၀င်းအစိုးရတက်တယ် သူကလည်း ဦးနုထံကနေစစ်အာဏာသိမ်းယူပြီး တစ်ပါတီအာဏာရူးစနစ်ဆိုတဲ့ ဆိုရှယ်လစ်စနစ်ကို တိုက်ပုံဝတ်ပြီး ပြည်သူတွေ ကိုဒုက္ခပေးပါတော့တယ်။
အဆိုးတကာ့အဆိုးခေါင် အမိုက်တကာ့အမိုက်ခေါင်ကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေပါပဲ။ မြန်မာပြည် ဟာ သူလက်ထက်လဲရောက်ရော သီပေါမင်းလိုပါပဲ ကုန်ပါလေရော။ တိုက်ဆိုင်မှုပဲပြောရမလားမသိ ဘူး သီနဲ့သန်းနဲ့ခေတ်မှာ အဓိပ္ပါယ်နေ့နံတူသလို မြန်မာပြည်တွင်းဆုံးရှုံးမှုတွေကလည်းအတူတူပါပဲ။ သီ - - -ဟာ အင်္ဂလိပ်တို့ဖမ်းသွားပြီး ပြည်တွင်းမှာ ရတနာမှန်သမျှအားလုံး အင်္ဂလိပ်တို့ယူသွားတယ်။ သန်း - - - ဟာ စစ်အာဏာရူးဘ၀ကနေပြည့်သူ့လက်ထဲကို အာဏာပြန်ထည့်ပေးလိုက်ချိန်မှာ မြန်မာ ပြည်ရှိသယံဇာတပစ္စည်းများအားလုံးဟာ တရုပ်လက်ထဲကိုထည့်ပေးလိုက်ရပါတယ်။
ကဲ . . . လိုရင်းပျောက်သွားမှာမို့ အစပြန်ကောက်ကြရအောင် . . ။ အဲလို ကျနော်လူဖြစ်လာခဲ့တဲ့အချိန် ဟာ မြန်မာပြည်ရှိပြည်သူပြည်သားတွေအားလုံးဟာ ခွေးဘ၀ခွေးသာသာနဲ့ မျက်စေ့ပိတ်နားပိတ် အားလုံးအပိတ်ခံရကာ ဗုဒ္ဓဘာသာဘာညာဆိုတဲ့သာသနာရေးဘာသာရေးကို ခြေယောင်ပြကာ စုတ် ပြတ်သတ်ခဲ့ရသော ပြည်သူတွေရဲ့အသိဉာဏ် စုတ်ပြတ်သတ်ခဲ့ရသော ပြည်သူတွေရဲ့ အဟာရ စုတ် ပြတ်သတ်ခဲ့ရသော ပြည်သူတွေရဲ့ကျန်းမာရေး စုတ်ပြတ်သတ်ခဲ့ရသော ပြည်သူတွေရဲ့လူနေမှုအဆင့် အတန်း။
အဲလိုနဲ့ ကျနော်ဟာ ဗုဒ္ဓဘာသာဝင်မိသားစုမှပေါက်ဖွားလာသည်ကတကြောင်း ကျနော်ကိုတိုင်လေ့ လာမိတဲ့ဘာသာတွေထဲမှာ ဗုဒ္ဓဘာသာကို ပိုမိုစိတ်ဝင်စားသည်ကတကြောင်း ကျနော်ဟာ ဗုဒ္ဓဘာ- ရဟန်းတော်ဘ၀ကိုရရှိခဲ့ပါတယ်။
ရဟန်းဘ၀(၂)၀ါအရမှာ တောနေရဟန်းဘ၀နဲ့နေခဲ့ပါတယ်။ အဲဒီလိုတောနေရဟန်းဘ၀နဲ့နေချိန်မှ ကျေးရွာတစ်ရွာက အိမ်တစ်ခုမှာ ကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးတရားတိတ်ခွေဖွင့်သံကို ကြားလိုက်ရပါတယ်။ ဆရာတော်ကြီးက  . . . . . .
“သူများတွေ အလှူလုပ်လို့ သာဓုခေါ်သံကြားတိုင်း ကိုယ်ကရမ်းပြီးသာဓု မခေါ် မိကြစေနဲ့”  “ဘာဖြစ်လို့လဲဆိုတော့ ”  “သူတို့က အကုသိုလ်ဒုစရိုက်အလုပ်တွေ နဲ့ ကြီးပွားပြီး အဲဒီကရတဲ့ငွေတွေနဲ့ အလှူလုပ်တယ်ဆိုပါစို့။”  “အဲဒီအလှူက သာဓုကို ကိုယ်က ၀မ်းပန်းတသာနဲ့ ခေါ်မိရင်”  “ခေါ်မိတဲ့ပုဂ္ဂိုလ်ဟာ အလှူရှင်ရဲ့အကုသိုလ် ဒုစရိုက် အလုပ်တွေကို ၀မ်းမြောက်သလိုဖြစ်သွားတဲ့အတွက်”  “အဲဒီအကုသိုလ်ဟာ ကိုယ့်ကို လာပြီးအကျိုးပေးစေပါတယ်။”
ကဲ . . .ညီငယ်ညီမငယ်တို့ရေ . . . မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ စကားတော်ကို နားဆင်တော်မိ ကြပြီနော် . . .

ဗိုလ်မှူးတင်မောင်ဦး(ငြိမ်း)၏ အခင်းထဲတွင် ပြောင်ကျကျ ၀ှက်ထားသော အကောက်ရိုက်တံဆိပ်မပါတဲ့ သစ်လုံးများ

ထီးချိုင့်မြို့နယ်၊ပေါင်းနက်အုပ်စု ဗိုလ်မှူးတင်မောင်ဦး(ငြိမ်း)၏ အခင်းထဲတွင် ပြောင်ကျကျ ၀ှက်ထားသော အကောက်ရိုက်တံဆိပ်မပါတဲ့ သစ်လုံးများကို(ဂရိတ်ဝေါဦးတင်မောင်၏လူယုံ၊သစ်တောတာဝန်ရှိသူများကို ခေါ်ယူ၍ လက်ညိုးထိုးပြသခဲ့သော်လည်း သစ်တောတာဝန်ရှိသူများမှ အပြောင်းရှင်းသစ်တောမှ ထွက်သော သစ်လုံးများဟု ပြောဆိုခဲ့ပါသည်၊ဒီနေရာမှာ မေးစရာရှိလာတာက ဒီလောက်လုံးပါတ်ကြီးတဲ့ သစ်လုံးတွေဟာ အပြောင်ရှင်းသစ်တောက ထွက်လို့ရသလားဆိုတဲ့မေးခွန်းပါပဲ၊ဒီဓါတ်ပုံကို ၁၀၊၂၊၂၀၁၃ရက်နေ့၊နေ့လည်က ရိုက်ကူးခဲ့တာဖြစ်ပါတယ်...(ဓါတ်ပုံတွင်ပါသောအိမ်မှာ ဗိုလ်မှူးတင်မောင်ဦး(ငြိမ်း)နေထိုင်ရာအိမ်ဖြစ်ပါသည်)
ထီးချိုင့်မြို့နယ်၊ပေါင်းနက်အု
ပ်စု ဗိုလ်မှူးတင်မောင်ဦး(ငြိမ်း)၏ အခင်းထဲတွင် ပြောင်ကျကျ ၀ှက်ထားသော အကောက်ရိုက်တံဆိပ်မပါတဲ့ သစ်လုံးများကို(ဂရိတ်ဝေါဦးတင်မောင်၏လူယုံ၊သစ်တောတာဝန်ရှိသူများကို ခေါ်ယူ၍ လက်ညိုးထိုးပြသခဲ့သော်လည်း သစ်တောတာဝန်ရှိသူများမှ အပြောင်းရှင်းသစ်တောမှ ထွက်သော သစ်လုံးများဟု ပြောဆိုခဲ့ပါသည်၊ဒီနေရာမှာ မေးစရာရှိလာတာက ဒီလောက်လုံးပါတ်ကြီးတဲ့ သစ်လုံးတွေဟာ အပြောင်ရှင်းသစ်တောက ထွက်လို့ရသလားဆိုတဲ့မေးခွန်းပါပဲ၊ဒီဓါတ်ပုံကို ၁၀၊၂၊၂၀၁၃ရက်နေ့၊နေ့လည်က ရိုက်ကူးခဲ့တာဖြစ်ပါတယ်...(ဓါတ်ပုံတွင်ပါသောအိမ်မှာ ဗိုလ်မှူးတင်မောင်ဦး(ငြိမ်း)နေထိုင်ရာအိမ်ဖြစ်ပါသည်) 
Nit Sann Thit shared ဟာဂျူလီ ကသာ's photo. မှကူးယူဖေါ်ပြသည်
By:အလင်းရှင် http://aungminkhoung.blogspot.com
 
ငြိမ်းချမ်းရေးလမ်းလျှောက်သူများ သဘောထားချင်းမတိုက်ဆိုင်သဖြင့် အဖွဲ့(၂)ဖွဲ့ကွဲ

ငိမ်းချမ်းရေးလမ်းလျှောက်သူများ သဘောထားချင်းမတိုက်ဆိုင်သဖြင့် အဖွဲ့(၂)ဖွဲ့ကွဲ
Monday, February 11, 2013
ကဲအခုကြည့်ကြစမ်းပရိတ်သတ်တို့ . . . ဒီထက်ပိုပြီး မြန်မာရဲ့အကျင့်စုတ်ကို ဖြည်ပြရရင် ဘယ်ခေါင်းဆောင်အဆက်ဆက်ကမှ ကောင်းလာခဲ့တာပမရှိပါဘူး ။အခုသိန်းစိန်အထိပါပဲ။ ဟိုး . . တို့က ကျနော်တို့သမိုင်းမှာ သင်ခဲ့တဲ့ ဘ၀ရှင်မင်းတြားကြီးတို့ . . .. စသည်ဖြင့်ပေါ့ဗျာ။ အဲဒီကနေ အခုသိန်းစိန်အထိပဲ။ မြန်မာမှာရှိတာတစ်ခဲ့ပဲရှိတယ် . ..  မြန်မာမှာ တက်တာတစ်ခုပဲရှိတယ် ဘာလဲဆိုတော့ သောက်ကျင့်မကောင်းတာမှန်သမျှ မြန်မာလူမျိုးမှာအကုန်တက်တယ် . . . သောက်ကျင့်မကောင်းတာမှန်သမျှ မြန်မာလူမျိုးမှာအကုန်ရှိတယ်။ ဒါ့ကြောင့် ကျနော် စာတွေများများဖတ်ဖြစ်ကတည်းက မြန်မာပြည်မှာ နေကိုမနေချင်ဘူး။ မြန်မာလူမျိုးလို့ အခေါ်ကိုမခံချင်ဘူး။ ဘာဖြစ်လို့လဲဆို တော့ အခု ကြားကြတဲ့အတိုင်းပဲလေ . . . .

ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် ရန်ကုန်မြို့မှ လိုင်ဇာမြို့သို့ ခရီးရှည်
ချီတက်လာသောအဖွဲ့တွင် ဦးအောင်မြင့် ခေါင်းဆောင်သောအဖွဲ့နှင့် ကိုရန်နိုင်ထွန်းခေါင်းဆောင်သောအဖွဲ့(၂)ဖွဲ့ကွဲနေကြောင်းသိရှိရသည်။

“ မှန်ပါတယ်၊ သူတို့ချင်း လူကြီးနဲ့လူငယ်လမ်းတစ်လျှောက်မှာ အချို့  ကိစ္စလေးတွေနဲ့ပတ်သက်ပြီးအဆင်မပြေတာတွေရှိခဲ့ပါတယ်။
အထူးသဖြင့် ဒီလမ်းလျှောက်တဲ့ခရီးမှာဦးအောင်မြင့်ကငြိမ်းချမ်းရေး ကိစ္စအပြင် နိုင်ငံရေးအကျဉ်းသား လွတ်မြောက် ရေးကိစ္စကိုပါေ ရာနှောချင်တယ်၊ ဒါကို ကိုရန်နိုင်ထွန်း ဦးဆောင်တဲ့လူငယ်အဖွဲ့က လက်မခံနိုင်ဘူး၊ ကိုရန်နိုင်ထွန်းတို့ အဖွဲ့တွေက မြို့ဝင်တိုင်း ဆန္ဒပြတာမဟုတ်တဲ့အကြောင်းဝန်ခံကတိထိုးလာရတဲ့အတွက် ငြိမ်းချမ်းရေးသီးသန့်ဘဲ ချီတက်ချင်တယ်၊ အလံကိုင်တာတွေ၊ ဆန္ဒပြတာတွေမလုပ်ချင်ဘူး၊ အဲဒီကိစ္စတွေကနေစပြီး ပြဿနာဖြစ်တာပါ။ နောက်တစ်ခုက ခရီးတစ်လျှောက်လုံးရရှိလာတဲ့
အကူငွေခွဲဝေသုံးစွဲရေးနဲ့လည်း ပတ်သက်ပြီးအငြင်းပွားကြတယ်။ ဦးအောင်မြင့်က ကိုရန်နိုင်ထွန်းတို့အဖွဲ့ကို ရလာတဲ့ ရန်ပုံငွေကိုချုပ်ကိုင် ထားတယ်လို့စွပ်စွဲနေတယ် ” ဟု လမ်းလျှောက်ချီတက်ရာတွင် ပါဝင် သော လူငယ်တစ်ဦးမှပြောပါသည်။ ခရီးစဉ်အတွင်း ဦးအောင်မြင့်မှ မြို့အ၀င်များတွင် ဗကသအလံလွှင့်ထူခြင်း၊ နိုင်ငံရေးအကျဉ်းသားပုံစံသရုပ်ဖော်သည့် အနေဖြင့် သံခြေချင်းဝတ်၍ မြို့များသို့ဝင်ရောက်ရန်စီစဉ်ခဲ့သော်လည်း ကိုရန်နိုင်ထွန်း ဦးဆောင်သော အဖွဲ့မှ ပြင်းထန်စွာကန့်ကွက်ခဲ့သည်။ ၎င်းကိစ္စများနှင့်ပတ်သက်၍ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ည ပလိပ်မြို့တွင်ညအိပ်ရပ် နားစဉ် မန္တလေးမစိုးရိမ်ကျောင်းတိုက်မှ ဆရာတော်ဦးဝိရသူမှ မန္တလေးမြို့သို့ဝင်ရောက်သည့်အခါ ဆန္ဒပြသည့် သဘောမဟုတ်ဘဲ ငြိမ်းချမ်းရေးလမ်းလျှောက်သည့်အနေဖြင့်အလံများလွှင့်ထူခြင်း၊ ကြွေးကြော်သံများဟစ်အော်ခြင်း မပြုလုပ်ရန် လာရောက်ညှိနှိုင်းခဲ့သည်။ 
 သို့သော် ယနေ့နံနက် မန္တလေးမြို့သို့ဝင်ရောက်ရာတွင် ဦးအောင်မြင့်ခေါင်းဆောင်သောအဖွဲ့မှ ဗကသအလံများလွှင့် ထူဝင်ရောက်ခဲ့ပြီး ကိုရန်နိုင်ထွန်းဦးဆောင်သောလူငယ်အဖွဲ့မှ ဦးအောင်မြင့်တို့နှင့်အတူတကွ
မ၀င်ရောက်ဘဲ အချိန်တစ်နာရီခြားပြီးမှသာ ၀င်ရောက်ခဲ့ကြောင်းသိရှိရသည်။ ဖေဖော်ဝါရီ ၁၁ ရက်နေ့က facebook စာမျက်နှာအချို့တွင် ကိုရန်နိုင်ထွန်း ဦးစီးသောငြိမ်းချမ်းရေးလမ်းလျှောက် သည့်လူငယ်အဖွဲ့သည် ပံ့ပိုးကူညီ
သူများအား ရိုင်းစိုင်းစွာဆက်ဆံနေကြောင်း ၆.၂.၂၀၁၃ ရက်နေ့က မိတ္ထီလာမြို့ ပွင့်လင်းလူ့အဖွဲ့အစည်း မှ ပေးပို့သောသ၀ဏ်လွှာအား ပြန်ပေးပြီး ဦးဂမ္ဘီရပေးပို့သော ငြိမ်းချမ်းရေးအလံအားလည်း လက်မခံခဲ့ကြောင်းရေး သားထားသည်ကို တွေ့ရှိရသည်။ 
Ref. Myanmar Online News 

ဗမါ ဆရါဝင်္န မှကူးယူဖေါ်ပြပါသည်။ 
By:အလင်းရှင် http://aungminkhoung.blogspot.com

Monday, February 11, 2013

သူတပါးအိမ်ဖျက်၊ ရေဖြတ်၊ မြေနီကုန်းက ဘိန်းမင်းသား----

ဖိုးသူတော်လှဲတော့

တောင်မွှေးကူတယ် ။
တောင်မွှေးလှဲတော့
သမတ
ကယ်မှာလား...။
------------------------------------------------------
သူတပါးအိမ်ဖျက်၊ ရေဖြတ်၊ မြေနီကုန်းက ဘိန်းမင်းသား----

ဗားဂရာ လမ်း အမှတ် ၂၆၀ စမ်းချောင်း ၊ တရုပ် နံမည် ချန် ချူးဖေါင် ဘိန်း ရောင်းသူ ပြီးတော. မြေနီကုန်း မှာ ဘရစ် ခ်ျ စတုန်း ကားဘီးတွေ ပါရောင်းသူ၊ မူလက ရှမ်းပြည် တောင်ကြီး လူဝင်မှု က ထုတ်ပေးတဲ. ဧည်.နိုင်ငံသား ကဒ် ကိုင်ထားသူ ဦးတင်.နိုင် (ခေါါ်) ချန် ချူးဖေါင်ဟာ-ရွှေတောင်ကြား ၂ ရပ် ကွက် ထဲ က မြေ တကွက်ကို အဓမ္မ နည်းတွေသုံးပြီး မောင်ပိုင်စီးဖို.ကြိုးစားနေပါတယ်။

သူ ယုတ်မာခဲ. တဲ.သူက လေဖြတ်ထားပြီး အိပ်ရာပေါ်ကမထနိုင် သူ. ဆိုင်းတောင် သူ မထိုးနိုင်တော.တဲ. အသက် ၇၉ နှစ် အရွယ် အဘတဦးပါ။ ထို အဘမိသားစုပိုင် အိမ်ကို သားသမီးအရင်းတွေ အနားမှာ မရှိတဲ. အချိန် အချောင်လိုချင်တဲ. ဒီ လူယုတ်မာ တင်.နိုင်ကို တရား နည်းလမ်းကျစွာ ပြန်တုန်.ပြန်ချင်ပါတယ်။ လိုအပ်လျှင် an eye for an eye ပါပဲ။ ဘောင်ထဲက အရေးယူနိုင်ဖို. စိတ်ဝင်စားသောသူများ ဆက်သွယ်နိုင်ပါတယ်။

လူ. အခွင်.အရေး ချိုးဖေါက်ပြီး သက်ကြီး ရွယ်အို တဦးကို တိရိစ္ဆာန် တစ်ကောင်လို ဆက်ဆံ အနိုင်ကျင်.ပြီး သူများအိမ်ကို အချောင်လိုချင် တဲ. တင်.နိုင် ခေါ် ချင် ချူး ဖေါင် က ဘိန်းရောင်း ပြီး စီးပွားတောင်.တော.၊ သူ လုပ်တိုင်း ရမယ် လို. အထင် ရှိနေပုံ ရပါတယ်။

သူများဘိုးဘွားပိုင်မြေ တကွက် အချောင် ရဖို. --အိမ်ဝင် ဖျက်၊ ရေလိုင်းတွေ ပါ ပိတ် ဖျက်ဆီးခဲ.တယ်။ တယောက်ထဲ နေရရှာတဲ. အဖိုးကြီးအို တစ်ဦး သန်.ရှင်း ရေး လုပ်လို. မရအောင် ကို ရေအိမ်ထဲမှာ ပါ အုတ်ခဲတွေ ခဲ တွေ သဲ တွေ ထဲ.ပြီး ပိတ်ခဲ.တယ်။ သူ ငယ်ပြန်ချင် သလိုလို ဖြစ်နေတဲ.၊ အဖိုးအို တဦးကို သူ. ကို သား အဖြစ်မွေးစားခိုင်းတယ်။ တရုတ်ကြီး ဘိန်း နဲ. မူး ရစ်ဆေးဝါးပါ ရောင်းဝယ်သူ တရုတ်ကြီးက အညာသား ပခုက္ကူ ဇာတိ ကျောင်းဆရာ အဘ ကြီး ရဲ. အမွေစား အမွေခံ သား အဖြစ်ရောက်သွားတယ်။

၂၀၁၂ ဂျွန် အိမ်ဖျက်ချိန် နဲ. ၂၀၁၂ နိုဝင်ဘာ အထိ အဘကြီးဟာ ကူမဲ. သူ မရှိပဲ နောက် က ရေချိုးခန်းလေးမှာ ရေ မရှိ မီး မရှိ ဘယ်မှာ လဲ မသွားနိုင်ပဲ နံနံ စော် စော် နေရ တယ်။ တင်.နိုင် လုပ်ပုံ က လူ သတ်လို. မရတော.လေဖြတ်ထားပြီး မသွားမလာ ဘယ်သူ. ကို မှ မတိုင်ကြားနိုင်တော.တဲ.၊ အဖိုးကြီးတစ်ယောက်ကို မသေ သေ အောင် ညှင်းဆဲပြီး သေတဲ. အချိန်မှာမှ သူက မွေးစားသား ဆိုပြီး သားသမီး အရင်းတွေ နိုင်ငံခြား ရောက်နေတုန်း ၀င် မောင်ပိုင် စီး မယ် ၊ ဒီ လို စီ စဉ်ထားတာပါ။

၂၀၁၂ နိုဝင်ဘာ အထိ အဘကြီး က အသက်ပြင်း မသေသေးတော. နောက်ဆုံး မြေနီကုန်းက တင်.နိုင်လူတွေက တညနေ အဘကြီးကို ချော.ခေါ် သွားပြီး လူကြီးကို လမ်းဘေးမှာထားခဲ.တယ်။ အရက်နဲ. စိတ်ကျဆေး တိုက်၊ ပေါင်းတိုက်ရင် ဘာဖြစ်မလဲ လူတိုင်းသိတယ်။ ဒီလို ထပ် လုပ်ကြံအပြီး အဘကြီး ဒုတိယ အကြိမ် လေဖျန်း ဘုန်းဘုန်းလဲကျ၊ တံ ခါးဘေးမှာ တစ်ယောက်ထဲ လဲ ကျကျန်နေခဲ.တယ်။ လုပ်တုန်းကတော. လူအိုကြီး ပြန်ထလာနိုင်ရင် စကား ပြန်မေးလို. မရတော. လောက်အောင် လေဖြတ်ဆုံးပါးသွားအောင်လုပ်တာပါ။ အဘကြီး က လေတခါ ဖြတ်ပြီးသားမို.၊ ဒုတိယ အကြိမ်ကို သူတို. တမင် တွန်းပို. ကြံစည်ခဲ.ပါတယ်။ အသက် ၇၉ နှစ် အရွယ် လူ အို တစ်ယောက်ကို အသေ လုပ်တာပါ။

လမ်းမလျှောက် လှေခါးဘေးမှာ လဲနေတဲ.အဘကို လူ ၂ ဦး က ပြန်ခေါ်လာပြီး ပြုစု သူ မရှိတဲ. အိပ်ခန်းလေးထဲ ထဲ. ခဲ.တယ် ။၂၀၁၂ နိုဝင်ဘာ ၁၂ ရက်။ ၃ ရက် ကြာ အစာ မရှိ ရေမရှိ နံစော်နေတဲ. အခန်းလေးထဲမှာ ပိတ်မိနေတော.၊ အဘကြီးစီ ရေသန်. လာ ရောင်းတဲ. သူတယောက်က နောက်ဆုံး အိပ်ရာထဲ လဲ နေတာ တွေ. ပြီး ဆေး ရုံပို. ခဲ.တယ်။ အဘကြီး အသက် ရှုနေပါသေးတယ်။ သူ. လက်တွေ ခြေတွေ ကတော. မလှုပ်နိုင်ပါ။ ဒီအခြေအနေမှာ တင်.နိုင်က သူ. လူတွေ လွှတ်ပြီး အဘ ဘယ်ဆေးရု့တက်လဲ လိုက်စုံစမ်း လို. အဘကြီး လုံခြုံရေး အရ ဖွက်ထားရပါတယ်။

ရွှေတောင်းကြား ၂ ရပ်ကွက် ရပ် ကွက် အုပ်ချုပ်ရေး ကပါ ဒီ အကြောင်းတွေ သိတယ်။

မြန်မာပြည် ဘယ်လိုဖြစ်နေသလဲ၊ အဘကြီး သားသမီးတွေ သိတဲ. အချိန်မှာ အိမ်က အုတ်ပုံ ပဲ ကျန်တော.တယ်။ ၂၀၁၂ စက်တင်ဘာမှာ ဗဟန်းစည်ပင် နှင်. မြို. တော် ရေဌာန မှာ ရေပြန်သွယ်လို.ရအောင် စည်ပင်စီ တရားဝင် လျှောက်လွှာတွေနဲ. ရေပြန်လျောက်တော.×××အမည်ရ ဗဟန်းစည်ပင် သူက ရေ လျောက်ခွင်. တွေ တနိုင်ငံလုံး ပိတ်ထားတယ်လို.ပြောတယ်။

အိမ်က အမှတ် ၁၇ အီး အင်းယားမြိုင်လမ်း သွားကြည်.နိုင်ပါတယ်။ မြင်.ကို ဆိုသူ က တင်.နိုင် ၏ ဒလံဖြစ်ပြီး သူဌေးတင်.နိုင်ခိုင်းတာ တာ ၀န်ယူ လုပ်ကိုင်ပေးနေတာဖြစ်ပါတယ်။ အိမ်ဖျက်သွားတာကတော. တင်.နိုင် ညီ အမ ၂ ယောက်ဖြစ်ပါတယ်။ အားလုံး ရှမ်းပြည်က ပါ။ သဘောပေါက်ပေါ.။ အိမ်ဝင်ဖျက်တဲ. မိန်းမ နှစ်ယောက် က ကြည်.မြင်တိုင်မှာနေပါတယ်။

ဒီ လို အချိုး ဒီ ပုံတွေ မြန်မာပြည်မှာ ကူပေးမဲ.သူ နည်းနညှ်း မ ရှိပဲ ဆက်ဖြစ်နေရင်၊ မခံနိုင်တဲ.သူတွေက ခေတ်သစ် မွန်တီ ခရစ်စ်တို တွေ ဖြစ်လာကြလိမ်.မယ်။ ရက်ရက်စက်စက် ပြုထားသူတွေကို ရက်ရက်စက်စက် ပြန်တုန်.ပြန်ကြလိမ်.မယ်။ ရပ်တည်ချက်နဲ. လူလုပ်နေတဲ.သူတွေ မျိုး မတုန်းသေးဘူး။

တင်.နိုင် လူယုတ်မာက အမေရိက ကို အကြံအဖန်နဲ. လာခွင်. ရ ထားတယ်။ အမေရိက မှာ သန်းရွှေ လက်ထက် စီးပွား ဖြစ်ခဲ. တဲ. သူတွေ အများကြီး။ တင်.နိုင်မှာမယား ၄ယောက် ရှိပြီး ခု သူတို.မောင်ပိုင်စီးမဲ. အိမ်ကို မယားနံပါတ်၂ နဲ. သူ. ရီးဇား ဖြစ်သူက က တင်.နိုင် လက်ဝေခံ လုပ်ပြီး မတရား ၀င်လုဖို.ကြံနေကြတယ်။

ဗဟန်း ရဲ စခန်း နဲ. ဗ ဟန်း စည်ပင်သာယာ ကို တင်.နိုင် ခွန်.ထားတယ်။ဒါစနစ်၏ ပြဿနာ တစ်ခုပဲ မဟုတ်ပါလား။ ရှမ်းပြည် က ရှမ်းတရုပ်တစ်ယောက် က သူ များ အိမ်တွေ ၀င်ဖျက်၊ မွေးစားသားဖြစ်၊ အိမ်သာ က အစ ဖျက်။ လူ ကြီး ကို သေနတ်ပြ၊ အရပ်စာချုပ်တွေသုံးပြီး၊ ပိုင်နက်ကျူးလွန် သူတပါးအိမ်ကို အုတ်ပုံဖြစ်အောင်ဖျက်ဆီးပြီးကာမှ အိမ်ပိုင် ရှင် လုပ်ဦး မလို.တဲ.။ ဘောင်ထဲက အရေးယူနိုင်ဖို. စိတ်ဝင်စားသောသူများ ဆက်သွယ်နိုင်ပါတယ်။
-------------------------------
အေးအေးစိုးဝင်း
ဖေဖေါ်ဝါရီ ၁၀ ၂၀၁၃
ကိုသောင်း ပုလဲမြေ  မှကူးယူဖေါ်ပြသည်
By:အလင်းရှင် http://aungminkhoung.blogspot.com

Human Right ကို ကိုင်ပြီးပြောတဲ့သူတွေ ပြောတဲ့အချက်က

Human Right ကို ကိုင်ပြီးပြောတဲ့သူတွေ ပြောတဲ့အချက်က ဘင်္ဂါလီတွေရဲ့ ရပိုင်ခွင့်ပါပဲ။ လူသားတစ်ယောက်အနေနဲ့ နိုင်ငံမဲ့ဖြစ်အင်ဆိုတာ မရှိထိုက်ဘူးဆိုတာပဲဖြစ်ပါတယ်။
ဒါပေမယ့် စဉ်းစားစရာတွေရှိပါတယ်။

(၁) တိုင်းပြည်တစ်ခုမှာ သူ့ရဲ့ Resource ဆိုတာအကန့်အသတ်ရှိပါတယ်။ ဒီလို သယံဇာတတွေကိုခွဲဝေဖို့အတွက် စက်မှုနိုင်ငံကြီးတွေဟာ အရှေ့အလယ်ပိုင်းမှာ ခြေရှုပ်နေကြပါတယ်။ မြန်မာလို နိုင်င်ငံက အခြေခံစီးပွားရေးအဆောက်အအုံတောင်မခိုင်မာသေးတဲ့အချိန် ရပိုင်ခွင့်ပြောလာတာ ပြဿနာဖြစ်ပါတယ်။

(၂) ဒုတိယအချက်က လုံခြုံရေးဖြစ်ပါတယ်။ ဘယ်နိုင်ငံကမှ တိုင်းပြည်လုံခြုံရေးနဲ့လူ့အခွင့်အရေးကို တန်းတူထားပြီးမစဉ်းစားပါဘူး။ မောင်တောဒေသဟာ တိုင်းရင်းသားလက်နက်ကိုင်တပ်မရှိတဲ့ ဒေသဖြစ်ပါတယ်။ ဒီဒေသကို အစိုးရကလဲ Abuse ခဏခဏ လုပ်နေပါတယ်။ ဦးနုလက်ထက်ကတည်းပါ။ တိုင်းရင်းသားလက်နက်ကိုင်တပ်မရှိတဲ့အချက်ရယ်၊ လူဦးရေပေါက်ကွဲမှုပြဿနာရယ်၊ ဆင်းရဲမွဲတေပြီး အစ္စလာမ်အကြမ်းဖက်ဝါဒအလွယ်တစ်ကူ ပြန့်ပွားနို်င်တဲ့အချက်ရယ်၊ မူဂျာဟစ်သူပုန်နဲ့ သီးခြားအစ္စလာမစ်ပြည်နယ်ထူထောင်ဖို့ ကြိုးစားခဲ့ဖူးတဲ့ သမိုင်းရယ် ဆိုတဲ့လေးချက်ပေါင်းလိုက်ရင် ဒီကိစ္စဟာ လုံခြုံရေးအရ "Red Stage" မှာထားရမယ့်အနေအထားဖြစ်ပါတယ်။

(၃) နောက်တစ်ချက်က ဒီဒေသဟာ နယ်စပ်ဒေသဖြစ်ပါတယ်။ ဗဟိုပြည်မမှာဖြစ်တာမဟုတ်ပါ။ ဗဟိုပြည်မမှာဆိုရင် လူ၊ တပ် တံတိုင်းတွေနဲ့ပတ်ချာလည်ဝိုင်းထားလို့ရပေမယ့် နယ်စပ်ဒေသမှာ ပဋိပက္ခဖြစ်လာရင် အချိန်မရွေးပဲ့ထွက်သွားနိုင်တာဖြစ်ပါတယ်။ ဒါက နိုင်ငံတော်အချုပ်အခြာအာဏာကိုခြိမ်းခြောက်မှုဖြစ်ပါတယ်။ နောက်ပြီး Ethnic Rightခေါ် တိုင်းရင်းသားဖြစ်ခွင့်ကိုတောင်းနေတာဖြစ်ပါတယ်။ တိုင်းရင်းသားဖြစ်ခွင့်ဆိုတာ မြန်မာပြည်မှာ 1947 အခြေခံဥပဒေရပိုင်ခွင့်နဲ့ ပင်လုံစာချုပ်အရ တော်တော်များများကို နိုင်ငံရေးအရ အရေးပါနေတာဖြစ်ပါတယ်။ လိုအပ်လျှင် ဖက်ဒရယ်နိုင်ငံဖြစ်လာလျှင် သီးခြားခွဲထွက်ခွင့်အထိ ပြဿနာရှိလာနိုင်တဲ့ကိစ္စဖြစ်ပါတယ်။ ဒီကိစ္စကို လူ့အခွင့်အရေးကို အသုံးချလို့ လော်ဘီအုပ်စု+မီဒီယာတွေရဲ့အကူအညီနဲ့ အကောင်အထည်ဖော်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။

(၄)မြန်မာနိုင်ငံရဲ့ နိုင်ငံရေးတည်ငြိမ်မှုဟာအတော်ဆိုးတဲ့အခြေအနေမှာရှိနေတာပါ။ နိုင်ငံရေးမတည်ငြိမ်ဘဲ အစိုးရနဲ့ အတိုက်အခံကြားက ကွက်လပ်ဟာ အခွင့်ကောင်းတစ်ခုပါ။ နောက်ပြီး ဦးသန်းရွှေရဲ့ အုပ်ချုပ်ပုံအရ လျော့ရဲတဲ့ ဗျူရိုကရေစီမှသာ သူ့အတွက် ထိန်းချုပ်ရလွယ်မှာမို့ တမင်ဖျက်ဆီးသွားခဲ့တဲ့ အနှစ်နှစ်ဆယ်ဟာ ဒီအန္တရာယ်ကို ကြီးသထက် ကြီးလာစေခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ကြံ့ခိုင်ရေးပါတီထဲက အမတ်ဟာ တိုင်းရင်းသားတွေကို စော်ကားရဲတဲ့အထိ အဖြစ်ဆိုးနေပြီးနာမည်ကောင်းယူလိုလှတဲ့ ဦးရွှေမန်း ပါးစပ်ပိတ်နေရတာပဲဖြစ်ပါတယ်။

(၅) လွှတ်တော်ထဲ အထိ တရားဝင်တက်ထိုင်ပြီး တရားဝင်လမ်းကြောင်းက စစ်မျက်နှာတစ်ခု၊ နိုင်ငံတကာမီဒီယာတွေနဲ့ ပင်းပြီး လုပ်ကြံတာက စစ်မျက်နှာတစ်ခုနဲ့ လိုချင်တာကို မရရအောင် တိုက်ယူဖို့ လုပ်နေတဲ့အခင်းအကျင်းပါပဲ။ အာဏာရပါတီနဲ့ ပေါင်းပြီး အကြိုက်ဆောင်ပေးခြင်းဟာ သိသာတဲ့ လုပ်ရပ်ပါပဲ၊ ဒီချုပ်နဲ့ ကြံ့ဖွံ့ တစ်စောင်းစေးနဲ့မျက်ချေးပေမယ့် ဒေါ်စုကို ထောက်ခံတဲ့ ဘင်္ဂါလီနဲ့ ကြံ့ခိုင်ရေးဘင်္ဂါလီအမတ်တွေ မသင့်မတင့်ဖြစ်ကြတာ ဘယ်နှခါများ မြင်ပြီးပါသလဲ။ သတိထားကြည့်ပါ။

(၆) ချုပ်ပြောရရင် ဟင်္သာကိုးသောင်းနဲ့ ပင့်ကူ ဇာတ်ကို အားလုံးပြန်ဖတ်ဖို့လိုပါလိမ့်မယ်။ ဦးသန်းရွှေအတော်လေး ဒုက္ခပေးခဲ့လို့ ဒုက္ခတော့ေ၇ာက်နေပါပြီ။ လှေပေါက်နေတဲ့အချိန် လှေအရင်မဖာဘဲ တစ်ယောက်နဲ့တစ်ယောက်လက်ညှိုးထိုးနေရင်တော့လှေနစ်ရုံပဲရှိပါလိမ့်မယ်။
-----------------------------------------------------------
ရာဇာဓိ ရာဇာ shared Myo Set's photo. 
 
Like · ·

ဆီဆိုင် သို့မဟုတ် သစ်စေးပင်ခြောက်

ကိုသောင်း ပုလဲမြေ မှကူးယူသည်
By:အလင်းရှင် http://aungminkhoung.blogspot.com
( ကဗျာဆရာ စောဝေ ရဲ့ ကဗျာတစ်ပုဒ်ပါ ပြည်ထောင်စုနေ့ အမှတ်တယတင်ပေးလိုက်ပါတယ် .... ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုပြီး
နွားကျောင်းသားလိုပဲကျောင်းတဲ့နွားကိုလည်းမပိုင်”လူ(၂)သိန်းလောက်မှာမှ
အထက်တန်းကျောင်း(၄)ကျောင်းနဲ့ဒီမိုကရေစီနိုင်ငံတဲ့ ရယ်ရတယ်..........)

ဆီဆိုင် သို့မဟုတ် သစ်စေးပင်ခြောက်

တို့နိုင်ငံရှမ်းပြည်ရဲ့
အမြင့်ဆုံးတောင်ကို ပွေ့ပိုက်ထား
မဲနယ်တောင်တန်ုးရဲ့ ၈ပေမြင့်တဲ့
လွယ်မောတောင်ကို ခေါင်းအုံးပြီး
ပအိုဝ့်တွေဟာ ငြိမ်းချမ်းစွာ အိပ်စက်

ဘယ်လိုစစ်သားမှ
မနှောက်ယှက်ပါနဲ့
ပအိုဝ့် ပျိုဖြူတွေက
လူရောနှလုံးသားပါလှလို့
ဆီဆိုင်ရေ ......

ကမ္ဘာကြီးက
လက်ဆောင်စကားပါးလိုက်တယ်
ဆေးလိပ်ဖြစ်မဲ့
ဆေးရွက်ကြီး/သနပ်ဖက်
မစိုက်ကြပါနဲ့တဲ့
တောပြုန်းတောင်ြ့ပုန်း
လူ့အသက်တွေ ဆုံးရှုံးလို့ပါ

ဗမာကဗျာဆရာ
ရင်ဘတ်ကြီးပြာကြသွားအောင်
ပအိုဝ့်လူမျိုးတွေရဲ့ကိုယ်စား
ကိုအောင်ဇေ ကပြောတယ်

”စားဝတ်နေရေးက
ဘယ်သူကလာဖြေရှင်းပေးမှာလဲ
ကျုပ်တို့မှာ
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုပြီး
နွားကျောင်းသားလိုပဲ
ကျောင်းတဲ့နွားကိုလည်းမပိုင်”
လူ(၂)သိန်းလောက်မှာမှ
အထက်တန်းကျောင်း(၄)ကျောင်းနဲ့
ဒီမိုကရေစီနိုင်ငံတဲ့ ရယ်ရတယ်

လမ်းကလည်း
ကျောက်ခဲစားထားရင်တောင်
အစာကြေမဲ့လမ်း
တောင်မှန်သမျှယာမှန်သမျှလည်း
ခရိုနီတွေပဲရ
ဗမာဆိုရင်တွံတေးသိန်းတန်လို အသံကောင်းပြီး
သေနတ်ကိုင်တွေ
ရက်စက်ကြတယ်လို့
ဒေသခံတိုင်းရင်းသားတွေက
ယူဆပြီးသား
အမေရေကယ်ပါအုံး
အမေဒေါ်အောင်ဆန်းစုကြည်ရေ ကယ်ပါအုံး
လက်နက်ကိုင်ပြီး
အာဏာရူးတဲ့သူတွေကြောင့်
အားလုံးလူလုံးမလှ ဖြစ်ရပြီ

သိပ်လှတဲ့မဲနယ်တောင်တန်းကြီးဟာ
ဘိန်းဖြူကြောင့်
မညစ်နွမ်းစေချင်ဘူး ဆီဆိုင်
တို့နိုင်ငံတိုးတက်ဖို့
တို့နိုင်ငံကမ္ဘာမှာရင်ဘောင်တန်းဖို့
အသွေးအသားထဲကတောင်ဆိုတာ
ငြိမ်းချမ်းရေနဲ့
မှုးယစ်ဆေးဝါးကင်းစင်ရေး
ဘယ်သူ့မှလုပ်ပေးလို့မရ
ကိုယ်တိုင်လုပ်မှရမှာ
တို့အတူတူလုပ်ကြရအောင် ဆီဆိုင်

ဆီဆိုင်ရေ..........
မြို့ကိုဝင်ရင်ပဲ
တွေ့မြင်ရတဲ့ယောကျာင်္းမိန်းမ
နှလုံးသားထဲမှာ
ကိုယ့်အမျိုးတွေမြင်ရသလို
လူတိုင်းရက်စက်တာမဟုတ်
လက်နက်ကိုင်အာဏာရတဲ့သူပဲ
ရက်စက်တာ
ကျန်တဲ့သူတွေက
တိုင်းရင်းသားတွေအားလုံးချစ်
ဘယ်လိုဘ၀ဖြစ်ဖြစ် အတူနေချင်ပါတယ်

ငါချစ်တယ်ဆီဆိုင်
ပအိုဝ့်/ရှမ်း/ကရင်/ဗမာနဲ့အခြားလူမျိုးများ
ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်
ဆီဆိုင်ဟာ လှပါတယ်

ဒါပေမဲ့ တစ်ခုတော့ပြောခဲ့မယ်

တိုင်းပြည်မြောက်ဘက်နဲ့
အနောက်ဘက်တံခါးက ၀င်လာနေမဲ့
လူရမ်းကားတွေကိုတော့
တားဆီးကာကွယ်မောင်းထုတ်
လိုအပ်ရင် အသက်နဲ့ရင်းချင်လဲရင်းပါ
တို့အားလုံးပါမယ်

ဒါမှတို့ တိုင်းပြည်လူမျိုး သမိုင်းဟာ
ဂုဏ်မြင့်မယ် အမျိုးမြင့်မယ်
ဆီဆိုင်ငါသိပ်ချစ်တဲ့ ဆီဆိုင်
ငါသိသမျှမျှဝေခဲ့မယ်
ရိုးသားမှု့ကို ထိမ်းပါ
အမှန်တရားဘက်က ရပ်ပါ
အနုပညာကို ချစ်ပါ
ဒီမိုကရေစီကိုရအောင်ယူပါ
တိုင်းပြည်ကိုကာကွယ်ပါ
“ဘယ်အစိုးရတက်တက်
လျှပ်စစ်မီး အမြဲတမ်းရချင်တယ်
လျှပ်စစ်မီး တစ်ကယ်ရခဲ့ရင်
သန့်ရှင်းတဲ့ အစိုးရဖြစ်ဖြစ်
ညစ်ပတ်တဲ့ အစိုးရဖြစ်ဖြစ်
အစိုးရအဖြစ် သတ်မှတ်မယ်
တစ်နေ့ရရမှာပေါ့ ဆီဆိုင်”

အမှန်ကိုလက်နက်လုပ်
ရင်မြေကတုတ် ဆီဆိုင်
သူရဲကောင်း ဆီဆိုင်
ကမ္ဘာဆုံး ဆီဆိုင်
သူရဲကောင်း ဆီဆိုင် ။ ။

ကဗျာဆရာ (စောဝေ)
အတွဲ(၄)အမှတ်(၂)လျှပ်တပျက်ဂျာနယ်)

ဓာတ်ပုံကို www.kunpaoh.com မှရယူပါတယ်
---------------------------------------------
Zaw Ye
 
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မြန်မာနိုင်ငံသားတွေ ပိုက်လိုင်းဖျက်သိမ်းပေးဖို့ ဆန္ဒပြ

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မြန်မာနိုင်ငံသားတွေ ပိုက်လိုင်းဖျက်သိမ်းပေးဖို့ ဆန္ဒပြ

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ သွယ်တန်းမယ့် ရေနံနဲ့ ဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း ရပ်ဆိုင်းပေးဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ တရုတ်သံရုံးရှေ့ မှာ မြန်မာနိုင်ငံသား ၃ဝ ခန့်က ဖေဖေါ်ဝါရီလ ၁၁ ရက် ဒီကနေ့ နေ့လယ်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။

ရေနံနဲ့ ဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်မှုကြောင့် ဒေသခံတွေရဲ့ တံငါလုပ်ငန်း ထိခိုက်ခံရမှု၊ လယ်မြေသိမ်းခံရမှုတွေအပြင် ဒေသခံတွေရဲ့ ဆန္ဒမပါဘဲ တည်ဆောက်ခဲ့တာကြောင့် စီမံကိန်းကို ချက်ချင်း ရပ်တန့်ပေးဖို့အတွက်  တောင်းဆိုတာဖြစ်တယ်လို့  ဒီကနေ့ ဆန္ဒပြပွဲကို ခေါင်းဆောင်သူတဦးဖြစ်တဲ့ ပြည်ပရောက် ရခိုင်အလုပ်သမားများအဖွဲ့ ဥက္ကဋ္ဌ ဦးဖိုးလှ က အခုလို ပြောပြပါတယ်။

“ကျနော်တို့ ဆန္ဒပြတာက ဗမာပြည်ရဲ့ အနောက်ဘက်ကမ်း ရခိုင်ပြည်နယ် ကနေပြီးတော့ ရွှေဂတ်စ်ကို ရခိုင်ကို ဖြတ်ပြီးတော့ပေါ့ဗျာနော်၊ ၇၇ဝ ကီလိုမီတာဝေးတဲ့ ပိုက်လိုင်းနဲ့ ကျနော်တို့ပြည်က ဖြတ်ပြီးတော့ သူတို့ကယူမယ်၊ ကျနော်တို့ ပြည်သူတွေကို လုံးဝသုံးခွင့်မပေးဘူး၊ အဲဒါကြောင့် သုံးခွင့်ပေးဖို့ရယ်၊ နောက်ဒီပိုက်လိုင်း ဖြတ်သွားတဲ့ လမ်းခရီးတလျှောက်မှာ သဘာဝသစ်တောတွေ ပျက်စီးတာတွေ၊ နောက်ပြီးတော့ မြေတွေသိမ်းတာတွေ၊ နောက်ရွှေဂတ်စ် ပိုက်လိုင်းရှိတဲ့ ရေနက်ပိုက်လိုင်း ဆောက်ဖို့ဆိုပြီးတော့ အဲဒီဧရိယာကို မဖြတ်သန်းရဆိုပြီး သတ်မှတ်ပစ်လိုက်တဲ့အခါ ဒီနေရာမှာနေတဲ့ ရမ်းဗြဲကျွန်းက ရခိုင်ပြည်သူတွေရဲ့ ငါးလုပ်ငန်း၊ တံငါလုပ်ငန်းအလုပ်က လုံးဝပျက်စီးလုနီးပါး ဖြစ်သွားတယ်ဗျ။ အဲဒီတော့ကာ ကျနော်တို့က ဒီမှာတောင်းဆိုပါတယ်”

မြန်မာပြည်တွင်း ကီလိုမီတာ ၇၇ဝ ကျော်ရှည်လျားတဲ့ အဆိုပါပိုက်လိုင်း တည်ဆောက်မှုလုပ်ငန်းတွေကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအပြင် ဒေသခံပြည်သူတွေရဲ့ လက်ငုပ်လက်ရင်း စီးပွားရေးလုပ်ငန်းတွေပါ ပျက်စီးလုနီးပါး ဖြစ်ကုန်တာကြောင့် ချက်ချင်းရပ်တန့်ဖို့ လိုအပ်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

ဆန္ဒပြသူတွေကို တရုတ်သံရုံး လုံခြုံရေးဝန်ထမ်းတွေနဲ့ ဒေသခံအာဏာပိုင်တွေက ဆန္ဒမပြဖို့ မောင်းထုတ်ခဲ့ကြတယ်လို့ ဦးဖိုးလှ က RFA ကို ပြောပြပါတယ်။

“လုံခြုံရေးအခြေအနေက သူတို့က အတင်းပဲ နှင်ထုတ်တယ်ဗျ၊ ထောက်လှမ်းရေး ဘက်ပေါင်းစုံတွေ ပါတာပေါ့ဗျာနော်၊ Security Concern ပေါ့၊ စုပေါင်းအဖွဲ့တွေက ကျနော်တို့နောက်မှာ ထပ်ကြပ်မကွာလိုက်နေပြီးတော့ သူတို့က ဖမ်းမယ့်ဆီးမယ့် ပုံစံမျိုးပေါ့ဗျာ။ ခင်ဗျား ပြောနေတဲ့ဟာတွေကို ပိတ်ပါတော့ဆိုပြီး ပြောနေကြတယ်ဗျ။ သူတို့ကလေ၊ ဒါပေမဲ့ အတင်းပဲ ကျနော်တို့ ပြီးအောင်တော့ ပြခွင့်ရတယ်၊ ဒီရွှေဂတ်စ်ကတော့ ကျနော်တို့ရဲ့ ပိုင်ဆိုင်မှုတွေပါ။ ကျနော်တို့ရဲ့ ပိုင်ဆိုင်မှုအတွက် တောင်းဆိုခွင့် ရှိပါတယ်”

ဆန္ဒပြသူတွေက တောင်းဆိုချက် ၇ ချက်ကို ထုတ်ပြန်ခဲ့ပြီး စီမံကိန်းအတွက် စစ်တပ်ချထားတဲ့ နေရာတချို့မှာ မုဒိန်းမှုကဲ့သို့သော မှုခင်းတွေဖြစ်နေတာကို ချက်ချင်းရပ်တန့်ပေးဖို့၊ သိမ်းဆည်းထားတဲ့ လယ်မြေတွေကို တရားဝင်ပြန်လည်ပေးအပ်ဖို့၊ ဒေသခံတံငါသည်တွေရဲ့ လုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်နိုင်ဖို့ ပိတ်ဆို့ထားတဲ့လုပ်ကွက်နဲ့ လမ်းတွေကို ပြန်ဖွင့်ပေးဖို့၊ ဒေသခံတွေ အဓိကအားထားရတဲ့ ငါးလုပ်ကွက်တွေကို အစိုးရက သိမ်းယူပြီး လေလံတင် ရောင်းစားတာတွေကို ရပ်တန့်ဖို့  ဒေသခံပြည်သူတွေရဲ့ ဆန္ဒမပါဘဲ ဆက်မလုပ်ဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

ကိုသောင်း ပုလဲမြေ shared RFA Burmese's photo.မှကူးယူဖေါ်ပြသည် By:အလင်းရှင် http://aungminkhoung.blogspot.com

လုပ်ပြန်ပြီ။ သိန်းစိန် ငိုပြန်ပြီတဲ့

သမတကြီး
ဝဇီပိတ် 
ကျင့်နေတာလား...။

ကိုသောင်း ( ပုလဲမြေ )
------------------------------------------------
ယမန်နေ့ နေ့လည်က နေပြည်တော်ရှိ သမ္မတအိမ်တော်၌ ကျင်းပပြုလုပ်သော မီဒီယာတွေ့ဆုံပွဲတွင် သတင်းထောက်များ၏ မေးခွန်းများကို ပြန်လည်ဖြေကြားနေစဉ် ပွဲစပြီး မကြာမှီ မေးခွန်း ၃ခုခန့် ဖြေဆိုပြီးချိန်မှစ၍ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ဇောချွေးများ ပြန်လာကာ၊ မြေသိမ်း ယာသိမ်းကိစ္စမေးခွန်းများ၊ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ၎င်း၏ တစ်ဦးတည်းကိုယ်ပိုင်အမြင်အပေါ် မေးခွန်းများ အစရှိသည်တို့ကို ရှောင်လွှဲဖြေဆိုသွားပြီး အလွန်စိတ်အနှောင့်အယှက် ဖြစ်လျက်ရှိပုံ ပေါ်ခဲ့သည်။
ထို့နောက်မကြာမှီ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ကာကွယ်ရေးဝန်ကြီးမှ ခန့်အပ်နိုင်မှု အနေအထားနှင့် ပတ်သက်ပြီး Favourite Journal မှ မေးမြန်းချက်အရောက်တွင် မျက်စိမျက်နှာပျက်ကာ အသံများတုန်လာ၍ ပုံပါအတိုင်း မျက်ရည်များပါ ကျဆင်းလာခဲ့သည်။
အထက်ပါအဖြစ်အပျက်နှင့်ပက်သက်၍ မီဒီယာများအနေနှင့် နားလည်မှရှိစွာ ရေးသားဖော်ထုတ်ခြင်း မပြုလုပ်ကြရန်၊ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးကျော်ဆန်း၏ အဖြစ်အပျက်ကဲ့သို့ လူထုအကြား ပြန့်နှံ့ရောက်ရှိမသွားစေရန်အတွက် ပွဲအပြီးတွင် သမ္မတရုံးညွှန်ကြားရေးမှူး ဗိုလ်မှူးဇော်ဌေးမှ လိုက်လံ ပြောဆိုတောင်းပန်ထားသောကြောင့် မီဒီယာများအားလုံးကလဲ ယခုချိန်ထိ ရေငုံ နှုတ်ပိတ်လျက်ရှိနေကြသေးကြောင်း အတွင်းသတင်းများ ရရှိထား

---------------------------
Simon Aung
Friday
သမတကြီး  . ..   ၀ဇီပိတ်  . . .ကျင့်နေတာလား...

Like · · ·
By:အလင်းရှင် http://aungminkhoung.blogspot.com
Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget