ပိဋကတ်အကိုးအကား နဲ့ ထောက်ပြငြင်းဆန်လိုသူများကို လေးစားစွာမျှော်လင့်နေပါတယ်။
. . . . . .
. . . . . .
“သူများတွေ အလှူလုပ်လို့ သာဓုခေါ်သံကြားတိုင်း ကိုယ်ကရမ်းပြီးသာဓု မခေါ်
မိကြစေနဲ့” “ဘာဖြစ်လို့လဲဆိုတော့ ” “သူတို့က အကုသိုလ်ဒုစရိုက်အလုပ်တွေ နဲ့ ကြီးပွားပြီး
အဲဒီကရတဲ့ငွေတွေနဲ့ အလှူလုပ်တယ်ဆိုပါစို့။” “အဲဒီအလှူက သာဓုကို ကိုယ်က ၀မ်းပန်းတသာနဲ့ ခေါ်မိရင်”
“ခေါ်မိတဲ့ပုဂ္ဂိုလ်ဟာ အလှူရှင်ရဲ့အကုသိုလ် ဒုစရိုက်
အလုပ်တွေကို ၀မ်းမြောက်သလိုဖြစ်သွားတဲ့အတွက်” “အဲဒီအကုသိုလ်ဟာ ကိုယ့်ကို လာပြီးအကျိုးပေးစေပါတယ်။”
အချိန်ကား . . . မြန်မာပြည်တွင်
စစ်အာဏာရူးများ ကြီးစိုးမင်းမူနေသော ကာလပင်တည်း။ တိကြစွာ ပြောရပါသော် မြန်မာနိုင်ငံဟာ
အင်္ဂလိပ်လက်အောက်သူ့ကျွန်သဘောက်အဖြစ်မှ လွတ်မြောက်လာခဲ့- သော်လည်း ပြည်သူများဟာ အင်္ဂလိပ်ရဲ့ကိုလိုနီတို့ရဲ့
အကောက်ဉာဏ် affect တွေနဲ့ဆင်းရဲကြီးစွာနဲ့
ခံစားခဲ့ရပါတယ်။ အဲဒီကနေစပြီး တိုရင်းပြောရင် ဗိုလ်ချုပ်နေ၀င်းအစိုးရတက်တယ် သူကလည်း
ဦးနုထံကနေစစ်အာဏာသိမ်းယူပြီး တစ်ပါတီအာဏာရူးစနစ်ဆိုတဲ့ ဆိုရှယ်လစ်စနစ်ကို တိုက်ပုံဝတ်ပြီး
ပြည်သူတွေ ကိုဒုက္ခပေးပါတော့တယ်။
အဆိုးတကာ့အဆိုးခေါင် အမိုက်တကာ့အမိုက်ခေါင်ကတော့
ဗိုလ်ချုပ်မှူးကြီးသန်းရွှေပါပဲ။ မြန်မာပြည် ဟာ သူလက်ထက်လဲရောက်ရော သီပေါမင်းလိုပါပဲ
ကုန်ပါလေရော။ တိုက်ဆိုင်မှုပဲပြောရမလားမသိ ဘူး သီနဲ့သန်းနဲ့ခေတ်မှာ အဓိပ္ပါယ်နေ့နံတူသလို
မြန်မာပြည်တွင်းဆုံးရှုံးမှုတွေကလည်းအတူတူပါပဲ။ သီ - - -ဟာ အင်္ဂလိပ်တို့ဖမ်းသွားပြီး ပြည်တွင်းမှာ
ရတနာမှန်သမျှအားလုံး အင်္ဂလိပ်တို့ယူသွားတယ်။ သန်း - - - ဟာ စစ်အာဏာရူးဘ၀ကနေပြည့်သူ့လက်ထဲကို
အာဏာပြန်ထည့်ပေးလိုက်ချိန်မှာ မြန်မာ ပြည်ရှိသယံဇာတပစ္စည်းများအားလုံးဟာ တရုပ်လက်ထဲကိုထည့်ပေးလိုက်ရပါတယ်။
ကဲ . . . လိုရင်းပျောက်သွားမှာမို့
အစပြန်ကောက်ကြရအောင် . . ။ အဲလို ကျနော်လူဖြစ်လာခဲ့တဲ့အချိန် ဟာ မြန်မာပြည်ရှိပြည်သူပြည်သားတွေအားလုံးဟာ
ခွေးဘ၀ခွေးသာသာနဲ့ မျက်စေ့ပိတ်နားပိတ် အားလုံးအပိတ်ခံရကာ ဗုဒ္ဓဘာသာဘာညာဆိုတဲ့သာသနာရေးဘာသာရေးကို
ခြေယောင်ပြကာ စုတ် ပြတ်သတ်ခဲ့ရသော ပြည်သူတွေရဲ့အသိဉာဏ် စုတ်ပြတ်သတ်ခဲ့ရသော ပြည်သူတွေရဲ့
အဟာရ စုတ် ပြတ်သတ်ခဲ့ရသော ပြည်သူတွေရဲ့ကျန်းမာရေး စုတ်ပြတ်သတ်ခဲ့ရသော ပြည်သူတွေရဲ့လူနေမှုအဆင့်
အတန်း။
အဲလိုနဲ့ ကျနော်ဟာ ဗုဒ္ဓဘာသာဝင်မိသားစုမှပေါက်ဖွားလာသည်ကတကြောင်း
ကျနော်ကိုတိုင်လေ့ လာမိတဲ့ဘာသာတွေထဲမှာ ဗုဒ္ဓဘာသာကို ပိုမိုစိတ်ဝင်စားသည်ကတကြောင်း ကျနော်ဟာ
ဗုဒ္ဓဘာ- ရဟန်းတော်ဘ၀ကိုရရှိခဲ့ပါတယ်။
ရဟန်းဘ၀(၂)၀ါအရမှာ တောနေရဟန်းဘ၀နဲ့နေခဲ့ပါတယ်။
အဲဒီလိုတောနေရဟန်းဘ၀နဲ့နေချိန်မှ ကျေးရွာတစ်ရွာက အိမ်တစ်ခုမှာ ကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးတရားတိတ်ခွေဖွင့်သံကို
ကြားလိုက်ရပါတယ်။ ဆရာတော်ကြီးက . . . . .
.
“သူများတွေ အလှူလုပ်လို့ သာဓုခေါ်သံကြားတိုင်း ကိုယ်ကရမ်းပြီးသာဓု မခေါ်
မိကြစေနဲ့” “ဘာဖြစ်လို့လဲဆိုတော့ ” “သူတို့က အကုသိုလ်ဒုစရိုက်အလုပ်တွေ နဲ့ ကြီးပွားပြီး
အဲဒီကရတဲ့ငွေတွေနဲ့ အလှူလုပ်တယ်ဆိုပါစို့။” “အဲဒီအလှူက သာဓုကို ကိုယ်က ၀မ်းပန်းတသာနဲ့ ခေါ်မိရင်”
“ခေါ်မိတဲ့ပုဂ္ဂိုလ်ဟာ အလှူရှင်ရဲ့အကုသိုလ် ဒုစရိုက်
အလုပ်တွေကို ၀မ်းမြောက်သလိုဖြစ်သွားတဲ့အတွက်” “အဲဒီအကုသိုလ်ဟာ ကိုယ့်ကို လာပြီးအကျိုးပေးစေပါတယ်။”
ကဲ . . .ညီငယ်ညီမငယ်တို့ရေ
. . . မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ စကားတော်ကို နားဆင်တော်မိ ကြပြီနော် . . .
ဒါ့ကြောင့် အာဏာရူးများ၊ခရိုနီများရဲ့အလှူလုပ်တဲ့အခါ ကိုယ်ကအသံကြား၍ဖြစ်စေ၊ရုပ်မြင်သံကြားက ဖြစ်စေ အခုလို သတင်းစာ ဂျာနယ်တွေကဖြစ်စေ မြင်တွေ့ရင် သာဓုမခေါ်သင့်ဘူးလို့ ကျနော်ထင်မြင် ယူဆမိပါတယ်။
ဒါ့ကြောင့် အာဏာရူးများ၊ခရိုနီများရဲ့အလှူလုပ်တဲ့အခါ ကိုယ်ကအသံကြား၍ဖြစ်စေ၊ရုပ်မြင်သံကြားက ဖြစ်စေ အခုလို သတင်းစာ ဂျာနယ်တွေကဖြစ်စေ မြင်တွေ့ရင် သာဓုမခေါ်သင့်ဘူးလို့ ကျနော်ထင်မြင် ယူဆမိပါတယ်။
ဟုတ်တယ်လေ . . . ဒီကောင်တွေဟာ
ပြည်သူတွေရဲ့မျက်ရည်တွေနဲ့ သူတို့နံနက်တိုင်းရယ်မောနေ ကြတာပဲမဟုတ်လား။ အခုလို ကျနော်ပြောတာထက်
နိုင်ငံခြားသတင်းဌာနတွေကထုတ်လွှင့်ချက် တွေကို နားသောတဆင်နေကြသူတိုင်း သိပါတယ်။
ဒါ့ကြောင့် ခရိုနီတို့အလှူကို
သာဓုခေါ်မိတဲ့သူဟာ သံသရာမှာ အကျိုးပေးတဲ့အခါ မီးစတွေနဲ့ရင်းနှီးရ သလိုမျိုး အကျိုးပေးတက်ပါတယ်လို့
ပြောချင်ပါတယ်။ ဒီလိုကျနော်ပြောတာကို ပိဋကတ်အကိုးအကား နဲ့ ထောက်ပြငြင်းဆန်လိုသူများကို လေးစားစွာမျှော်လင့်နေပါတယ်။
www.alinshin.com
No comments :
Post a Comment