.

AlinShin

Tuesday, October 28, 2014

နယူးယောက်တက္ကသိုလ်ရဲ့ နှုတ်ခမ်းကိလေသာ ဋီကာ

 နယူးယောက် တက္ကသိုလ် လိင်ပိုင်း ဆိုင်ရာကျန်းမာရေး လေ့လာမှု သုတေသန စင်တာကပါးစပ်နဲ့ လိင်ပိုင်း ဆိုင်ရာ ချစ် တင်းနှောတာ ဟာ ချစ်တင်းနှော မှု ပုံစံ အမျိုးမျိုးရဲ့ ၃၅ရာခိုင်နှုန်း နေရာကိုယူထားတာကြောင့် ဒုတိယ အရေး ပါ ဆုံး ဖြစ်လာ နေ ပြီ လို့ တက္ကသိုလ် ရဲ့  လေ့လာ စမ်းဆစ်မှု တစ်ခုကို အခြေခံ ပြီး စာတမ်း ထုတ် ပြန်ပါတယ်။

နယူးယောက် တက္ကသိုလ် ရဲ့  ကနဦး လေ့လာ ချက် မှာ တက္ကသိုလ် ကျောင်းသူ ၊ ကျောင်းသား အယောက် ၅၀ စီ က နေ  စစ်တမ်း ကောက် ယူထား ပြီး ဒီစစ် တမ်း မှာ ကျောင်း သူ၇၀ ရာ ခိုင်နှုန်း က နှုတ်ခမ်း နဲ့  အနမ်း ချွေ တာ ၊ ခန္တာ ကိုယ် နေရာ အချို့  ကို စုပ်ယူနာ ကျင်အောင် လုပ် ပြီး လိင် ဆက်ဆံ တာ တွေ ကို လိင် ဆက်ဆံ တဲ့ အခါ တိုင်း မှာ လုပ် လေ့ ရှိတယ် လို့  ဆို ပါတယ်။

ကျောင်းသား တွေ ကို ပြု လုပ် တဲ့ စစ်တမ်း မှာ တော့ ကာမ စပ် ယှက် မှု မျာ ပါး စပ် ကိုအသုံး ပြုတာ ၅၀ ရာခိုင်နှုန်း ကျော် ပဲ ရှိ ပြီး မိန်းကလေး တွေ ထက် စိတ်ဝင်စား မှု ပို နည်းတယ် လို့  သိရ ပါတယ်။ ကျောင်း သား တွေ ဟာ သူ တို့  ရဲ့  ချစ်သူ တွေ ထက် ကာယှက် တဲ့ အခါသမရိုး ကျ နည်း ကို သုံးပေမယ့် ရံဖန် ရံ ခါ မှာ တော့ ချစ်ကြွမ်း ၀င်မှု လေး နက် စေလိုတဲ့ အတွက်ပါး စပ် နဲ့  ခံစား မှု အာရုံ ပေး တာ တွေ ကို အချိန် အတော် ကြာကြာ လုပ် ဆောင် တယ် လို့  ဆိုပါတယ်။

အင်္ဂလန် က Female First မဂ္ဂဇင်း ကြီး ရဲ့  စစ်တမ်း ကောက် ယူမှု မှာ ဖြေဆို တဲ့ မိန်းကလေး၂၀၀ ထဲ က ၁၆၄ ဦး ဟာ လည်း သူတို့  ရဲ့  ပါးစပ် နဲ့  လျှာ တွေ ကို အသုံး ပြု ပြီး လိင် ဆက်ဆံရတာ ကြိုက် သလို  ၊ ချစ်သူ ၊ခင်ပွန်း စသူ တို့  ရဲ့  ပါးစပ် နဲ့  ဖျော် ဖြေ မှု ကို လှိုက်လှိုက် လှဲလှဲသဘော ကျတယ် လို့  ဆို ပါတယ်။

Fox သတင်းဌာန က စီစဉ် တင် ဆက် တဲ့ Sex on Fox အစီအစဉ် မှာ ပါဝင် ဖြေကြား ပေးတဲ့ ဆိုင်ရာကျု တက္ကသိုလ် က ကျောင်း သူ တစ်ဦး ဖြစ်တဲ့ အေမီ ချိစ်ဆာမယ်(လ)ဒို က သူဟာ လျှာ က နေ ၊ ပါးစပ် က နေ ရလာ တဲ့ အထိ အတွေ့ ကို ပို ပြီး သဘော ကျ ကြောင်း ဒါဟာမိန်းမ အင်္ဂါ ယောနိ ပြီး တဲ့ နောက် ပုရိသ တွေ ကို ပို ပြီး ဆွဲ ဆောင် စေမယ့် အချက် ဖြစ်တယ်လို့  လဲ ပြောပါတယ်။

ဒါကြီး ကျယ် ခမ်းနားတဲ့ ချစ်ဗိမ္မာန်တည်ဆောက် ရေး မှာ အဓိက ကျတယ်။ ပါးစပ် နဲ့  လျှာဟာ အရသာ အာရုံ ခံစား မှု ရဲ့  အရေး ပါတဲ့ အစိတ် အပိုင်း ဖြစ်တာ ကြောင့် ဒီနည်းလမ်းနဲ့ လိင် ဆက်ဆံ တာ ပို ပြီး ဆန္ဒ ပြည့် ၀ စေတယ် လို့  Female First စစ်တမ်းမှာ ပါဝင် ဖြေဆိုသူ တွေ က ပြောပါတယ်။

နယူးယောက် တက္ကသိုလ် ရဲ့  စစ်တမ်း ကို ကိုး ကား ပြီး ဖော်ပြထား တဲ့ နယူးယောက် ဒေးလီးနယူး သတင်း စာ ကတော့ ဒီလိင် ဆက် ဆံ နည်း ကျယ် ပြန့် လာတာ ဟာ ခောတ်သစ် လူနေမှု စနစ် ကို အခြေခံ တယ် ။ မော်တော် ကား ၊ လုပ်ငန်း ခွင် အတွင်း နဲ့  မတော်တဆ ရင်းနှီးမှုတွေ မှာ ဒီနည်း လမ်း က နေ ကာ မ စပ်ယှက် မှု တွေ ပြု ကြ တယ် လို့  ဖော်ပြထား ပါတယ်။

ရုပ်ရှင် ကား တွေ မှာ လည်း ကာမ ဂုဏ် အာရုဏ် ခံ စားမှု တွေ ကို နည်း အမျိုးမျိုး နဲ့ ဖော်ပြလာခဲ့ တာ က တစ်ကြောင်း ၊ လိင်ဖျော်ဖြေရေး ဗီဒီယို တွေ မှာ တွေ့ ရတဲ့ ဆန်းကြတယ့် ချစ်တင်း နှော မှု တွေ ဟာ  ခေတ်ကာလ စုံ တွဲ တွေ ရဲ့  ကာမ စပ်ယှက် မှု ကို အများ ကြီး သက်ရောက်မှု ရှိတယ် လို့  ဆိုပါတယ်။

ကာမ စပ်ယှက် မှု မှာ လူတွေ ဟာ သား ရဲ ဘီ လူး လို ဖြစ်လာ ကြတယ်အီလီနွိုက်(စ)တက္ကသိုလ်(ချီကာဂို) က ပြုလုပ်တဲ့ လေ့လာ မှု တစ်ခု မှာ ဖော်ပြ ထား ပေမယ့် ။ ရိုက် နှက် နာကျင် ပြီး ကာမ ဆက်ဆံ တာ ဟာ ကာမ ဆက် ဆံ မှု တွေ ရဲ့  ၆ ရာ ခိုင် နှုန်း ပဲ ရှိ သေး တဲ့ အတွက် ၄၀ ရာခိုင် နှုန်း လောက် ဖြစ် နေတဲ့ Oral Sex ကို မမှီ သေး ဘူး လို့  ၊ အမေရိကန် အခြေစိုက် ကူးစက် ရောဂါ များ ပြန့် ပွား မှု ထိန်း ချုပ် ရေး ဌာန က ညွှန်ကြား ရေး မှုး ဂျေ ဂျေ အပ်ဟိုလ်ဆန် က ရိုက်နှက်နာ ကျင်  မှု တွေ လုပ် ပြီး လိင် ဆက် ဆံ တာ ၂၀၀၀ ခု နှစ် မှာ ၃ ရာ ခိုင် နှုန်း လောက် ပဲ ရှိ ခဲ့ ပြီး ၂၀၁၀ ရောက် တော့ ၆.၂ရာ ခိုင် နှုန်း ရောက် သွား တယ်။ Oral Sex က ၂၀၀၀  ခုနှစ် မှာ ၃၂ ရာ နှုန်း ရှိ ပါတယ် လို့  ဆိုပါတယ်။

Female First က ပြု လုပ် တဲ့ စစ်တမ်း မှာတော့ အစာသွင်း လမ်း ကြောင်း နဲ့  ကာမဂုဏ် အာရုံ ခံစား မှု ပြု တာ ကို မိန်း ကလေး တွေ က ပို နှစ် သက် ကြ ပြီး ၊ အသက် အပိုင်း အခြား အရာ ဆယ် ကျော်သက် က နေ အသက် ၃၀အတွင်း အရွယ် တွေ က ကြိုက် နှစ်သက်  ကာ ၊ တက္ကသိုလ် ကျောင်းသူ တွေ ၊ ကော်လာ ဖြူ ၀န်ထမ်း တွေ နဲ့  နည်းပညာဝန်ဆောင်မှု လုပ် ငန်း တွေ မှာ လုပ် နေတဲ့ သူ တွေ ဟာ ဒီနည်း လမ်း ကို စွဲ မက် ကြ တယ် လို့  ဆိုပါတယ်။

ချီကာမြို့  က  ဘဏ်လုပ်ငန်း ဆိုင် ရာ ဆော့ဖ်ဝဲလ် တီထွင် မှု ကုမ္ပဏီ က ဂျန်း ရှုလ်ချေဇ် က တော့  သူ့ ရဲ့  ချစ်သူနဲ့  တွေ့ ဆုံ ဖြစ်တဲ့ အခါ တိုင်း ကျွန်မ တို့  နှစ်ယောက် စလုံး အကြိုက် ချင်း တူ တဲ့  နည်း ကို ပဲ အသုံး ပြု တယ်။သူ က အဲဒီ မှာ အချိန် အတော် ကြာကြာ  ကျွန် မ အကြိုက် လိုက် ပေး တယ် ၊ကျွန် မ အရမ်း သဘောကျတာပဲ လို့  ပြောပါတယ်။
From:စင်္ကာပူဖီး

လူပျိုရည်ပျက်ချင်တဲ့ ကောင်လေးတစ်ယောက်ရှာတွေ့ခဲ့သော မင်္ဂလာဈေးနားက ညမွှေးပန်းလေးတစ်ပွင့်ရဲ့ ကြေကွဲဖွယ်ဇာတ်လမ်းတစ်ပုဒ်



ကျွန်တော့်နာမည် အောင်သော် ပါ။

အသက်က ၁၇နှစ် သူငယ်ချင်းတွေက လူပျိုရည်မပျက်သေးတဲ့ ကျွန်တော့်ကို ဂိုဏ်းဝင်သွားအောင် မင်္ဂလာဈေး JJ အောက်မှာ ... ညမွှေးပန်းသွားရှာမယ် လိုက်ခဲ့ ..ဆိုတာနဲ့ လူငယ်ဆိုတော့ စူးစမ်းချင်တဲ့ စိတ်နဲ့ လိုက်သွားခဲ့တယ်..

ဟိုရောက်တော့ .. သားကြီး မင်းက ဒီည အထူးဆိုတော့ ..မင်းတစ်ယောက်ရွေးကွာတဲ့ သူတို့က သူတို့ စိတ်ကြိုက်တစ်ယောက်ရွေးတယ်..

အဲဒီမှာ ၀ိုင်းဆိုတဲ့ ကောင်မလေးကို ကျွန်တော်စတွေ့ခဲ့ တယ်... ရှေ့မှာလာရပ်ပြနေတဲ့ ကောင်မလေးတွေထက် ..

ဟိုးးး သစ်ပင်အောက်မှာတစ်ယောက်တည်း ငူငူငေါင်ငေါင် ထိုင်နေတဲ့ သူမဆီ ..ကျွန်တော် အသာလျှောက်သွားတယ်..

မီးမလင်းတလင်းမှာ ..မပီဝိုးတ၀ါး ဆယ်ကျော်သက်အရွယ် မိန်းမပျိုလေးတစ်ယောက် ကျွန်တော့်အထင် မျက်ရည်တွေများ ၀ိုင်းနေသလား မသိပါဘူး.. မင်းနာမည် ဘယ်လိုခေါ်လဲဆိုတော့ ..၀ိုင်းတဲ့ .. နာမည်မေးတုန်းရှိသေးတယ်....ခေါင်းဆိုတဲ့ လူ ရောက်လာပြီး ညီက ဒီကလေးမလေးကြိုက်လို့လားတဲ့ ... ကျွန်တော့်ခေါင်းကို အသာညိတ်မိလိုက်တယ် ထင်ပါတယ်.. ကဲ ..မိဝိုင်း ထတော့ ... အလုပ်ပေါ်ပြီ ...နင်စိတ်ညစ်တာနောက်မှညစ်.. လိုက်သွား .. ခေါင်းရဲ့ စကားအဆုံးမှာ ..

ညမိမယ် နတ်သမီးလေးတစ်ပါး ဘာဆိုဘာမှ ပြန်မပြောပဲ အရုပ်တစ်ရုပ်လို ထလိုက်လာပါတယ်.. ဒီလိုနဲ့ ...၀ိုင်းရယ် ..နောက်ကောင်မလေးတစ်ယောက်ရယ် .. ကျွန်တော်တို့ သူငယ်ချင်း သုံးယောက်ရယ် ..ကားတစ်စီးနဲ့ သူတို့ ညွှန်ပြတဲ့ သူတို့ကျက်စားရာ .. တည်းခိုခန်းတစ်ခုဆီ ထွက်လာခဲ့ကြတယ်..

ကားပေါ်မှာ ..ရှေ့ခန်းမှာ ထိုင်နေတဲ့ ကျွန်တော့်ကို လက်ညိုးထိုးပြီး ..သူငယ်ချင်းကပြောတယ် ၀ိုင်း... နင့်ကို ဒီကောင်က ဘိုင်နိမ်းနဲ့ ခေါ်လာတာလေ....အဲလို ပြောတော့.. နတ်သမီးလေး ဆီက အသံထွက်လာတယ်.. အကိုက ၀ိုင်းကို သိလို့လားတဲ့ .... ကျွန်တော် အသာအယာပဲ ခေါင်းခါပြလိုက်ပါတယ် ကျွန်တော်မှ မသိတာ ... သူ့ကိုဘာကြောင့် ရွေးခဲ့မိတယ်ဆိုတာလဲ မသိဘူး.. ကျွန်တော့်စိတ်က ခံစားချက်ရှိတဲ့ သူတွေကို စိတ်ဝင်စားတယ် ထင်ပါရဲ့ ..

ဟိုတယ်ရောက်တော့ ... ကျွန်တော့်ကို သူငယ်ချင်းတွေက ၀ိုင်းနဲ့ အတူနေဖို့ အခန်းတစ်ခန်းပေးတယ်..... တစ်နာရီပဲ ရမယ်နော်သားကြီး .. ငါတို့ အားလုံး အလှည့်ကျပဲ .... လုပ်စရာရှိတာလုပ်...ရှက်ကြောက်မနေနဲ့တဲ့ အေးပါကွာ ..ဆိုပြီး ကျွန်တော် အခန်းထဲဝင်လိုက်တော့ ၀ိုင်းက ကုတင်ပေါ်မှာ ထိုင်နေလေရဲ့..

အကို .. ညီမ ရေချိုးလိုက်အုန်းမယ် ရလားဟင် ..တစ်ညနေလုံး ရေမချိုးရသေးလို့ နံစော်နေပြီ ....ခွင့်ပြုပါနော်တဲ့ ... ရပါတယ် ....... ကျွန်တော်လဲ လူပျိုညအတွက် ရင်ခုန်လှိုက်မောနေတာနဲ့ အချိန်လေးတစ်ခုလိုအပ်နေသေးတယ် မဟုတ်လား.. ကျွန်တော် အမှန်အတိုင်း ၀န်ခံပါရစေ ... မကောင်းဘူးဆိုတာ သိပေမယ့် .. အရာရာကို စမ်းသပ်ချင်နေတဲ့ ..အရွယ်ဆိုတော့ ကိုယ် ဘာလုပ်ရမယ်..ဘာကြောင့် ဒီနေရာရောက်နေတယ်ဆိုတဲ့ စိတ်နဲ့ စိတ်တွေလှုပ်ရှားနေပါတယ်...

နားနဲ့မနာ ဖ၀ါ်းနဲ့ နာကြပါဗျာ.. ကျွန်တော့် သွေးသားတွေကလဲ တစ်ခုခုကို တောင်းဆိုနေကြတာ ..တရုန်းရုန်းနဲ့ပေါ့ ကောင်မလေး ရေချိုးသံနဲ့ အတူ ... တ၀ုန်းဝုန်းတဒိုင်းဒိုင်းနဲ့ ရင်ခုန်သံစည်းချက်တွေက ၀ရုန်းသုန်းကား ..ကျွန်တော် ထိုင်မရ ထမရနဲ့ .. ကျွန်တော့်စိတ်တွေကလဲ ဟိုးးးး အဝေးကြီးကနေ နီးလာသလို ...နီးရာကနေ ဝေးသွားသလို.. တစ်ခုခုကို တောင့်တစိတ်တွေက ထိန်းမရ သိမ်းမရ ဖြစ်နေတယ် ကောင်မလေးထွက်လာပါပြီ ...

ဗြုန်းဆို ...ကောင်မလေး သဘတ်ကိုချွတ် ကောက်ဝတ်လိုက်တဲ့ ... ရင်စည်းက ... ကျွန်တော် မြင်နေကျ ..နိုင်ငံခြားကားတွေထဲကလို တောက်တောက်ပြောင်ပြောင် လှလှပပ အရာလေးမဟုတ်ပါဘူး .... အရွယ်မရောက်သေးတဲ့ မိန်းခလေးတွေ ၀တ်တဲ့ ရင်ခံအကျီလို ဟာလေးပါ ဟောင်းနွမ်းစုတ်ပြတ်ပြီး အရောင်အဆင်းကင်းမဲ့နေတဲ့ ရင်ခံအကျီလေးကို ငေးကြည့်ရင်း ကောင်မလေး လက်တစ်စုံက .. အဲဒီအကျီလေးရဲ့ လက်မောင်းသားပေါ်က ကြိုးကလေးကို ကိုင်ပြီး တစ်စုံတစ်ခုကိုလုပ်လိုက်ပါတယ်

ကျွန်တော့် စိတ်တွေ .. အဲဒီ တခဏမှာ ..ချောက်ကမ်းပါးတစ်ခုက ပြိုကျသွားသလို ဟာခနဲ ဖြစ်သွားတယ်ဗျာ ..သူလုပ်လိုက်တဲ့အရာက ...ပြတ်နေတဲ့ ကြိုးနှစ်ကို တွယ်ထားတဲ့ တွယ်ချိတ်လေးကို ဖြုတ်လိုက်တာ.... တစ်ကယ်ကို ချိတ်လေးတစ်ခုပါ... စုတ်ပြတ်ဟောင်းနွမ်းနေတဲ့ ရင်စည်းအကျီမှာ ..ကြိုးပြတ်နေလို့ ...တွယ်ချိတ်နဲ့ တွယ်ထားရတဲ့ အဲဒီ အကျီလေးက လူပျိုတစ်ယောက်ရဲ့ ... တ၀ုန်းဝုန်းကြဲနေတဲ့ မုန်တိုင်း ရမက်တွေကို ဖြုတ်ဆို ပျောက်ဆုံးသွားစေခဲ့တယ်..

ကျွန်တော် လှမ်းပြောလိုက်တယ်...၀ိုင်း ... မချွတ်နဲ့တော့လို့ .. အကျီလေးထပ်ဝတ်ထားပါ ချမ်းနေပါမယ် ဆိုတော့ ... အံသြတဲ့ မျက်လုံးတွေနဲ့ ကျွန်တော့်ကို လှမ်းကြည့်တယ်.. ဘာဖြစ်လို့လဲ အကိုတဲ့ .. ဘာမှ မဖြစ်ပါဘူးကွယ်.... အကိုစကားပြောချင်လို့ပါဆိုတော့ . အံသြနေတဲ့ မျက်ဝန်းတွေနဲ့ ကျွန်တော့်အနား ဖြည်းညှင်းစွာကပ်လာတယ်.. အကို ညီမကို မကြည်ဖြူလို့လားဟင်...ညီမက တော်တော် စိတ်ညစ်စရာကောင်းနေလို့လားတဲ့ ကျွန်တော်ခေါင်းပဲခါပြလိုက်တယ်...

သူမရဲ့ အထာကျနေတဲ့ မျက်လုံးတွေက ဘယ်ညာ ရမ်းပြီး အကြည့်ဝေ့တစ်ချက်မှာ အရာအားလုံးကို သဘောပေါက်သွားတယ်ထင်ပါရဲ့ .. ဒီလိုလုပ်လေ ညီမကို ဖက်ထားလိုက်တဲ့ ... အကို အဆင်ပြေအောင်ပါ တဲ့

သူမပြောတဲ့အတိုင်း ကျွန်တော် ဖက်လိုက်ပါတယ် ဟင် ... ဘာကြီးလဲ ... ကျွန်တော် အလန့်တကြားလက်ကို ပြန်ဆွဲရုတ်မိတယ်.. အား ..တောင်းပန်ပါတယ်..အကို ...တစ်ကယ်ပါ ... ညီမလေ ..ညနေက ရပ်ကွက်ထဲမှာ ရန်ဖြစ်လာလို့ .... ကျွန်တော် ပြန်စမ်းကြည့်တယ်... ပြင်းထန်တဲ့ ဒဏ်ရာတစ်ခုပဲ ..ဟိုဘက်လှည့်လိုက်ဆိုတော့ သူမ လှည့်ပြတယ်.... ဓါးဒဏ်ရာကြီးပါလား ... ရှပ်ထိတာ ဆိုပေမယ့် ..တော်တော်လေး ပြင်းထန်တဲ့ ဒဏ်ရာပါ ဘယ်လိုဖြစ်တာလဲ ညီမရယ် ဆိုပြီး ... ဘယ်လိုမှ ရည်ရွယ်မထားပေမယ့် ကျွန်တော် နှုတ်က ထွက်သွားခဲ့တယ်.. ၀ိုင်း ... မျက်ဝန်းတွေမှာ ..အရည်တွေ လဲ့လာပါတယ်...နောက် သူမ သက်ပြင်းတစ်ခုချတယ် ကျွန်တော့်ကို ကြည့်တယ်...... သူ့ကြည့်တဲ့ ပုံစံက အကိုတစ်ယောက်ကို ညီမတစ်ယောက်က ရင်ဖွင့်ချင်တဲ့ ခံစားချက်မျိုး ... ကျွန်တော် ခေါင်းညိတ်ပြလိုက်တယ်..

ကျွန်တော် နားထောင်ပေးဖို့ အသင့်ဖြစ်နေပါပြီ.. ဘာတွေ ဖြစ်ခဲ့တာလဲ မိန်းမပျိုလေးရဲ့ ကျောကုန်းက ဓါ်းဒဏ်ရာဆိုတာက တော်တော်လေးကို ဒွိဟဖြစ်စရာပဲမဟုတ်လား တိတ်ဆိတ်နေတဲ့ ညမှာ ကြေကွဲနေတဲ့ ညငှက်လေးတစ်ကောင်ရဲ့ စကားသံတိုးတိုးလေး ထွက်လာတယ် ''ညီမ ညနေက ရပ်ကွက်ထဲမှာ ရန်ဖြစ်လာတာတဲ့ ... ညီမ ယောကျာ်းရဲ့ မိန်းမကြီးက ညီမကို ဓါးနဲ့ လိုက်ခုတ်လို့ ထွက်ပြေးခဲ့ရတယ်...ဒီ ဒဏ်ရာက ရှပ်ထိသွားတာပါ'' တဲ့ ဒီလိုနဲ့ပဲ သူမ စကားတွေ ဆက်ပြောခဲ့တယ်...

သူမက အခုမှ ၁၆ နှစ်တောင် မပြည့်သေးပါဘူး ... ၁၄ နှစ်သမီးမှာ ယောကျာ်းရတယ် ရတဲ့ ယောကျာ်းက ခေါင်းပါ ..ဒီလိုနဲ့ ဒီလောကထဲေ၇ာက်လာခဲ့တယ်.. သူမရဲ့ ဘ၀အစမှာတုန်းကတော့ ... ကောင်းရောင်းကောင်းဝယ် အကြော်သည်လင်မယားနှစ်ယောက်ရဲ့ တစ်ဦးတည်းသော သမီးလေးပါတဲ့ ..

ပြောရင်းနဲ့ ... သူမ လက်ဆွဲအိတ်လေးကို လှမ်းယူလိုက်ပါတယ်.. နောက် ကြေမွနေတဲ့ အကျီအစုတ်တွေကြားထဲကနေ ... တစ်ခုခုကို ထုတ်ယူလိုက်တယ်.. မပီပြင်ဝိုးတ၀ါးအလင်းရောင်မှာ သူပြချင်တဲ့ အရာအတွက် အလင်းရောင်တစ်ခုလိုအပ်တယ် ထင်ပါရဲ့ .... အခန်းမီးကို ဖွင့်လိုက်တယ်.. အဲဒီကျမှ ..သူမလက်ထဲမှာ ကိုင်ထားတာ .. ပလက်စတစ်လောင်းထားတဲ့ ဓါတ်ပုံအဟောင်းလေး တစ်ပုံ ..

အဲဒီမှာ ကလေးလေးတစ်ယောက် ဆုတံဆပ်လေးကိုင်လို့ .....ဘေးနားမှာက လောကဓံကြောင့် ပိန်လှီနေပေမယ့် မိန်းမချောတို့ ရုပ်ရည်ရှိတဲ့ အသက်သုံးဆယ်ကျော် အမျိုးသမီးတစ်ယောက် ... သေချာပါတယ်... အဲဒါ သားအမိနှစ်ယောက်ပုံပါ ..သမီးလေးက ကျောင်းမှာ ဆုရ သမီးလေးနဲ့ အမေ ဆုလေးနဲ့ ဓါတ်ပုံတွဲရိုက် .... နှစ်ယောက်လုံးရဲ့ မျက်နှာမှာ အပြုံးတွေနဲ့ ... ဒီကလေးမလေးက ၀ိုင်းမှ ဟုတ်ပါလေစ ..ဘေးက သူ့အမေပေါ့ .. ၀ိုင်းက ငယ်ငယ်တုန်းက စာတော်တဲ့ ကလေးမလေးပဲ ... ရင်ထဲမှာ ဆို့နင့်သွားတယ်

ဓါတ်ပုံလေးကြည့်ပြီး ငိုင်သွားတဲ့ ကျွန်တော်.. ''အဲဒါ ၀ိုင်းမေမေလေ...၀ိုင်း နှစ်တန်းတုန်းက ဆုရတုန်းက အမှတ်တရပုံလေးပါ.. ၀ိုင်းရဲ့ ပညာအရည်အချင်းကလဲ အဲဒီနှစ်က နောက်ဆုံးပါပဲ .... အဲဒီနောက်ပိုင်းကတော့ ...ရုပ်ရှင်တွေထဲကလိုပေါ့ အကိုရယ်... အဖေကဆုံး ..အမေက နောက်ယောကျာ်းယူ ...ပထွေးက နှိပ်စက် ... သမီးပါကျောင်းထွက် ဈေးရောင်း ..နောက် စိတ်ဖိစီးမှုဒဏ်တွေကြောင့် အမေကဆုံး .. ပထွေးက ခြေတော်တင်....နောက်ဆုံးမှာ ဖာခေါင်းနဲ့ ရပြီး ဖာသည်မလေးဖြစ်သွားတယ်ပေါ့'' ပြီးတော့ ဟက်ဟက်ဟက်ဟက်နဲ့ ခြောက်ကပ်စွာ သူမ ရယ်မောနေခဲ့တယ်

ဒါ မြင်ဖူးနေကျ ရုပ်ရှင်တွေ ..ဖတ်ဖူးနေကျ ၀ထုတွေ .. ကြားဖူးနေကျ .. ညဉ့်နက်မလေးတွေရဲ့ ပါးစပ်ဖျားက ပုံပြင်တွေ ဆိုပြီး ... ကျွန်တော် တွေးထင်ပလိုက်ချင်တယ်.. ဒါပေမယ့် ..မျက်စိရှေ့မှာ မြင်နေရတဲ့ ..ကောင်မလေးရဲ့ မျက်ရည်မကျတဲ့ မျက်ဝန်းနဲ့ လောကကြီးကိုလှောင်ပြုံးတွေနဲ့ ခနဲ့တဲ့တဲ့ ... မျက်နှာထားအောက်မှာ ကျွန်တော် ဘယ်လိုလုပ်ပြီး ..ဒါတွေက ပုံပြင်ပါလို့ ..တွေးထင်လို့ ရမှာတဲ့လဲ.. ကျွန်တော် ယုံတယ်လဲ မပြောပါဘူး ...မယုံဘူးလဲ မပြောပါဘူး.. ဘာမှလဲ ပြောစရာမရှိပါဘူး ... သူမကလဲ ဘာမှ ဆက်မပြောပါဘူး ...ပုံမှန်အားဖြင့် ..ဒီအချိန်မှာ မျက်နှာကိုလွှဲ သက်ပြင်းကိုချ ..တစ်ရှိုက်ရှိုက်နဲ့ ငိုကြွေးနေရမယ့် မိန်းခလေးတစ်ယောက်က ဘာလို့များ.... ကျွန်တော့်မျက်ဝန်းတွေကို စိုက်စိုက်ကြည့်ပြီး တည်ငြိမ်နေရတာလဲ ....

ကျွန်တော်ကရော ... ဘာလို့ အဓိပါယ်ဖတ်မရတဲ့ သူမမျက်ဝန်းတွေကို ငေးကြည့်ပြီး ရင်ထဲမှာ စို့နင့်နင့်ကြီး ဖြစ်နေရတာတုန်း.. အော် ညီမရယ် ..ဆိုပြီး ဖတ်လိုက်ရမှာလား ..သူမကလဲ ဟင့်ဟင့်ဆိုပြီး ငိုကြွေးပြီး ကျွန်တော့်ရင်ခွင်ထဲဝင်လာမှာလား ... ဟားဟား ဒါရုပ်ရှင်ရိုက်နေတာဆိုရင်တော့ ...ဒီဇတ်ဝင်ခန်းက ဒီလိုရိုက်ဖြစ်သွားမှာပါ ဒါပေမယ့် ဒါရုပ်ရှင်ရိုက်နေတာ မဟုတ်...တစ်ကယ့် ဘ၀ဆိုးကြီးကို ဘာမှမဆိုင်တဲ့ ကောင်လေးတစ်ယောက်ရှေ့မှာ ကောင်မလေးတစ်ယောက်ကရင်ဖွင့်မိသွားတာ ဘာမှ မလုပ်ပေးနိုင်တဲ့ ကောင်လေးတစ်ယောက်ရဲ့ ခံစားချက်ကရော

တစ်ကယ်တော့ အဲဒီအချိန်မှာ တိတ်ဆိတ်နေတဲ့အခန်းကျဉ်းလေးထဲမှာ လူသားနှစ်ယောက်ကြား တစ်စုံတစ်ခုက ကျကွဲသွားတယ် အဲဒီ ကျကွဲသွားတဲ့ အရာက ... ဘာသံမှ မထွက်ပဲ ကွဲကြေသွားတဲ့ အသဲနှလုံး နှစ်ခုပါ.. ဒေါက် ဒေါက် ဒေါက် ''ဟေ့ရောင် အောင်သော် ... မပြီးသေးဘူးလား ...မြန်မြန်ထွက်တော့ နောက်လူတွေစောင့်နေတယ်.'' ကျွန်တော် ... သူမကို ပြုံးပြလိုက်တယ်.... သူမကလဲ ပြန်ပြုံးပြတယ်

ကျွန်တော် ဘာနှုတ်ဆက်စကားမှ မဆိုပဲ ..သူမအနားက ထလာခဲ့တယ်.. နောက်မှ လက်ထဲပါလာတဲ့ ..သူမရဲ့ တန်ဖိုးအကြီးဆုံး အမှတ်တရဓါတ်ပုံလေးကို ပြန်လှည့်ပေးရင် ..ကျွန်တော် သူမကို ကျောခိုင်းထွက်လာတယ် တံခါးဝနားရောက်မှ ..ကျွန်တော် လှည့်ပြောမိတယ် ''အကို ညီမလို ကျောင်းမှာ ဆုမရဖူးဘူး ..သိလား .. ညီမ အရမ်းတော်တယ် '' သူမ ပြုံးသွားတယ် ...ကျေးဇူးတင်ပါတယ် အကို တဲ့ .. ..........

ပြီးတော့ ကျွန်တော် သူမရှိနေတဲ့ အခန်းထဲကနေ ထွက်လာခဲ့တယ်..

အပြင်မှာ စောင့်နေတဲ့ သူငယ်ချင်းက ဘယ်လိုလဲ ဆိုတဲ့ အထာနဲ့ မေးငေါ့ပြတယ်

''ငါ ခံစားချက်အကြီးကြီးရခဲ့ပါတယ်'' လို့ ပြန်ဖြေလိုက်တယ်

ဟဟဟဟဟ ...သူငယ်ချင်းက ရယ်ပါတယ်. မင်းအဆင်ပြေရင်ပြီးတာပဲ..ဟိုဘက်

မှာ အခန်းတစ်ခုရှိတယ် မင်း သွားနားနေလိုက်..ငါ ၀င်လိုက်အုန်းမယ် ..တဲ့

ပြောပြီး ..သူမရှိရာ အခန်းလေးထဲကို ၀င်သွားပါတယ်


ငါရခဲ့တဲ့ ခံစားချက်က မင်းထင်သလို မဟုတ်ဘူးဆိုတာ မရှင်းပြတော့ပါဘူး

ရှင်းပြစရာလဲ လိုမှ မလိုတာ ... ဘာမှန်းမသိတဲ့ ခံစားချက် အကြီးကြီးတစ်ခုကို

ထမ်းပိုး.... သူမနဲ့အတူ ပျော်ပါးဖို့ ၀င်သွားတဲ့ သူငယ်ချင်းကျောကုန်းကို ငေးကြည့်နေရင်းနဲ့

ကျွန်တော် မွန်းကျပ်လာတယ်


တစ်ဖက်အခန်းက ... မပီဝိုးတ၀ါး ကြားနေရတဲ့ အသံတစ်ချို့မှာ ...

ကျွန်တော်စိတ်တွေ တိမ်ထဲမှာ လွင့်မျောနေရသလိုပဲ ..

ကျွန်တော် ...........၂တန်းကျောင်းသူအရွယ်

ကောင်မလေးတစ်ယောက်ကို မြင်နေရတယ်...

ကောင်မလေးက လက်ထဲမှာ ပညာရည်ချွန်ဆုလေး ကိုင်ပြီး...

သူ့မေမေနဲ့ ဓါတ်ပုံရိုက်နေတယ်.....

နောက် ..ကောင်မလေးနားမှာ သူ့မေမေ မရှိတော့ဘူး ..

ရမက်ပြင်းတဲ့ အကြည့်တွေနဲ့ ဘီလူးသဘက်လို မိန်းမပျိုလေးရဲ့ သွေးသားကို

ဝါးမြိုချင်တဲ့ လူတစ်ချို့ .... ကလေးမလေး နားကို တဖြည်းဖြည်း ၀ိုင်းအုံလာကြတယ်

ကောင်မလေး ကြောက်ရွံ့စွာ အော်ဟစ်နေတယ်..

သူမ ဘ၀လေး နှင်းဆီပန်းကလေးလို တစ်ရစ်ပြီး တစ်ရစ် ...တစ်လွှာပြီး တစ်လွှာအခြွေခံနေရတယ်... ဘယ်သူမှ ကယ်မယ့်သူ မရှိဘူး

အားကိုးရာလဲ မရှိဘူး ..

နာကျင်မှုတွေ အပြည့်နဲ့ ..အရှက်တွေကို နင်းခြေခံလိုက်ရတဲ့ ... ကလေးမလေးရဲ့နှုတ်ခမ်းတစ်စုံက ..ကြာတော့ လောကကြီးကို လှောင်ပြုံးလေးနဲ့ ပြန်ပြုံးပြတတ်ပြီ

သူမ မျက်နှာပေါ် တပေါက်ပေါက် ကျနေတဲ့ တဏှာရမက်ချွေးစက်တွေနဲ့

မျက်နှာသစ်တတ်သွားပြီ ...

ညည်းညူလှိုက်မော ပင့်သက်ရှိုက်သံတွေနဲ့အတူ..

သက်တံရောင် တိမ်တွေကြား .... ကလေးမလေးတစ်ယောက် မျက်ရည်တွေနဲ့

သူ့မေမေလဲ မျက်ရည်တွေနဲ့ ...ဆုတံဆိပ်လေးကလဲ ကြေမွလို့ ....

နောက် ကလေးမလေး မျက်လုံးကိုမှိတ် အံကိုကြိတ် ..အသူရာချောက်ထဲ ... ပစ်ဆင်းသွားတယ် ...
ကျွန်တော် လှမ်းပြီး ဖမ်းဆုပ်ချိန်မရလိုက်ဘူး .......

အလန့်တကြားနဲ့ ကျွန်တော် သူမ ခုန်ဆင်းသွားရာ ပြေးလိုက်ရင်း

သူမ နာမည်ကို အော်ဟစ်နေမိတယ်


''၀ိုင်းးးးးးးးး '' ..

.............

''ဟေ့ရောင် ...၀ိုင်းမနေနဲ့ ထတော့ မိုးလင်းနေပြီကွ .. ဟိုကောင်မလေးတွေလဲ

ပြန်သွားကြပြီ''

ကျွန်တော် လန့်နိုးလာတယ်....အော် မိုးတောင်လင်းသွားပြီ

အော် ဒါနဲ့ ...၀ိုင်းက မင်းကို ဒါလေး ပေးပေးပါတဲ့ ...ရော့

............

ဘာလေးလဲ ... သူငယ်ချင်းလှမ်းပေးတဲ့ အရာလေးကို ကြည့်လိုက်တော့

တွယ်ချိတ်လေးတစ်ခု ..

သူမ ရင်စည်းအကျီက တွယ်ချိတ်လေး ဘာအတွက်နဲ့ကျွန်တော့်ကို ပေးခဲ့တာလဲ

သူမအတွက် မလိုအပ်တော့ဘူးလား .....

ဒီတွယ်ချိတ်လေးမရှိပဲ ..သူမရဲ့ အရှက်ကို ဘယ်လိုဖုံးမလဲ..

ဘာကြောင့်လဲ ...

''အရှက်တွေကို ဖုံးဖို့ မလိုအပ်တော့တာလား ...ကောင်မလေးရေ''

ဒါမှမဟုတ်

''တွယ်ချိတ်လေးကို ချွတ်ပြီး ... အရှက်တရားကို ရောင်းစားရတဲ့ ဘ၀ကို ကျောခိုင်းတော့မှာမို့လို့

ဒီ တွယ်ချိတ်လေး မလိုအပ်တော့တာလား ''

ဒုတိယ အဓိပါယ်နဲ့အတူ အကို့ကို ဒီတွယ်ချိတ်လေး ပေးခဲ့တာ ဖြစ်ပါစေလို့

အကို ဆုတောင်းပါတယ်....
....................................................

'' ဟေ့ရောင် ... ငါတို့ ရပ်ကွက်ထဲကို ၀ိုင်းရောက်နေတယ်ကွ''

ဟုတ်ပါတယ်...ရပ်ကွက်ထဲဆိုတာထက် ...ကျွန်တော်တို့ လမ်းရဲ့ အနောက်ထိပ်ဆုံးကိုဝိုင်းရောက်လာခဲ့တာပါ..

ဝိုင်းက ၀ိုင်းမဟုတ်တော့သလို ... ညဉ့်ငှက်မလေးလဲ မဟုတ်တော့ဘူး

ဝိုင်းမှာ ကာမပိုင် လင်ယောကျာ်း ရှိနေပြီ

သူမရဲ့ အမျိုးးသားက အညာက လက်သမားဆရာလေးတစ်ယောက်ပါ

လမ်းအနောက်မှာရှိတဲ့ လက်သမားရုံတွေမှာ အလုပ်လုပ်ဖို့ ရောက်လာတဲ့

လက်သမား ဆရာလေးနဲ့အတူ ... ယောင်နောက် ဆံထုံးပါ

သူမရောက်လာခဲ့တာ ဖြစ်ပါတယ်..

တစ်နှစ်ကျော်နှစ်နှစ်ဆိုတဲ့ အချိန်ကာလတစ်ခုမှာ ..

ဝိုင်းဆိုတဲ့ ကောင်မလေး တော်တော်ပြောင်းလဲသွားတယ်..

လောကဓံကြောင့် ဆိုရမလား ..ကျွန်တော့်ထက် ငယ်ပေမယ့် ..

ရုပ်ကလေးက အရင်လို မနုပျိုတော့ဘူး ..

အရင်လို လှတပတလေး မပြင်ဆင်နိုင်တော့ဘူး ..

ဒါပေမယ့် ...

သူမဘ၀လေး ဖြူစင်သွားပြီ .. သန့်ရှင်းသွားပြီ

သူမ အကြော်ဆိုင်လေး ဖွင့်တယ် ...

အကြော်ဆိုင်လေး နာမည်က ၀ိုင်း တဲ့ ..

ကျွန်တော်တို့ သွားစားဖြစ်ပေမယ့် ... စကားတွေအများကြီးတော့ မပြောဖြစ်ပါဘူး

ပြောဖို့လဲ မလိုအပ်ဘူးလေ .. ဒါပေမယ့် သူမဆီက ခင်ခင်မင်မင်နဲ့ ဆက်ဆံမှုတော့ ရပါတယ်

ကျွန်တော် ကျေနပ်တယ် .. ၀ိုင်းကို ဒီလို ဘ၀နဲ့ မြင်ရတာ ..

တွယ်ချိတ်လေးပေးခဲ့တုန်းက ကျွန်တော် ဆုတောင်းခဲ့တာ ပြည့်သွားခဲ့လို့

ဝမ်းသာ မဆုံးပါဘူး ..

ဒါပေမယ့် ကံကြမာက ... အငြိုးကြီးတယ်..

သိပ်ပြီး ဇတ်လမ်းဆန်နေမလား ....

တစ်ကယ့် အဖြစ်အပျက်တွေက စိတ်ကူးယဉ်ထက် အများကြီး ပိုဆန်းပြားတယ်

မယုံကြည်နိုင်လောက်အောင် လှည့်စားတတ်လွန်းတယ်ဗျာ

တစ်နေ့ .. ၀ိုင်း ဆိုတဲ့ အကြော်ဆိုင်လေးမှာ အကြော်တွေ မရှိဘူး

ကြော်မယ့်သူလဲ မရှိဘူး ..အားပေးမယ့် စားသုံးသူတွေလဲ မ၇ှိဘူး

ဝိုင်း နေမကောင်းလို့ ဆေးရုံတင်လိုက်ရတယ်..

သိပ်မကြာပါဘူး .... ၀ိုင်းတစ်ယောက် ဆုံးပြီတဲ့ ..
............

''အောင်သော် ... ၀ိုင်းဆုံးတာ သွေးရိုးသားရိုးမဖြစ်နိုင်ဘူးကွ

..A လားမသိဘူး..

ငါတို့တော့ ဒုတ်ခပါပဲကွာ ''

ကျွန်တော် သူငယ်ချင်းတွေကို မဲ့ပြုံးလေးပဲ ပြုံးပြလိုက်တယ်..

ဝိုင်းဆုံးတာ HIV ကြောင့်ပါဆိုတာ ကျွန်တော် ပြောမပြတော့ပါဘူး

သူတို့တွေ စိတ်တဇ ဖြစ်သွားမှာ စိုးလို့ပါ ဟုတ်ပါတယ်...

လွန်ခဲ့တဲ့ နှစ်ပတ်ကျော်တုန်းက .. လမ်းနောက်က စတိုးဆိုင်လေးတစ်ခုမှာ

ကျွန်တော် ကွမ်းယာဝယ်ပြီး စောင့်နေတုန်း..

နောက်ကနေ ...ကြားဖူးနေကျ အသံလေးတစ်ခုက တိုးတိုးလေး လာကပ်ပြောတယ်

''အကို ... ညီမ သွားရတော့မယ် .. ညီမ ဆေးစစ်တာ positive လို့ အဖြေထွက်တယ် အကို

ညီမ ဒီလောကကြီးက ထွက်မသွားခင်.. အကို့ကို ကျေးဇူးတင်စကားပြောချင်လို့ပါ

ညီမကို အရမ်းတော်တယ်လို့ ပြောပေးခဲ့တဲ့ ကျေးဇူးပါ...

ဒီလောကကြီးမှာ ညီမကို တော်တယ်လို့ပြောတာ အကိုနဲ့ ညီမမေမေပဲ ရှိခဲ့တာပါ

အဲဒီစကားတစ်ခွန်းနဲ့ ညီမ ဘ၀ကို ပြောင်းလဲဖို့ ကြိုးစားခဲ့တယ်

ပြောင်းလဲနိုင်ခဲ့တယ်....

ဘာပဲပြောပြော ..လောကကြီးကနေ ဒီရောဂါဆိုးနဲ့ ထွက်သွားရပေမယ့်

လောကဓံကို ညီမအနိုင်ယူခဲ့တယ်..ညီမ ရိုးရိုးသားသားနဲ့ ဘ၀ကို ရင်ဆိုင်သွားပါတယ် အကို''

ထုံးစံအတိုင်း ..ဆွံ့အစွာနဲ့ ကျွန်တော် ငြိမ်သက်နေမိတယ်

ဘာမှ ပြန်မပြောဖြစ်ဘူး..ကျွန်တော် လှည့်ကြည့်လိုက်တော့ ...ကျောခိုင်း ထွက်သွားတဲ့ သူမကိုပဲ မြင်ရတော့တယ်

........

ကျွန်တော် လမ်းဘေးအုတ်ခုံလေးမှာ ထိုင်နေတယ်

ဒီနေ့ နေ့လည်က ၀ိုင်း အသုဘကို သွားပို့ဖြစ်တယ်....

ဘာရယ် မဟုတ်ဘူး ..တွယ်ချိတ်လေးတွေ သူမအသက်နဲ့ တွက်ပြီး ၀ယ်..

ပြီးတော့ ချိတ်လေးတွေကို ဖြူတ်ပေး ...မြေမှာ မြုပ်ပေးခဲ့တယ်

သူမ လွတ်လပ်ပါစေ...ဖြစ်လေရာ ဘ၀တိုင်း တွယ်ချိတ်လေးကို ချွတ်ပေးရတဲ့ ဘ၀မျိုးနဲ့ဝေးကွာပါစေ ...

...

အုတ်ခုံလေးမှာ ထိုင်ပြီး ကျွန်တော် ကောင်းကင်ကို မော့ကြည့်လိုက်တယ်..

ကြယ်ကလေးတွေနဲ့ လမင်းကြီး ကြားထဲမှာ ..

ဝိုင်းဆိုတဲ့ ၂တန်းအရွယ် ကလေးမလေး ပေါ်လာတယ်...ဆုလေးကိုင်လို့

သူ့မေမေကလဲ ပြုံးလို့ ... ပြီးတော့ ကျွန်တော့်ကို ရီပြပြီး .....

သားအမိနှစ်ယောက် ပျော်ရွှင်စွာ လှည့်ထွက်သွားတယ်

သွားတော့ ၀ိုင်းရေ

နောက်ထပ် ဘ၀တွေ ဘ၀တွေ ..သံသရာမပြီးသရွေ့ ဆက်သွားနှင့်ပါနောင် ဘ၀ဆက်တိုင်း ဖြစ်လေရာမှာ ဒီဘ၀လို အဖြစ်ဆိုးမျိုးတွေ မတွေ့ပါစေနဲ့ဖြစ်လာတော့မှာ မဟုတ်ဘူးလို့လဲ အကို ယုံပါတယ်

ညီမလေးက ဘ၀ပေးအခြေအနေ ကံကြမာဆိုးကြောင့်ဘ၀ပျက်ခဲ့ပေမယ့် ...
စိတ်ဓါတ်တွေမှ မပျက်စီးခဲ့တာ

ခိုင်မာတည်ကြည်တဲ့ စိတ်ဓါတ်နဲ့ လောကဓံကို အရှုံးမပေးကျော်လွှားပြခဲ့တဲ့ညီမလေး တစ်ကယ်တော်ပါတယ်ငါ့ညီမ တစ်ကယ်တော်ပါတယ်ကွာ ....

''၀ိုင်း ကောင်းရာမွန်ရာ ရောက်ပါစေ''
From:ဆရာ ကြယ် 

သိန်းစိန်၊ မင်းအောင်လှိုင် မင်းတို့ရဲ့ယုတ်မာပတ်စက်မှုကို ၊ ကိုပါကြီးကကမ္ဘာသိအောင်ချိန်းခြောက်လိုက်ပြီ

ကိုပါကြီး, လူ့အခွင့်အရေး, တပ်မတော်, မွန်ပြည်နယ်
ဦးအောင်ကျော်နိုင် (ခေါ်) ကိုပါကြီး၏ ဇနီး ဒေါ်သန္တာ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
သတင်းလိုက်ရာမှ ပျောက်ဆုံးသွားခဲ့ပြီး ၁ လခန့်အကြာမှာ အစိုးရတပ်ကနေ ပစ်သတ်လိုက်ရပါတယ်ဆိုပြီး သတင်းထွက်ပေါ်လာတဲ့ အလွတ်တန်း သတင်းထောက် ဦးအောင်ကျော်နိုင် (ခေါ်) ကိုပါကြီး ကိစ္စဟာ ယနေ့ ဂယက်အရိုက်ဆုံး သတင်း ဖြစ်နေပါတယ်။ ကိုပါကြီး ပစ်သတ်ခံရကြောင်း သတင်းထွက်ပေါ်ချိန်မှာ ဇနီးဖြစ်သူ ဒေါ်သန္တာဟာ ထိုင်းနိုင်ငံမှာ ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားမှုအတွက် N-Peace Network က ပေးတဲ့ဆု လက်ခံရယူမယ့်အဖွဲ့နဲ့ ရောက်ရှိနေခဲ့ပါတယ်။ 
ရန်ကုန်မြို့ကို ပြန်လည် ရောက်ရှိနေပြီဖြစ်တဲ့ ဒေါ်သန္တာကို ဧရာဝတီ အကြီးတန်းသတင်းထောက် ထက်နိုင်ဇော်က သွားရောက်တွေ့ဆုံ မေးမြန်းထားပါတယ်။
မေး ။     ။ ကိုပါကြီး ကိစ္စ မော်လမြိုင်ကို သွားခဲ့တဲ့ အတွေ့အကြုံနဲ့ အဲဒီမှာ ဘယ်လို ဖြစ်ခဲ့တယ်၊ နောက်ပြီး ဘာတွေ ဆက်လက် ဆောင်ရွက်မလဲဆိုတာ သိပါရစေ။
ဖြေ ။      ။ အစ်မ ကျိုက်မရောကိုသွားတာ ၁၉ ရက် (အောက်တိုဘာ) ကတည်းက သွားတာ။ အဲဒါက ပထမ အကြိမ် သွားတာပေါ့ ။ ကိုပါကြီး ပျောက်ဆုံးပြီဆိုတဲ့ သတင်းကို လူမှု ကွန်ရက် Facebook ကနေ သိရတော့ အစ်မက ထိုင်းနိုင်ငံ၊ ချင်းမိုင် ရောက်နေတော့ ၄ ရက် (အောက်တိုဘာ) နေ့ လောက်မှ သိတယ်။ ၄ ရက်နေ့မှာ သိပြီးတော့ အစ်မ ပြန်ရောက်တာက ၁၅ ရက်နေ့မှ ပြန်ရောက်တယ်။ အစ်မ ၁၉ ရက်နေ့ ဆင်းပြီး လိုက်သွားတယ်။ ဘာဖြစ်လို့ လိုက်သွားတာလဲဆိုတော့ အစ်မမှာ ဂျာနယ်တွေ ပါသွားတယ်။ ပြည်တွင်း ဂျာနယ်တွေမှာပါတဲ့ ၂၀၈ တပ်ရင်းက ဗိုလ်ကြီး စန်းမင်းအောင် ခေါ်သွားတယ်လို့ (မွန်ပြည်နယ်) နယ်စပ်ဝန်ကြီးက ပြောပါတယ်လို့ ပါတယ်။ အဲဒါနဲ့ အစ်မ လိုက်သွားတယ်။ ဒီစာလည်း ပါသွားတယ်။
၂၀၈ တပ်ရင်း ရောက်သွားတော့ ဗိုလ်ကြီး စန်းမင်းအောင်နဲ့ အစ်မ ထိပ်တိုက် တွေ့ရတယ်ပေါ့။ တွေ့တော့ အစ်မက မေးတယ်။ ကျမ ကိုပါကြီး ဇနီးပါ။ ကိုပါကြီးကို ၂၀၈ တပ်ရင်းက ဖမ်းသွားတယ်ဆိုလို့ ကျမ လာတာ၊ ဒီမှာ ဂျာနယ် ပါတယ်၊ ဒီဂျာနယ်အတိုင်း ကျမလိုက်လာတာ ။ ကျမ အမျိုးသားဟာ DKBA မဟုတ်ဘူး။ လက်နက်ကိုင် မဟုတ်ဘူးဆိုတာ ကျမမှာ သက်သေပြစရာ အစုံအလင် ရှိပါတယ်။ အဲဒီတော့ ဗိုလ်ကြီးတို့ အနေနဲ့ ဘယ်လို ရှင်းစေချင်သလဲ။ ကျမကို တရားရုံးက ရှင်းစေချင်ရင် ကျမ ယောက်ျားအတွက် တရားရုံးက ရှင်းမယ်။ ကျမ တွေ့ချင်တယ်၊ ကျမကိုတွေ့ခွင့် ပေးပါဆိုတော့ သူကပြောတယ်။ ကျနော် ၂၈ ရက်နေ့က ကိုပါကြီးကို ဖမ်းတုန်းက ကျနော် ပါပါတယ်။ ဒါပေမယ့် အခု သူဘယ်မှာရှိမှန်း ကျနော် မသိပါဘူးလို့ သူကပြောတယ်။
ဖမ်းတဲ့တုန်းက နယ်/လုံ (နယ်စပ်ရေးရာ လုံခြုံရေး) ၀န်ကြီးကိုယ်တိုင် ၂၀၈ တပ်ရင်းအထိ သူလိုက်လာပါတယ်လို့ ပြောတော့ ကျမတို့ကို ကူညီတဲ့ ကျမရယ်၊ ဒေါ်နော်အုန်းလှရယ်၊ မွန်အမျိုးသားပါတီက ဗဟိုအလုပ်အမှုဆောင် ၃ ယောက် လည်းရှိတယ်။ အဲဒီမှာ မွန်အမျိုးသားပါတီက ဗဟိုအလုပ် အမှုဆောင် တယောက်ဖြစ်တဲ့ နိုင်စိုးမြင့်က ဖုန်းနဲ့ နယ်/လုံ ၀န်ကြီးဆီ တိုက်ရိုက်ဆက်တယ်။ ကျမတို့ စပီကာဖွင့်ပြီး ပြောတယ်။ ဗိုလ်ကြီး စန်းမင်းအောင် ရှေ့တင် ၀န်ကြီး ကျနော်တို့ ဗိုလ်ကြီး စန်းမင်းအောင်ရှေ့ကို ရောက်နေပြီ၊ ဗိုလ်ကြီး စန်းမင်းအောင်က ပြောတယ်၊ ဖမ်းတုန်းက နယ်/လုံ ၀န်ကြီးလည်း ပါတယ်၊ နယ်လုံ/၀န်ကြီးလည်း မေးဆိုတော့ ဘာလဲ ငါသိတာ ဒါအကုန်ပဲ။ ငါနေမကောင်းဘူး။ ဘယ်သူနဲ့မှ အတွေ့မခံနိုင်ဘူး။ နင်တို့ ဒါထက်သိချင်ရင် အရှေ့တောင်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုသွားမေး၊ အဲဒီတော့ ဗိုလ်ကြီး စန်းမင်းအောင်ကလည်း ပြောတယ်၊ ဟုတ်ပါတယ် အရှေ့တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ကို မေးတာက ပိုကောင်းပါတယ်၊ အကောင်းဆုံးပါပဲ၊ သွားမေးပါလို့ ပြောတယ်။
အဲဒါနဲ့ ကျမတို့ ထွက်လာတယ်၊ ထွက်လာပြီး နေ့လည်လောက်မှာ ကျမတို့ ကျိုက်မရောမြို့မ ရဲစခန်းကိုဝင်ပြီး ကျမတို့ အမှုဖွင့်တယ်။ လူပျောက်မှုနဲ့ ကျမ စတိုင်ပါတယ်။ ကျမ ယောက်ျားကို လူပျောက်မှုနဲ့ Procedure အတိုင်း တိုင်တာပါ။ တကယ့် တကယ်ဆို ကျမက မတရားဖမ်းဆီးမှုနဲ့ပဲ ဆက်တိုင်မှာ။ ဒါပေမယ့် သူတို့ကပြောတယ်၊ ရဲလုပ်ထုံးလုပ်နည်းအရ တပတ်နေရင် လာခဲ့ပါ။ ပိုပြီးတော့ Procedure ကျပါတယ်။ တပတ်နေရင် အမှုဖွင့်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ဖမ်းတဲ့သူက ဖမ်းတယ်ဆိုတဲ့ သက်သေ ကျမမှာ လူ ၅ ယောက်ရှိနေပြီ။ အဲဒီအတွက် ဘယ်မှာထားလဲမသိဘူး ဆိုရင် မတရားဖမ်းဆီးမှုနဲ့ ကျမ နောက်တပတ်နေရင် လာပြီး အမှုဖွင့်ပါလို့ ၁၉ ရက် (အောက်တိုဘာ) နေ့က ပြောတယ်။ အဲဒါနဲ့ ကျမပြန်လာတယ်။
ထိုင်းနိုင်ငံမှာ အစ်မတို့ အမျိုးသမီး ကွန်ရက်က ဆုရလို့ အစ်မတို့ သွားယူတယ်။ ဟိုမှာ ရောက်နေတဲ့ ဆုယူတဲ့ နေ့မှာပဲ ကိုပါကြီး ဆုံးပြီဆိုတဲ့ သတင်းက ဒီမီဒီယာတွေကနေတဆင့် သိတယ်။ စစ်တပ်က ထုတ်ထားတဲ့ ထုတ်ပြန်ချက်ဆိုတော့ အစ်မပြန်လာတယ်။ ပြန်လာပြီးတော့ မနေ့ (အောက်တိုဘာ ၂၅ ရက်နေ့) က အစ်မ ရောက်တယ်၊ ချက်ချင်း အစ်မ ကျိုက်မရောကို ဆင်းသွားတယ်။ ၂၅ ရက်နေ့မှာ ရောက်တယ်၊ ချက်ချင်း ဆင်းသွားတယ်၊ မနေ့က ကျိုက်မရောမှာ အစ်မ လူပျောက်ကိစ္စကို စမေးတယ်။ အစ်မ Procedure အတိုင်းပဲ၊ သူတို့က ပြတယ်၊ ဒီမှာ ဒီသတင်း ပါလာတဲ့အတွက်ကြောင့် လူပျောက်မှု စစ်ဆေးတာ ရပ်စဲလိုက်ပါပြီတဲ့။ ရပ်စဲလိုက်ပြီဆိုတာနဲ့ ပိတ်သိမ်း လိုက်တာလား၊ ကျမကို ရပ်စဲလိုက်ပြီဆိုတဲ့ စာထုတ်ပေးပါ၊ လူပျောက်ကို ဘာကြောင့် ရပ်စဲလဲ၊ စာကတော့ သူတို့ မထုတ်ပေးနိုင်ဘူးတဲ့။
ဒါဆို ကျမ အမှုနောက်ထပ် ထပ်ဆွဲဖို့၊ အမှုဖွင့်ဖို့၊ သူတို့ အမှုဖွင့်မပေးနိုင်ဘူးတဲ့။ ကျမ ၉ နာရီ ၁၅ မိနစ်မှာ  ကျိုက်မရောမြို့မ ရဲစခန်းကို ရောက်တယ်။ ဒါပေမယ့် စခန်းမှူး အပြင်သွားနေလို့ဆိုပြီး ၉ နာရီ ၄၅ မိနစ်မှ ကျမ တွေ့ရတယ်။ အဲဒီတော့ ကျမကို အမှုဖွင့်မပေးနိုင်ဘူး၊ အထက်က ညွှန်ကြားထားလို့ ဆိုပြီး ပြောတယ်။ ကျမက ညွှန်ကြားထားတဲ့ အထက်အဖွဲ့အစည်းရဲ့ နာမည်ကို ပြောပြပါဆိုတော့ အထက်အဖွဲ့အစည်းရဲ့ နာမည်ကို သူ မပြောပြနိုင်ဘူးတဲ့၊ အဲ့လိုပြောတယ်။  ဒါဆိုလို့ရှိရင် ရတယ်၊ ကျမကို ဒီမှာ အမှု ဖွင့်ခွင့်မပေးရင် ခရိုင်ကို သွားဖွင့်မယ်လို့ ကျမပြောလိုက်တယ်။ ပြောလိုက်တဲ့ အချိန်မှာ ကျမခရိုင်ကို သွားတယ်။ ခရိုင်ကို မ၀င်သေးဘဲနဲ့ ကျမ မွန်အမျိုးသားပါတီကို ခဏ၀င်ပြီးတော့ ကျမကို ကူညီမယ့် ရှေ့နေ၊ ကျမကို လိုက်ပါဆောင်ရွက်ပေးမယ့် ရှေ့နေ ဦးရောဘတ်စန်းအောင်ကို ဖုန်းဆက်ပြီး ဆရာရဲ့ ညွှန်ကြားချက်နဲ့ ဆရာ နှုတ်တိုက်ချပေးတာကို လိုက်ရေးပြီးတော့ ကျမတို့ တိုင်စာရေးတယ်။
တိုင်စာရေးပြီးတော့ ကျမတို့ ခရိုင်ရုံးကိုသွားတော့ ခရိုင်ရဲမှူးဆီ သွားတဲ့အခါမှာ ညနေ ၃ နာရီခွဲရှိပြီ။ ခရိုင်ရဲမှူးက လမ်းကြောင်းလိုက်နေလို့ဆိုပြီး ကျမကို ၄ နာရီ ၁၅ မိနစ် အထိ စောင့်ခိုင်းတယ်။ ၄ နာရီ ၁၅ မိနစ်ကျမှ ဖုန်းနဲ့ အမှု ဖွင့်ခွင့် ပေးပါပြီလို့ ပြောတယ်။ ပြီးတော့ ကျမကို ကျိုက်မရော မြို့မ ရဲစခန်းမှာပဲ ပြန်ဖွင့်လို့ ပြောတယ်၊ အဲဒီတော့ ကျမ ၄ နာရီခွဲ မော်လမြိုင်ကနေ ထွက်တယ်။ မြို့မရဲစခန်းကို ပြန်သွားတယ်။ ကျိုက်မရောမြို့ကို ရောက်တော့ ကျမတို့ကို ညနေ ၆ နာရီခွဲမှ အမှုဖွင့်ခွင့်ကို ပေးပါတယ်။ အဲဒါက ၁၁/၂၀၁၄ သေမှုသေခင်းနဲ့ပါ။ ကျမနောက်ထပ် ပုဒ်မတွေနဲ့ စွဲဆိုစရာတွေကိုတော့ ရှေ့နေ ဦးစန်းအောင်နဲ့ တိုင်ပင်ပြီး ဆက်တိုက် စွဲဆိုသွားမှာပါ။
မေး ။     ။ ဘယ်လို ပုဒ်မမျိုး ဘယ်လိုအမှုမျိုး တပ်ပြီး စွဲဆိုချင်ပါသလဲ။
ဖြေ ။      ။ အဲဒါက ပုဒ်မက ရဲတပ်လိုက်မယ်ဆိုတော့ ကျမတို့ ပုဒ်မ ပြောလို့မရဘူး။ ကျမတို့ စွဲဆိုချင်တာကတော့ ကျမတို့ရဲ့သဘောကတော့ မတရားဖမ်းဆီးမှု၊ ညှင်းဆဲသတ်ဖြတ်မှု၊ အလောင်းဖျောက်ဖျက်မှု။ ဒီသုံးခုကို စွဲချင်ပါတယ်။
မေး ။     ။ အန်တီ ဖြေတဲ့အထဲမှာ အထက် ညွှန်ကြားချက်ကြောင့်လို့ ရဲစခန်းက ပြောတယ်ဆိုတော့ သူတို့ ရဲဌာနကိုလည်း အာဏာပိုင် အဖွဲ့အစည်းတခုခုက ဖိအားပေးနေတဲ့သဘော မြင်ရတယ်ပေါ့။
ဖြေ ။      ။ သူ (ရဲစခန်းမှူး) ကိုယ်တိုင်လည်း ပြောပါတယ်။ ကျမ ရှေ့မှာ၊ ကျမ သူ့ကိုပြောပါတယ်၊ ကျမဟာ ဒုက္ခသည်ပါ၊ ကျမဟာ မုဆိုးမပါ။ ကိုပါကြီးက ဆုံးသွားပြီ။ ဒါပေမယ့် ကျမဟာ သားသမီး ၃ ယောက်အတွက် ဖြေရှင်းချက်တွေ ပေးရမယ်။ သူ့အဖေ ဘာကြောင့်သေသလဲ၊ သူ့အဖေ ဘယ်လိုဖြစ်လို့ သေလဲဆိုတာကို ကျမ ဖြေရှင်းချက်တွေ ပေးရမယ်။ ကျမ နိုင်ငံသားတယောက်က ဥပဒေအကူအညီ ရယူရမယ်ထင်လို့ ဒီကိုလာတယ်။ ပြစ်မှုနဲ့ ပတ်သက်လာရင် ရဲစခန်းပဲ တိုင်ရရိုးထုံးစံ ရှိတယ်။ အထက်ကို တိုင်ပါဆိုတာက၊ အထက် အဖွဲ့အစည်း အဆင့်ဆင့်ကို သွားတိုင်ပါဆိုတာက အထက်အဖွဲ့အစည်း အဆင့်ဆင့်က ကျမ ပြစ်မှုပြစ်ဒဏ်က လွှတ်တော်ကို တိုက်ရိုက်တိုင်ခွင့်မရှိဘူး။ ကျမ ရဲစခန်းပဲ တိုင်ခွင့်ရှိတယ်၊ ဒါကြောင့် ကျမ ရဲစခန်းကို အားကိုးတကြီးနဲ့ လာတာ။ ရှင်တို့က နှမချင်း မစာနာဘူးလား၊ မိခင်ချင်း မစာနာဘူးလား၊ ကျမကို ကိုယ်ချင်း မစာနာဘူးလား၊ မြန်မာနိုင်ငံသားချင်း မစာနာဘူးလားလို့ ကျမက သူ့ကို ငိုလည်း ငို ပြောလည်း ပြောတော့ သူ (ရဲစခန်းမှူး) လက်တွေတုန်ပြီးတော့ ပြောပါတယ်။ ကျနော့်မှာ ဖိအားတွေ အများကြီး ရှိနေပါတယ်၊ ဒါ ကျနော့်ကို နားလည်ပေးပါ။ ကျနော် အင်မတန် ကိုယ်ချင်းစာပါတယ်။  ကျနော် အရမ်း ဖွင့်ပေးချင်ပါတယ်။ ဒီစကားပဲ သူပြောပါတယ်။ ဒါပေမယ့် သူဖွင့်မပေးနိုင်ဘူးလို့ ပြောပါတယ်။
မေး ။     ။ အစ်မ အနေနဲ့ ဒီဖြစ်စဉ်အပေါ်မှာ နိုင်ငံသားတယောက်အနေနဲ့ လူ့အခွင့်အရေး ဆုံးရှုံးတာလား။ တရား ဥပဒေစိုးမိုးမှု မရှိတာနဲ့ လူ့အခွင့်အရေး ကိစ္စတွေမှာ ဘယ်လောက် နစ်နာတယ်လို့  ခံစားရပါသလဲ။
ဖြေ ။      ။ နစ်နာတာကတော့ အခု ကိုပါကြီးလည်း နစ်နာသွားတာပဲ။ အပြစ်ရှိတယ်ဆိုရင် ရုံးစွဲတင်လိုက်၊ တရားဥပဒေ အရ ရှင်းမယ်။ ဒါဟာ သူ့နိုင်ငံသားအခွင့်အရေး လုံးဝ ဖောက်ဖျက်ခံရတာပေါ့။ နောက်တခါ ကျမ ကျတော့လည်း ကိုပါကြီး ဇနီးမို့လို့၊ လူသာမာန် လူတွေဟာ ကိုယ့်အိမ်က ပစ္စည်းအခိုးခံရတယ်ဆိုပြီး သွားကြည့်၊ ကျိုက်မရော ရဲစခန်းက ဖွင့်ပေးလိုက်မှာပါ။ ရိုက်မှုဖြစ် ဖွင့်ပေးလိုက်မှာပါ။ ဒါပေမယ့် ကျမကျတော့ ဖွင့်ခွင့် မပေးဘူး။ ကျမကို ကိုပါကြီး ဇနီးမို့လို့ ထပ်ပြီး လူ့အခွင့်အရေး ထပ်ဖောက်တယ်။ ထပ်ဖောက်ဖျက်တယ်၊ ကျမတင် မဟုတ်ဘူး၊ ကျမတို့ မိသားစုရော သားသမီးတွေအားလုံး ပါဝင်နေတယ်။ ဒီအမှုမှာ ကျမတို့က နစ်နာသူ မိသားစု ၊ ကျမတို့ မိသားစုဟာ သီးသန့် ခွဲခြားဆက်ဆံခံနေရသလို၊ ဥပဒေအရ ဖောက်ဖျက်ခံရသလို ဖြစ်နေတယ်။  မနေ့က ကျမ တချိန်လုံး ပြေးနေရတယ်၊ ညနေ ၆ နာရီခွဲမှ အမှု ဖွင့်ခွင့်ပေးတယ်။ ငြင်းခံရတယ်၊ နှောင့်နှေး ကြန့်ကြာမှုတွေ အများကြီးတွေ့ရတယ်။ သွားရာ လမ်းတလျှောက်မှာ ထောက်လှမ်းရေး အဆင့်ဆင့်ရဲ့ လိုက်ပါ စောင့်ကြပ်ကြည့်ရှုမှုတွေ၊ အနီးကပ် ဓာတ်ပုံရိုက်မှုတွေ။ ဒါဟာကျမရဲ့ လူ့အခွင့်အရေး ဆုံးရှုံးမှုတွေဟာ အကြီးမား ဆုံးဆုံးရှုံးမှုတွေပဲ။ ကျမ လုံခြုံမှုကရော ဘယ်မှာလဲ၊ ဘယ်သူက အာမခံမလဲ၊ နောက်တကြိမ် ကျိုက်မရောကို သွားဆင်းပြီးတော့ တရားစွဲရင် ကျမလုံခြုံမှုတွေက ဘယ်မှာလဲ။ မော်လမြိုင် စဆင်းတဲ့ ညကတည်းကိုက၊ ၂၅ ရက်နေ့ ညကတည်းကိုက တိုးဂိတ်တိုင်း တိုးဂိတ်တိုင်းမှာ လူစာရင်းနဲ့ နာမည်နဲ့ တိုက်စစ်ဆေးမယ်ဆိုတဲ့ တက်လာတဲ့ ရဲတပ်ဖွဲ့ဝင်တွေမှာ တယောက်မှာ အကြပ်မပါဘူး၊ အရာရှိတွေကြီးပဲ။ ဒီလိုမျိုး။ ကျမ မေးကြည့်တယ်၊ ဘေးပတ်ဝန်းကျင်ကို၊ တခါမှ မကြုံဖူးဘူးတဲ့၊ ဒီနေ့ပဲ ကြုံဖူးတယ် ဆိုတော့ ကျမရဲ့ လုံခြုံမှုတွေ ဘယ်မှာလဲ။ ကျမ နောက်ထပ် ကျိုက်မရော ဆင်းသွားပြီး တရားစွဲဆိုရင်ရော ကျမအတွက် ဘာတွေ ထပ်ဖြစ်လာမလဲ၊ ဘယ်သူ့မှ ကျမကို အာမခံချက် မပေးနိုင်ဘူး။ ဒါ ကျမ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာပါ။
မေး ။     ။ ဒီလိုဆိုရင် ရှေ့ဆက်ပြီးတော့ ဘယ်လိုလုပ်ဆောင်သွားဖို့ ရှိသလဲ၊ အလောင်းပြန်ရရှိရေးပဲ ဖြစ်ဖြစ်ပေါ့။
ဖြေ ။      ။ အခု ဆိုရင်တော့ ကျမတို့ သေမှုသေခင်း ဖွင့်ထားပြီးပြီ။ သေမှုသေခင်း ဖွင့်ထားရင် ရဲက ဒီဟာကို သူတို့ ပြန်ဖော်ရလိမ့်မယ်။ မှုခင်းဆရာဝန်ကြီးရဲ့ ဆေးစစ်ချက်တွေယူရမယ်။ ကျမတို့ တိုင်တန်းတဲ့ သေမှုသေခင်း ဖွင့်ခွင့် အထဲမှာလည်း ကျမတို့ သူရဲ့ မွေးရပ်ဌာနေ၊ သူတို့ မိသားစုတွေကို သူရဲ့ မွေးရပ်ဌာနေမှာ ပြန် သဂြုင်္ိလ်ချင်ပါတယ်လို့ ကျမတို့ ထည့်ထားတာလည်း ပါတယ်။ ချက်ချင်းတော့ ဒီကိစ္စမပြီးသေးပါဘူး၊ စုံစမ်းဦးမယ်လို့ ကျမတို့ ပြောတယ်။ ကျမတို့ ဘယ်လောက်အချိန်ထိ ရှိမလဲ။ ဒါပေမယ့် ကျမတို့ ငြိမ်နေလို့တော့ မဖြစ်ဘူး။ အချိန်တွေက သိပ်ကြာနေပြီ၊ ကျမတို့ သူတို့ကို မြန်မြန်ဆန်ဆန် ဖြစ်အောင်တော့ ၀ိုင်းပြီးတော့ သူတို့ကို တွန်းအားပေးဖို့တော့ လိုတယ်။ အဲဒီမှာ ကျမရဲ့ တယောက်တည်း အားနဲ့တော့ မဖြစ်ဘူး။ အားလုံး မနေ့က စုပေါင်းပြီး ကျမကို ကူညီကြတဲ့ ပါဝင်ကြတဲ့ အဖွဲ့အစည်းတွေ၊ ကျောင်းသား ခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ ပြည်သူတွေ၊ အခြား အခြားသော အဖွဲ့အစည်း အသီးသီးအားလုံး ကျမကို ပူးပေါင်းပါဝင်ကြပါလို့ ကျမကလည်း အကူအညီတောင်းချင်ပါတယ်။ ဒါမှလည်း အမှုမှန်ပေါ်ပေါက်ဖို့၊ နောက် အလောင်းပြန်လည် ရရှိဖို့ရယ်၊ စုံစမ်းစစ်ဆေးရေး၊ လွတ်လပ်ပွင့်လင်း မျှတတဲ့ စုံစမ်းစစ်ဆေးရေး ကော်မတီတရပ် ပေါ်ပေါက် စစ်ဆေးပေးဖို့ရယ်၊ နောက်ပြီးတော့ တကယ် ကျူးလွန်တဲ့ သူတွေကို အရပ်ဖက် တရားရုံးက အမှု မှန်မှန်ကန်ကန် စိစစ်ပေးဖို့ ဒီ ၃ ခုက အားလုံးဝိုင်းပြီး ကြိုးစားမှ ရမှာပါ။
မေး ။     ။ ကျနော်တို့ တိုင်းပြည်က ဒီမိုကရေစီကိုသွားနေတယ် ဆိုပြီးတော့ ကြေညာထားတယ်။ ဒါပေမယ့် ဒီဖြစ်ရပ်ကျတော့ ဒီမိုကရေစီ ဆန့်ကျင်ဘက်ဖြစ်နေတယ်။ အဲဒီတော့ အစ်မအနေနဲ့ မီဒီယာကနေ တဆင့် သမ္မတကြီးနဲ့ ကာကွယ်ရေးဦးစီးချုပ်ကို ဒီနေရာကနေ ဘာများ ပြောချင်ပါသလဲ။
ဖြေ ။      ။ ကျမ ပြောချင်တာကတော့ ကျမတို့ နိုင်ငံသားတွေကို အုပ်ချုပ်သူက မိခင်၊ ဖခင် သဖွယ် ထားရမယ်လို့ ဆိုတယ်၊ ကျမတို့ အရှေ့အရှေ့က ထားခဲ့တဲ့ မင်းကျင့်တရားတွေမှာလည်း ပါတယ်။ အခု နောက်ပိုင်း ဒီမိုကရေစီ စံနှုန်းစံထားတွေမှာလည်း ဒီလိုပဲ နီးပါးဆိုတယ်။ အဲဒီတော့ တကယ့် တကယ်ကကျတော့ နိုင်ငံသား တယောက် ဥပဒေမဲ့ ပိုးစိုးပက်စက် ဖြစ်တယ်ဆိုတာဟာ တာဝန် အရှိဆုံးပုဂ္ဂိုလ်ဟာ သမ္မတပဲ ဖြစ်တယ်။ နောက်ထပ် စစ်တပ်က ကျူးလွန်တဲ့အတွက် ကာကွယ်ရေးဦးစီးချုပ်မှာ တာဝန်ရှိတယ်။ ကာကွယ်ရေး ဦးစီးချုပ် လည်း ခဏခဏ တဖွဖွ ပြောတယ်၊ သမ္မတကြီးကလည်း ပြောတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးစားရမယ်၊ လိုက်နာရမယ်၊ ကာကွယ်ရမယ်တဲ့။ ဒါပေမယ့် သူ့နိုင်ငံသားတယောက်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက နိုင်ငံသား အခွင့်အရေး ချိုးဖောက်ပြီးတော့ ဥပဒေမဲ့လုပ်ရပ် သူ့ကို ဖမ်းတယ်၊ တရားရုံးမှာ ရမန် မယူဘူး၊ ရဲစခန်းမှာ အမှုမဖွင့်ဘူး၊ သိမှ ပိုးစိုးပက်စက် သေတယ်။ ဒီဟာကို ဘယ်လို ဖြေရှင်းပေးမလဲ ကျမသိချင်တယ်။
ဖြေရှင်းပေးဖို့လည်း ကျမ တောင်းဆိုချင်တယ်။ ဒီနေရာမှာ သမ္မတကြီးရော၊ ကာကွယ်ရေးဦးစီးချုပ်ရော သိစေချင်တာက အခုချိန်မှာ ကိုပါကြီး မိသားစုတစုတည်း မဟုတ်တော့ဘူး၊ အရင်တုန်းက ပျောက်ခါစ၊ ကိုပါကြီး သေဆုံးခါစက ကိုပါကြီးမိသားစု တစုတည်းလို့ ပြောနိုင်မယ်၊ အခု နိုင်ငံရေးသမားအားလုံး၊ တက်ကြွလှုပ်ရှားသူ အားလုံး၊ ပြည်သူ အားလုံးကို သူဖြေရှင်းပေးရတော့မယ်။ ကျမတို့ မိသားစုကြီးပဲ ကျေနပ်လို့ မရတော့ဘူး၊ ပြည်သူအားလုံး ကျေနပ်တဲ့အထိ သူတို့ ဖြေရှင်းပေးပါ။ တာဝန်ယူမှု၊ တာဝန်ခံမှု လုပ်ပေးပါ၊ တကယ် ကျူးလွန်တဲ့သူတွေကို အပြစ်ဒဏ်ပေးပါ။ ဒါမှ ဒီမိုကရေစီနိုင်ငံ၊ ဒီမိုကရေစီစနစ် ဆိုတာကို ကျမယုံမယ်၊ ပြည်သူကလည်း ယုံမယ်၊ နိုင်ငံတကာကလည်း ယုံလိမ့်မယ်။

အမျိုးစောင့်ဥပဒေလော့ တရုတ်စောင့်ဥပဒေလော

အမျိုးစောင့်ဥပဒေကို ထောက်ခံဖို့ တွင်တွင်ပြောနေတဲ့ကောင်တွေကို
ငါမေးကြည့်မယ် .. . .
လယ်တီသိမ်နဲ့စေတီတော်ကို တရုတ်ကြီး စစ်ခွေးကြံ့ဖွတ်တို့ 
Bulldozer ထိုးဖျက်လိုက်တုန်းက မင်းတို့ အိပ်ပျော်နေကြတာလား?
ဒေသခံရဟန်းရှင်လူတွေနဲ့ ဒီမိုကရေစီဘက်တော်သားတွေက
အခုဓာတ်ပုံပါအတိုင်း ဆန္ဒပြကာ .. 
တကယ့်အမျိုး . . .
တကယ့် စေတီ . .. 
တကယ့် သိမ် . . .
တကယ့်ရှေးဟောင်းသမိုင်းဝင် . . .ကြီးကို တကယ်ထိမ်းသိမ်း
စောင့်ရှောက်ခဲ့ကြတယ်ဆိုတာ ငါ ထပ်ပြီး Polish တင်ပြနေစရာ
မလိုပါဘူး ။ အွန်လိုင်းပေါ်မှာ အထင်းသားပါ။ 
ဒီတော့ပြောချင်တာက . .
မင်းတို့ အော်အော်နေတဲ့ အမျိုးစောင့်ဥပဒေဆိုတာက တို့အသိတော့
တရုတ်ကြီးနဲ့စစ်ခွေးဦးပိုင်တို့ကို စောင့်ဖို့အတွက် ဆင်ဝှေ့ရန်ရှောင်
တိုက်ကွက် ဥပဒေသကြီးပါ . . .ကွာ။ လို့ပြောလိုက်တယ်။
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)
အရှေ့ဥယျာဉ်တိုက် ၊ စမ်းချောင်း
ရန်ကုန်။
Photo: အမျိုးစောင့်ဥပဒေကို ထောက်ခံဖို့ တွင်တွင်ပြောနေတဲ့ကောင်တွေကို
ငါမေးကြည့်မယ်  .. .  .
လယ်တီသိမ်နဲ့စေတီတော်ကို တရုတ်ကြီး စစ်ခွေးကြံ့ဖွတ်တို့ 
Bulldozer ထိုးဖျက်လိုက်တုန်းက မင်းတို့ အိပ်ပျော်နေကြတာလား?
ဒေသခံရဟန်းရှင်လူတွေနဲ့ ဒီမိုကရေစီဘက်တော်သားတွေက
အခုဓာတ်ပုံပါအတိုင်း ဆန္ဒပြကာ  ..  
တကယ့်အမျိုး  . . .
တကယ့် စေတီ  . .. 
တကယ့် သိမ်  . . .
တကယ့်ရှေးဟောင်းသမိုင်းဝင်  . . .ကြီးကို တကယ်ထိမ်းသိမ်း
စောင့်ရှောက်ခဲ့ကြတယ်ဆိုတာ ငါ ထပ်ပြီး Polish တင်ပြနေစရာ
မလိုပါဘူး ။ အွန်လိုင်းပေါ်မှာ အထင်းသားပါ။ 
ဒီတော့ပြောချင်တာက  . .
မင်းတို့ အော်အော်နေတဲ့ အမျိုးစောင့်ဥပဒေဆိုတာက တို့အသိတော့
တရုတ်ကြီးနဲ့စစ်ခွေးဦးပိုင်တို့ကို စောင့်ဖို့အတွက် ဆင်ဝှေ့ရန်ရှောင်
တိုက်ကွက် ဥပဒေသကြီးပါ  . . .ကွာ။  လို့ပြောလိုက်တယ်။
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)
အရှေ့ဥယျာဉ်တိုက် ၊ စမ်းချောင်း
ရန်ကုန်။
LikeLike ·  · 

တောင်ကိုရီးယား ကပ္ပတိန်နှင့် မြန်မာသမ္မတ၊ ကာချုပ်တို့ တာဝန်ယူမှုကိုသိကြပါသလား

လူ ၃၀၀ ကျော် သေဆုံးခဲ့ရတဲ့ ပြီးခဲ့တဲ့ ဧပြီလက နစ်မြုပ်ခဲ့တဲ့ တောင်ကိုရီးယား
ဖယ်ရီ သင်္ဘောရဲ့ ကပ္ပတိန်ကို သေဒဏ် ချမှတ်ဖို့ အစိုးရ ရှေ့နေတွေက
တောင်းဆိုနေကြပါတယ်။
လူသတ်မှုနဲ့ စွဲချက်တင် ခံထားရတဲ့ ကပ္ပတိန် Lee Joon-Seok ဟာ သူ တာဝန်ယူ
ကြီးကြပ်ရတဲ့ တာဝန်ချိန် အတွင်း သင်္ဘော နစ်မြုပ်စဉ်မှာ ခရီးသည်တွေကို
ထားခဲ့ပြီး သူက ထွက်သွားခဲ့တယ်လို့ အစိုးရ ရှေ့နေတွေက ပြောပါတယ်။
သေဆုံးခဲ့သူ အများစုဟာ လေ့လာရေး ခရီးထွက် လာကြတဲ့ ဆယ်ကျော်သက်
အရွယ် ကျောင်းသားကလေးတွေ ဖြစ်ကြပါတယ်။
သေဆုံးသူတွေရဲ့ မိသားစုတွေကတော့ ကပ္ပတိန် Lee Joon-seok တစ်ယောက်တည်း
သာမက ကျန်တဲ့ သင်္ဘော အဖွဲ့သား ၅ ယောက်ကိုပါ သေဒဏ် ပေးစေချင်နေတယ်လို့
ဆိုပါတယ်။
ဒါပေမယ့် အစိုးရ ရှေ့နေတွေက ကပ္ပတိန် တစ်ယောက်တည်းကိုသာ သေဒဏ်ပေးပြီး
ကျန်တဲ့ သင်္ဘော အဖွဲ့သား ၃ ယောက်ကို ထောင်ဒဏ် တစ်သက်သာ ပေးဖို့ ပြောပါတယ်။
တောင်ကိုရီးယားမှာ နှစ်ပေါင်း ၂၀ အတွင်း ကွပ်မျက်မှု တစုံတရာ မရှိခဲ့ဘူးလို့ ဆိုးလ်မြို့က
ဘီဘီစီ သတင်းထောက်က ပြောပါတယ်။
ဒီသတင်းကိုလေ့လာသုံးသပ်ကြည့်တဲ့အခါ  . . . .
တာဝန်ယူမှု တာဝန်သိတက်မှုဆိုတဲ့ အပိုင်းကိုတွေ့ရပါတယ်။ လူဟာ မိမိကျရာနေရာ
မှာ မိမိပြုလုပ်သော တာဝန်ဝတ်တရားကိုကျေပွန်ဖို့လိုပါတယ်။ ဒီသူကတော့ ဆိုက္ကား
သမား ၊ ဒီလူကတော့ နိုင်ငံတော်သမ္မတကြီးရယ်လို့ မဆိုလိုပါဘူး။
ဆိုက္ကားသမားပင်ဖြစ်စေတော့မိမိခရီးသည်ကို ဘေးကင်းလုံခြုံစွာ စေတနာ
ရှေ့ရှု့ပြီးပို့ဆောင်ပေးပါက ယင်းဆိုက္ကားသမားကို အထင်သေးရန်မလို ၊ ဆိုက္ကားနင်း
ချိန်တွင် အရက်မသောက်ဘူး ၊ အလုပ်သိမ်းချိန်ရောက်မှသာ အရက်သောက်သည်။
ဒါဆို ယင်းဆိုက္ကားသမားကို ပို၍ပင်လေးစားထိုက်ပေသည်။
ဤသည်ကား အကျဉ်းမျှသောဥပမာပင်ဖြစ်သည်။
မျက်မှောက်ခေတ်လူငယ်များအနေဖြင့် ယင်းအဓိပ္ပါယ် ၀ိသေသနကို နားလည်ပါက
လူဖြစ်ခွင့်သည် မဆုံးရှုံးပေ ။
နိုင်ငံတော်သမ္မတတစ်ယောက်ဖြစ်ပြီး နိုင်ငံတော်နှင့် နိုင်ငံသားအကျိုးကို မသည်ပိုး
နိုင်ခဲ့သော်  . . ယင်းသမ္မတသည် အချီးအနှီးသော ယောက်ျားပင်ဖြစ်သည်။ ယင်း
သမ္မတ၏လူဖြစ်ခွင့်သည် မိမိ၏ဘ၀အတွက်လည်း အကျိုးမရှိသကဲ့သို့ နိုင်ငံတော်
နှင့်လူ့ဘောင်လူ့လောကအတွက်လည်း အလဟဿ       ပင်ဖြစ်သည်။
ဒီလို အနက်အဓိပ္ပါယ်ကို ထိုးထွင်းသိမြင်ပါက ထိုသို့သိမြင်နားလည်သောသူသည်။
လူဖြစ်ခွင့်၏ ရလဒ်ကို အသုံးခြနိုင်မည်ဖြစ်သည်။
မိမိတို့ စာရေးသားနေသည်မှာ ယင်းအဓိပ္ပါယ်ကို သိမြင်သောကြောင့် (အလင်းရှင်)
(-----------) စသော ကလောင်အမည်အမျိုးမျိုးဖြင့် ရေးသားဖြန့်ဖြူးခဲ့ပါသည်။
ထိုသို့အသိဉာဏ်များကို ဝေငှခြင်းဖြင့် လူ့ဘောင်လူ့လောက၏ ငြိမ်းချမ်းရေးကို
သည်ပိုးခြင်းဖြစ်ပါသည်။
ဟို တစ်လောဆီက  . . . . .
အလွတ်သတင်းထောက် ကိုပါကြီးအား စစ်တပ်မှဖမ်းဆီးကာ အဆုံးစီရင်လိုက်
သော သတင်းသည် ကမ္ဘာအနှံ့ပျံ့နှံ့ခဲ့သည်။
ဒီလိုဖြစ်ရပ်မျိုးဟာ သမ္မတနှင့် ကာချုပ်ဆိုသူတို့ တိုက်ရိုက်ပတ်သက်သည်။
ထိုဖြစ်စဉ်မျိုးကို နောက်နောင်မပေါ်ပေါက်စေရန် ယင်းသမ္မတနှင့်ကာချုပ်ဆိုသူ
တို့မှာ လုံးဝတာဝန်ယူရမည်ဖြစ်ပြီး သေဆုံးသူမိသားစုအား ကြေလည်သည်
အထိတောင်းပန်ရမည်။
ဒီလိုမျိုး အသိတရားသည် ။ ယင်းသမ္မတနှင့် ကာချုပ်ဆိုသူတို့ ရှိကောင်းသည်
မထင်။ ရှိလည်းမရှိပါ။
တာဝန်ယူခြင်း တာဝန်သိတက်ခြင်းမရှိသော ယင်းတို့အား ချေးထက်ပင်ရွံမုန်း
စရာကောင်းသည်။ ဒါကို ဒီနေ့ခေတ်လူငယ်များ သိစေချင်သည်။ ပြင်စေချင်
သည် ။ မှတ်စေချင်သည်။
အခုလို ရေးသားသည်ကိုပင် မှတ်ရကောင်းသောစာအဖြစ် သိပါက မြန်မာနိုင်
ငံသည် နောက်ဆယ်စုနှစ်အတွင်း မှာ ကမ္ဘာနှင့်ရင်ဘောင်တန်းနိုင်မည်ဟု
မိမိသုံးသပ်မိပါသည်။
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)

ထိုင်းလူငယ်ကို လိင်ဆက်ဆံသူ ထောင်ကျ

ထိုင်းဆယ်ကျော်သက်လူငယ်တဦးကို မဖွယ်မရာလုပ်မှု ကျူးလွန်ခဲ့တဲ့
အသက် ၆၆ နှစ်အရွယ် ဒတ်ခ်ျအမျိုးသားတဦးကို အောက်တိုဘာ ၂
၈ ရက်နေ့မှာ ထိုင်းတရားရုံးချုပ်က ထောင်ဒဏ် ၃၇ နှစ် ပြစ်ဒဏ်စီရင်လိုက်ပါတယ်။
Dutch man
ဒတ်ခ်ျလူမျိုး ဝီလီယံ ဂဲရတ် နော့ပီယမ်ဟာ ၂၀၀၉ ခုနှစ်က အသက် ၁၂ နှစ်အရွယ်
ထိုင်းလူငယ်လေးကို လိင်ပိုင်းအလွဲသုံးစားလုပ်မှု ကျူးလွန်ခဲ့တာပါ။
ထိုင်းလူငယ်လေးကို ပင်လယ်ကမ်းခြေမြို့ ဟွာဟင်းက သူ့အိမ်မှာ ယောက်ျားလေး
အိမ်သန့်ရှင်းရေး လုပ်သားအဖြစ် ခေါ်ထားခဲ့တာပါ။
ထိုင်းလူငယ်လေးက နော့ပီယမ်ဟာ ၂၀၀၇ ခုနှစ်က စပြီး သူ့ကို အလွဲသုံးစားလုပ်တယ်၊
တကြိမ်တိုင်းမှာ ထိုင်းဘတ် ၁၂၀ ပေးတယ်လို့ ပြောဆိုစွပ်စွဲထားပါတယ်။
နော့ပီယမ်ကတော့ သူ့အပေါ် စွပ်စွဲချက်အားလုံးကို ငြင်းဆိုခဲ့ပါတယ်။
ထိုင်းလူငယ်လေးဆီက ထွက်ဆိုချက်တွေနဲ့ ထိုင်းရဲအရာရှိတွေ စုဆောင်းထားတဲ့
သက်သေတွေအရ သက်သေခိုင်လုံတယ်လို့ တရားရုံးက ပြောပါတယ်။ နိုင်ငံတော်
တရားရုံးချုပ်ဟာ ထိုင်းနိုင်ငံတွင်း အဆင့်မြင့်ဆုံးတရားရုံး ဖြစ်ပါတယ်။
http://burmese.dvb.no/archives/69065
Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget