.

AlinShin

Tuesday, October 28, 2014

ဥပဒေထဲကလူ


လူမျိုး၊ ယုံကြည်ကိုးကွယ်မှုဘာသာ၊ လူမှုရေး၊ နိုင်ငံရေး၊ ပေါင်းသင်းဆက်ဆံရေး၊ 
စိတ်ပညာ၊ ဆေးပညာ၊ မနုဿဗေဒ၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းနဲ့ အခြားဘာသာရပ်
ဆိုင်ရာ ရှုထောင့်အမျိုးမျိုးကနေပြီးတော့ လူကို အဓိပ္ပာယ်အမျိုးမျိုးဖွင့်ကြပါတယ်။ 
အလားတူပဲ ဘဝဆိုတာ၊ ယောက်ျားဆိုတာ၊ မိန်းမဆိုတာ၊ အချစ်ဆိုတာ၊ သေခြင်း
တရားဆိုတာနဲ့ ငွေဆိုတာ အကြောင်းကိုလည်း ရှုထောင့်အမျိုးမျိုးကနေပြီး ပြောကြ၊
 ရေးကြ၊ အဓိပ္ပာယ်ဖွင့်ကြတာ ရှိပါတယ်။

လူဟာ အသက်ရှင်ရပ်တည်ဖို့အတွက် စားဝတ်နေရေး ရှာဖွေဆောင်ရွက်ရမယ်။
လူမျိုးနွယ် ဆက်တည်တံ့ဖို့ အတွက် မျိုးဆက်ပြန့်ပွားမှု ဆောင်ရွက်ရမယ်။ 
ဒါမှသာ “လူ”ဆိုတာ ကမ္ဘာပေါ်မှာ ဆက်လက်တည်တံ့မှာ ဖြစ်တယ်လို့ မနုဿဗေဒ 
ရှုထောင့်က ဆိုပါတယ်။ 

ကနေ့တော့ ဥပဒေရှုထောင့်က လူဆိုတာ ဘာလဲဆိုတာကို ပြောပြပါမယ်။ 
ဥပဒေနဲ့လူ ပတ်သက်လာပုံအကြောင်းစပြီး ပြောပြပါမယ်။

ကမ္ဘာဦးလူသားဟာ ပတ်ဝန်းကျင်လောကကြီးနဲ့ ထိတွေ့ဆက်ဆံနေရတယ်။ 
ဒီအခါမှာ လူသားဟာ  ပတ်ဝန်းကျင် လောကကြီးကိုရော၊ မိမိကိုယ်ကိုရော 
ဥပဒေသတွေ၊ နိယာမတွေ ဖော်ထုတ်လာတယ်။ စကြဝဠာ၊ နေ၊ လ၊ ကမ္ဘာဂြိုလ် 
နိယာမ တွေ၊ သဘာဝပတ်ဝန်းကျင်၊ ရေ၊ မြေ၊ တော၊ တောင်၊ ရုပ်ဝတ္ထု၊ 
သက်ရှိသက်မဲ့နိယာမတွေ ဖွင့်ဆိုလာတယ်။ လူနဲ့လူချင်း ပေါင်းသင်း ဆက်ဆံရာက 
အချင်းချင်း လက်ခံတဲ့ ကိုယ်ကျင့်တရားတွေ၊ ဓလေ့ထုံးတမ်းတွေ ဖြစ်လာပါတယ်။
နိုင်ငံတွေ၊ အစိုးရတွေ ပေါ်ပေါက်လာတော့ အမိန့်တွေ ပေါ်လာတယ်။ နောက်
ဥပဒေပြုအဖွဲ့က ဥပဒေအဖြစ် ပြဋ္ဌာန်းလာတယ်။ ဒီဥပဒေတွေကို နယ်မြေအရ 
သက်ဆိုင်သူတွေက လိုက်နာကြရတယ်။ နောက် အပြည်ပြည်ဆိုင်ရာ 
ဥပဒေတွေပေါ်လာပြီး နိုင်ငံအားလုံး လိုက်နာ  ကြရပါတယ်။
 
လူသားရှိလာလို့ ဥပဒေ ပေါ်လာရတာပါ။ ဥပဒေရှိလို့ လူသားဆက်ပြီး 
ရှိနေတာပါ။ ဥပဒေရဲ့ ရည်ရွယ်ချက်ကတော့ လူတွေရဲ့ အပြုအမူတွေကို 
စည်းနဲ့ကမ်းနဲ့ ပြုမူအောင် ထိန်းကျောင်းသတ်မှတ်ပေးဖို့ ဖြစ်ပါတယ်။ 
လူသားဟာ ကမ္ဘာဦးကတည်းကဥပဒေနဲ့ ကင်းကွာခဲ့ခြင်း မရှိကြောင်းတွေ့
ရပါတယ်။

လူဆိုတာ ဘာလဲ။ ဥပဒေရှုထောင့်အရ လူဆိုတာ ဥပဒေရေးရာအခွင့်အရေးနဲ့ 
တာဝန်ရှိနိုင်တဲ့ သတ္တဝါကို “လူ”လို့ ခေါ် ပါတယ်။
တိရိစ္ဆာန်တွေမှာ ဥပဒေအရ ဘာတာဝန်နဲ့ အခွင့်အရေးမှ မရှိပါဘူး။ ဥပဒေဟာလူတွေအတွက်ပဲ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ 

ဥပဒေအရ လူလို့ သတ်မှတ်တဲ့အရာ (၂)မျိုး ရှိပါတယ်။ 
(၁) ဥပဒေက လူလို့ သတ်မှတ်ထားတဲ့အရာများ
(၂) သက်ရှိလူသား၊ သဘာဝလူသားများ

(၁) ဥပဒေက လူဟု အသိအမှတ်ပြုထားတဲ့ အရာများ

သက်ရှိလူသား မဟုတ်ပေမယ့် ဥပဒေအရ အခွင့်အရေးနဲ့ တာဝန်ရှိတဲ့ 
အရာများကို ဥပဒေအရ လူအဖြစ် သတ်မှတ်ထား ပါတယ်။ ဥပမာ- 
အသင်းအဖွဲ့၊ ကော်ပိုရေးရှင်း၊ ကုမ္ပဏီ၊ အစုစပ်လုပ်ငန်း၊ ဘုတ်အဖွဲ့၊
မြူနီစီပယ် ကော်မတီ၊ ကော်မရှင် စတာ တွေဟာ သက်ရှိလူမဟုတ်
သော်လည်း ပေးလျော်ရန် တာဝန်၊ ရပိုင်ခွင့်၊ အခွင့်အရေးစတာတွေ 
ရှိကြပါတယ်။ သူတို့က တရားစွဲဆို(တရားလိုပြုလုပ်)နိုင်ပြီး သူတို့အပေါ်
ကိုလည်း တရားခံ/တရားပြိုင်အဖြစ် စွဲဆိုနိုင်ပါတယ်။

(၂) သက်ရှိလူသား၊ သဘာဝလူသားများ

အပြည်ပြည်ဆိုင်ရာ ဥပဒေအရ သက်ရှိလူသားမှာ လူသား အခွင့်အရေးတွေရှိကြောင်း ပြဋ္ဌာန်းပေးထားပါတယ်။ လူသား တစ်ယောက်
ဖြစ်တည်လာတဲ့ အမိဝမ်းဗိုက်ထဲကစပြီး သူ့မှာ အခွင့်အရေးရှိပါတယ်။
မွေးဖွားပြီးစ၊ ကလေးဘဝ၊ လူငယ်ဘဝ၊ သက်ကြီးရွယ်အိုဘဝထိ ရှင်သန်နေဆဲ 
လူသားမှာ အခွင့်အရေး ရှိပါတယ်။ လူသေကောင်မှာတော့ အခွင့်အရေးနဲ့ တာဝန် 
မရှိတော့ဘူး။ လူသားရဲ့အခွင့်အရေးကို အခြားဘယ်ပုဂ္ဂိုလ်၊ ဘယ်အစိုးရကမှ 
မထိပါးရဘူး။ မရုပ်သိမ်းရဘူး။ ဒါကြောင့် ယဉ်ကျေးတဲ့ ကမ္ဘာ၊ ယဉ်ကျေးတဲ့လူ့အဖွဲ့
အစည်းမှာ လူဖြစ်ခြင်းနဲ့ လူ့အခွင့်အရေးကို တာဝန်တစ်ရပ်အနေနဲ့ အလေးအနက် 
ထားကြပါတယ်။ လူသားအချင်းစာနာထောက်ထားမှုဆိုတာကိုလည်း အလေး
ထားကြပါတယ်။ လူ့အခွင့်အရေးကို အလေး မထားခြင်းဟာ မတော်မတရားမှုဖြစ်ပါတယ်။

သို့သော် သက်ရှိလူသားပင် ဖြစ်သော်လည်း စနစ်တစ်ရပ်၊ အခြေအနေတစ်ရပ်မှာ
(လူ့)အဆင့်အတန်းက ရုပ်သိမ်းခံရပြီး တိရစ္ဆာန်ဘဝမျိုးနဲ့ မတော်မတရားပြုခံခဲ့ရတဲ့
ခေတ်ကာလများရှိခဲ့ကြောင်း သမိုင်းကြောင်းအရ တွေ့ရှိရပါတယ်။
ဥပမာ – ကျေးပိုင်ကျွန်ပိုင်ခေတ်မှာ လူအချို့ဟာ ကျေးကျွန်ဘဝရောက်နေရင် 
လူစင်စစ်ဖြစ်သော်လည်း ဥပဒေအရ လူအဖြစ်အသိအမှတ်ပြု မခံရတော့ပါဘူး။ 
ကျွန်ပိုင်ရှင် အာဏာပိုင်တွေရဲ့ရိုက်နှက်၊ သတ်ဖြတ်၊ အဓမ္မစေခိုင်း၊ 
 လွှဲပြောင်းရောင်းချ တာခံကြရပါတယ်။ သူတို့မှာ လူ့အခွင့်အရေး မရှိတော့ပါဘူး။ 
 တိရစ္ဆာန်တစ်ကောင်လို ဆက်ဆံခံကြရတဲ့ဘဝပဲ ရှိခဲ့ပါတယ်။ အလားတူပဲ 
သက်ဦးဆံပိုင်စနစ်၊ အာဏာရှင်စနစ်အောက်မှာလည်း အချို့သော လူမျိုးနွယ်
စုတွေကို လူ့အဆင့်က နိမ့်ချပြီး ကျေးကျွန်၊ တိရိစ္ဆာန်တွေလို ပြုမူဆက်ဆံ၊ 
အစုလိုက်အပြုံလိုက် အဆိပ်ငွေ့နဲ့ သတ်ပစ်ခဲ့တဲ့ သမိုင်းတွေလည်း တွေ့
ရပါတယ်။ အလားတူပဲ စစ်ရှုံးနိုင်ငံက လူတွေအပေါ် စစ်နိုင်သူတွေ ပြုမူတာ၊ 
စစ်အုပ်ချုပ်ရေး၊ မာရှယ်လော၊ စစ်အာဏာရှင်စနစ်အောက်မှာ ရှိတဲ့ 
လူသားစစ်စစ်များဟာ လူအဖြစ်က လျော့ကျခဲ့ရတယ်။

ကမ္ဘာပေါ်က အချို့ဒေသတွေမှာ အုပ်ချုပ်ခံ လူတန်းစား ပြည်သူတွေဟာ 
လူ့အခွင့်အရေးဆိုတာကို သိခွင့်၊ သင်ယူခွင့်၊ ပြောဆိုခွင်၊ တောင်းဆိုခွင့် 
မရှိခဲ့တာတွေရှိခဲ့ပါတယ်။ သူတို့နိုင်ငံက ကျောင်းသုံးပညာရေး စာအုပ်
တွေမှာလည်း လူ့အခွင့်အရေး ပြဋ္ဌာန်းချက်တွေကို ဖြုတ်ထားခဲ့ပါတယ်။ ကုလသမဂ္ဂလူ့အခွင့်အရေးကြေညာစာတမ်းကို လက်ထဲမှာတွေ့ရင်တောင်
ထောင်ဒဏ်အပြစ်ပေးခံခဲ့ရတာတွေ ရှိခဲ့ပါတယ်။ အစိုးရက ပြည်သူတွေကို 
လူအဖြစ်အသိအမှတ်ပြုတာဟာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဖြစ်ပါတယ်။ 
ဒီဥပဒေကို ဖျက်ဆီး၊ ရပ်ဆိုင်း၊ လျစ်လျူရှုထားခဲ့တဲ့ ကာလနှစ်ပေါင်းများစွာ 
ရှိတတ်ပါတယ်။ အဲဒီ နိုင်ငံက လူတွေဟာ သက်ရှိလူသားစင်စစ်ဖြစ်သော်လည်း 
ဥပဒေအရ လူ့အခွင့်အရေး မရှိကြပါဘူး။

ဒါပေမဲ့ အုပ်ချုပ်သူတွေရဲ့ ပါးစပ်က ပြဋ္ဌာန်းတဲ့ အမိန့်တွေကြောင့် တာဝန်မျိုးစုံ၊ 
အတင်းအဓမ္မ စေခိုင်းသမျှ လုပ်နေရတဲ့ အခါ ကာလများသည် ရှိနေတတ်ပါတယ်။ 
ဒါကြောင့် လူဟုတ်မဟုတ်ကို သူ့မှာ ကမ္ဘာက အသိအမှတ်ပြုတဲ့ အခွင့်အရေးနဲ့ 
တာဝန်တွေ ခံစားခြင်းရှိ၊ မရှိနဲ့ တိုင်းတာပြောဆိုရပါတယ်။

တိရစ္ဆာန်တွေအကြောင်းနဲ့ ယှဉ်ပြီး လူအကြောင်း ရှင်းပြချင်ပါတယ်။ တိရစ္ဆာန်တွေဟာ သဘာဝအရလည်းကောင်း၊ ဥပဒေအရလည်းကောင်း လူမဟုတ်ပါဘူး။ ဥပမာ – 
ငါးကန်ထဲက ငါးခိုးခံရတယ်။ ငါးကန် အဆိပ်ခတ်ခံရတယ်။ ခွေးပျောက် တယ်။ 
သတ်စားခံရတယ်။ ကြက်ခိုးသတ်တယ်။ နွားခိုးခံရတယ်ဆိုတာဟာ တိရစ္ဆာန်များကို 
ထိပါးတာ မှန်ပေမယ့် တိရစ္ဆာန် များရဲ့ အခွင့်အရေးကို ထိပါးတာ မဟုတ်ပါဘူး။ 
 သူတို့မှာ သူတို့အကျိုးစီးပွားအတွက် အခွင့်အရေးနဲ့ တာဝန်မရှိကြပါဘူး။ သူတို့ကို 
ပိုင်ဆိုင်တဲ့ ပိုင်ရှင်(လူ)ကို နွယ်ပြီး ပိုင်ရှင်ရဲ့ အခွင့်အရေးကို ထိပါးစေတာဖြစ်ပါတယ်။ 
ထို့ပြင် ခွေးကိုက်တာ၊ ဝက်ဝံကုတ်တာ၊ ကြောင်ကိုက်တဲ့ကိစ္စမှာ ဒီတိရစ္ဆာန်တွေမှာ 
ဘာတာဝန်မှ မရှိပါဘူး။ သူတို့ကို ပိုင်ဆိုင်တဲ့(လူ)ကိုနွယ်ပြီး ခွေးပိုင်ရှင်၊ ဝက်ဝံပိုင်
ရှင်တွေမှာ တာဝန်ရှိလာခြင်းဖြစ်ပါတယ်။ တိရစ္ဆာန်အပေါ် ပြုမူတာ၊ တိရစ္ဆာန်က
ပြုမူတာမှာ ဥပဒေက ဘာတာဝန်၊ ဘာအခွင့်အရေးမှ အသိအမှတ်မပြုပါဘူး။
တောထဲမှာနေတဲ့ တောရိုင်းတိရစ္ဆာန်တွေမှာ ဘာတာဝန် ဘာအခွင့် အရေးမှ မရှိသလိုပေါ့။

ဥပဒေဟာ လူတွေရဲ့ အကျိုးစီးပွားအတွက်သာ ပြုလုပ်ထားတာဖြစ်တယ်။ 
 နိမ့်ကျတဲ့သတ္တဝါတွေ အကျိုးစီးပွားအတွက် လုပ်ပေးမထားဘူး။ ကြက်မှုတက္ကသိုလ်၊
 နွားကောလိပ်၊ ဆိတ်ဆေးတက္ကသိုလ်၊ ကြောင်ဆရာအတတ်သင်ကောလိပ်၊
 မျောက်ပညာရေးကောလိပ်၊ ငှက်အဝေးပျံတက္ကသိုလ်၊ လဒယဉ်ကျေးမှုတက္ကသိုလ် 
ဆိုတာမျိုး မရှိဘူး။ လူ့လောကအတွက် အသုံးချဖို့ တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေး
တက္ကသိုလ် ဆိုပြီး လူအကျိုးစီးပွားအတွက် သင်ကြားပေးတာပါ။ 

လူရဲ့တာဝန် ဆိုတာ ဥပဒေပြုအဖွဲ့က ဥပဒေနဲ့ သတ်သတ်မှတ်မှတ် ပြဋ္ဌာန်းပေးထားတဲ့၊ 
မဆောင်ရွက်လျှင် မရတဲ့ တာဝန်ကို ပြောတာပါ။ သို့သော် အာဏာရှင်ရဲ့အောက်မှာ
နေရတဲ့လူတွေဟာ အာဏာရှင်ခိုင်းသမျှ ဥပဒေမဲ့ အမိန့်တာဝန် တွေကို ငြင်းပယ်ခွင့်၊ 
ပျက်ကွက်ခွင့်မရှိဘဲ လိုက်နာလုပ်ဆောင်ရတတ်ပါတယ်။ ဥပမာ – သမီးတော် 
ဆက်သရမယ်။ ကျွန်(၂ဝ)ပို့ပေး။ ပေါ်တာ(၂ဝ)လိုတယ်။ လုပ်အားပေး(၁ဝဝ)လွှတ်ပါ။ လက်အုပ်ချီပြီးပြောပါ။ ကော်ဇောနီခင်းကြိုပါ။ ဒူးထောက် လာပါ။ အိမ်ပြင် မထွက်နဲ့။ 
ဘယ်အရပ်ဒေသ မနေရ။ ဒီမြေဟာ ငါတို့မြေ၊ ငါတို့အုပ်ချုပ်နေတာ။ ဒီရုပ်ပုံမဆွဲရ။
 ခေါင်းဆောင်ကို မင်းတို့ရွေးစရာ မလိုဘူး။ တိုင်ရဲရင်တိုင်၊ တိုင်တဲ့လူဖမ်းကွာ။ 
စိတ်နဲ့တောင် မပြစ်မှားနဲ့။ အိမ်တိုင်းကြက်ဆူပင်(၁ဝ)ပင်စိုက်။ မပျက်မကွက် လှူရန် 
အမိန့်ပေးလိုက်သည်။ လှူဒါန်းရန် ပျက်ကွက်က သင့်တာဝန်ဖြစ်သည်။ စတာတွေ
ကြားရတတ်ပါတယ်။ ဒါတွေဟာ ဥပဒေက သတ်မှတ်တဲ့ တာဝန်တွေ မဟုတ်ပါဘူး။

လူကို တိရစ္ဆာန်နဲ့ ခွဲခြားထားတာက ဥပဒေအရ အခွင့်အရေးနဲ့တာဝန်ရှိ/မရှိ ဖြစ်တယ်။ 
လူရဲ့အခွင့်အရေးကို ကမ္ဘာ့ ကုလသမဂ္ဂက ကြေညာတယ်။ နိုင်ငံတွေက လိုက်နာပါမယ်လို့ လက်မှတ်ထိုးကြရတယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံ ဥပဒေထဲမှာပါတဲ့ နိုင်ငံသားများ အခွင့်အရေးဟာ ကန့်သတ်ချက်တွေနဲ့ ရေးထားတဲ့အခါမှာဖြစ်စေ၊ ဒီဖွဲ့စည်းပုံကို ဖျက်သိမ်းပစ်လိုက်တဲ့အခါမှာ
ဖြစ်စေ သက်ရှိလူသားရဲ့လူ့အဆင့်ဟာ လျော့ကျသွားပါတော့တယ်။

ဒါတွေဟာ ဥပဒေထဲက လူအကြောင်း ဖြစ်ပါတယ်။

UTK (မဟာဝိဇ္ဇာ၊ သိပ္ပံ၊ ဥပဒေ)
http://lawyerutunkyi.wordpress.com/2013/10/22/%E1%80%A5%E1%80%95%E1%80%B1%E1%80%92%E1%80%91%E1%80%B2%E1%80%80%E1%80%9C%E1%80%B0/

စကြာဝဠာကို ဗုဒ္ဓနှင့် သိပ္ပံပညာရှင်တို့၏အမြင်

စကြာဝဠာကမ္ဘာကြီးအကြောင်းကို လေ့လာကြည့်သောအခါ ဘုရားဟော လောကန္တဂမနသုတ်မှာ ရောဟိတ အမည်ရှိတဲ့ နတ်သားသည် အရောင်အလင်း တထိန်ထိန်ဖြင့် မြတ်စွာဘုရားထံရောက်လာပြီး လျှောက်ထားသည်မှာ *တန်ခိုးဣဒ္ဓိပါဒ်နှင့်ပြည့်စုံပြီး ကောင်းကင်၌ မြန်ဆန်စွာ ပျံသန်းလားလာနိုင်သော တပည့်တော်သည် မရပ်မနား ဆက်တိုက် လောက၏အဆုံးနှင့် လောက၏ ငြိမ်းချမ်းတဲ့ နေရာကို လိုက်ရှာခဲ့ပါသော်လည်း မတွေ့မမြင်ခဲ့ပါဘုရား * ဟုဖြစ်သည်။ ဤစကား၌လောက၏အဆုံးမရှိခြင်းနှင့် ငြိမ်းချမ်းမှုတို့ အတိပြည့်သော နေရာဟူ၍မရှိဟု အဓိပ္ပါယ်ပေါ်လွင်စေပါသည်။

အခြားသော မဟာပဒါနသုတ်၊ အဂ္ဂညသုတ်တို့တွင်လည်း ကမ္ဘာလောကကြီးအကြောင်းကို တွိဟိနိုင်ပါသည်။

ဗုဒ္ဓတရားတော်၌ တွိရသော စကြာဝဠာမှာ လေးကွန်းတမြင်းမိုရ် လ, နီ, နက္ခတ္တာရာနှင့်၊ အပါယ်လေးဘုံ၊ လူ့ဘုံ၊ နတ်ဘုံ၊ ဗြဟ္မာဘုံ၊ အစဟိသော ဘုံတို့ပါဝင်ရေ တည်နီရာ သို့ အုပ်စု တခုကို စကြာဝဠာဟု သမုတ်ခေါ်ဝေါ်ခြင်းဖြစ်ပါသည်။

ဤကမ္ဘာမြီထု၏ ထုထည်ပမာဏသည် ယူဇနာအားဖြင့် (၂၄၀,၀၀၀) ရှိရေလို့ စာပေများတွင်တွိဟိရပါသည်၊ တစ်ယူဇနာလျှင် မိုင်အားဖြင့် (၁၂.၇) ရှိသည်ဟု မျက်မှောက်ကာလ၌ သတ်မှတ်ထားကတ်သည်၊ ယူဇနာ (၂၄၀,၀၀၀)လုံးကို မိုင်အားဖြင့်

တွက်ကြည့်သော် မိုင်ပေါင်း (၃,၀၄၈,၀၀၀) ရှိပါသည်။ယင်းမြီထုထည်ကြီးကို ရီထုကြီးက ခံထားပြီး၊ ရီထုကို လီထုကြီးက တဖန် ၀န်းရံပင့်တင်ထားသည်။

 

အဂုခေတ် သိပ္ပံပညာရှင်ရို့ လေ့လာတွိဟိချက်များကို တဖေ့ချေတင်ပြရပါသော် လူသားတိနီထိုင်ရေ ဤကမ္ဘာမြီကြီးသည် နှစ်ပေါင်း ၄.၅၅ ဘီလီယံကျော်ခန့်လောက်က ဖြစ်ပေါ်ခလီသည်၊ ကမ္ဘာသည် Planet ဂြိုလ် တစ်လုံးသာဖြစ်သည်၊

နီကို ၀န်းရံလှည့်ပတ်နီရေ ဂြိုလ်တိမှာ ဂြိုလ်ကြီး (၉)လုံးဖြစ်တေ

(၁) Mercury Planet- ဗုဒ္ဓဟူးဂြိုလ်၊ (၂)Venus Planet- သောကြာဂြိုလ်၊ (၃)Earth Planet-ကမ္ဘာဂြိုလ်၊ (၄)Mars Planet- အင်္ဂါဂြိုလ်၊ (၅) Jupiter Planet-ကြာသပတေးဂြိုလ်၊ (၆) Saturn Planet- စနီဂြိုလ်၊  (၇) Uranus Planet-ယူရေးနပ်ဂြိုလ်၊(၈)Neptune Planet-နပ်ပကျွန်းဂြိုလ်၊ (၉)Pluto Planet- ပလူတိုဂြိုလ်တိနန့် ဂြိုလ်အရံ (၃၁)လုံးရို့က ဂြိုလ်ငယ်ချေတိနှင့်တကွ ၀န်းခံလှည့်ပတ်လျက်ဟိသည်ဟု

ဆိုသည်။ လူသားတိနီထိုင်သော ဤကမ္ဘာဂြိုလ်သည် နီမှ (၉၂,၉၀၀,၀၀၀)မိုင် ကွာဝီးသည်၊ နီမှထုတ်လွှင့်သော အလင်းရောင်သည် ကမ္ဘာမြီပြင်ကိုရောက်ရှိရန် (၈)မိနစ်နှင့် (၃) စက္ကန့်ကြာသည်၊ တစက္ကန့်လျှင် အလင်းဖြတ်သန်းနှုန်းမှာ (၁၆၀,၀၀၀) မိုင်ဟိသည်၊

လူသားရို့နီထိုင်ရေ ဤစကြာဝဠာကြီးတွင် နီသည် အကြီးမားဆုံးပမာဏဟိပြီး ဆွဲအားကြီးသော နီကို ဆွဲအားနည်းသော ဒေကမ္ဘာ အပါအ၀င်ဂြိုလ်ကြီးကိုးလုံးက လှည့်ပတ်နီလီသည်၊ ကမ္ဘာသည် တစ်ရက်လျှင် တစ်ပတ်နှုန်းဖြင့် နီကိုလှည့်ပတ်နီသောကြောင့် တစ်နှစ်( ၃၆၅.၂၆) သို့ (၃၆၅.၂၅၆၄) ရက်တွင် တစ်ပတ်ရလီသည်၊ ဒေကမ္ဘာသည် သူ့ဝင်ရိုးထက်ပေါ်တွင် အနောက်ဘက်မှ အရှိဘက်သို့ လည်ပတ်နီသောကြောင့် တခြမ်းစီသည် အမှောင်နန့် အလင်းကို တလှည့်စီ ရဟိစီသည်၊ ရီများသည် အားလုံးခဲမလားစီရန်နန့်အားလုံး အရေပျိုမလားစီရန် နီမှ သင့်တော်သော အလင်းရောင် အငွိကို ရဟိစီသည်၊ ထို့အတူ လ,သည်လည်း ကမ္ဘာကိုလှည့်ပတ်ရာ တစ်လလျှင် တစ်ပတ်ရလီသည်၊ ဤကမ္ဘာမြီပြင်ထုသည် အာကာသထဲ၌ မျောပါနီရေ ဂြိုလ်တစ်လုံးသာဖြစ်သောကြောင့် အခြားဂြိုလ်တစ်လုံးမှ ကြည့်လျှင် “ မှိတ်တုတ်, မှိတ်တုတ်” လင်းလက်နီသော ကြယ်မှုန် ကြယ်မွှားချေ တစ်ခုသာဖြစ်ပေသည်။

ဗုဒ္ဓတရားတော်တွင် စကြာဝဠာသုံးခု ဆက်စပ်ရာဂြား၌ နီရောင်၊ လရောင်၊ မရောက်နိုင်သော အမှောင်ထုကြီး ဖုံးလွှမ်းရာ နီရာကို လောကန္တရိတ်ငရဲဟု ဆိုထားပါသည်၊ ဒေနိခေတ် သိပ္ပံပညာရှင်ရို့ တွိဟိသတ်မှတ်ထားရေ Black Hold ကောင်းကင်ထောင်ချောက်ကြီးများဖြင့် ယှဉ်တွဲလေ့လာနိုင်ပေသည်။ လောကဓါတ်ပေါင်း (၁၀၀၀) ပါဝင်သော အုပ်စုကို ဗုဒ္ဓစာပေ၌ အငယ်စား “ သဟဿီ” လောကဓါတ်ဟုခေါ်ဆိုသည်ကို တွိရသည်၊ စကြာဝဠာလောကဓါတ်ပေါင်း (၁၀၀၀၀) ပါဝင်သည့် အုပ်စုကို “ ဇာတိခေတ်’ အာဏာခေတ်’ ၀ိသယခေတ်” သုံးမျိုးတွင် ဇာတိခေတ် ဟု သတ်မှတ်ခေါ်သည်။ မြတ်စွာဘုရားရှင်နှင့် ဘုရားအလောင်းတော်များအတွက် ထူးခြားသော နိမိတ်များဖြစ်လျှင် စကြာဝဠာတိုက် (၁၀၀၀၀) လုံး တုန်ခါတတ်ပေသည်။

ဒေကမ္ဘာမြီပြင်မှ တခါတရံ တွိမြင်ရသော Galazy နဂါးငွေ့တန်းခေါ် Milkway ကို ပါဠိဘာသာမှာ “အာကာသဂင်္ဂါ’ ကောင်းကင်မြစ်ကြီး”ဟု ခေါ်ပါသည်၊ ဂြိုလ်သိမ် ဂြိုလ်မွှားများ အပါဝင် အရံဂြိုလ် (၃၁) လုံး၊ ဂြိုလ်ကြီး (၉) လုံးနှင့် နီ စကြာဝဠာက နဂါးငွိတန်း Galazy ကိုတစ်ပတ်ရအောင် လှည့်ပတ်ရသော အချိန်မှာ နှစ်ပေါင်း (၂၂၅) သန်းကြာလီသည်၊ အထက်၌ပြောခရေ နဂါးငွေ့တန်းအား သာမန်မျက်စိနန့်ကြည့်လျှင် မိုးကုတ်စက်ဝိုင်း အဆုံးတွင် ဆုံးလာရေလို့ ထင်ရပြီး၊ အားကောင်းသော နက္ခတ်တာရာကြည့်မှန်ပြောင်းဖြင့်ကြည့်လျှင် ၀မ်းဘဲဥပုံ ခရုခွေကြီး ပုံသဏ္ဍာန် တွိဟိရလီသည်။ လူသားရို့နီထိုင်ရေ ကမ္ဘာမြီအပါအ၀င် ဤစကြာဝဠာကြီးသည် Galazy နဂါးငွေ့တန်း၏ နောက်ဆုံးအခြွီ အစွန်အဖျားဘေးနားတွင်ဟိသော မပြောပလောက်သည့် အကြီးခွံချေ တစ်ခုသာဖြစ်ပေသည်။

ဗုဒ္ဓတရားတော်၌ စကြာဝဠာ လောကဓါတ်ပေါင်း (၁၀၀,၀၀၀) ပါဝင်သော အုပ်စုကို “ဒွိသဟဿီ” အလတ်စား စကြာဝဠာအုပ်စုဟုဆိုလီသည်၊ အထက်၌ဖေါ်ပြခရေ နဂါးငွိတန်း Galazy တွင်စကြာဝဠာ ကုဋေ(၁၀၀,၀၀၀)ခန့် ပါဝင်လီသည်၊ ဗုဒ္ဓဒေသနာတော်လာ တတိယစကြာဝဠာအမျိုးစားမှာ စကြာဝဠာ ကုဋေ (၁၀၀၀၀၀) ခန့်ပါဝင်သော အကြီးစား လောကဓါတ်ကို “တိသဟဿီ” စကြာဝဠာ ဟုခေါ်လီသည်၊ ခေတ် သုံးမျိုးတို့တွင် အာဏာခေတ် ဟုခေါ်၏၊ မြတ်စွာဘုရား၏ ပရိတ်ဒေသနာတော် အာဏာစက် တန်ခိုးသတ္တိ အရှိန်အဟုန်၊ အာဏာစက် သက်ရောက်ရာ ရပ်ဝန်းဒေသဖြစ်လီသည်၊ ယင်းစကြာဝဠာ ကုဋေ (၁၀၀၀၀၀) သည်ဆိုးတူ ကောင်းဘက်၊ ဖြစ်တူ၊ ပျက်ဘက်၊ စကြာဝဠာများဖြစ်ကြသည်။

 ဒေနိ သိပ္ပံပညာရှင်တို့ သတ်မှတ်ထားသော မဟာလောကဓာတ်သည် Gagazy နဂါးငွိတန်းပေါင်း (၂၅၀၀) ပါဝင်သော လောကဓာတ်ကို ခေါ်ဆိုသည်ဟိသော် နီစကြာဝဠာပေါင်း ကုဋေ (၂၅) သန်းကို အကြီးစား လောကဓာတ် စကြာဝဠာ” ဟုခေါ်နိုင်မည်ဖြစ်သည်။ ဒေကမ္ဘာအပါဝင် နီစကြာဝဠာကြီးသည် အဆိုပါလောကဓာတ်ကြီးကို မိုင်ပေါင်း (၁၃၀၀၀၀၀) နှုန်းဖြင့် လှည့်ပတ်နီရသည်ဟုဆိုသည်။ Galazy နဂါးငွိတန်း၏ အကျယ်ဝန်း ပမာဏမှာ ဒေမာဘက်မှ ထိုမာဘက်ထိ အလင်းနှစ် (၁၅၀၀၀၀) ကြာအောင် လားရပေသည်၊ အလင်းဖြတ်သန်းနှုန်းမှာ တစ်စက္ကန့်လျှင် မိုင်ပေါင်း (၁၈၆၀၀၀) နှုန်းဖြင့်လားသော် နှစ်သန်းပေါင်း (၂၀၀၀၀) လားမှသာရောက်နိုင်လီသည်၊ ထုထည်အားဖြင့် အလင်းနှစ် (၂၅၀၀၀) မှ (၄၀၀၀၀)ထိ ဟိလီသည်။

အလွန်တရာ အပြောကျယ်လှရေ အာကာသဟင်းလင်းပြင်ထဲမှာ နဂါးငွိတန်း အများကြီးပါဝင်သော လောကဓါတ်ကို သိပ္ပံပညာရှင်ရို့က “NABULA” ဟုခေါ်လီသည်။ ထိုသို့ NABULA သန်းပေါင်း (၃၀)ခန့်လောက် တွိဟိကြောင်း သိပ္ပံပညာရှင်များ၏ ကြော်ငြာချက်၌ တွိဟိရသည်၊ NABULA တခုနန့်

တခု အကွာအ၀ီးမှာ အလင်းနှစ်ပေါင်း (၂) ခန့် ကွာဝီးကြောင်းလည်း ယင်းပညာရှင်ရို့က တွက်ချက်ခကတ်လီသည်၊ ဘုရားဟော အနန္တစကြာဝဠာ ဆိုသည့်စကားအတိုင်း အပြောကျယ်လှရေ အာကာသတခွင်မှာ စကြာဝဠာတို့ မရေတွက်နိုင်အောင်ပင်ရှိကြောင်း လေ့လာသိရှိနိုင်သည်။ ယင်းလောကဓါတ်ကြီး တခုလုံးကို “ ၀ိသယခေတ်” ဟုခေါ်ဝေါ်လီသည်၊ မြတ်စွာဘုရားရှင်တို့၏ ဥာဏ်တော်ဖြင့်သာလျှင် ထိတွိကျက်စားနိုင်သော ဒေသပင်ဖြစ်သည်၊ သာမန်လူသားများအနီဖြင့် တပ်အပ်သေချာ သိမြင်နိုင်ဘို့ရန် မလွယ်ကူလှပေ။ မည်သို့ပင်ဖြစ်စီ ဗုဒ္ဓတရားတော်နှင့် ခေတ်သစ်သိပ္ပံပညာရှင်တိ အဆိုအရ tidal interaction ကြောင့် ကမ္ဘာကို နီက ၀ါးမျိုလားမည်ဖြစ်ပြီး သက်ဟိအားလုံးနန့် “ကမ္ဘာကြီးတခုလုံး ပျက်စီးရမည်သာဖြစ်သည်” ဟူသောပြောဆိုချက်များသည် တထပ်တည်းသာဖြစ်သည်။

အထက်မှာပြောခသော ဗုဒ္ဓဘုရားရှင် ဟောကြားခရေ အနန္တစကြာဝဠာ၊ ရောဟိတနတ်သားဖြတ်သန်းခရေ စကြာဝဠာတိနန့်၊ ဒေနီ မျက်မှောက်ခေတ် သိပ္ပံပညာရှင်ရို့က လက်ခံထားရေ စကြာဝဠာတိကို နှိုင်းယှဉ် လေ့လာနိုင်ကတ်စီဖို့ရန် အကောင်းဆုံး ဆန္ဒမွန်များနန့် ရွီးသားတင်ပြခြင်းဖြစ်ပါသည်။

 ကိုတော် ပညာ(မြောက်ဦး) မဟာချူလာတက္ကသိုလ်၊ ဘန်ကောက်

27.12.2012 

http://www.ashinpanna.com/2012/12/blog-post_27.html

တက်တူးထိုးထားသောအမျိုးသမီးအား အများသုံးရေချိုးခန်း ရေချိုးခွင့်ပိတ်


Photo: တက်တူးထိုးထားသောအမျိုးသမီးအား အများသုံးရေချိုးခန်း ရေချိုးခွင့်ပိတ်


Maori မျိုးနွယ်ဝင် နယူးဇီ လန်အမျိုးသမီး Erana Te Haeata Brewerton အား မျက်နှာ တွင် ဆေးမင်ကြောင်ရုပ်ထိုးထား သောကြောင့် အများပြည်သူရေ ချိုးရာနေရာသို့ ဂျပန်မှ ဝင်ခွင့် မပေးကြောင်း သိရသည်။

သူမသည် ဂျပန်နိုင်ငံမြောက် ပိုင်း Hokkaido ရှိ Eniwa ရေ ချိုးရာနေရာသို့ တက်တူးထိုးထား သောကြောင့် ဝင်ခွင့်မရကြောင်း AFP သို့ ပြောသည်။ သူမသည် တိုင်းရင်းသားပညာရပ်ဆိုင်ရာ စည်းဝေးပွဲသို့ တက်နေသူဖြစ်ပြီး ထိုသို့ငြင်းပယ်ခံရခြင်းမှာ ယာကူဇာကဲ့သို့ မြေအောက်ဂိုဏ်း သားများဝင်ရောက်ခြင်းကို ဟန့် တားသည့်စည်းမျဉ်းနှင့် ငြိစွန်းနေ ၍ဖြစ်ကြောင်း သိရသည်။

မျက်နှာတွင် ta moko မင် ကြောင်ထိုးခြင်းဓလေ့မှာ မည် သည့်လူမျိုး မည်သည့်ဒေသမှလာ သူဖြစ်ကြောင်း လူအများသိစေ ရန်ဖြစ်ကြောင်း၊ သူမ၏မင်ကြောင် ကို ကြည့်ခြင်းအားဖြင့် သူမမည် သူမည်ဝါဖြစ်ကြောင်း သိစေသည် ဟု ရှင်းပြသည်။ ရိုးရာမင်ကြောင် ထိုးခြင်းသည် လူမှုရေးဆန့်ကျင် သည့် သဘောမျိုးမဟုတ်ကြောင်း၊ သူမ၏ ယဉ်ကျေးမှုဓလေ့တွင် ဂုဏ်သရေရှိသူများသာ ထိုးခွင့်ရှိ ကြောင်း Ainu ဘာသာရပ်သင် ကြားနေသော ကထိက Kenji Sekine က ကန့်ကွက်လိုက်သည်။
အသက်၆ဝရှိ သူမ၏နှုတ် ခမ်းနှင့် မေးစေ့တွင် ta moko ထိုး ထားကြောင်း တွေ့ရသည်။ ဂျပန် လူမျိုးအချို့သာ တက်တူးထိုးကြ ၍ အနောက်နိုင်ငံများတွင် တက် တူးထိုးခြင်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေသည်ကိုအံ့ဩနေကြသည်။

http://myawadynews.blogspot.com/2013/09/blog-post_4113.html
Maori မျိုးနွယ်ဝင် နယူးဇီ လန်အမျိုးသမီး Erana Te Haeata Brewerton အား မျက်နှာ တွင် ဆေးမင်ကြောင်ရုပ်ထိုးထား သောကြောင့် အများပြည်သူရေ ချိုးရာနေရာသို့ ဂျပန်မှ ဝင်ခွင့် မပေးကြောင်း သိရသည်။

သူမသည် ဂျပန်နိုင်ငံမြောက် ပိုင်း Hokkaido ရှိ Eniwa ရေ ချိုးရာနေရာသို့ တက်တူးထိုးထား သောကြောင့် ဝင်ခွင့်မရကြောင်း AFP သို့ ပြောသည်။ သူမသည် တိုင်းရင်းသားပညာရပ်ဆိုင်ရာ စည်းဝေးပွဲသို့ တက်နေသူဖြစ်ပြီး ထိုသို့ငြင်းပယ်ခံရခြင်းမှာ ယာကူဇာကဲ့သို့ မြေအောက်ဂိုဏ်း သားများဝင်ရောက်ခြင်းကို ဟန့် တားသည့်စည်းမျဉ်းနှင့် ငြိစွန်းနေ ၍ဖြစ်ကြောင်း သိရသည်။

မျက်နှာတွင် ta moko မင် ကြောင်ထိုးခြင်းဓလေ့မှာ မည် သည့်လူမျိုး မည်သည့်ဒေသမှလာ သူဖြစ်ကြောင်း လူအများသိစေ ရန်ဖြစ်ကြောင်း၊ သူမ၏မင်ကြောင် ကို ကြည့်ခြင်းအားဖြင့် သူမမည် သူမည်ဝါဖြစ်ကြောင်း သိစေသည် ဟု ရှင်းပြသည်။ ရိုးရာမင်ကြောင် ထိုးခြင်းသည် လူမှုရေးဆန့်ကျင် သည့် သဘောမျိုးမဟုတ်ကြောင်း၊ သူမ၏ ယဉ်ကျေးမှုဓလေ့တွင် ဂုဏ်သရေရှိသူများသာ ထိုးခွင့်ရှိ ကြောင်း Ainu ဘာသာရပ်သင် ကြားနေသော ကထိက Kenji Sekine က ကန့်ကွက်လိုက်သည်။
အသက်၆ဝရှိ သူမ၏နှုတ် ခမ်းနှင့် မေးစေ့တွင် ta moko ထိုး ထားကြောင်း တွေ့ရသည်။ ဂျပန် လူမျိုးအချို့သာ တက်တူးထိုးကြ ၍ အနောက်နိုင်ငံများတွင် တက် တူးထိုးခြင်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေသည်ကိုအံ့ဩနေကြသည်။

myawadynews
Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget