.

AlinShin

Tuesday, July 22, 2014

ဦးဆန်းဆင့်ကို ထောင်ဒဏ်တစ်ကျွန်းကျနိုင်သည့် အကြည်အညိုပျက်စေသည့် ပုဒ်မထပ်တိုးလိုက်

ဦးဆန်းဆင့်ကို ပြစ်မှု ထင်ရှားပါက ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချနိုင်သည့် အကြည်အညို ပျက်စေမှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၄(က)ပါ ထပ်တိုးလိုက်သည်ဟု ဦးဆန်းဆင့်၏ ရှေ့နေ ဦးတင်ထွန်းက မဇ္ဈိမကို ပြောသည်။
22jl2
ဦးဆန်းဆင့်ကို နေပြည်တော်မြို့နယ် ဒက္ခဏသီရိ တရားရုံးတွင် ဇူလိုင်လ ၂၂ရက် နံနက်က စတုတ္ထအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပြီး မိသားစုနှင့်လည်း ပထမဆုံးအကြိမ် တွေ့ခွင့်ပေးခဲ့သည်။ သို့သော် မီဒီယာများကိုမူ သတင်းရယူခွင့် မပေးခဲ့ဟု ဆိုသည်။
ဦးဆန်းဆင့်အား အာမခံပေး၍မရသည့် ယုံကြည်အပ်နှံရေးဖောက်ဖျက်မှု ပုဒ်မ ၄ဝ၉/ ၁ဝ၉ ဖြင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက တရားလိုအဖြစ် တရားစွဲဆိုထားပြီး ဇွန်လ ၁၉ရက်က ဖမ်းဆီးခဲ့သည်။
မဇ္ဈိမသတင်းဌာန

ထိုင်းအလှမယ်ကို သရဖူပြန်သိမ်း

ထိုင်းနိုင်ငံ Miss Universe Thailand ပြိုင်ပွဲ ဆုရတဲ့ အလှမယ် နောက်တယောက် သူ့ သရဖူ ပြန်အပ်လိုက်ရပါပြီ။
 
သူ့နာမည်က Sunnanipa Namphet Krissanasuwan

Thai PBS, Bangkok Post သတင်းတွေကို ကိုးကား ရေးသားရရင် ... ပြိုင်ပွဲကော်မတီ ရဲ့ ပြီးခဲ့သောရက်ပိုင်း ထုတ်ပြန်ချက်မှာတော့ သရဖူ ရုပ်သိမ်းရခြင်း အကြောင်းရင်းကို မတွေ့ရပါ။

ထုတ်ပြန်ချက်မှာတော့ ရက်စွဲတပ်ထားတာက ဇူလိုင် ၁ဝ။

ကော်မတီဝင်တယောက် ပြောတာကတော့ အဲဒီရက်စွဲက သရဖူရုပ်သိမ်းမှုကိုသိရှိကြောင်း အလှမယ် လက်မှတ်လာထိုးတဲ့ရက်စွဲလို့ ဆိုတယ်။

ဖေ့စ်ဘုတ်အပါအ၀င် အွန်လိုင်း လူမှုကွန်ရက်တွေမှာတော့ ဒီအလှမယ်ရဲ့ ဓာတ်ပုံ အများအပြား ပွဲဆူနေတာပါ။
ဒီပုံတွေက အလှမယ်တယောက်အတွက်တော့ မသင့်တော်ဘူးလို့ ဝေဖန်ခံနေရပါတယ်။

အလှမယ်ကတော့ ကားထဲ ရိုက်ထားတဲ့ပုံတွေဟာ မယ်ပွဲ မ၀င်ခင် ကတည်းက ကြော်ငြာတခုအတွက် ရိုက်ထားတာဖြစ်တယ် - ဓာတ်ပုံဆရာတွေအများကြီးရှေ့မှာ ရိုက်တာလို့ ပြန်ရှင်းပါတယ်။

သူ့ရည်းစားရဲ့ပေါင်ပေါ်ထိုင်နေပုံများလည်း ပါဝင်ပါတယ် တဲ့။
စာဖတ်သူတယောက်ကတော့ ... ရည်းစားပေါင်ပေါ်ထိုင်တာ ဘာဖြစ်လဲ၊ ပြိုင်ပွဲကာလအတွင်း အမျိုးသားပရိသတ်အများအပြားရှေ့မှာတော့ လက်တ၀ါးစာရေကူးဝတ်စုံနဲ့ လမ်းလျှောက်ပြရတာပဲ လို့ မှတ်ချက်ချပါတယ်။

Miss Universe Thailand ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ အလှမယ်လည်း မယ်ဘွဲ့ စွန့်ခဲ့ရပြီးပါပြီ။ လွန်ခဲ့သောလကပါ။

  • ပြီးတော့ ရှပ်နီနိုင်ငံရေးအင်အားစုကို  ပြင်းပြင်းထန်ထန် ဝေဖန်တဲ့ စကားလုံးတွေ သုံးခဲ့မိခြင်း http://blog.irrawaddy.org/2014/06/blog-post_10.html

အစရှိတဲ့ဖြစ်ရပ်တွေနောက်ပိုင်း သရဖူ စွန့်ရပါတယ်။

ဝေဖန်ဖို့ စဉ်းစားဖို့ ဆင်ခြင်ဖို့ကောင်းတဲ့ ဖြစ်ရပ်တွေလို့ ဆိုရမှာဖြစ်ပါတယ်။

ဘုရားရှင်ကို လွဲမှားစွာနာမည်ပေးကင်ပွန်းတပ်လုပ်ခဲ့သူများ

ငါ’ ကိုရင်အရွယ်လောက်တုန်းက “ ဆုတောင်းပြည့်ဘုရား” မှ၊ ဆုတောင်းပြည့်
တယ်လို့ အထင်မှားခဲ့တယ်။ အဲလို မှားအောင်လည်း အချို့သောရှေးလူကြီးများ
ကဖန်တီးထားခဲ့တာကိုး။ အကြည်ညိုလွန်ကဲကြသော ရှေးလူကြီးများဟာ စေတီ
ရုပ်ပွား ဗုဒ္ဓဘုရားရဲ့ ရုပ်တုတော်များကို . . . . 
“ ဆုတောင်းပြည့်ဘုရား”
“ ဣစ္ဆာသယဘုရား”
“လာဘမုနိ”
“အလိုတော်ပြည့်ဘုရား”
“၀ဋ်ကျွေးတော်ပြည်ဘုရား”
စသည်ဖြင့် စသည်ဖြင့် ရုပ်ပွားဆင်းတုတော်များအား မိမိလိုသလိုထင်သလိုနာ
မည်ပေးကင်ပွန်းတပ်လိုက်ကြပါတယ်။
အဲဒီမှာတင် အနှိုင်းမဲ့အတူမရှိ အတုမဲ့သော ဗုဒ္ဓရှင်တော်မြတ်ရဲ့ ဂုဏ်ကျေးဇူး
တော်များဟာ အဓိပ္ပါယ်များကွဲလွဲကုန်ကြပါတော့တယ်။
လူငယ်လူရွယ်များက စာမေးပွဲအောင်ချင်တော့ “ဆုတောင်းပြည့်ဘုရား”ထံ
ဆုတောင်းကြသလို စားဝတ်နေရေးအတွက် ရုန်းကန်နေရသောလူကြီးမိဘ
များက “ လာဘမုနိ” ဘုရားထံခိုဝင်ကြပြန်ပါတယ်။
ဒီလိုနဲ့ “ဧကောဗုဒ္ဓေါ” တစ်ဆူတည်းသောမြတ်စွာဘုရားရှင်သည် အဆူဆူ
ကွဲ အဓိပ္ပါယ်များလွဲခဲ့ရပြန်ပါတော့သည်။
Photo: ဘုရားရှင်ကို လွဲမှားစွာနာမည်ပေးကင်ပွန်းတပ်လုပ်ခဲ့သူများ 
☭ ✖ ✿ ☭ ✖ ✿ ☭ ✖ ☭ ✖ ✿ ☭ ✖ ✿ ☭ ✖ 
ငါ’ ကိုရင်အရွယ်လောက်တုန်းက “ ဆုတောင်းပြည့်ဘုရား” မှ၊ ဆုတောင်းပြည့်
တယ်လို့ အထင်မှားခဲ့တယ်။ အဲလို မှားအောင်လည်း အချို့သောရှေးလူကြီးများ
ကဖန်တီးထားခဲ့တာကိုး။ အကြည်ညိုလွန်ကဲကြသော ရှေးလူကြီးများဟာ စေတီ
ရုပ်ပွား ဗုဒ္ဓဘုရားရဲ့ ရုပ်တုတော်များကို 
“ ဆုတောင်းပြည့်ဘုရား”   
“ ဣစ္ဆာသယဘုရား” 
“လာဘမုနိ”
“အလိုတော်ပြည့်ဘုရား”
“၀ဋ်ကျွေးတော်ပြည်ဘုရား”
စသည်ဖြင့် စသည်ဖြင့် ရုပ်ပွားဆင်းတုတော်များအား မိမိလိုသလိုထင်သလိုနာ
မည်ပေးကင်ပွန်းတပ်လိုက်ကြပါတယ်။ 
အဲဒီမှာတင် အနှိုင်းမဲ့အတူမရှိ အတုမဲ့သော ဗုဒ္ဓရှင်တော်မြတ်ရဲ့ ဂုဏ်ကျေးဇူး
တော်များဟာ အဓိပ္ပါယ်များကွဲလွဲကုန်ကြပါတော့တယ်။ 
လူငယ်လူရွယ်များက စာမေးပွဲအောင်ချင်တော့ “ဆုတောင်းပြည့်ဘုရား”ထံ
ဆုတောင်းကြသလို စားဝတ်နေရေးအတွက် ရုန်းကန်နေရသောလူကြီးမိဘ
များက “ လာဘမုနိ” ဘုရားထံခိုဝင်ကြပြန်ပါတယ်။ 
ဒီလိုနဲ့ “ဧကောဗုဒ္ဓေါ” တစ်ဆူတည်းသောမြတ်စွာဘုရားရှင်သည် အဆူဆူ
ကွဲ အဓိပ္ပါယ်များလွဲခဲ့ရပြန်ပါတော့သည်။
ဘုရားဟူသည် ဗုဒ္ဓဆိုသော ပါဠိစကားမှဆင်းသက်လာပြီး 
• သိပြီးသည်။
• သိတော်မူပြီ။
• သစ္စာတရားလေးပါးကို သိတော်မူပြီးသည်။
(pp, of bujjhati.) known; understood; perceived.(m.) one who has attained enlightenment; the Enlightened One.Known, understood; possessing knowledge, enlightened, wise; expanded, full-blownA Buddha, a supreme Buddha; Sākyamuni, Gotama Buddha
သည်လို့ ဖွင့်ဆိုထားပါတယ်။
သို့သော်ငြားလည်း ပညာမပါသောအကြည်ညိုလွန်ကဲမှုကြောင့် အမှား
ကြတော့ အမှန်ဖြစ်ဆိုတဲ့ စကားအတိုင်း ဗုဒ္ဓရှင်တော်မြတ်ဟာ “ ဆု
တောင်းပြည့်သောရုပ်တုတော်” အဖြစ်အသွင်သဏ္ဍာန်ဖြစ်ခဲ့သလို 
“အလိုတော်ပြည့်” ဘုရားဟူ၍ အမည်ဂုဏ်ဒြပ် ပုံပျက်ခဲ့ရပါသည်။
တကယ်တော့ ဗုဒ္ဓသည် လောကီဘုံသားတို့ရဲ့ လောဘဒေါသတည်း
ဟူသော အကုသိုလ်တရားဆိုးတို့အား လူသားများရှောင်ရှားတက်
စေရန် နည်းပေးလမ်းညွှန်သူအဖြစ်သာပါ။ သမုဒယသစ္စာ ဒုက္ခသစ္စာ
စသည့် သစ္စာတရားများကို ဆရာမကူဘဲ ကုန်စင်အောင်သိမြင်တော်မူခဲ့သော
“သဗ္ဗညု” ရဲ့ဂုဏ်ဒြပ်ကို အမှုန်ကပ်စေခဲ့သလို “ယတြာချေ”ခံရသော ဘုရားများ
အဖြစ် ရွှေတိဂုံစေတီတော်ရင်ပြင်ထောင့်တွင် “ ရေလောင်းခံနေရရှာပါသည်”
အလင်းရှင်ထင်သည် ၊ ကျောက်ဆင်းတုမို့လို့သာ သစ်သားဖြင့်သာထုဆစ်ထားပါ
က ထိုရုပ်တုတော်များသည် “ယတြာချေရေလောင်းသူများကြောင့် ” နှာဆေး
ချောင်းဆိုး အအေးပတ်လောက်ပြီ။ 
ထိုသို့ဖြင့် ဗုဒ္ဓ၀ါဒသည် သစ္စာတရားအားထွန်းပြသောဝါဒအဖြစ်မှာ အ၀ိဇ္ဇာအ
မှောင်လုပ်ငန်းဖြစ်သော “ယတြာချေဝါဒ” အဖြစ်သို့အသွင်ပြောင်းလာခဲ့ပေသည်။
ကိုရင်အရွယ်လောက်တုန်းက “ယတြာ” ဆိုတဲ့ဝိဂြိုလ်လေးကို မှတ်ဖူးသည်။
• “ဣစ္ဆိတံ အနိစ္ဆိတံ ယာတိ ပ၀တ္ထတီတိ ယတြာ”
ကောင်းကျိုးကိုလည်းဖြစ်စေတက်၏ မကောင်းကျိုးကိုလည်းဖြစ်စေတက်၏ ထို့
ကြောင့် ယတြာဟုခေါ်သည်  .. တဲ့။ ဒါကိုဘုမသိဘမသိနဲ့ ယတြာချေနေတယ်
နဲ့တူပါရဲ့။
ထိုသို့ ကိလေသာအမှောင်ထုထဲက ဆွဲထုတ်လမ်းပြမှုကိုပေးခဲ့သောဗုဒ္ဓရှင်တော်
မြတ်အား “အလိုတော်ပြည့်” စသည်ဖြင့် အမည်ဘွဲ့တော်များသမုတ်ကာ “သဗ္ဗညု” ရဲ့ဂုဏ်ဒြပ်ကို အမှုန်ကပ်စေခဲ့ပါသည်။
အကယ်၍ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒအစစ်အမှန်ကိုသိလိုပါက အောက်ပါလင့်တွင် ၀င်ရောက်
ဖတ်ရှု့ ဒေါင်းလုတ်ဆွဲယူနိုင်ပါသည်။
http://aungminkhoung.blogspot.com/search/label/%E1%80%97%E1%80%AF%E1%80%92%E1%81%B6%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7%E1%80%97%E1%80%AF%E1%80%92%E1%81%B6%E1%81%80%E1%80%AB%E1%80%92
ကျမ်းကိုး
ပါဠိမြန်မာ အဘိဓာန်၊
ဦးဟုတ်စိန် 
Share ခြင်းဖြင့် ထပ်ဆင့်အလင်းကုသိုလ်ဝေငှနိုင်ပါသည်။
ဘဒ္ဒ န္တကောဝိဒ 
█ ░ အလင်းရှင် ░ █
အရှေ့ဥယျာဉ်တိုက်
စမ်းချောင်းမြို့နယ်၊ရန်ကုန်

ဘုရားဟူသည် ဗုဒ္ဓဆိုသော ပါဠိစကားမှဆင်းသက်လာပြီး
• သိပြီးသည်။
• သိတော်မူပြီ။
• သစ္စာတရားလေးပါးကို သိတော်မူပြီးသည်။
(pp, of bujjhati.) known; understood; perceived.(m.) one who has 
 attained enlightenment; the Enlightened One.Known, understood; 
possessing knowledge, enlightened, wise; expanded, full-blownA 
Buddha, a supreme Buddha; Sākyamuni, Gotama Buddha
သည်လို့ ဖွင့်ဆိုထားပါတယ်။
သို့သော်ငြားလည်း ပညာမပါသောအကြည်ညိုလွန်ကဲမှုကြောင့် အမှား
ကြတော့ အမှန်ဖြစ်ဆိုတဲ့ စကားအတိုင်း ဗုဒ္ဓရှင်တော်မြတ်ဟာ “ ဆု
တောင်းပြည့်သောရုပ်တုတော်” အဖြစ်အသွင်သဏ္ဍာန်ဖြစ်ခဲ့သလို
“အလိုတော်ပြည့်” ဘုရားဟူ၍ အမည်ဂုဏ်ဒြပ် ပုံပျက်ခဲ့ရပါသည်။
တကယ်တော့ ဗုဒ္ဓသည် လောကီဘုံသားတို့ရဲ့ လောဘဒေါသတည်း
ဟူသော အကုသိုလ်တရားဆိုးတို့အား လူသားများရှောင်ရှားတက်
စေရန် နည်းပေးလမ်းညွှန်သူအဖြစ်သာပါ။ သမုဒယသစ္စာ ဒုက္ခသစ္စာ
စသည့် သစ္စာတရားများကို ဆရာမကူဘဲ ကုန်စင်အောင်သိမြင်တော်မူခဲ့သော
“သဗ္ဗညု” ရဲ့ဂုဏ်ဒြပ်ကို အမှုန်ကပ်စေခဲ့သလို “ယတြာချေ”ခံရသော ဘုရားများ
အဖြစ် ရွှေတိဂုံစေတီတော်ရင်ပြင်ထောင့်တွင် “ ရေလောင်းခံနေရရှာပါသည်”
အလင်းရှင်ထင်သည် ၊ ကျောက်ဆင်းတုမို့လို့သာ သစ်သားဖြင့်သာထုဆစ်ထားပါ
က ထိုရုပ်တုတော်များသည် “ယတြာချေရေလောင်းသူများကြောင့် ” နှာဆေး
ချောင်းဆိုး အအေးပတ်လောက်ပြီ။
ထိုသို့ဖြင့် ဗုဒ္ဓ၀ါဒသည် သစ္စာတရားအားထွန်းပြသောဝါဒအဖြစ်မှာ အ၀ိဇ္ဇာအ
မှောင်လုပ်ငန်းဖြစ်သော “ယတြာချေဝါဒ” အဖြစ်သို့အသွင်ပြောင်းလာခဲ့ပေသည်။
ကိုရင်အရွယ်လောက်တုန်းက “ယတြာ” ဆိုတဲ့ဝိဂြိုလ်လေးကို မှတ်ဖူးသည်။
• “ဣစ္ဆိတံ အနိစ္ဆိတံ ယာတိ ပ၀တ္ထတီတိ ယတြာ”
ကောင်းကျိုးကိုလည်းဖြစ်စေတက်၏ မကောင်းကျိုးကိုလည်းဖြစ်စေတက်၏ ထို့
ကြောင့် ယတြာဟုခေါ်သည် .. တဲ့။ ဒါကိုဘုမသိဘမသိနဲ့ ယတြာချေနေတယ်
နဲ့တူပါရဲ့။
ထိုသို့ ကိလေသာအမှောင်ထုထဲက ဆွဲထုတ်လမ်းပြမှုကိုပေးခဲ့သောဗုဒ္ဓရှင်တော်
မြတ်အား “အလိုတော်ပြည့်” စသည်ဖြင့် အမည်ဘွဲ့တော်များသမုတ်ကာ “သဗ္ဗညု” 
ရဲ့ဂုဏ်ဒြပ်ကို အမှုန်ကပ်စေခဲ့ပါသည်။
အကယ်၍ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒအစစ်အမှန်ကိုသိလိုပါက အောက်ပါလင့်တွင် ၀င်ရောက်
ဖတ်ရှု့ ဒေါင်းလုတ်ဆွဲယူနိုင်ပါသည်။
http://aungminkhoung.blogspot.com/search/label/ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ
ကျမ်းကိုး
ပါဠိမြန်မာ အဘိဓာန်၊
ဦးဟုတ်စိန်
Share ခြင်းဖြင့် ထပ်ဆင့်အလင်းကုသိုလ်ဝေငှနိုင်ပါသည်။
ဘဒ္ဒ န္တကောဝိဒ
█ ░ အလင်းရှင် ░ █
အရှေ့ဥယျာဉ်တိုက်
စမ်းချောင်းမြို့နယ်၊ရန်ကုန်

“ခရိုနီကြီး”ဘောလုံးကန်နေသည်

အများပြည်သူပိုင် သယံဇာတတွေကို စစ်ခွေးနဲ့ပူးပေါင်းကာ
ကြွယ်ဝချမ်းသာလာသော ခရိုနီအုပ်စုကြီးသည် ယင်းတို့ပိုင်
ဓနဥစ္စာဒေါ်လာသန်းပေါင်းများစွာငွေမဲများကို ငွေဖြူအဖြစ်
အသွင်ပြောင်းနေခဲ့သည်မှာ ကြာနေပါပြီ။
လွှတ်တော်မှာလည်း ပိုင်ဆိုင်မှုဥပဒေပြဋ္ဌာန်းရာအဆိုတင်သွင်းမှုက
လည်းပယ်ချခံနေရပါတယ်။ ပယ်မှာပေါ့ ၊ ယင်းလွှတ်တော်မှာ
အာဏာရအုပ်စုကြီးဖြစ်သောကြံ့ဖွတ်ကြီးက ကြီးဆိုးနေတာကို။
လွှတ်တော်ရဲ့အပြင်မှာတော့ . . . 

“ခရိုနီကြီး”ဘောလုံးကန်နေသည် 
☭ ✖ ✿ ☭ ✖ ✿ ☭ ✖ ☭ ✖ ✿ ☭ ✖ 
အများပြည်သူပိုင် သယံဇာတတွေကို စစ်ခွေးနဲ့ပူးပေါင်းကာ
ကြွယ်ဝချမ်းသာလာသော ခရိုနီအုပ်စုကြီးသည် ယင်းတို့ပိုင်
ဓနဥစ္စာဒေါ်လာသန်းပေါင်းများစွာငွေမဲများကို ငွေဖြူအဖြစ်
အသွင်ပြောင်းနေခဲ့သည်မှာ ကြာနေပါပြီ။
လွှတ်တော်မှာလည်း ပိုင်ဆိုင်မှုဥပဒေပြဋ္ဌာန်းရာအဆိုတင်သွင်းမှုက
လည်းပယ်ချခံနေရပါတယ်။ ပယ်မှာပေါ့ ၊ ယင်းလွှတ်တော်မှာ
အာဏာရအုပ်စုကြီးဖြစ်သောကြံ့ဖွတ်ကြီးက ကြီးဆိုးနေတာကို။
လွှတ်တော်ရဲ့အပြင်မှာတော့  . . . 
ယင်းခရိုနီအုပ်စုကြီးဟာ  .. 
(၁)ဘာသာရေးနယ်ပယ်
(၂)ဘောလုံးနယ်ပယ်
စတဲ့ ပြည်သူအများစုစိတ်ဝင်စားသော နေရာများမှာ မျက်နှာမဲကို
မျက်နှာဖြူအဖြစ် ပေါင်ဒါရိုက်နေတယ်ဆိုတာ  .. 
ပြည်သူတွေ “ မအ” အောင် အလင်းရှင်ဝေမျှလိုက်ပါတယ်။
ပူးတွဲသတင်းဓာတ်ပုံကတော့ မြန်မာ့ဘောလုံးလောကကို
အဆင့်သတ်မှတ်ဖို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်မှလာရောက်စစ်
ဆေးခြင်းသတင်းပါပဲ။
Share ခြင်းဖြင့် ထပ်ဆင့်အလင်းကုသိုလ်ဝေငှနိုင်ပါသည်။
ဘဒ္ဒ န္တကောဝိဒ 
█ ░ အလင်းရှင် ░ █
အရှေ့ဥယျာဉ်တိုက်
စမ်းချောင်းမြို့နယ်၊ရန်ကုန်

ယင်းခရိုနီအုပ်စုကြီးဟာ ..
(၁)ဘာသာရေးနယ်ပယ်
(၂)ဘောလုံးနယ်ပယ်
စတဲ့ ပြည်သူအများစုစိတ်ဝင်စားသော နေရာများမှာ မျက်နှာမဲကို
မျက်နှာဖြူအဖြစ် ပေါင်ဒါရိုက်နေတယ်ဆိုတာ ..
ပြည်သူတွေ “ မအ” အောင် အလင်းရှင်ဝေမျှလိုက်ပါတယ်။

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ပြောပြောနေတဲံ့
စကားကလည်း “ ပြည်သူတွေကိုမအ အောင် ဖစာဖတ်ပါ”
လို့ပြောနေတာဟာ ဒါကြောင့်ပါပဲ။
“ အမှားကြာရင်အမှန်ဖြစ် ဘုရားစစ်စစ်မဟောနိုင် ”
(သန္တိသုခဆရတော်ဦးသြဘာသ)
ရဲ့စကားလေးအတိုင်းပဲ  ..  မြန်မာပြည်မှာ အာဏာရှင်နဲ့
ခရိုနီတွေရဲ့အမှားတွေဟာ ကြာလာရင် အမှန်မဖြစ်ရအောင်
အလင်းရှင်တို့ အမြဲတမ်းအလင်းပေးလျှက်ရှိပါတယ်။
 ပူးတွဲသတင်းဓာတ်ပုံကတော့ မြန်မာ့ဘောလုံးလောကကို
အဆင့်သတ်မှတ်ဖို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်မှလာရောက်စစ်
ဆေးခြင်းသတင်းပါပဲ။
Share ခြင်းဖြင့် ထပ်ဆင့်အလင်းကုသိုလ်ဝေငှနိုင်ပါသည်။
ဘဒ္ဒ န္တကောဝိဒ
█ ░ အလင်းရှင် ░ █
အရှေ့ဥယျာဉ်တိုက်
စမ်းချောင်းမြို့နယ်၊ရန်ကုန်

Monday, July 21, 2014

စစ်ခွေးကောက်ကြောင်းနဲ့ Electronic Act

တောင်သူလယ်သမားတာဝန်ခံ ၊ စကိုင်းတိုင်း ဦးအောင်ထွန်းကို မပြစ်ရှာပြီး
ထောင်ချတယ် ၄၂၇ပုဒ်မ ၊ ၄၄၇ပုဒ်မတွေနဲ့ထောင်ချနေသလို ရဟန်းတော်များဆို
လျှင်လည်း ၂၉၉/က ပုဒ်မတွေနဲ့ထောင်ချနေပါတယ် ဖေ့ဘွတ်စာမျက်နှာက
အလင်းရှင်ရဲ့ဓမ္မမာမကများသိစေချင်ပါတယ်။
ဒီတိုင်းဆိုရင်ကြံ့ဖွတ်စစ်ခွေးတွေ မြန်မာနိုင်ငံနဲ့ပြည်သူတွေကိုဘယ်လိုသတ်ကွင်း
ထဲကိုမျာခေါ်ဆောင်သွားမယ်ဆိုတာ ဓမ္မမာမကတို့စဉ်းစားမိပါလား?

စစ်ခွေးကောက်ကြောင်းနဲ့ Electronic Act 
☭ ✖ ✿ ☭ ✖ ✿ ☭ ✖ ✿ ☭ ✖ ✿☭ ✖ ✿
တောင်သူလယ်သမားတာဝန်ခံ ၊ စကိုင်းတိုင်း ဦးအောင်ထွန်းကို မပြစ်ရှာပြီး
ထောင်ချတယ် ၄၂၇ပုဒ်မ ၊ ၄၄၇ပုဒ်မတွေနဲ့ထောင်ချနေသလို ရဟန်းတော်များဆို
လျှင်လည်း ၂၉၉/က ပုဒ်မတွေနဲ့ထောင်ချနေပါတယ် ဖေ့ဘွတ်စာမျက်နှာက 
 အလင်းရှင်ရဲ့ဓမ္မမာမကများသိစေချင်ပါတယ်။
ဒီတိုင်းဆိုရင်ကြံ့ဖွတ်စစ်ခွေးတွေ မြန်မာနိုင်ငံနဲ့ပြည်သူတွေကိုဘယ်လိုသတ်ကွင်း
ထဲကိုမျာခေါ်ဆောင်သွားမယ်ဆိုတာ ဓမ္မမာမကတို့စဉ်းစားမိပါလား?
ရဟန်းရှင်လူပြည်သူတွေလိုလားနှစ်သက်တဲ့ စစ်မှန်တဲ့လူ့အခွင့်အရေး ဒီမိုကရေစီ
ကို စစ်ခွေးကြံ့ဖွတ်တွေက စစ်ရေခွံကနေ တိုက်ပုံပြောင်းဝတ်ပြီး ရုပ်ရှင်ရိုက်ပြနေ
တယ်ဆိုတာကိုရော ဓမ္မမာမကများစဉ်းစားသုံးသပ်မိပါသလား?
နောက်ဆုံးတစ်ချက်ကတော့  ..  အလင်းရှင်တို့လို ပြည်သူကိုသတင်းအလင်းအ
မှန်ပေးတဲ့သူတွေကို Electronic Act နဲ့အရေးယူထောင်ချဖို့ စီမံနေပြီဆိုတာကို
ရော ဓမ္မမာမကများစဉ်းစားသုံးသပ်မိပါသလား?
နိဂုံးချုပ်အနေနဲ့ ဖေ့ဘွတ်သုံးစွဲသူများသတိထားကာ သုံးစွဲဖို့ ဓမ္မမာမကဖရင့်များ
ကို အသိပေးလိုက်ပါတယ်။
Share ခြင်းဖြင့် ထပ်ဆင့်အလင်းကုသိုလ်ဝေငှနိုင်ပါသည်။
ဘဒ္ဒ န္တကောဝိဒ 
█ ░ အလင်းရှင် ░ █
အရှေ့ဥယျာဉ်တိုက်
စမ်းချောင်းမြို့နယ်၊ရန်ကုန်

ရဟန်းရှင်လူပြည်သူတွေလိုလားနှစ်သက်တဲ့ စစ်မှန်တဲ့လူ့အခွင့်အရေး ဒီမိုကရေစီ
ကို စစ်ခွေးကြံ့ဖွတ်တွေက စစ်ရေခွံကနေ တိုက်ပုံပြောင်းဝတ်ပြီး ရုပ်ရှင်ရိုက်ပြနေ
တယ်ဆိုတာကိုရော ဓမ္မမာမကများစဉ်းစားသုံးသပ်မိပါသလား?
နောက်ဆုံးတစ်ချက်ကတော့ .. အလင်းရှင်တို့လို ပြည်သူကိုသတင်းအလင်းအ
မှန်ပေးတဲ့သူတွေကို Electronic Act နဲ့အရေးယူထောင်ချဖို့ စီမံနေပြီဆိုတာကို
ရော ဓမ္မမာမကများစဉ်းစားသုံးသပ်မိပါသလား?
နိဂုံးချုပ်အနေနဲ့ ဖေ့ဘွတ်သုံးစွဲသူများသတိထားကာ သုံးစွဲဖို့ ဓမ္မမာမကဖရင့်များ
ကို အသိပေးလိုက်ပါတယ်။
Share ခြင်းဖြင့် ထပ်ဆင့်အလင်းကုသိုလ်ဝေငှနိုင်ပါသည်။
ဘဒ္ဒ န္တကောဝိဒ
█ ░ အလင်းရှင် ░ █
အရှေ့ဥယျာဉ်တိုက်
စမ်းချောင်းမြို့နယ်၊ရန်ကုန်
အလင်း ရှင်

ကြံ့ဖွတ်မိစ္ဆာတွေတစ်ကောင်ခြင်းစီသလာစီကာ မသာချရတော့မည့်ကိန်း

ဦးဆန်းဆင့် ကို မနက်ဖြန် ဇူလိုင် ၂၂ မှာ ရုံးထုတ်မယ်။ ပုဒ်မ ၄၀၉ ယုံကြည်
အပ်နှံဖေါက်ဖျက် နဲ့ စွဲမယ် လို့ သိရတယ် ။ ဦးဆန်းဆင့် ရဲ့ တရားရေး ကိစ္စ္စတွေ
ကို ကူညီဆောင်ရွက်ပေး နေသူ တွေ ပြောကြားချက် အရ ၊ ဦးဆန်းဆင့်ဟာ
အကျဉ်းထောင် တွင်း နေထိုင်စားသောက်ရေး အခက်အခဲ တွေ နဲ့ ကြုံတွေ့နေရ
လို့ စိတ်ဓါတ်ကျဆင်းနေတယ်လို့ သိရတယ် ။ သူ့ ကိုယ်ရေးအရာရှိကအစိုးရ
သက်သေ လုပ်လိုက်တဲံအတွက်အမှုရှုံး ဖို့ အလားအလာ ပိုပြီးများသွားတယ်လို့
သုံးသပ်နေကြ ပါတယ် ။
Photo: ကြံ့ဖွတ်မိစ္ဆာတွေတစ်ကောင်ခြင်းစီသလာစီကာ မသာချရတော့မည့်ကိန်း
♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥
ဦးဆန်းဆင့် ကို မနက်ဖြန် ဇူလိုင် ၂၂ မှာ ရုံးထုတ်မယ်။ ပုဒ်မ ၄၀၉ ယုံကြည် 
အပ်နှံဖေါက်ဖျက် နဲ့ စွဲမယ် လို့ သိရတယ် ။ ဦးဆန်းဆင့် ရဲ့ တရားရေး ကိစ္စ္စတွေ 
ကို ကူညီဆောင်ရွက်ပေး နေသူ တွေ ပြောကြားချက် အရ ၊ ဦးဆန်းဆင့်ဟာ
အကျဉ်းထောင် တွင်း နေထိုင်စားသောက်ရေး အခက်အခဲ တွေ နဲ့ ကြုံတွေ့နေရ
လို့ စိတ်ဓါတ်ကျဆင်းနေတယ်လို့ သိရတယ် ။ သူ့ ကိုယ်ရေးအရာရှိကအစိုးရ
သက်သေ လုပ်လိုက်တဲံအတွက်အမှုရှုံး ဖို့ အလားအလာ ပိုပြီးများသွားတယ်လို့ 
သုံးသပ်နေကြ ပါတယ် ။
သတင်း-Thiha Thwe .Credit: K.S.M
=====================================
ကဲ  ..  ဒီသတင်းအတိုင်းဆိုရင် ကြံ့ဖွတ်မိစ္ဆာတွေ တစ်ကောင်းခြင်းသလာစီ
ကာ မသာပြည်သွားရမည့်ကိန်းတော့ ဆိုက်နေပြီနော် ။ တနည်းပြောရရင်
လည်း ကြံ့ဖွတ်စွမ်းအားရှင်အုပ်စုကြီးအတွက် သံဝေဃဖြစ်ဖွယ်ရာပါပဲ။
ဒါ့ကြောင့်လည်း ပေါရဏပညာရှိကြီးများက “ ဗြဟ္မာပြည့်တ၀င်းဝင်းဝင်း
ဝက်စားကျင်းတစ်ရှုံ့ရှုံ့” လို့ ဆုံးမတော်မူခဲ့ကြသလို မာန်လည်ဆရာတော်
ဘုရားကြီးကလည်းပဲ  .. 
• ဘ၀ဤကိုယ် ၊ မင်းဟုဆိုလည်း ၊ နေကိုပုံပြ ၊လကိုပုံထား၊
• မောင်ရှု့စားလော့။ လလျှင်ပြည့်ကွယ်၊ ကြီး၍ငယ်၍၊
• နေ့လျှင်ထွက်ဝင် ၊ ပေါ်ချုပ်ထင်၏ ။
လို့ဆုံးမထားပြန်ပါသေးသည်။
ထို့ကြောင့် လူ့ဘ၀မှာ ကိုယ့်မှာအဏာရှိလို့လည်း မောက်မာ၍မသင့်သလို
ရာထူးမဲ့၍ ဂုဏ်ငယ်၍ မထိုက်ပေ။ ဘ၀သည် အတည်မမြဲသင်္ခါရသဘော
မို့ ဘာတစ်ခုမျှ မာနမထားရာဟု  ..  အလင်းရှင်ဆရာတော်မှထပ်မံအသိ
ပေး အပ္ပမာဒတေးဆိုလိုက်ရပြန်ပါသတည်း  .. . ။
Share ခြင်းဖြင့် အလင်းကုသိုလ်ယူမျှနိုင်ကြပါစေသော် 
█ ░ အလင်းရှင် ░ █

သတင်း-Thiha Thwe .Credit: K.S.M
=====================================

https://www.facebook.com/photo.php?fbid=536311159829082&set=a.153025728157629.30701.100003506093022&type=1&relevant_count=1 
ကဲ .. ဒီသတင်းအတိုင်းဆိုရင် ကြံ့ဖွတ်မိစ္ဆာတွေ တစ်ကောင်းခြင်းသလာစီ
ကာ မသာပြည်သွားရမည့်ကိန်းတော့ ဆိုက်နေပြီနော် ။ တနည်းပြောရရင်
လည်း ကြံ့ဖွတ်စွမ်းအားရှင်အုပ်စုကြီးအတွက် သံဝေဃဖြစ်ဖွယ်ရာပါပဲ။
ဒါ့ကြောင့်လည်း ပေါရဏပညာရှိကြီးများက “ ဗြဟ္မာပြည့်တ၀င်းဝင်းဝင်း
ဝက်စားကျင်းတစ်ရှုံ့ရှုံ့” လို့ ဆုံးမတော်မူခဲ့ကြသလို မာန်လည်ဆရာတော်
ဘုရားကြီးကလည်းပဲ ..
• ဘ၀ဤကိုယ် ၊ မင်းဟုဆိုလည်း ၊ နေကိုပုံပြ ၊လကိုပုံထား၊
• မောင်ရှု့စားလော့။ လလျှင်ပြည့်ကွယ်၊ ကြီး၍ငယ်၍၊
• နေ့လျှင်ထွက်ဝင် ၊ ပေါ်ချုပ်ထင်၏ ။
လို့ဆုံးမထားပြန်ပါသေးသည်။
ထို့ကြောင့် လူ့ဘ၀မှာ ကိုယ့်မှာအဏာရှိလို့လည်း မောက်မာ၍မသင့်သလို
ရာထူးမဲ့၍ ဂုဏ်ငယ်၍ မထိုက်ပေ။ ဘ၀သည် အတည်မမြဲသင်္ခါရသဘော
မို့ ဘာတစ်ခုမျှ မာနမထားရာဟု .. အလင်းရှင်ဆရာတော်မှထပ်မံအသိ
ပေး အပ္ပမာဒတေးဆိုလိုက်ရပြန်ပါသတည်း .. . ။
Share ခြင်းဖြင့် အလင်းကုသိုလ်ယူမျှနိုင်ကြပါစေသော်
█ ░ အလင်းရှင် ░ █

ငါ’့ကို Ibuprofen ဆေးတစ်လုံးလောက်တိုက်ပါ

အာဏာရှင်နဲ့ခရိုနီတို့ရဲ့ မနက်ဖန်ကို ခုတ်ထင်ချင်နေတဲ့ ငါဟာ
ဒေါသသမားစစ်စစ်တစ်ယောက်ဖြစ်သွားသလား?
“ရေအစစ်”နဲ့မျက်နှာသစ်ခွင့်မရတဲ့ သန်းခြောက်ဆယ်အတွက်
ငါ’ ရင်ထဲက စေတနာဟာ . .
အပင်အိုတယ်ဆိုရင်တောင်မှ ရိုးတန်မပြိုင်းသေးဘူး။
လက်ပတောင်းတောင်က လယ်တီသိမ်ကိုသတိရတိုင်း ..
ငါ’ တောက်ခေါက်တယ်။
Photo: ငါ’့ကို Ibuprofen ဆေးတစ်လုံးလောက်တိုက်ပါ
♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥ 
အာဏာရှင်နဲ့ခရိုနီတို့ရဲ့ မနက်ဖန်ကို ခုတ်ထင်ချင်နေတဲ့ ငါဟာ
ဒေါသသမားစစ်စစ်တစ်ယောက်ဖြစ်သွားသလား?
“ရေအစစ်”နဲ့မျက်နှာသစ်ခွင့်မရတဲ့ သန်းခြောက်ဆယ်အတွက်  
ငါ’ ရင်ထဲက စေတနာဟာ  . . 
အပင်အိုတယ်ဆိုရင်တောင်မှ ရိုးတန်မပြိုင်းသေးဘူး။
လက်ပတောင်းတောင်က လယ်တီသိမ်ကိုသတိရတိုင်း  .. 
ငါ’ တောက်ခေါက်တယ်။
ရခိုင်မြေက  ..  ရခိုင်သားတွေရဲ့ဘ၀ကို မြင်တိုင်း  .. 
ငါ’ မျက်ထောက်နီဖူးတယ်။
ရခိုင်ကထွက်တဲ့ 
ရွှေသဘာဝဓာတ်ငွေ့က 
ဘာဖြစ်လို့ ရခိုင်မြေမှာအလင်းရောင်မပေးတာလဲ?
လောပိတကထွက်တဲ့ လျှပ်စစ်တွေက
ကယားပြည်နယ်အတွက် ဘာလို့မီးမလင်းတာလဲ?
တစ်နေ့ကို ကျေးနီတန် (၇၀) ထွက်တဲ့ 
လက်ပတောင်းဒေသခံတွေ ဘာလို့ထမင်းငတ်နေတာလဲ?
ငါ’ ဆက်မပြောချင်တော့ဘူး . .
မပြောလို၍မဟုတ်ပါ။
ငါ့’ ရင်တွေ တစ်ဆတ်ဆတ်နာကျင်ကိုက်ခဲနေလို့ . . . ။

— with Kularakkhita Ann and 11 others.

မိဘပြည်သူများ ခင်ဗျာ .

လူ့အခွင့်အရေး လူ့အခွင့်အရေးလို့ ပြောနေတာဟာ မေတ္တာဝါဒီကို
ရည်ညွှန်းတာပါ။ လူဖြစ်လာရင် ထိုလူဖြစ်လာတဲ့အတွက် လူတစ်ယောက်
ရဲ့အခွံင်းအရေးဆိုတာရှိကိုရှိရပါလိမ့်မယ်။
ထိုလူနဲ့ယှဉ်တွဲနေထိုင်သော တရိစ္ဆာန်တွေအတွက်လည်းပဲ အခွင့်အရေး
ဆိုတာရှိရမှာပါပဲ။ ဒါမေတ္တာကိုရည်ညွှန်းတာပဲ။ ဒီလိုနားလည်တဲ့အဖွဲ့အစည်း
ကို မေတ္တာဝါဒီအဖွဲ့အစည်းလို့ သမုတ်လို့ရတယ်။
အဲလိုမှမဟုတ်ဘဲ . .. 
Photo: မိဘပြည်သူများ ခင်ဗျာ . . . .
☭ ✖ ✿ ☭ ✖ ✿ ☭ ✖ 
လူ့အခွင့်အရေး လူ့အခွင့်အရေးလို့ ပြောနေတာဟာ မေတ္တာဝါဒီကို
ရည်ညွှန်းတာပါ။ လူဖြစ်လာရင် ထိုလူဖြစ်လာတဲ့အတွက် လူတစ်ယောက်
ရဲ့အခွံင်းအရေးဆိုတာရှိကိုရှိရပါလိမ့်မယ်။
ထိုလူနဲ့ယှဉ်တွဲနေထိုင်သော တရိစ္ဆာန်တွေအတွက်လည်းပဲ အခွင့်အရေး
ဆိုတာရှိရမှာပါပဲ။ ဒါမေတ္တာကိုရည်ညွှန်းတာပဲ။ ဒီလိုနားလည်တဲ့အဖွဲ့အစည်း
ကို မေတ္တာဝါဒီအဖွဲ့အစည်းလို့ သမုတ်လို့ရတယ်။
အဲလိုမှမဟုတ်ဘဲ  . .. 
• ဘုရားအသားရေတော်ခြုံလွှမ်းထားရုံမျှ
• စေတီပုထိုးရှေ့ ပုတီးထိုင်စိတ်နေရုံမျှ 
• ရိပ်သာထိုင် တရားဆိုင်နေရုံမျှ 
• မိဘပြည်သူများခင်ဗျာ  ..  ဟုရုပ်မြင်သံကြားကပြောနေရုံမျှ
ပီသသောလူ့အဖွဲ့အစည်းဝင်တစ်ယောက်မဟုတ်နိုင်ပါဘူး။
ဒီအကြောင်းအ၇ာနဲ့ပတ်သတ်လို့လည်း ပိဋတကက်မှာ ဘုရား
ရှင်ပြောခဲ့တာတွေ အောတိုက်ပါ။ အခုပေးထားသောလင့်တွင်
ဝင်ဖတ်နိုင်ပါသည်။
http://aungminkhoung.blogspot.com/2014/07/blog-post_4308.html

အလင်းရှင်

ရိုးသားခြင်းတရား၏ နောက်ကွယ်

ငါ ကိုရင်အရွယ်ဘ၀က ရွာကိုပြန်ရင် ရွာကလူတွေကမေးကြတယ်။
“ ကိုရင် ”
“ ဒီနှစ်စာမေးပွဲအောင်လား”

“ဟင့်အင်း ” “ အောင်ဘူး ”
“မနှစ်ကလည်းကျတာပဲ”
လို့ပြန်ဖြေတယ်။ အဲဒီအခါ ငါ့ဦးရီးတော်က ဘာပြောတယ်မှတ်သလဲ

“ဒီကိုရင်ကတော့လေ”
“စာမေးပွဲအောင်လားမအောင်လားမေးတာကို”
“ဘာဖြစ်လို့ ပြီးတဲ့ကာလအကြောင်းတွေပါ ဖြေနေရတာတုန်း”
“ ကိုရင့်အစား ၊ တပည့်တော်ရှက်တယ်” တဲ့။
Photo: ရိုးသားခြင်းတရား၏ နောက်ကွယ်
◄►✂•••× ✂•••× ◄►✂•••×✂•
ငါ ကိုရင်အရွယ်ဘ၀က ရွာကိုပြန်ရင် ရွာကလူတွေကမေးကြတယ်။
“ ကိုရင် ”  
“ ဒီနှစ်စာမေးပွဲအောင်လား”

“ဟင့်အင်း ” “ အောင်ဘူး ” 
“မနှစ်ကလည်းကျတာပဲ”
လို့ပြန်ဖြေတယ်။ အဲဒီအခါ ငါ့ဦးရီးတော်က ဘာပြောတယ်မှတ်သလဲ

“ဒီကိုရင်ကတော့လေ” 
“စာမေးပွဲအောင်လားမအောင်လားမေးတာကို”
“ဘာဖြစ်လို့ ပြီးတဲ့ကာလအကြောင်းတွေပါ ဖြေနေရတာတုန်း”
“ ကိုရင့်အစား ၊ တပည့်တော်ရှက်တယ်” တဲ့။

အဲဒီတုန်းကတော့ ငါ့ဦးရီးတော်ပြောတာ အမှန်လို့ထင်ခဲ့မိတယ်။ 
အခုလိုအရွယ်ရောက်လာတော့မှ  .. 
“ သြော် ” “ ငါဟာ”
“အမှန်တရားကိုဖုံးကွယ်ထားခြင်းကိုအလိုမရှိသော သစ္စာသမားတစ်ယေက်”
ပါလားရယ်လို့ မိမိရဲ့ပွင့်လင်းရိုးသားမှုကို ကြည်ညိုတက်ခဲ့ပါတယ်။
ပြောချင်တာကတော့  . . 
ဒီကနေ့အထိ မြန်မာနိုင်ငံရေးသမိုင်းမှာ အဲလို အမှန်တရားကိုလိုလားသူတွေ
အုပ်ချုပ်ခွင့်မရခဲ့လို့ မြန်မာနိုင်ငံဟာ  ..  သူဆင်းရဲနိုင်ငံဖြစ်နေရတာပါပဲ။
ခေါင်းဆောင်တွေဟာ လိမ်နေတယ် ညာနေတဲ့အပြင် ပြည်သူတွေလုပ်ကိုင်
စားသောက်နေတဲ့ လယ်ယာမြေတွေကိုပါ “တပ်ပိုင်” “ခရိုနီပိုင်” အဖြစ်သိမ်း
ယူနေတာတွေဟာ ခိုးခြင်း(၂၅)ပါးထဲက “ကဗျည်းပြောင်း၍ခိုးခြင်းပဲ” 
တကယ်တော့ ခိုးတာတင်မကပါဘူး ဓားပြတိုက်သလိုပါပဲ။
ဒီတော့က ဒီလိုဟိရိသြတ္တပ္ပတရားတွေမရှိတဲ့ ကောင်တွေ ကြီးစိုးမင်းမူနေမှ
တော့  . .. 
• ဘုရားစေတီတွေလည်း ဖျက်တော့တာပဲ
• သံဃာတော်တွေကိုလည်း သတ်တော့တာပဲ
• ကျောင်းသားပြည်သူလူထုတွေကိုလည်း သတ်တော့တာပဲ
ဒါ့ကြောင့် ထိုကဲ့သို့ သစ္စာမဲ့သော အရှက်အကြောက်ကင်းမဲ့သောအာဏာရှင်
လူတစ်စုတို့ ပျက်ဆီးမှသာလျှင် အနာဂါတ်မြန်မာနိုင်ငံတော်နှင့်ဗုဒ္ဓဘာသာ
သာသနာတော်ကြီးသည် နေလိုလလိုထွန်းကားမည်ဆိုတာကို  .. ဘယ်သူ
ငြင်းရဲပါသနည်း။
ကဲ  . .. 
ပိဋကတ်မြန်မာပြန်များဖတ်ရှု့လို့ပါက အောက်ပါလင့်တွင်ဝင်ဖတ်ပါဒေါင်းပါ။
http://aungminkhoung.blogspot.com/2014/05/blog-post_7909.html
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)
အရှေ့ဥယျဉ်တိုက်၊ 
စမ်းချောင်းမြို့နယ် ၊ ရန်ကုန်

Sunday, July 20, 2014

နွားအိုကမျက်နုလိုက် ၊ခရိုနီကမော်ဒယ်ဖိုက်

သတင်းနဲ့အလင်းပေးတာ ၊ အတင်းရေးတာမဟုတ်။ရခဲတဲ့လူ့ဘ၀မှာ ပြည်
သူပြည်သားတွေအတွက် အပ္ပမာဒစကားတွေဝေငှတာပါ။ သဒ္ဒါဝေါဟာရ
မတူညီတော့သော ခေတ်ရေစီးကြောင်းပေါ်မှာ အတ္ထောအနက်တော့တူမျှ
နေအောင်တော့ ကြိုးစားပါတယ်။
ဓာတ်ပုံတစ်ပုံကို အွန်လိုင်းပေါ်ကရယူဖို့ပေးလိုက်ရတဲ့အချိန်၊ ပူးတွဲစပ်ချုပ်
ရတဲ့ နာရီတွေနဲ့ အခုလိုရေးသားရတဲ့ စကားလုံးတွေအတွက် စားရေးသူ
တစ်ယောက်ရဲ့ ဘ၀အစိတ်အပိုင်းတစ်ခုကို စာဖတ်သူအတွက်ပေးဆပ်
လိုက်ရတယ်ဆိုတာလောက်များသဘောပေါက်မိရင် စာရေးသူအတွက်
ရေးသားဝေငှရမှုအကျိုးကျေးဇူးရှိသည်ဟု ယုံကြည်မိပါသည်။
Sexy တွေ ချက်စီတွေဆိုတဲ့ “တဏှာအရည်ထွက်ဖို့” စာရေးသူမရည်ရွယ်
ပါ။သန်းခြောက်ဆယ်ရဲ့ နံက်ခင်းမှာ ဘယ်လောက်“အတိဒုက္ခ”ရောက်နေ
သလဲဆိုတာကို ကွက်ကွက်ကွင်းကွင်းမြင်စေတက်ဖို့ ငါးစားငါးညှီနံ့များ
ပေးမိတယ်ဆိုရင်တော့ ငြင်းမနေတော့ပါဘူး။ 
Photo: နွားအိုကမျက်နုလိုက် ၊ခရိုနီကမော်ဒယ်ဖိုက်

• တဏှာကြိုက်တဲ့ . . . ငမိုက်တွေရယ် . . . 
• သြော် . တဏှာလိုက်တဲ့ . . ငမိုက်တွေရယ်  .. 
• မိုက်မပြေ  ..  နိုင်ရှာကြသေး  .. ။
• တဏှာပူးတဲ့  . . အရူးတွေ  .. 
• သြော်  .. တဏှာပူးတဲ့  ..အရူးတွေရယ်  .. . .
• အရူးမပြေ  ..  နိုင်ကြသေး  . .. 
• တဏှာဖမ်းတဲ့  . . အကဏ်းတွေရယ်  .. 
• သြော်  .. တဏှာဖမ်းတဲ့ အကဏ်းတွေရယ်  .. 
• လမ်းမမြင်နိုင်ကြ သေး  ..  . ။
ဆိုတဲ့ လယ်တီဆရာတော်ဘုရားကြီးရဲ့ တေးထပ်အတိုင်း  .  စာရေးသူ
အလင်းရှင်သည်စာဖတ်သူများအတွက် . . 
• တဏှာကြိုက်ဖို့ ရေးသည်မဟုတ်  . ။
• တဏှာနောက်လိုက်ဖို့ တွေးချသည်မဟုတ်  .. ။
• သံသရာစက်ဒုက္ခချားရဟတ်မှာ အာဏာရူးအဆက်ဆက်တို့ကြောင့်
• ကုသလနဲ့သုခကိုသိခွင့်မသာခဲ့ကြသော သန်းခြောက်ဆယ်အတွက်
• စကားအပ္ပမာဒသာဖြစ်ပါတယ်။
ကဲ  ..  အလင်းရှင်စကားရှည်နေမည်ကိုစိုးသည်၊ထို့ကြောင့် အောက်ပါ
လင့်တွင် ၀င်ကြည့်ခြင်းဖြင့် သန်းခြောက်ဆယ်ရဲ့ဘ၀နှင့် ခရိုနီတစ်
ယောက်မော်ဒယ်မလေးကိုကိုက်ခါ လကမ္ဘာကိုချီဦးမယ်ဆိုတာဟာ
အတင်းများအလင်းများလားလို့ ဆုံးဖြတ်ပေးလိုက်ကြပါဦး  .. 
ဖတ်ရှု့ရန်လင့်  .. . 
http://aungminkhoung.blogspot.com/2014/07/blog-post_4376.html
█ ░ အလင်းရှင် ░ █
Shareခြင်းဖြင့် အလင်းဒါနကုသိုလ်ယူနိုင်ကြပါသည်

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget