ငါ ကိုရင်အရွယ်ဘ၀က ရွာကိုပြန်ရင် ရွာကလူတွေကမေးကြတယ်။
“ ကိုရင် ”
“ ဒီနှစ်စာမေးပွဲအောင်လား”
“ဟင့်အင်း ” “ အောင်ဘူး ”
“မနှစ်ကလည်းကျတာပဲ”
လို့ပြန်ဖြေတယ်။ အဲဒီအခါ ငါ့ဦးရီးတော်က ဘာပြောတယ်မှတ်သလဲ
“ဒီကိုရင်ကတော့လေ”
“စာမေးပွဲအောင်လားမအောင်လားမေးတာကို”
“ဘာဖြစ်လို့ ပြီးတဲ့ကာလအကြောင်းတွေပါ ဖြေနေရတာတုန်း”
“ ကိုရင့်အစား ၊ တပည့်တော်ရှက်တယ်” တဲ့။
“ ကိုရင် ”
“ ဒီနှစ်စာမေးပွဲအောင်လား”
“ဟင့်အင်း ” “ အောင်ဘူး ”
“မနှစ်ကလည်းကျတာပဲ”
လို့ပြန်ဖြေတယ်။ အဲဒီအခါ ငါ့ဦးရီးတော်က ဘာပြောတယ်မှတ်သလဲ
“ဒီကိုရင်ကတော့လေ”
“စာမေးပွဲအောင်လားမအောင်လားမေးတာကို”
“ဘာဖြစ်လို့ ပြီးတဲ့ကာလအကြောင်းတွေပါ ဖြေနေရတာတုန်း”
“ ကိုရင့်အစား ၊ တပည့်တော်ရှက်တယ်” တဲ့။
အဲဒီတုန်းကတော့ ငါ့ဦးရီးတော်ပြောတာ အမှန်လို့ထင်ခဲ့မိတယ်။
အခုလိုအရွယ်ရောက်လာတော့မှ ..
“ သြော် ” “ ငါဟာ”
“အမှန်တရားကိုဖုံးကွယ်ထားခြင်းကိုအလိုမရှိသော သစ္စာသမားတစ်ယေက်”
ပါလားရယ်လို့ မိမိရဲ့ပွင့်လင်းရိုးသားမှုကို ကြည်ညိုတက်ခဲ့ပါတယ်။
ပြောချင်တာကတော့ . .
ဒီကနေ့အထိ မြန်မာနိုင်ငံရေးသမိုင်းမှာ အဲလို အမှန်တရားကိုလိုလားသူတွေ
အုပ်ချုပ်ခွင့်မရခဲ့လို့ မြန်မာနိုင်ငံဟာ .. သူဆင်းရဲနိုင်ငံဖြစ်နေရတာပါပဲ။
ခေါင်းဆောင်တွေဟာ လိမ်နေတယ် ညာနေတဲ့အပြင် ပြည်သူတွေလုပ်ကိုင်
စားသောက်နေတဲ့ လယ်ယာမြေတွေကိုပါ “တပ်ပိုင်” “ခရိုနီပိုင်” အဖြစ်သိမ်း
ယူနေတာတွေဟာ ခိုးခြင်း(၂၅)ပါးထဲက “ကဗျည်းပြောင်း၍ခိုးခြင်းပဲ”
တကယ်တော့ ခိုးတာတင်မကပါဘူး ဓားပြတိုက်သလိုပါပဲ။
ဒီတော့က ဒီလိုဟိရိသြတ္တပ္ပတရားတွေမရှိတဲ့ ကောင်တွေ ကြီးစိုးမင်းမူနေမှ
တော့ . ..
• ဘုရားစေတီတွေလည်း ဖျက်တော့တာပဲ
• သံဃာတော်တွေကိုလည်း သတ်တော့တာပဲ
• ကျောင်းသားပြည်သူလူထုတွေကိုလည်း သတ်တော့တာပဲ
ဒါ့ကြောင့် ထိုကဲ့သို့ သစ္စာမဲ့သော အရှက်အကြောက်ကင်းမဲ့သောအာဏာရှင်
လူတစ်စုတို့ ပျက်ဆီးမှသာလျှင် အနာဂါတ်မြန်မာနိုင်ငံတော်နှင့်ဗုဒ္ဓဘာသာ
သာသနာတော်ကြီးသည် နေလိုလလိုထွန်းကားမည်ဆိုတာကို .. ဘယ်သူ
ငြင်းရဲပါသနည်း။
ကဲ . ..
ပိဋကတ်မြန်မာပြန်များဖတ်ရှု့လို့ပါက အောက်ပါလင့်တွင်ဝင်ဖတ်ပါဒေါင်းပါ။
http://aungminkhoung.blogspot.com/2014/05/blog-post_7909.html
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)
အရှေ့ဥယျဉ်တိုက်၊
စမ်းချောင်းမြို့နယ် ၊ ရန်ကုန်
No comments :
Post a Comment