.

AlinShin

Wednesday, June 4, 2014

မြန်မာပြည်မှ ရဟန်တော်များ ဆင်ခြင်ဖွယ်ရာ (ဒုတိယ)

Photo: မြန်မာပြည်မှ ရဟန်တော်များ ဆင်ခြင်ဖွယ်ရာ
❝ ❞ ❝ ❞  ❝ ❞  ❝ ❞  ❝ ❞  ❝ ❞❝ ❞ ❝ ❞  ❝ ❞  ❝ ❞  ❝ ❞  ❝ ❞
သတင်းအဟောင်းကိုပြန်လည်ကူးယူတင်ပြခြင်းဖြစ်သည်။
ယခုနာရီအနည်းငယ်အတွင်းမှာ မြန်မာနိုင်ငံ မြို့တော်ရန်ကုန်ကနေပြီး ဦးဇင်းနေထိုင်ရာ
အိန္ဒိယကို သတင်းဓာတ်ပုံတစ်ပုံပေးပို့လာပါတယ်။ အကြောင်းအရာကတော့ . . . .ရန်ကုန်မြို့ရှိ ဗုဒ္ဓဘာသာ မြန်မာဘုန်းတော်ကြီးအချို့ဟာ နားမလည် နိုင်ကြသေးဘဲ မွတ်ဆလင်ဆိုင်များမှာ ဈေးဝယ်နေကြပါတယ် . .တဲ့။ ဒါကို သတင်းဓာတ်ပုံရိုက်ပြီး သက်သေခံအဖြစ်ပေးပို့လာပါတယ်။

ဓာတ်ပုံရိုက်ပေးလိုက်တဲ့လူငယ်လေးကက ဒီလိုရဟန်းသံဃာတော်များကို အရှင်ဘုရားတို့နေနဲ့ ရဟန်း-ရဟန်းခြင်း ပြောဆိုဆုံးမသင့်ကြောင်းကိုလည်း အကျယ်တ၀ံ့ရေးသားတင်ပြလာပါတယ်။ ဦးဇင်းအ နေနဲ့ မြန်မာပြည်က ဗုဒ္ဓဘာသာဥပါသကာဥပါသိကတို့အားပြောပါရစေ . . .  ဦးဇင်းတို့ရဟန်းခြင်းသာလျှင် ဆုံးမသင့် ဆုံးမထိုက်တာမဟုတ်ပါဘူး . . . လူပုဂ္ဂိုလ်များအနေနဲ့လည်း ဦးဇင်းတို့ရဟန်း သံဃာများအမြင်မတော်မှုရှိရင် တွေ့ရင် ပြောဆိုလျှောက်ထားနိုင်ပါတယ်။

ဘုရားလက်ထက်တော်အခါက စိတ္တသူကြွယ်ကဲ့သို့သော လူသူတော်ကောင်းများဟာ ဒီကနေ့ဗုဒ္ဓဘာ သာနိုင်ငံများအပြင် ကမ္ဘာအရပ်ရပ်မှာ သူ့နည်းသူ့ဟန်နဲ့ရှိနေကြမှာပါ။ စိတ္တသူကြွယ်ဟာ ရဟန်းသံဃာ တော်များကို အပြုသဘောဆောင်ကုသိုလ်စိတ်နဲ့ ပြောဆိုလျှောက်ထားခြင်းဖြင့် သေနပ်မထမ်းဘဲသာသနာပြုကုသိုလ်ယူနိုင်ပါတယ်။

အချို့ရဟန်းတော်များဟာ အတိက်ကုသိုလ်စိတ်နဲ့ ရဟန်းဖြစ်လာသော်လည်း ပစ္စပ္ပန်သတိစိတ်များ နဲပါးမှုရှိတက်ပါတယ်။ ဒါကိုဗုဒ္ဓဘာသာသူတော်စဉ်လူပုဂ္ဂိုလ် များအနေနဲ့ လက်အုပ်ချီမိုးပြီးရိုသေစွာ လျှောက်ထားနိုင်ပါတယ်။

ကဲ . . .
မြန်မာနိုင်ငံအ၀ှမ်းလုံးမှာ နေထိုင်သီတင်းသုံးတော်မူကြကုန်သော . . .  .
ဆရာတော်သံဃာတော်အ ရှင်မြတ်တို့ဘုရား . . . . တပည့်တော် 
ဗုဒ္ဓမြတ်စွာသာသာတော်ကိုကြည်ညိုလေးစားအားထားကြကုန်သော
ရဟန်းရှင်လူကြီးရဲ့ကိုယ်စား . . .

လျှောက်ထားတောင်းပန်ပါရစေ . . .

ဈေးဝယ်ထွက်လျှင် မွတ်ဆင်ဆိုင်များကို အထူးသတိထားပါ။ သူတို့က ဆိုင်မှာ အရောင်းဝန်ထမ်းများ  ကို မြန်မာမချောချောလေးတွေထားပြီး မြန်မာဆိုင်အဖြစ် ဖန်တည်းပုံဖေါ်ထားပါတယ်။ သို့ပါသော ကြောင့် အရှင်မြတ်တို့အနေဖြင့် မည်သည့်ကုန်ပစ္စည်းကိုမဆို မြန်မာဆိုင်များမှာသာဝယ်ယူသုံးစွဲသင့် ပါတယ်။ အထူးသဖြင့် ဈေးဆိုင်များမှာ ယုတ်စွအဆုံး မြန်မာပြည်ဖွားတရုတ်ဆိုင်များမှာတောင် ဘုရား ကျောင်းတော်စင်လေးတွေရှိတက်ပါတယ်။ ဒါကိုသတိထားပြီး ၀ယ်ယူကြပါရန် . . . အမျိုးဘာသာကို ကာကွယ်စောက်ရှောက်ပေးပါရန် ဘုရားတပည့်တော် ရိုသေလေးစားစွာလျှောက်ထားအပ်ပါတယ် ဘုရား။

                                                                                                          အရှင်ကောဝိဒ(အလင်းရှင်)

ကမ္ဘာ့ရှေးအကျဆုံး ဘောင်းဘီရှည်

 ကမ္ဘာ့ရှေးအကျဆုံး ဘောင်းဘီရှည် ( Pants) ကို ရှေးဟောင်း သုတေသန ပညာရှင်တွေက တွေ့ရှိခဲ့ကြပါ တယ်။ အခု တွေ့ ရှိခဲ့တဲ့ ဘောင်းဘီရှည်ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ ထောင် လောက်ကဖြစ်နိုင်ပြီး  အခု ထိလည်း ဖက်ရှင်ဖြစ်နေဆဲပါဘဲလို့ တိုင်းမ်သတင်း တပုဒ်မှာ ဖော်ပြပါတယ်။ 

 ကမ္ဘာ့ရှေးအကျဆုံး ဘောင်းဘီ၊ ဓာတ်ပုံ- တိုင်းမ်

ဂျင်းဘောင်းဘီတွေကိုတော့ ၁၈၇၃ ခုနှစ်က တီထွင်ခဲ့တာဖြစ်ပြီး အခုတွေ့တဲ့ဘောင်းဘီကတော့ ဂျင်း
ဘောင်းဘီတွေလို အတို၊ အရှည်မျိုးမဟုတ်ဘဲ သိပ်လည်း မတိုသလို၊ သိပ်လည်း မရှည်ပါဘူး။ပြောရ ရင် အခု ခေတ် ကွာတား ပုံစံနဲ့ နည်းနည်းဆင်ပါတယ်။  

အဲဒီဘောင်းဘီ ဒီဇိုင်းဟာ ဝတ်ရင် ခပ်ကြပ်ကြပ်ဖြစ်ပုံရပါတယ်။

အခု လက်ယက် ဘောင်းဘီဟာ တရုတ်နိုင်ငံ အနောက်ဘက် တာရင်ဘေဆင်အရပ်က သင်္ချိုင်းတခုမှာ
တွေ့ ခဲ့တာပါ။ အဲဒီသင်္ချိုင်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၃ဝဝ ပတ်ဝန်းကျင်ထက် စောတဲ့ ကာလလောက်က ရှိခဲ့တာလို့ ယူဆထား ပုံရပါတယ်။ 

အခု တွေ့လိုက်တဲ့ ဘောင်းဘီကတော့ ရှေးဟောင်းသုတေသနပညာရှင်တွေ တွေ့ဖူးသမျှ ဘောင်းဘီတွေထဲ
က ရှေးအကျ ဆုံး တခုဖြစ်တယ်ဆိုတာပါဘဲ။

အခု ရှေးအကျဆုံး ဘောင်းဘီဟာ သူ့ရဲ့ ဒီဇိုင်းအရ မြင်းစီးဖို့ ဖန်တီးထားတာဖြစ်မယ်လို့ ယုံကြည်ကြ တယ် လို့လည်း ဆိုပါတယ်။ 

အမေရိကန်ပြည်ထောင်စု ပင်ဆေဗေးနီးယာ တက္ကသိုလ်က တရုတ်ရေးရာ ကျွမ်းကျင်ပညာရှင် Victor Mair က ပြောတာ မှာတော့ ဒီ ဘောင်းဘီဟာ တချိန်က ရွှေ့ပြောင်း ကျေးလက်ဒေသသားတွေက မြင်းစီးဖို့ တီထွင်ထားခဲ့တာဖြစ်ဖြစ်မယ်လို့ ပြောဆိုခဲ့ပါတယ်။ 

ဒါဆိုရင်တော့ တရုတ်နိုင်ငံမှာ မြင်းစီးပြီး ရွှေ့ပြောင်းသွားလာခဲ့သူတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ဝဝဝ 
လောက်က ဖြစ်တယ်ဆိုတော့ ဒီဘောင်းဘီဟာ အဲဒီခေတ်က ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။ 
အိမ့်သံစဉ် ~

Sunday, June 1, 2014

ကိုယ့် ဈာပန အခမ်းအနား ကိုယ်တိုင် တက်ရောက်ခဲ့သူ

ပွာတိုရီကို နိုင်ငံက အသက် ၈ဝ အရွယ် ဂျော်ဂျီနာ ရှဗရွန်နီ လောရ်ဟာ သူ့ရဲ့ ဈာပန အခမ်းအနားကို ကိုယ်တိုင် တက် ရောက်နိုင် တဲ့သူ ဖြစ်ပါတယ်။ 

ဓာတ်ပုံ- The Mirror

လူဆိုတာ သေမျိုးဆိုတဲ့အတိုင်း သေလွန်သွားသူတိုင်းရဲ့ ဈာပန အခမ်းအနားမျိုးကို ဆွေမျိုး၊ မိတ်သင်္ဂဟ
တွေ က တက် ရောက်ကာ ဆုတောင်းပနာလုပ်တတ်ကြတာပါဘဲ။ 

ပွာတိုရီကိုက ဂျော်ဂျီနာ ရှဗရွန်နီ လောရ် ဆိုတဲ့ အမျိုးသမီးကြီးကတော့ သူ မသေခင်ကတည်းက သူ့သမီး ကို သေချာပြောခဲ့တာ ရှိပါတယ်တဲ့။ 

သူ့ရဲ့ ဒုတိယ အိမ်ထောင်ပြုစဉ်က မင်္ဂလာဝတ်စုံ ကို အရမ်း ဝတ်ဆင်ချင်ခဲ့တာလို့ သူ့သမီး ကို သူ မသေခင်တုန်း က ပြောခဲ့တဲ့အကြောင်း The Mirror သတင်းတပုဒ်က ဆိုပါတယ်။ 

သမီးဖြစ်သူကလည်း မိခင်ရဲ့ ဆန္ဒကို သက်ရှင် ထင်ရှားချိန်မှာတုန်းက မဖြည့်ဆည်းပေးနိုင်ခဲ့ဘူးနဲ့ တူပါ တယ်။ 

မိခင်ဖြစ်သူ မစ္စ ဂျော်ဂျီနာ ရှဗရွန်နီ လောရ်ဆုံးပါးသွားတော့ ဈာပန အခမ်းအနားကို တမူထူးခြားစွာနဲ့ ကျင်းပခဲ့ တာပဲ ဖြစ်ပါလိမ့်မယ်။

ဒါကြောင့် မိခင်ဖြစ်သူကို သူမသေခင်ဆန္ဒအတိုင်း မင်္ဂလာဆောင်တုန်းက အဝတ်အစားကို ဝတ်ပေးပြီး သူ့ရဲ့ ဈာပန အခမ်းအနားမှာ သူကိုယ်တိုင် တက်ရောက်သလို ခန္ဓာကိုယ်ကို ကုလားထိုင် တလုံးမှာ ထိုင်စေခဲ့ တာပါ ဘဲ။ 

အိမ့်သံစဉ် ~

Saturday, May 31, 2014

ပြည်သူနှင့် “ပြည်သူ့အမိ”

သက်တော်(၄၀)နှစ်ပြည့် ဒဿနများ(၀၀၁၅)

Photo: သက်တော်(၄၀)နှစ်ပြည့်
☀ ☀ ☀ ☀ ☀ ဒဿနများ(၀၀၁၅)
   ̏ အမုန်းတရားကို ”
◄►✂•••× ✂•••× ◄►✂•••×✂•••×◄►
သြော်   ..  ဒဿနလေးတွေတောင် မရေးဖြစ်တာကြာလှပြီ။ 
အခုတာ့ ဒါလေးတွေးမိလို့ကောက်ကာငင်ကာ ရေးမိလိုက်တာပါ။ အမုန်းတရား
ဆိုတာ တရားကိုယ်ကောက်တော့ ဒေါသပဲကွဲ့။ တို့ဘုရားကတော့ ဒီအမုန်းတရား
တွေကိုလည်း ကုသိုလ်တရားအဖြစ်မဟောခဲ့ပါဘူး။ ဒါလေးကိုကိုယ်တိုင်တွေးပြီး
ကိုယ့်ရင်ဘတ်ထဲမှာများ အမုန်းတရားများရှိနေလားလို့ recover လုပ်ကြည့်မိတယ်။
ကိုယ်လည်းပုထုဇဉ်ရဟန်းမျှသာဆိုတော့ ဘယ်ကင်းပါ့မလဲသို့သော် မရှိသင့်မရှိထား
မထားအပ် မထားထိုက်သော ဒီအမုန်းတရားတွေကိုတော့ သတိပဋ္ဌာန်နဲ့လျှော်ဖွတ်
သင့်တယ်။ 
တို့များစာရေးနေတာ  . . တရုတ်ကိုမုန်းလို့ ၊ ကုလားကိုမုန်းလို့ ၊စစ်ခွေးနဲ့ခရိုနီကိုမုန်း
လို့  ..  စသည်ဖြင့် အမုန်းတရားများနဲ့ရေးတယ်မထင်နဲ့ ၊ ရောက်ရှိလာသောလူဘဝ
ရဟန်းဘ၀မှာ သစ္စာဝါဒီ သစ္စာဘူတသမားတစ်ယောက်အဖြစ် မျှဝေခံစားမိတာပါ။
ကမ္ဘာလောကကြီးမှာ ယေဘူယျအားဖြင့် လူဆိုးနဲ့လူကောင်း ဒီနှစ်မျိုးပဲရှိတာပါ။
အကုသိုလ်နဲ့ကုသိုလ်လို့ ထပ်ချဲ့ကားကြည့်ပါ။ ဒီတော့က မင်းတို့ငါတို့က ဘယ်လိုစာ
ရင်းမှာလက်မှတ်ထိုးကြမှာတုန်း။ လူဆိုးလား? လူကောင်းတလား ? ကုသိုလ်လား
အကုသိုလ်လား ဒါပဲ  .. ဒါပဲ။ 
ငါအားလပ်တိုင်းစာရေးတာ လူကောင်း.ကုသိုလ်စိတ်နဲ့သာစာရေးပညာအလင်းပါရ
မီမျှသာပါလို့ ဆိုပါရစေ . . . 
ဒါ့ကြောင့် အများသူငှာတွေကို နှိပ်စက်ကလူပြုနေတဲ့ စစ်ခွေးကြံ့ဖွတ်တွေ  . . 
နောက် အတ္တသမားတရုတ်ကြီးနဲ့ ခရိုနီတစ်သိုက် ဒီလူမိုက်တွေရှိနေသရွေ့မြန်မာ
တင်မကဘူး ကမ္ဘာကြီးပါ စိတ်ဆင်းရဲနေရမှာပါ။လက်တွေ့ကတော့ ရခိုင်ဒေသနဲ့
လက်ပတောင်းတောင်ဒေသခံပြည်သူတွေခမျာမှာ ဘုရားပုထိုးတွေအဖျက်ခံရ
သိမ်ကျောင်းတွေအဖျက်ခံရ ရွာတွေအဖျက်ခံရနဲ့ အတော်ကိုပဲအတိဒုက္ခအသွယ်
သွယ်ရောက်နေရပါတယ်။ အခုလက်ပတောင်းတောင်မှာ ညဘက် ရွာသားတွေ
ကင်းစောင့်နေရတယ်။ ကဲ  ..  ဒီဒုက္ခတွေကို ကျုပ်တို့တွေ မျှဝေခံစားနားလည်
တက်မယ်ဆိုရင် ဒီအကုသိုလ်တရုတ်ကြီးစစ်ခွေးခရိုနီတစ်သိုက်ကို ရိုက်သတ်ပစ်
ဖို့ပဲ စိတ်ကူးနေကြလိမ့်မယ်နဲ့တူတယ်။
█ ░ အလင်းရှင် ░ █
̏ အမုန်းတရားကို ”
◄►•••× •••× ◄►•••ו••×◄►

ကိုယ့်သမီးကိုပြန်မုဒိန်းကျင့်တဲ့ ကြံ့ဖွတ်စစ်ခွေးအုပ်စုထက်၊ ပထွေးကိုသာအဖေါ်ခေါ်လိုက်ချင်

Photo: ကိုယ့်သမီးကိုပြန်မုဒိန်းကျင့်တဲ့ ကြံ့ဖွတ်စစ်ခွေးအုပ်စုထက်၊ ပထွေးကိုသာအဖေါ်ခေါ်လိုက်ချင်
♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥ ♥  ♥  ♥ 
https://www.facebook.com/tar.won.3?fref=nf
Tig Er ရေ  . . စေ့စေ့တွေးတော့ရေးရေးပေါ် ဆိုတဲ့စကားလိုပေါ့
တကယ်တွေးကြည့်တော့ မြန်မာဗမာဘယ်လိုပဲခေါ်စေကာမူ စစ်အာဏာရှင်တစ်စုတို့ရဲ့ ယုတ်မာပတ်စက်မှု့ကြောင့်  . .. 
အလင်းရှင်အလိုကိုပြောရပါမူကား ပညာရှိသူများတော့ လက်သင့်ခံကြပေ လိမ့်မည်။မျိုးချစ်ဖိုးချစ်ဆိုတဲ့နာမည် တပ်ငတုံးများကတော့လက်သင့်ခံမည်မဟုတ်။ သာဓကပြောမည်။ (၁)အင်္ဂလိပ်လက်ထက်တွင်ဘုန်းကြီးများထောင်ကျသော်သင်္ကန်းဝတ်ရုံခွင့်ရသည်။ ဗမာစစ်ခွေးလက်ထက်တွင်ရသလား? 
ဒီမေးခွန်းလေးတစ်ခွန်းနဲ့တင် အလင်းရှင်ပြောကြားသောကွန်မန်းရဲ့အဖြေသည်
လုံလောက်သောမှန်ကန်သည့်ဥပမေယျပင်ဖြစ်ပါသည်။ 
ရဟန်းသံဃာတော်တို့အား လိုလျှင် ပူဇော် မလိုလျှင် ထောင်ချ ရက်စက်လှသည့်
ဗမာစစ်ခွေးအယုတ်တမားများ ကြီးဆိုးနေခြင်းထက်  .. (၀ါ) လိုလျှင်ဘုရားတတည်ကျောင်းဆောက်သိမ်ဆောက်၊မလိုလျှင်ရှေးဟောင်းဘုရား
၊ရှေးဟောင်းသိမ်တို့ကိုပင်သမိုင်းဝင်အမွေအနှစ်ဖြင့်မထား မိုင်းခွဲဖျက်ဆီးတက်သော (၀ါ) ပြည်သူပြည်သားကို ဆင်းရဲနွမ်းပါးသူများပါတကားဟုကရုဏာမထား 
ရွာလုံးကျွတ် ဒိုဇာဖြင့်ထိုးကော်ဖျက်ဆီးတက်သော (၀ါ) ကိုယ့်သမီးကိုယ်ပြန်
မုဒိန်းကျင့်သော ဗမာစစ်ခွေးတွေထက် . . .တိုင်းတစ်ပါးသားကို သာပြေး၍ပထွေး
ခေါ်လိုက်ချင်တော့ .. သည်
ဘဒ္ဒန္တကောဝိဒ (အလင်းရှင်)
အရှေ့ဥယျာဉ်တိုက်
စမ်းချောင်းမျြို့နယ် ၊ ရန်ကုန်

Thursday, May 29, 2014

စစ်ဗိုလ်ချုပ်များ၏ သားသမီးများနှင့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများ

စစ်ဗိုလ်ချုပ်များ၏ သားသမီးများနှင့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများ
၁။ ရဲတံခွန် ဆောက်လုပ်ရေး ။
လိပ်စာ- တာမွေမြို့နယ်။ ယုဇနပလာဇာ နောက်။
ပိုင်ရှင် အောင်ဇော်ရဲမြင့်က ဗိုလ်ချုပ် ရဲမြင့်သား။ အသက် - ၂၈ နှစ်ခန့်  ။ အရပ်- ၅ပေ ၇လက်မ ခန့် ။ အိမ်ထောင်ကွဲ ။ ၂၀၀၇ ခုနစ်မှာ မီးရထားဝန်ကြီးရဲ့ သမီး အေးမြသာနဲ့ လက်ထပ်တယ်။ အောင်ဇော်ရဲမြင့်က မူးယစ်ဆေးဝါးအလွန်အကျွံ သုံးစွဲပြီး ဆိုးသွမ်းလူငယ်တဦး ဖြစ်တယ်။ အခု လင်မယားကွဲနေတယ်။ မင်္ဂလာဆောင်ပြီး ၅လ လောက်အတွင်းမှာ ကွဲသွားတယ်။လက်ဖွဲ့ ငွေသိန်း ၁,၂၀၀ ကျော်ကျော် ရတယ်။ လင်မယား ကွဲတဲ့အခါလက်ဖွဲ့တွေကို အမျိုးသမီးက သိမ်းလိုက်တယ်။ စီးပွားရေးလောကမှာ မအေးမြသာကလည်း ငွေရရင် အကုန်လုပ်မယ် ဆိုတဲ့ သူမျိုး ဖြစ် တယ် ။ Sunday Mart စီးပွားရေးလုပ်ငန်းမှာ သူမက တစိတ်တပိုင်းပါနေတယ်။

၂။ Sun Tac ပိုင်ရှင်က စစ်တိုင်းအောင် ၊ သစ်တောဝန်ကြီး ဦးအောင်ဖုန်းရဲ့သား။
ဦးအောင်ဖုန်းမှာ စစ်တိုင်းအောင်နဲ့ စစ်သွေးအောင်ဆိုတဲ့ သားနှစ်ယောက် ရှိတယ်။ နှစ်ယောက်စလုံး အိမ်ထောင်ရှိတယ်။
၃။ ဆန်းဒေးမတ် Sunday Mart ( အောင်ဇော်ရဲမြင့် မိန်းမ အေးမြသာ ပိုင်တယ်။ )
၎။ အောင်ရီဖြိုးနဲ့ Rose Hill Hospital (ပိုင်ရှင်က ဦးအောင်သောင်းသား။ )
၅။ Happy Noodel - ပိုင်ရှင်- ဗိုလ်ချုပ်ကျော်ဘ ချွေးမဟောင်း ။သူ့ သား ဦးအေးထွန်းက စပ်သန္တာနွဲ့  နဲ့  ထပ်ယူထား တယ်၊ ဦး ထွန်းနိုင်ရွှေ (ဗိုလ်ချုပ်သန်းရွှေသား) မိန်းမရဲ့  သမီး ။ ယခု လက် ရှိ ပုဂံလေကြောင်းမှာ တာဝန် ယူထား ။
၆။ MICT မှာ အောင်စိုးသာအစုရှယ်ပါတယ်။ သူက ၀န်ကြီးဦးစိုးသာရဲ့ သား။
၇။ MMS Company - Super Market and Hotel Business က ကျော်မျိုးညွန့် နဲ့ ပတ်သက်တယ်။
အသက်- ၃၂ နှစ်ခန့် ။ (သူက လယ်ယာ /ဆယ်မြောင်း ၀န်ကြီးဟောင်း ဗိုလ်ချုပ်ညွန့်တင်ရဲ့ သား)
ကျော်မျိုးညွန့်က ဒေါ်မြမြ၀င်း ( ဂျပန်) သမီးနဲ့ ယူထားတယ်၊၊ ကျော်မျိုးညွန့်အကြောင်းကို အောက်မှာ ဆက်လက်ဖေါ်ပြထား သေးတယ်၊၊
၈။ J & J မှာ ဗိုလ်ချုပ်သန်းရွှေသား ထွန်းနိုင်ရွှေက အမည်ခံပေးတယ်။ ရာခိုင်နှုန်းအလိုက် အကြံအဖန်ရတယ်။
၉။ Herritage Golf Club က ဗိုလ်ချုပ်ဝင်းလှိုင်ရဲ့သား ၀င်းထွေးလှိုင် ရှယ်ယာ ပါတယ်။ အသက် ၂၃ နှစ်ခန့်။
၁၀။ ထူုးထရိတ်ဒင်း ။ ပိုင်ရှင် ဦးတေဇ ။ ( သူနဲ့ပတ်သက်တဲ့ အချက်အလက်အများစု ကို လူတိုင်းသိပြီး ဖြစ်နေသဖြင့် မဖေါ်ပြသေးပါ။ )
၁၁၊ ပုဂံ လေကြောင်းလိုင်း ။ ပိုင်ရှင်တေဇနဲ့ ဗိုလ်ချုပ်သန်းရွှေမိန်းမ ဒေါ်ကြိုင်ကြိုင်။
၁၂၊ Pacific High Tech စီးပွားရေးလုပ်ငန်းမှာ မင်းသက်ဦးပါတယ်။ သူ့ အဖေက သတ္တုတွင်းဝန်ကြီး ဗိုလ်ချုပ်အုန်းမြင့် ဖြစ်တယ်။ သူကို ကိုမင်းလို့ ခေါ်ကြတယ်။ လုပ်ငန်းတော်တော်များများမှာလည်း သူ့ ရှယ်ယာတွေ ရှိတယ်။
၁၃ -တော်ဝင် လျှပ်စစ် လုပ်ငန်းကို ဇင့်မြင်မောင် (ခ) စိုးစိုး ( ဗိုလ်ချုပ်မြင့်မောင် သမီး) နဲ့ ၀ဏ္ဏ ( ဗိုလ်ချုပ်ဝင်းမြင့်) သား တို့ စပ်တူလုပ်ကိုင်ခဲ့တယ်။ ဗိုလ်ချုပ် ၀င်းမြင့်သားက ကားတိုက်ပြီး ဆုံးသွားခဲ့တယ်။
၁၄၊ အမည်မသိသေးတဲ့ ဆေးခန်း ( ဆက်လက်စုံစမ်းဖေါ်ထုတ်နေဆဲ)
၂၀၀၆ ခုနစ် ၊ ကြည်မြင်တိုင်ဖက်မှာ ဆေးခန်းအသစ်တခုရှိတယ်။ ဆေးခန်းရှယ်ယာတွေ အများစုကို ထင်ကျော်က ပိုင်တယ်။ ထင်ကျော်က အသက် ၄၀ နှစ်ခန့် ၊ သူက ဗိုလ်မှူးချုပ်ကျော်ဝင်း ( ပြုတ်သွားတဲ့ ထောက်လှမ်းရေး။ ) သူ မိန်းမက ထွေးထွေးစိုးမင်း ဖြစ်တယ်။ ထင်ကျော်က သူအဖေ ထောက်လှမ်းရေးက ပြုတ်တော့ နိင်ငံခြားရေးဝန်ကြီးဌာနကနေ ဖယ်ရှားခံရတယ်။ ဂျပန်မှာရှိတဲ့ မြန်မာသံရုံးမှာ လုပ်ခဲ့ဘူးတယ်။ အလုပ်ကပြုတ်တဲ့အချိန်မှာ ဆေးခန်းဖွင့်ပြီး ပွနေတယ်။
၁၅၊ ဖြူစိန်ဆိုင်-
ဗိုလ်ချုပ်တင်ဦး ( သေဆုံး) ရဲ့ ဒုတိယသမီး ဖြုဖြူဦး ( အဆိုတော်လုပ်တယ်။ ဖြူဆိုတဲ့နာမည်နဲ့ ဆိုတယ်။ ) ဗိုလ်ချုပ်ညွန့်တင်သား ကျော်မျိုးညွန့်နဲ့ တွဲခဲ့သေးတယ်။ ကျော်မျိုးညွန့်က ဒေါ်မြမြ၀င်း သမီး ရွှေယမင်းဦးနဲ့ ယူထားတယ်။ ဖြုဖြူဦးနဲ့လည်း ခုထိ တွဲနေသေးတယ်။
ကျော်မျိုးညွန့်က ဖြုဖြူဦး အတွက် - ဖြူ - ဆိုတဲ့ စိန်ဆိုင် ကို ဗိုလ်ချုပ် ဈေး မျက်နှာစာတန်းမှာ ဖွင့်ပေးထားတယ်။ ဖြူဖြူဦး အမက ချိုလဲ့ဦး ဖြစ်တယ်။ သူမက ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသွားခဲ့တယ်။
သူ့  ယောက်ျား မောင်မောင်ကျော်က စသုံးလုံး ဒုတိယ - ညွန်ကြားရေးမှူးချုပ် လက်ရှိတာဝန်ယူဆဲ။
ဗိုလ်ချုပ်ခင်ညွန့် တန်ခိုးထွားစဉ်က ဖြူဖြူဦးကို ဖမ်းဖို့ ကြိုးစားသေးတယ်။ ၂၀၀၄ ခုနစ်ဝန်းကျင်မှာ ဖြူဖြူဦး ဟောင်ကောင်း ရတနာပြပွဲကို သွားတယ်။ မြန်မာပြည်က ရတနာတွေကို ခိုးထုတ်တယ်။ ခင်ညွန့် ထောက်လှမ်းရေးအဖွဲ့က လေဆိပ်မှာ ဖမ်း တယ်။ ဒါပေမဲ့ ဖြူဖြူ ဦးကိုယ်စား သူရဲ့ တပည့်မက အဖမ်းခံလိုက်ရတယ်။ အခု ထိထောင်ထဲမှာပဲ ရှိတယ်။ ဒီမိန်းမ က မကွေး ဇာတိ ဖြစ်တယ်။ ဒီမိန်းနဲ့ ဗိုလ်မှူး မောင်မောင်ကျော်တို့ ငြိစွန်းခဲ့ဘူးတယ်။ ဒီမိန်းမဟာ အိမ်ထောင်ရှိသူ ဖြစ်တယ်။
၁၆။ ဒိုင်းမွန်း ပဲလေ့စ် ကုမ္ပဏီ -က အင်လျားမြိုင်ထဲမှာ ရှိတယ်။ မဝေေ၀သာက ပိုင်ရှင်ဖြစ်တယ်။
သူမက အသက် ၅၀ ခန့်။သူမ အရင် ယောက်ျားက ဗိုလ်ကြီးမောင်မောင်သိန်း ဖြစ်တယ်။ သူမနဲ့ ဗိုလ်မှူး မောင်မောင်ကျော်
(ဒုတိယညွန်ကြားရေးမှူးချုပ် ထောက်လှမ်းရေးနဲ့ ရည်ငံနေတယ်။)
၁၇။ အေးရှားဝေါလ်ကုမ္ပဏီ အုပ်စု။ စတီဗင်လော - အသက် ၄၅ နစ်ခန့် ရှိတယ်။ တရုပ်ကိုးကန့် လူမျိုး၊ လောစစ်ဟန်ရဲ့ သား။ ရန်ကုန်စီးပွားရေး တက္ကသိုလ်က ဘွဲ့ရတယ်။ စင်္ကာပူသူနဲ့ အိမ်ထောင်ကျတယ်။ သူ့ ပါတနာရဲ့ မိန်းမကို သစ္စာဖေါက်ပြီး သူယူလိုက်တာ ဖြစ်တယ်။
တနိုင်ငံလုံးမှာသူ့ စီးပွားရေးတွေချည်းပဲ ဖြစ်တယ်။ ဥပမာ - ဆောက်လုပ်ရေး၊ ကြည်းမြင်တိုင်မှာ ကိုယ်ပိုင် ဆိပ်ကမ်းရှိတယ်။ လှည်းတန်း အ၀ိုင်းက မြေကွက်လပ်ကိုလည်း ပိုင်တယ်။ မန္တလေး-လားရှိုးလမ်းကို လည်း သူပိုင်တယ်။ မူဆယ်အထိ ရောက်တယ်။ တရုံးလုံးက သူ့ ကိုဆရာကြီးလို့ ခေါ်မှ ကြိုက်တယ်။ရန်ကုန်-အင်းစိန် လမ်းမပေါ်မှာ အများပိုင်မြေတွေကို မတရား သိမ်းယူခဲ့တယ်။ အိမ်ထောင်စုပေါင်း တစ်ထောင်ခန့်၊ လူဦးရေ တစ်သောင်းခန့်ကို (နအဖ) စစ်အစိုးရ နဲ့  ပေါင်းပြီး ဖယ်ရှားခဲ့တယ်။ ဒီမြေကွက်ပေါ်မှာ နန်းတော်တမျှ အိမ်ဆောက်ပြီး နေထိုင်လျှက် ရှိတယ်။ သူအိမ်ကို Google Map မှာ ကြည့်နိုင်ပါတယ်။
သူ့ စီးပွားရေးလုပ်ငန်းတွေကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
၁၈။ အေဒင် ဆောက်လုပ်ရေးနဲ့ မရီနာ ရက်ဆီဒင့်- နေရာက ကမ္ဘာအေးဘုရားလမ်းမပေါ်မှာရှိတယ်။
ပိုင်ရှင်က ဦးချစ်ခိုင်။ အသက် ၆၀ ခန့်။ NLD လူဟောင်း။ ဗိုလ်ချုပ်မောင်အေးရဲ့ စနအ ( တရိစ္ဆာန်ဖြစ်တယ်။)။
၁၉၊ ကမ္ဘောဇဘဏ် - ပိုင်ရှင်က ဦးအောင်ကိုဝင်း ( ဆရာကျောင်း။) မောင်အေးရဲ့ စီးပွာရေး လက်ရုံး။
၂၀။ ဗိုလ်ချုပ်ရွေမန်းအမျိုးများအကြောင်း ( မကြာမီ ဖေါ်ပြပါမည်။ )
၂၁။ ယဉ်ဝင်းသူ MNT (Myan New Technology )
အသက် ၃၀ကျော်။ပြည်ပမှာ အနေများ ။ ဗိုလ်ချုပ်မောင်အေးသမီး နန္ဒာအေးနဲ့ ဘာလိုလို အချစ်တော် ဖြစ်ခဲ့တယ်။
နန္ဒာအေးနဲ့ အစုစပ် ကွန်ပြူတာလုပ်ငန်းတွေကို လက်ဝါးကြီးအုပ် လုပ်ကိုင်ခွင့် ရခဲ့တယ်။ မြန်မာပြည်မှာရှိတဲ့ ကျောင်းတွေကို ကွန်ပြူတာသွင်းခွင့်ရတဲ့ တဦးတည်းသော ကန်ထရိုက်တာဖြစ်တယ်။ အရမ်းကြွယ်ဝ ချမ်းသာတယ်။ စီအန်ဂျီဓါတ်ငွေ့ရည် ပရောဂျက်ကိုလည်း လက်ဝါးကြီးအုပ် လုပ်ကိုင်ခွင့်ရနေတယ်။ ၀ိသမစီးပွားရေးသမားတွေထဲမှာ နာမည်သိပ်မထွက်ပေမဲ့ အချမ်းသာဆုံးလို့တောင် ခန့်မှန်းရတယ်။
၆ မိုင်ခွဲ။ စွပ်ကျယ်စက်လမ်းမှာ နေတယ်။ နန္ဒာအေးရဲ့ အချစ်တော်ဖြစ်ခဲ့ဘူးတာကြောင့် မောင်အေးသမက် အောင်သောင်း သားက သူမကို ကြည့်မရ ဖြစ်နေတယ်။
ဆက်လက်ဖော်ပြပါမည်။
We Fight We Win
https://www.facebook.com/allnewsmyanmar

သွေးနဲ့မျက်နှာသစ်နေရသူများ

Photo: သွေးနဲ့မျက်နှာသစ်နေရသူများ
☀ ✂•••× ☀ ✂•••× ☀  
ရံခါမှာ  .. 
ငါ့ကိုယ်ငါ အိပ်မက်ဖြစ်ဖို့ကြိုးစားမိခဲ့သလို 
အာဏာရှင်စနစ်ဆိုးကြီးဟာ ငါနဲ့သန်းခြောက်ဆယ်အတွက် မပြောပလောက်တဲ့
ဗွီဒီယိုဇာတ်လမ်းလေးဖြစ်စေချင်ခဲ့ပါတယ်။
သို့သော်  . . 
သက်ပြင်းတွေကြားထဲက နံက်ခင်းရဲ့ မျက်နှာသစ်သံတွေထဲမှာ 
စစ်ခွေးတွေကြောင့် ခုတ်ထစ်ခံရဟန်းရှင်လူတွေရဲ့သွေးပေါက်တွေကိုမြင်ရတယ်။
သြော်  . . သွေးနဲ့မျက်နှာသစ်နေရတဲ့ ပြည်သူတွေပါလား 
ဗုဒ္ဓမြတ်စွာက “အနတ္တအစိုးအမရ”ပါဘူးလို့ဟောခဲ့တဲ့ ပိဋကတ်ကို 
စစ်ခွေးတွေက “အတ္တအစိုးရ” လို့ဘာသာပြန်ကာ ပြည်သူပိုင်သယံဇာတတွေကို
တရုတ်လက်ထဲကိုထိုးအပ်ခဲ့ပြီးသူကိုယ်တိုင်လည်းတရုတ်ပြည်မှာအိမ်ဝယ်ထားခဲ့တယ်။
နှစ်ပေါင်း(၆၀) ကျော်တိုင်တိုင် စာမတက်ခဲ့ သန်းခြောက်ဆယ်မှာ  .. 
ဓမ္မနဲ့အဓမ္မကို မသိခဲ့ရတဲ့အပြင်  .. . 
“ထမင်းတစ်နပ်လျှော့စား” ခိုင်းလိုခိုင်း  ..  “ပါးရိုက်ခံရမယ်လို့ကျိန်းလိုကျိန်း”
ဆန်ကြမ်းတစ်ပြည်တစ်ထောင်ကိုတောင်မ၀ယ်စားနိုင်တဲ့ပြည်သူကို 
“ ကျန်းမာရေးအတွက်နွားနို့သောက်ခိုင်းတဲ့ သိန်းစိန်ကတစ်မျိုး”
“ သုတစာပေတစ်အုပ်ကို တန်ဘိုးအနဲဆုံး ငွေကျပ် (၃၀၀၀)လောက်ပေးဝယ်နေရတဲ့
အခြေအနေမျိုးမှာ လူတစ်ယောက်ကို တစ်နေ့ (၂၀၀၀)ကျပ်ရှိရုံနဲ့လုံလောက်ပါတယ်လို့
ပြောတဲ့ ဉာဏ်ထွန်းဆိုတဲ့လဒကတစ်မျိုး။ 
ဒါနဲ့  .. .  အမျိုးသားရေးဆိုင်းဘုတ်တင် ဘာသာစွဲဆိုတာကို
ကြော်ငြာကပ်  . . အာဏာရှင်သရဏံ ဂစ္ဆာမိလုပ်နေကြတယ်။
အမျိုးဘာသာသာသနာအတွက်ပုံရပ်ယောင်ပြထားတဲ့ (မဘသ)နဲ့(၉၆၉)တို့ဟာ
အာဏာရှင်သရဏံတွေရဲ့ Games ပွဲမှာ မူးမှတ်မဲ့နေကြတယ်။
ရခိုင်ကို ဘင်္ဂါလီနဲ့တိုက် ။ ပြည်သူကို မွတ်ဆလင်နဲ့တိုက် ။
ဒိုင်ပွဲအနိုင်ပေးခံရတဲ့ ဘင်္ဂါလီနဲ့မွတ်ဆလင်တွေကြားမှာ အမှတ်သာအလဲထိုးနိုင်
တဲ့ ရခိုင်နဲ့ပြည်သူပြည်သားတွေဟာ  ..  “အာဏာရှင်သရဏံဂစ္ဆာမိ”တွေရဲ့
အမျိုးသားနိုင်ငံရေးမှာ တွားသွားသလိုသွားနေကြရရှာလေတော့  .. သည်။

ပုရိသတွေ အကြိုက်တွေ့ခဲ့တဲ့ ဟော်လန်က ကမ္ဘာ့ဖလားပြိုင်ပွဲ

ဟ်ာလန်၊ မေ ၂၈

၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ကြိုဆိုတဲ့အနေနဲ့ ဟော်လန်နိုင်ငံမှာ ဘောလုံး ပြိုင်ပွဲတစ်ခုကို ကျင်းပခဲ့ပါတယ်။

ဒီပြိုင်ပွဲကို ပရိသတ်တွေလည်း တော်တော်စိတ်ဝင်စားခဲ့ပါတယ်။ အထူးသဖြင့် ပုရိသပရိသတ်တွေက ပိုပြီးစိတ်ဝင် စားခဲ့ကြပါတယ်။

တစ်သင်းမှာ လေးဦးစီပါဝင်ပြီး လှပတဲ့အမျိုးသမီးငယ်တွေက အတွင်းခံသာ ၀တ်ဆင်ပြီး ယှဉ်ပြိုင်ရတဲ့ ကမ္ဘာ့ဖလားအကြို ဘောလုံးပြိုင်ပွဲပဲဖြစ်ပါတယ်။

ဒီနေရာမှာ ကံအကောင်းဆုံးဖြစ်ခဲ့သူကတော့ ဟော်လန်ကစားသမားဟောင်းဗန်ဒါမေဒီပါ။ ဗန်ဒါမေဒီက ဒိုင်လူကြီး အဖြစ်ဆောင်ရွက်ပြီး ပြိုင်ပွဲဝင်တွေနဲ့ စကားတွေပြော ဓာတ်ပုံတွေရိုက်နဲ့ အနီးကပ်ဆုံးနေရာမှာ ရှိနေခဲ့လို့ အားကျစရာတောင် ဖြစ်ခဲ့ရပါတယ်။

ဒီပြိုင်ပွဲကို ဘရာဇီး၊ ဂျာမနီ၊ စပိန်၊ အီတလီ၊ တောင်ကိုရီးယား၊ အယ်လ်ဂျီးရီးယားနဲ့ရုရှတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲဝင်အမျိုးသမီးငယ်တွေက သူတို့ရဲ့ နိုင်ငံအလံအရောင်အတွင်းခံတွေကို ၀တ်ဆင်ယှဉ်ပြိုင် ခဲ့ကြပါတယ်။

ဒီပြိုင်ပွဲမှာ ဟော်လန်အသင်းက ဘရာဇီးကို အနိုင်ယူပြီး ချန်ပီယံဆုကြီးကို ဆွတ်ခူးသွားခဲ့ပါတယ်။
ဗန်ပါစီဦးဆောင်တဲ့ ဟော်လန်အသင်းက ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ ဘယ်လိုလာမလဲဆိုတာကိုတော့

ရည်ညွှန်း ဒေးလီးမေးလ်
Ref: dailymail
အောင်ငြိမ်းသွေး
Mizzima - News in Burmese
သစ်ထူးလွင်။ အလင်းရှင်။

စနိုးဒန်းကို ဂျွန်ကယ်ရီ ဝေဖန်

အမေရိကန် ထောက်လှမ်းရေး ဝရမ်းပြေး အက်ဒွပ် စနိုးဒန်း ဟာ သစ္စာဖောက် သူရဲဘောကြောင်သူ ဖြစ်ပြီး အမေရိကန် တရားစီရင်ရေး ကို မရင်ဆိုင် ရဲတဲ့သူ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ က ပြောကြား လိုက်ပါတယ်။

ကိုယ့်နိုင်ငံကို သစ္စာဖောက်ပြီး ရုရှလို အာဏာရှင် နိုင်ငံမှာ ခိုလှုံ နေတဲ့ စနိုးဒန်း အနေနဲ့ ယောကျာ်း ပီပီ နဲ့ အမေရိက ပြန်လာသင့်တယ် လို့လဲ မစ္စတာ ကယ်ရီ က ဆိုပါတယ်။

မစ္စတာ စနိုးဒန်း က သူ့ နိုင်ငံကူး လက်မှတ်ကို ပြန်ရုပ်သိမ်း ခဲ့တဲ့ အမေရိကန် အစိုးရကြောင့် ရုရှမှာ ခိုလှုံခွင့် ယူခဲ့ရတာကို ပြစ်တင် ပြောကြား ခဲ့ပြီးနောက် ဂျွန်ကယ်ရီ က ဒီလို တုံ့ပြန် ပြောဆို ခဲ့တာ ဖြစ်ပါတယ်။

သူ့မူလ ရည်ရွယ်ချက်က တောင်အမေရိက ကို သွားဖို့ ဖြစ်တယ်လို့ အမေရိကန် ရုပ်သံ တခုနဲ့ ပထမဆုံး အကြိမ် တွေ့ဆုံ မေးမြန်းခန်းမှာ မစ္စတာ စနိုးဒန်း က ပြောဆို ခဲ့ပါတယ်။

အမေရိကန် အမျိုးသား ထောက်လှမ်းရေး ရဲ့ လျှို့ဝှက် ထောက်လှမ်းရေး မှတ်တမ်း တွေကို မစ္စတာ စနိုးဒန်း က သတင်းစာတွေမှာ မနှစ်က ဖွင့်ချ ခဲ့တာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
အလင်းရှင်

အမေရိကန် အစိုးရကို စနိုးဒန်း အပြစ်တင်
Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget