အားလပ်ချိန်လေးရတိုင်း ရင်ကွဲနာဒါဏ်ရာကို စကားလုံးအသစ်ချက်ချွတ်များဖြင့်
ကုသနေရသည်။ အင်္ဂလိပ်လက်အောက်ကလွတ်လပ်ရေးရပြီးသောမြန်မာပြည်
သည် စစ်အာဏာရှင်အဆက်ဆက်တို့ထံမှ လွတ်လပ်ရေးမရသေးသည်မှာ ယခု
သိန်းစိန်အထိပင်။ ကြေကွဲဖွယ်ရာကောင်းသော ပြည်သူပြည်သားတို့ရဲ့ဘ၀အတိ
ဒုက္ခကို ထိုလက်နက်ကိုင်စစ်ခွေးဆိုးကြီးများက နည်းမျိုးစုံဖြင့်ချယ်လှယ်နိုင်ခဲ့ကြ
သည်။ အထူးမှာ တရုတ်နိုင်ငံရဲ့လက်ဝေခံအဖြစ် စစ်ခွေးကြီးသန်းရွှေလက်ထက်
တွင် နိုင်ငံရဲ့သယံဇာတများအားလုံးတရုတ်နိုင်ငံလက်ဝယ်သို့ရောက်ရှိသွားသည်။
နောက်ဆုံးပြည်သူနှင့်နိုင်ငံတော်ရဲ့အဓိကရကိုးကွယ်အားထားရာ ရှေးဟောင်းသ
မိုင်းဝင် သိမ်များစေတီများကိုပါ တရုတ်တို့ ဖျက်ဆီးခြေမှုန်းခွင့်ရရှိသွားသည်။
ပြည်သူမှာအားကိုးရာမဲ့နေ၍ အောင်ဆန်း၏သမီးကို အမိတစ်ဆူအရာထားကိုး
ကွယ်ခဲ့ပါသည်။ ဒါကို ယင်းစစ်ခွေးတို့က မုန်းတီးကာ ပြည်သူရဲ့အမိကို“ပြည့်
တန်ဆာမ” ကဲ့သို့သဘောထားကာ ထိုးနှက်တိုက်ခိုက်ခဲ့ပါသည်။ ပြည်သူနဲ့ပြည် သူ့အမိကိုစတင်ရန်တိုက်ပေးလိုက်သည်ကား “ ဘင်္ဂါလီအရေးအခင်း” ပင်တည်း။
ထိုဘင်္ဂါလီအရေးအခင်းတွင် စစ်ခွေးတို့က ပြည်သူ့အမိကို သံဃာထုနှင့်ပါမုန်း
ကွက်ဆင်နိုင်ခဲ့ပါသည်။ ဒုတိယဗျူဟာကတော့ အများသိကြသော “လက်ပ
တောင်းတောင်”အရေးအခင်းပင်တည်း။ ထိုအရေးအခင်းတွင် သံဃာတော်များ
ကိုမီးလောင်ဗုံးနှင့်ပစ်သတ်တာက စစ်ခွေးများ သို့သော် ယင်းကို ပြည်သူ၏အမိ
သို့ပြစ်လွှဲချရန်စနစ်တကျပုံဖေါ်ခဲ့သလို ရှေးဟောင်းသမိုင်းဝင်လယ်တီစေတီတော်
နှင့်သိမ်တော်ကို ယင်းစစ်ခွေးတို့က ဒိုဇာများဖြင့်မြေမှုန့်ဘ၀ရောက်အောင်ဖျက်ဆီး
ခဲ့ရာတွင်လည်း ပြည်သူ့အမိထံသို့သာ မုန်းကွက်လွှဲချခဲ့ပြန်ပါသည်။

ဒီလိုနည်းမျိုးစုံဖြင့် ပြည်သူနှင့်ပြည်သူ့အမိကို စနစ်တကျအမုန်းဇာတ်ဖန်တီးခြင်း
ရခိုင်ပြည်သူတို့အား ဘင်္ဂါလီနှင့်ရန်ဇာတ်ခင်းစေခြင်း ၊ သံဃာထုထဲတွင် အခြင်း
ခြင်းသဘောသဘာဝကွဲပြားအောင် ဝေဿကာရဉာဏ်နီဉာဏ်နက်ထိုးခြင်း ၊
စသည့် နည်းပေါင်းစုံဖြင့် မြန်မာနိုင်ငံရေးကို မတည်ငြိမ်အောင်ဖန်တီးခဲ့ပါသည်။
ယင်းသို့ဖန်တီးနေစဉ်အတွင်းတွင် နိုင်ငံတော်၏သယံဇာတများအား တရုတ်ကြီး
လက်ထဲသို့ထိုးပေးခဲ့သလို မန္တလေးမြို့ကြီးများသည်လည်း တရုတ်နိုင်ငံသဖွယ်
ဖြစ်ခဲ့ရပေသည်။
ကဲ . . အသိဉာဏ်ပညာရှိသော ပြည်သူတစ်ယောက်ရဲ့ ရင်ကွဲနာဝေဒဟာဘယ်လို
ဆေးနဲ့ကုသနိုင်ပါအံ့နည်း . . နိဂုံးအားဖြင့် ပူးတွဲပါ ကာတွန့်ဆရာရဲ့ ရင်ကွဲဝေဒနာ
ဟာလည်း . . . . .
မျှဝေခြင်းဖြင့် ဓမ္မအလင်းကုသိုယ်ယူနိုင်ကြပါစေ
█ ░ အလင်းရှင် ░ █
No comments :
Post a Comment