.

AlinShin

Monday, March 10, 2014

မုဆိုးဖြစ်လိုက် . . . သားကောင်ဖြစ်လိုက်

Photo: မုဆိုးဖြစ်လိုက် . . . သားကောင်ဖြစ်လိုက်
☀ ✂•••× ☀ ✂•••× ☀ ✂•••×✂•••× ☀ 
အနတ္တကိုမြင်လျှင် လူ့ဘ၀ဟာနေလို့ထိုင်လို့အတော်ကောင်းတယ်။ အနတ္တကိုမမြင်သရွေ့
တော့ ̏ ခက်ပြီ˝ ကြည့်စမ်း ၊ သတ္တလောကတစ်ခုလုံးဟာ ̏ ဘတစ်ပြန်ကျားတစ်ပြန်˝ ပဲမ
ဟုတ်လား ။ ရေမုဆိုးသားရဲကြီးတစ်ကောင်ဟာ ရံခါမှာ စပါးကြီးမြွေရဲ့သားကောင်ဖြစ်သွား
တယ်။ ဒါလေးတွေကို အမှုမဲ့အမှတ်မဲ့မတွေးနဲ့။ တို့တွေရဲ့ မျက်မှောက်ခေတ်လောကကို
ပြန်ကြည်ရင်လည်း ဒီအတိုင်းပဲလေ။
တစ်ချိန်က လက်ဖြောင့်တစ်ချက်တီးရင် မြန်မာပြည်ကြီးတုန်ဟီးသွားစေတဲ့ ဦးနေ၀င်းကြီး
ဟာ စစ်မုဆိုးကြီးပဲမဟုတ်လား? တကယ့်ရဲဘော်သုံးကျိပ်ဝင် စစ်မုဆိုးကြီးနော် ။ သူ့သမီး
စန္ဒာဝင်းဆိုတာ လျှမ်းလျှမ်းတောက်ပေါ့။ ဗိုလ်ချုပ်တွေကို ပါးရိုက်ပစ်လို့ရတယ်ဆိုပဲ။ သူ့
သား အေးနေ၀င်း၊ ဇွဲနေ၀င်း ၊တို့ကလည်းပဲ . . တကယ့် ကျားပေါက်ကြီးတွေပေါ့။ သူတို့
မထင်ရင်မထင်သလိုလုပ်ပစ်လိုက်တာမျိုးတွေကို နားနဲ့မဆန့်အောင်ကြားရပါတယ်။
ဟော  ..  သန်းရွှေက ကာချုပ်လည်းဖြစ်ရော သူတို့မိသားစုကို အင်းစိန်အကျဉ်းထောင်ထဲ ဆယ်နှစ်စုနှစ်တစ်ခုလောက်ထည့်ပစ်ခဲ့တယ်မဟုတ်လား။  စစ်မုဆိုးကြီးဦးနေ၀င်းလည်း
နောက်ဆုံးတော့ သားကောင်ဘ၀ရောက်ပြီးဒီစိတ်တွေဖိစီးပြီး သေပွဲဝင်ခဲ့ရတယ်လေ။
(န၀တ)တို့ (နအဖ)တို့စတဲ့တစ်လျှောက်မှာ ဘုန်းမီးနေလတောက်ပြီးမုဆိုးဖြစ်ခဲ့တဲ့ စစ်ဗိုလ်
ချုပ်ကြီးတွေဟာ နောက်ဆုံးတော့ ဖြုတ်ထုတ်သတ်စနစ်ရဲအောက်မှာ သားကောင်ဘဝ
ရောက်သွားတာပဲမဟုတ်လား? လှမ်းကြည့်ပါ။ နာမည်တွေပြောရရင် ဆုံးမှာတောင်မဟုတ်
ဘူး။ ဗိုလ်ချုပ်ဆိုတဲ့ မုဆိုးတွေ နောက်ဆုံးသူတို့ထက်ကြီးတဲ့ မုဆိုးကြီးသန်းရွှေရဲ့ လေးဒါဏ်
သင့်ခဲ့ရတဲ့ သားကောင်တွေဖြစ်သွားတာပဲလေ ။
ဒါ့ကြောင့် လူ့ဘ၀ကို ပုံသေမတွက်ကြပါနဲ့။ အခုအချိန်မှာကိုယ်ဟာ သားကောင်ဆိုသော်
လည်း နောက်တစ်ချိန်မှာ ကိုယ်ဟာမုဆိုးဖြစ်နိုင်သေးတယ်။ အဲဒီမုဆိုးဘ၀ကနေလည်း
သားကောင်အဖြစ်မျိုးကိုေ၇ာက်သွားနိုင်တာပဲ။ ဒီလိုဘ၀အဓိပ္ပါယ်တွေကိုသိလွန်းတဲ့ 
ထေရ်ကျော်မာန်လည်ဆရာတော်က . . .
 ̏  ဘ၀ဤကိုယ် ၊ မင်းဟုဆိုလည်း ၊ နေကိုပုံပြ ၊ လကိုပုံထား ၊ မောင်ရှု့စားလော့ ၊
နေကားထွက်ဝင် ၊ ပေါ်ချုပ်ထင်၏ ၊ လလျှင်ပြည့်ကွယ် ၊ ကြီး၍ ငယ်၏ ၊ ထို့နှယ်
မလွဲ ၊ အမြဲချမ်းသာ ၊ မရှိရဘူး ။ ˝
တို့ ဒီကဗျာလေးကို ကိုရင်ဘ၀အရွယ်ကတည်းက ကျက်မှတ်ထားတာကွဲ့။ ဒါ့ကြောင့်တို့ကို
စစ်ခွေးတွေ ထောင်ထဲထည့်လိုက်တော့ သိပ့်မဖြုံဘူး။ အချို့ကတော့ တုန်လှုပ်ကြတာပေါ့။
တို့ကတော့ ထောင်ဆိုတဲ့နေရာမှာ ပညာသင်စရာ ကျောင်းသင်တန်းတစ်ခုလိုပဲ တို့ဘ၀ကို
ဖြတ်ကျော်ခဲ့ဖူးတယ်။ 
သူများတွေပြောကြတယ်။ ̏  မိန်းမရတဲ့နေ့ ၊ ရှင်လိင်ပြန်တဲ့နေ့ ၊ ထောင်ကထွက်တဲ့နေ ˝ ဒီ
သုံးနေ့ဟာအပျှော်ဆုံးပဲတဲ့။ တို့တော့ ထောင်ကထွက်လာတာလည်း ဒီလိုပါပဲ။ ပျှော်တယ်
ကိုမရှိပါဘူး ။ ဘာလို့လည်းဆိုတော့ အနတ္တကိုသိနေတယ်လေ ။ အားလုံးဟာ ̏ပျက်သုံးကုန်
ပစ္စည်း˝ ဆိုတဲ့ စကားကို တို့ထောင်မကျခင်ကတည်းက ရေးထားတာကို။ ဒီတော့က ဘ၀မှ
ဘာမှ ထူးထူးခြားခြားတို့အတွက် ရင်မခုံဖြစ်ဘူး။ 
ဒီလိုမျိုးလေး စာလေးဖတ်လိုက် စာလေးရေးလိုက်ဘ၀လေးကိုတော့ စွဲလမ်းတယ်လို့တော့
ဝန်ခံပါတယ်။ တို့မှာချစ်စရာဆိုလို့  ..  တို့ဖတ်တဲ့ စာတွေနဲ့ တို့ရေးဖြစ်ခဲ့တဲ့ စကားလုံးတွေ
ပဲရှိတယ်။ ဒီလိုစိတ်နဲ့တို့ကစာရေးတာပါ။ အခုမင်းတို့ခေတ်ကျမှ ဖေ့ဘွတ်တွေပေါ်လာမှ
တို့စာရေးတာမဟုတ်ပါဘူး။ ဟိုးအရင်ကတည်းက စာရေးခြင်းစာဖတ်ခြင်းကိုခုံမင်တယ်။
ထောင်မကျခင်ကတော့ ပင်တိုင်အပတ်စဉ်စာရေးဖြစ်ပါတယ်။ အခုတော့ ပိုလို့တောင်
ရေးဖြစ်သေးတယ်။ အားတာနဲ့ ကိုယ့် ဘလော့လေးမှာကိုယ်ေ၇းတင်လိုက်တာပါပဲ။
မင်းတို့ စိတ်ဝင်စားရင်ဝင်ကြည့်လေ  ..  တို့လိပ်စာပေးလိုက်မယ် . . ၀င်ရတာလွယ်ပါတယ်
www.alinshin.co.vu ပါပဲ။ တို့ဘလော့လေးက တို့ဘ၀လေးပဲကွဲ့၊ ရောက်ရင် ဘလော့ရဲ့
ထိပ်လေးမှာ Facebook  (like ) လေးတွေ့မယ်။ ကလစ်ခေါက်ခဲ့ဦးနော်။ အဲဒီထဲကမှ
ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ ဆိုတာရှိတယ်။ အဲဒီမှာ ပိဋကတ်သုံးပုံမြန်မာပြန်တွေရှိတယ်။ နောက် နာမည်
ကျော်ဆရာတော်ဘုရားကြီးတွေရဲ့ ကျမ်းစာတွေရှီတယ်။ မြန်မာလိုတွေဆိုတော့ဖတ်ရတာ
အဆင်ပြေတယ်လေ။ အဲ  ..  မင်းကွန်းဆရာတော်ဘုရားကြီးရေးတဲ့ မဟာဗုဒ္ဓ၀င်ကျမ်းကြီး
အတွဲလိုက်ရှိတယ် ။ ဒီလင့်မှာ http://www.alinshin.co.vu/2014/03/blog-post_8166.html ၀င်ဒေါင်းလိုက်ဦး ။ ဘ၀ဟာ အစုံအဆန်တွေနဲ့မို့ ဒီလိုစာတွေဖတ်နေရတာကို
ပါရမီအဖြစ် သဘောထားရင်း . .  
မုဆိုးဘ၀ရောက်လည်း . .  မကြမ်းတမ်းနဲ့  .. .
သားကောင်ဘ၀ဆိုလည်း . . . မသိမ်ငယ်နဲ့ . .  ။ 
အားလုံးဟာ အနတ္တတွေလို့ နှလုံးသွင်းနိုင်အောင်ကျိုးစားနော်  .. .။
သဗ္ဗဒါနံဓမ္မဒါနံဇိနာတိ။တရားအလှူသည်အမြတ်ဆုံး၊ထိုအလှူကိုမင်းတို့အားပေးလှူပါတယ် 
█ ░ အလင်းရှင် ░ █

Sunday, March 9, 2014

ကျိန်စာတေး . .လို့ပေးလိုက်ချင်ပါတယ်။

ကဗျာမှာ ခေါင်းစဉ်တောင်မပေးထားဘူး။ ရင်နာနာနဲ့ရေးနေရတဲ့ 
ကဗျာတွေစာတွေဟာ ကိုယ့်အတွက်တော့ ဓမ္မဒါနဓမ္မသံဝေဃပါ။
လူသားတင်မကပါဘူး သတ္တ၀ါအားလုံးငြိမ်းချမ်းစေခြင်ပါတယ်။
ကြီးနိုင်ငယ်ညှဉ်းဝါဒကြီးကို မုန်းတီးပါတယ်။
ဒါ့ကြောင့်ဗုဒ္ဓ၀ါဒလေးကို တန်ဘိုးထားမိပါတယ်။
အထူးသဖြင့်တော့  .. 
မြန်မာပြည်သူတွေ စစ်ခွေးဆိုးကြီးနဲ့ တရုတ်လက်က အမြန်ဆုံး
လွှတ်မြောက်စေချင်ပါတယ။် ဒါမှလည်း ဗုဒ္ဓဟောကြားသစ္စာတရား
များကိုနာကြားကျင့်ကြံနိုင်ကြမှာပါ။ အခုတော့ ထမ်ငးငတ်နေတာ
နဲ့ပဲ ဘ၀ကပြီးနေတယ်။ ကဲ ဒီကဗျာကို အလင်းရှင်ဘယ်လိုနာကျင်
စွာနဲ့ ရေးထားတယ်ဆိုတာ နှလုံးသားစာနာစိတ်ရှိသူတိုင်းသိမှာပါ။
ခေါင်းစဉ်ကိုတော့  .. 
ကျိန်စာတေး  . .လို့ပေးလိုက်ချင်ပါတယ်။
◄►✂•••× ✂•••× ◄►✂•••×✂•••×◄►✂•••×✂•••×◄►

ကျိန်စာမီးစက် တရစက်သာတိုက်ကြပါလျှင်

ကျိန်စာတိုက်ခြင်းကိစ္စသည်၊ ပိဋကတ်တွင်လာသည်။
ကျိန်စာသည် သီလ၀န္တာပုဂ္ဂိုလ်တို့မှသာအစွမ်းထက်သည်မဟုတ်ပါ။
သစ္စာသည်လည်း ထိုနည်းတူစွာပင်ဖြစ်သည်။
ယင်းအကြောင်းကိုအကျယ်သိလိုပါက အောက်ပါလင့်မှာဝင်ဒေါင်းပါ။
ဒါ့ကြောင့် အခုအခါမှကမ္ဘာကသိကြတဲ့အတိုင်း လက်ပတောင်းတောင်
ဒေသခံပြည်သူတွေရဲ့ ဘ၀ဒုက္ခဟာကယ်သူမဲ့ခဲ့ရပါတယ်။ ဒေါ်စုကြည်
အားကိုးရမလားမှတ်တယ်သူကလည်း တရုတ်ကြီးကိုကြောက်တဲ့အထဲ
ပါနေပြန်ပါတယ်။ ဒီတော့ကပြည်သူတွေဟာ . . .
မေတ္တာသည်ခရီး .. ။ သစ္စာသည်. .  စည်း ။
ကျိန်စာသည် . . . မီး
။ဆိုတဲ့ ပေါရာဏကထာအတိုင်း လက်ပတောင်းတောင်
ဒေသတွင် ကျိန်စာတိုက်ပွဲများကိုစည်ကားသိုက်မြိုက်
စွာ စီမံနေကြသည်ကို သတင်းများတွင်တွေ့ရသည်။
ထို့ကြောင့်  . . ဒေသခံရွာသူရွာသားအပေါင်းတို့အား အလင်းရှင်ဆရာ
တော်မှ နေ၍ . .  အထက်ပါ ပေါရာဏကထာလာအတိုင်း
မေတ္တာထား၍ မရသော  . .
သစ္စာ ပွား၍ မရသော  .. .
ယင်း ၀မ်ပေါင်တရုတ်နှင့်စစ်ခွေးတို့အား  ..
ကျိန်စာမီးစက်ကို တရစက်သာတိုက်ခဲ့ပါလျှင်
အလင်းရှင်
မင်းကွန်းဆရာတော်ဘုရားကြီးရေးသားပြုစုသောမဟာဗုဒ္ဓကျမ်းအား
အောက်ပါ download တွင်ဝင်ဒေါင်းပါ။

DownLoad  Sမင်းကွန်းမဟာဗုဒ္ဓ၀င်S

ကျိန်စာလေလား .. ၀ိုးတ၀ါး

ကျိန်စာလေလား  ..  ၀ိုးတ၀ါး
◄►✂•••× ✂•••× ◄►
ကွာလာလမ်ပူ-ပေကျင်း ခရီးစဉ်လေယဉ်ရဲ့ ပျက်ကျမှုဟာ တစ်ကမ္ဘာလုံးအတွက်
ထူးဆန်းနေတယ်။ ခရီးသည်တွေရဲ့ ဖုန်းတွေကို ခေါ်ဆိုလို့ရပြီး တစ်ဘက်ကဘာမှ
တုန့်ပြန်မှုမရှိဘူးဆိုတာကိုလည်း လေယဉ်တွင်ပါဝင်ဝင်သူ ကျန်ရစ်ခဲ့တဲ့ တရုတ်မိသား
စုများက သတင်းတွေမှာဖေါ်ပြသလို အင်္ဂလန်သတင်းဌာနတွေကလည်းပြောဆိုနေပါတယ်။
ဒါဟာ လက်ပတောင်းတောင်ပြည်သူတွေရဲ့ ကျိန်စာလေလားလို့ သံသယဖြစ်မိတယ်။
ဒီလေယဉ်မှာတရုတ်လူမျိုးအများဆုံးပါတယ်လို့လည်းသိရပါတယ်။
Malasia Air line MH370crashed into the sea vietnan ရေတပ်မှ12:01pmရှာဖွေတွေ့ရှိ
လေယာဉ်ပေါ်တွင်စုစုပေါင်း239 ယောက်ပါဝင်
china.....152plus 1infant / Malasia.,..38 / Indonesia.....12
Australia.....7/France.....3 /U.S.A....3 plus1infant / New Zealand...2
Ukraine....2/Canada.....2/Russia.....1/ Italy....1/Taiwan...1
Netherlands.....1/ Austria.....1/Crew.....14
မည်သို့ပင်ဆိုစေကာမှု မြန်မာနိုင်ငံရှိ နေရာဒေသအတော်များများကိုတရုတ်က
လွှမ်းမိုးချုပ်ကိုင်ထားပြီး ပြည်သူတွေမှာသောကပင်လယ်ဝေနေကြရပါတယ်။
ဒါကိုပဲ တန်ပြန်စစ်ဆင်ရေးတစ်ရပ်အနေနဲ့ ဒေသခံပြည်သူတွေက နတ်ပွဲများ
ပေးကာ တရုတ်နဲ့စစ်ခွေးတွေကို ကျိန်စာတိုက်ကြပါတယ်။
အခု ကျိန်စာတိုက်လို့မှ တစ်လမပြည့်ခင် ဒီလိုဖြစ်သံတွေကြားနေရတာဟာတိုက်
ဆိုင်မှုတစ်ခုဖြစ်နေသည်။ မြန်မာနိုင်ငံသည် တရုတ်ရဲ့ ဗိုလ်ကျစိုးမိုးမှုကို ခံနေရှာ
သည်။ ဒါကိုပြည်သူက မခံမရပ်နိုင်ဖြစ်သည့်အပြင် လက်ပတောင်းတောင်တွင်
သံဃာတော်တို့အား တရုတ်လုပ်မီးလောင်ဗုံးဖြစ်ပစ်သတ်ခဲ့သည်။
ဒါတွေကို ပြည်သူကစိတ်နာနာနှင့်ကျိန်စာတိုက်နေသည်မှာ အွန်လိုင်းပေါ်တွင်
ကြားမြင်နေရပါသည်။ ထို့ကြောင့် ဤကိစ္စသည် ဒေသခံတွေရဲ့ ကျိန်စာလေလားဟု

ဂဠုန်သရဏံဂစ္ဆာမိ

ဒီပုံပါ လင်္ကာလေးရဲ့အဓိပ္ပါယ်ကိုသိမီသူများ comment
ရေးသားပေးခြင်းဖြင့် စာပေလူမျိုးယဉ်ကျေးမှုဂုဏ်ကိုမြှင့်တင်ပေးပါ။
အလင်းရှင်အနေနဲ့ လယ်တီသိမ်အကြောင်းနှင့်ဆက်နွယ်ရာပါတွေ
ကိုရေးနေရလို့ လက်များလည်း ကိုက်နေပါပြီ။

ဒါ့ကြောင့် သိမီသူများ comment လေးဖြင့် ချီးမြှောက်ကြပါ။
အချိန်ရလို့ စိတ်ပါရင်တော့ အလင်းရှင်ကိုယ်တိုင်ပဲ ဒီအကြောင်းကို
ဆောင်းပါးလေးရေးပေးပါမယ့်။ အခုတော့ လက်ညှိုးတစ်ချောင်းက
Mouse ကိုင်ရပါများလို့ ကိုက်နေပါတယ်။
သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ

█ ░ အလင်းရှင် ░ █

တဘောင်အလှူ

Photo: တဘောင်အလှူ
✂ ✂ ✂ ✂ ✂ ✂ ✂ ✂ 
ဒီတဘောင်ကို ဘေးမဲ့သက်ပယ်ဆရာတော်ဘုရားကြီးထံမှ
အလင်းရှင်ရခဲ့တာပါ။ လွန်ခဲ့သောဆယ်နှစ်ကျော်ကဆို
တော့ ဒီတဘောင်ကို ဘာသာမပြန်နိုင်ခဲ့ဘူး။
အခုတော့ လယ်တီသိမ်နဲ့တိုက်ဆိုက်နေတယ်။
ဒါ့ကြောင့် အများသိအောင်ဝေငှတာပါ။
ယုံချင်တဲ့သူ ယုံလိုရသလို မယုံချင်တဲ့သူလည်းမယုံလို့ရပါတယ။်
အဖြေမှန်သိချင်ရင်တော့ စောင့်ကြည့်ရမှာပါပဲ။

ဘုန်းကြီးကလူ၊ လူဆိုသူကဘီလူး

ဘုန်းကြီးကလူ၊ လူဆိုသူကဘီလူး
☀✂ ✂ ✂ ☀ ✂ ✂ ✂ ☀ 
ကမ္ဘာကျော်အာဏာရှင်နေ၀င်းမှတိုင် ဒီကနေ့အထိဖြစ်သော သန်းရွှေရဲ့နယ်ရုပ်
သိန်းစိန်တိုင်အောင်  ..  အာဏာရှင်စနစ်တည်မြဲရေးကို ထောက်ကန်ပေးထား
သော (မဟန)ခေါ်နိုင်ငံတော်သံဃမဟာနယကအဖွဲ့ရဲ့ ဂုဏ်သိက္ခာတို့ဟာ 
စစ်ခွေးဆိုးကြီးသန်းရွှေပြုတ်ကျသွားသည့်အချိန်ကစပြီးမှေးမှိန်လာပါပြီ။ 
ယခုအခါ ယင်း(မဟန)မှ အတင်းအဓမ္မ လက်ခံသိမ်းယူထားသော  ကမ္ဘာကျော်
ပီနံဆရာတော်ဘုရားကြီး၏ မူလပိုင်ရှင် ပီနံဆရာတော်ဘုရားထံကျောင်းအားပြန်
လည်ပေးအပ်ရန်အတွက် မပေးပဲ ဒီနေ့တိုင်အောင် သိမ်းပိုက်ထားပါတယ်။
ဒါ့သူများကျောင်းကိုခိုးတာပဲ။ အဲဒီတုန်းက ခင်ညွှန်ကတရားဝင် ပီနံဆရာတော်
ထံမှဓားမြတိုကသိမ်းယူတယ် မဟနလက်ထဲကိုလွှဲအပ်တယ်။ အခုမဟနက ပြန်
မပေးဘူးဖြစ်နေတယ်။ ဒီအမှုတွဲဟာသမ္မတလက်ထဲရောက်သွားပြီ။ 
ကဲ  . . ဗုဒ္ဓဘာသာဝင်ဆိုသူတို့  ..  မင်းတို့ရဲ့ ဘိုးအေးအရွယ်ဘုန်းကြီးအုပ်စု
တောင် ဒီလောက်အထိ ခိုးဆိုးမိုက်မဲ့နေမှတော့  .. နောက်လူတို့အတွက်ဆိုဖွယ်
ရာမရှိပြီ။ (ဘုန်းကြီးကလူ၊လူကဘီလူး)ဆိုတဲ့ကိန်းဆိုက်နေပြီ

အာဏာရူးဆေး

အာဏာရူးဆေး
☀ ✂•••× ☀ 
ရိုဟင်ဂျာဆိုတာ  .. . 
စစ်အစိုးရရဲ့ အာဏာရူးသက်ရှည်ဖို့ ဆေးတစ်ခွက်အဖြစ်ဖေါ်စပ်ထားတာပါ။
ဒီဆေးကိုအောက်ပါတို့ဖြင့် ရေလည်းသုံးထားပါတယ်
(၁) ဗုဒ္ဓဘာသာဘုန်းကြီး
(၂) ရခိုင် 
ဒီနှစ်မျိုးနဲ့ ရေလည်းသုံးပြီးဒီနေ့တိုင်အောင် အာဏာသတ်ရှည်နေတာပါ။
အလင်းရှင်တို့က သက်တော်ရှည်ဆရာတော်ဘုရားကြီးများကိုမီတွယ်လာ
ခဲ့ရတော့ ဒီဆေးနည်းများကိုသိပါတယ်။ 
ဒါ့ကြောင့် မွတ်ဆင်ကုလားတွေက ကိုယ့်ဘေးကိုယ်မသိဘဲခေါင်းထထောင်
နေတာဟာ စစ်ခွေးများရဲ့ အကြိုက်ပေါ့။ မပါးမနပ်သရွေ့တော့ ခံကြပေဦးပေါ့။
ကြားထဲက ငထွားခါးနာ တယ်ဆိုတာ  . . ကုလားကိုပြောတာ။ 
ကုလားတွေ စစ်အစိုးရမွှေတာနဲ့ သေကြတော့မယ်။ ဟိုတဘောင်အတိုင်းပေါ့
(ကုလားနဲ့ငါးအရုပ်ရေးရမယ်) တဲ့။

internet အကျိုးကျေးဇူးများ

intetnet အကျိုးကျေးဇူးများ
☀ ✂•••× ☀ ✂•••× ☀ 
ဗုဒ္ဓဘာသာဝင်အမျိုးသားအမျိုးသမီးငယ်များ
Facebook သုံးခြင်းဖြင့် ဘာသာရေးဆိုင်ရာများကိုလေ့လာပြီး
www.alinshin.co.vu တွင်ဝင်ရောက်ပြီး ဗုဒ္ဓဘာသာပိဋကတ်
မြန်မာပြန်များနှင့် လယ်တီဆရာတော်ဘုရားကြီး၊မဟာဂန္ဓာရုံ
ဆရာတော်ဘုရားကြီးအစရှိသည့် ကျမ်းစာအုပ်ပေါင်းများစွာကို
အချိန်အနည်းငယ်ပေးပြီး ဒေါင်းယူနိုင်ပါကြောင်းသတင်းကောင်း
ပါးကာ ဝေငှလိုက်ပါသည်။

ဤတပေါင်သည် သက်တော်(၉၁)တွင်ပျံလွန်တော်မူခဲ့သောဆရာတော်ဘုရားကြီး နှုတ်မှ အလင်းရှင်ကိုယ်တိုင်ကူးယူမှတ်သားထားသောတဘောင်ဖြစ်ပါသည်။

ွှွှွှွှွှဤတပေါင်သည် သက်တော်(၉၁)တွင်ပျံလွန်တော်မူခဲ့သောဆရာတော်ဘုရားကြီး
နှုတ်မှ အလင်းရှင်ကိုယ်တိုင်ကူးယူမှတ်သားထားသောတဘောင်ဖြစ်ပါသည်။
◄►✂•••× ✂•••× ◄►✂•••×✂•••×◄►✂•••×✂•••×◄►
မျှဝေခြင်းဖြင့် ဓမ္မဒါနကုသိုလ်ပြုကြပါ။အခုမှတိုက်ဆိုင်လို့တင်ပြတာပါ။
မတိုက်ဆိုင်ဘဲတင်ပြလျှင် အလင်းရှင်အား အရူးကွက်နင်းခံရမှာစိုး၍သာ
(၁)ဧရာနဂါးကုန်းပေါ်သွား  .. 
တရုတ်ပြည်ကြီးပြားလတ္တံ့။
(၂)လယ်တီလည်းပျောက်  .. 
နေပြည်တော်တစ်လျှောက်မိုးသိုတိုင်အောင်မီးလောင်အံ့။
လက်ပံတောင်းတောင်နွေခေါင်ခေါင် . . ဥဒေါင်းအတောင်ကျိုးလတ္တံ့။
အဖြေ
(၁) ဧရာဝတီမြစ်ခန်းလျှင်တရုတ်ပြည်တွင် ခေါင်းဆောင်များဘေးသင့်ခြင်း
ပြည်သူပြည်သားများအငတ်ဘေးစသသည့်ဒုက္ခနှင့်တွေ့ကြုံပြီးတရုတ်ပြည်ပျက်မည်။
(၂) လယ်တီသိမ် ပြိုပျက်သည်နှင့် နေပြည်တော်တွင် မီးအကြီးအကျယ်လောင်မည်။
စာအရ (မီုးအထိဟုတင်စားထားသည်။)ထို့ကြောင့် လယ်တီသိမ်ပျက်သည်နှင့်နေပြည်
တော်ပျက်မည်။နေပြည်တော်ရှိစစ်ခွေးအုပ်စု သွေးအံ့သေလိမ်ဟုလည်းဆိုသည်။

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget