အနတ္တကိုမြင်လျှင် လူ့ဘ၀ဟာနေလို့ထိုင်လို့အတော်ကောင်းတယ်။ အနတ္တကိုမမြင်သရွေ့
တော့ ̏ ခက်ပြီ˝ ကြည့်စမ်း ၊ သတ္တလောကတစ်ခုလုံးဟာ ̏ ဘတစ်ပြန်ကျားတစ်ပြန်˝ ပဲမ
ဟုတ်လား ။ ရေမုဆိုးသားရဲကြီးတစ်ကောင်ဟာ ရံခါမှာ စပါးကြီးမြွေရဲ့သားကောင်ဖြစ်သွား
တယ်။ ဒါလေးတွေကို အမှုမဲ့အမှတ်မဲ့မတွေးနဲ့။ တို့တွေရဲ့ မျက်မှောက်ခေတ်လောကကို
ပြန်ကြည်ရင်လည်း ဒီအတိုင်းပဲလေ။
တစ်ချိန်က လက်ဖြောင့်တစ်ချက်တီးရင် မြန်မာပြည်ကြီးတုန်ဟီးသွားစေတဲ့ ဦးနေ၀င်းကြီး
ဟာ စစ်မုဆိုးကြီးပဲမဟုတ်လား? တကယ့်ရဲဘော်သုံးကျိပ်ဝင် စစ်မုဆိုးကြီးနော် ။ သူ့သမီး
စန္ဒာဝင်းဆိုတာ လျှမ်းလျှမ်းတောက်ပေါ့။ ဗိုလ်ချုပ်တွေကို ပါးရိုက်ပစ်လို့ရတယ်ဆိုပဲ။ သူ့
သား အေးနေ၀င်း၊ ဇွဲနေ၀င်း ၊တို့ကလည်းပဲ . . တကယ့် ကျားပေါက်ကြီးတွေပေါ့။ သူတို့
မထင်ရင်မထင်သလိုလုပ်ပစ်လိုက်တာမျိုးတွေကို နားနဲ့မဆန့်အောင်ကြားရပါတယ်။
ဟော .. သန်းရွှေက ကာချုပ်လည်းဖြစ်ရော သူတို့မိသားစုကို အင်းစိန်အကျဉ်းထောင်ထဲ ဆယ်နှစ်စုနှစ်တစ်ခုလောက်ထည့်ပစ်ခဲ့တယ်မဟုတ်လား။ စစ်မုဆိုးကြီးဦးနေ၀င်းလည်း
နောက်ဆုံးတော့ သားကောင်ဘ၀ရောက်ပြီးဒီစိတ်တွေဖိစီးပြီး သေပွဲဝင်ခဲ့ရတယ်လေ။
(န၀တ)တို့ (နအဖ)တို့စတဲ့တစ်လျှောက်မှာ ဘုန်းမီးနေလတောက်ပြီးမုဆိုးဖြစ်ခဲ့တဲ့ စစ်ဗိုလ်
ချုပ်ကြီးတွေဟာ နောက်ဆုံးတော့ ဖြုတ်ထုတ်သတ်စနစ်ရဲအောက်မှာ သားကောင်ဘဝ
ရောက်သွားတာပဲမဟုတ်လား? လှမ်းကြည့်ပါ။ နာမည်တွေပြောရရင် ဆုံးမှာတောင်မဟုတ်
ဘူး။ ဗိုလ်ချုပ်ဆိုတဲ့ မုဆိုးတွေ နောက်ဆုံးသူတို့ထက်ကြီးတဲ့ မုဆိုးကြီးသန်းရွှေရဲ့ လေးဒါဏ်
သင့်ခဲ့ရတဲ့ သားကောင်တွေဖြစ်သွားတာပဲလေ ။
ဒါ့ကြောင့် လူ့ဘ၀ကို ပုံသေမတွက်ကြပါနဲ့။ အခုအချိန်မှာကိုယ်ဟာ သားကောင်ဆိုသော်
လည်း နောက်တစ်ချိန်မှာ ကိုယ်ဟာမုဆိုးဖြစ်နိုင်သေးတယ်။ အဲဒီမုဆိုးဘ၀ကနေလည်း
သားကောင်အဖြစ်မျိုးကိုေ၇ာက်သွားနိုင်တာပဲ။ ဒီလိုဘ၀အဓိပ္ပါယ်တွေကိုသိလွန်းတဲ့
ထေရ်ကျော်မာန်လည်ဆရာတော်က . . .
̏ ဘ၀ဤကိုယ် ၊ မင်းဟုဆိုလည်း ၊ နေကိုပုံပြ ၊ လကိုပုံထား ၊ မောင်ရှု့စားလော့ ၊
နေကားထွက်ဝင် ၊ ပေါ်ချုပ်ထင်၏ ၊ လလျှင်ပြည့်ကွယ် ၊ ကြီး၍ ငယ်၏ ၊ ထို့နှယ်
မလွဲ ၊ အမြဲချမ်းသာ ၊ မရှိရဘူး ။ ˝
တို့ ဒီကဗျာလေးကို ကိုရင်ဘ၀အရွယ်ကတည်းက ကျက်မှတ်ထားတာကွဲ့။ ဒါ့ကြောင့်တို့ကို
စစ်ခွေးတွေ ထောင်ထဲထည့်လိုက်တော့ သိပ့်မဖြုံဘူး။ အချို့ကတော့ တုန်လှုပ်ကြတာပေါ့။
တို့ကတော့ ထောင်ဆိုတဲ့နေရာမှာ ပညာသင်စရာ ကျောင်းသင်တန်းတစ်ခုလိုပဲ တို့ဘ၀ကို
ဖြတ်ကျော်ခဲ့ဖူးတယ်။
သူများတွေပြောကြတယ်။ ̏ မိန်းမရတဲ့နေ့ ၊ ရှင်လိင်ပြန်တဲ့နေ့ ၊ ထောင်ကထွက်တဲ့နေ ˝ ဒီ
သုံးနေ့ဟာအပျှော်ဆုံးပဲတဲ့။ တို့တော့ ထောင်ကထွက်လာတာလည်း ဒီလိုပါပဲ။ ပျှော်တယ်
ကိုမရှိပါဘူး ။ ဘာလို့လည်းဆိုတော့ အနတ္တကိုသိနေတယ်လေ ။ အားလုံးဟာ ̏ပျက်သုံးကုန်
ပစ္စည်း˝ ဆိုတဲ့ စကားကို တို့ထောင်မကျခင်ကတည်းက ရေးထားတာကို။ ဒီတော့က ဘ၀မှ
ဘာမှ ထူးထူးခြားခြားတို့အတွက် ရင်မခုံဖြစ်ဘူး။
ဒီလိုမျိုးလေး စာလေးဖတ်လိုက် စာလေးရေးလိုက်ဘ၀လေးကိုတော့ စွဲလမ်းတယ်လို့တော့
ဝန်ခံပါတယ်။ တို့မှာချစ်စရာဆိုလို့ .. တို့ဖတ်တဲ့ စာတွေနဲ့ တို့ရေးဖြစ်ခဲ့တဲ့ စကားလုံးတွေ
ပဲရှိတယ်။ ဒီလိုစိတ်နဲ့တို့ကစာရေးတာပါ။ အခုမင်းတို့ခေတ်ကျမှ ဖေ့ဘွတ်တွေပေါ်လာမှ
တို့စာရေးတာမဟုတ်ပါဘူး။ ဟိုးအရင်ကတည်းက စာရေးခြင်းစာဖတ်ခြင်းကိုခုံမင်တယ်။
ထောင်မကျခင်ကတော့ ပင်တိုင်အပတ်စဉ်စာရေးဖြစ်ပါတယ်။ အခုတော့ ပိုလို့တောင်
ရေးဖြစ်သေးတယ်။ အားတာနဲ့ ကိုယ့် ဘလော့လေးမှာကိုယ်ေ၇းတင်လိုက်တာပါပဲ။
မင်းတို့ စိတ်ဝင်စားရင်ဝင်ကြည့်လေ .. တို့လိပ်စာပေးလိုက်မယ် . . ၀င်ရတာလွယ်ပါတယ်
www.alinshin.co.vu ပါပဲ။ တို့ဘလော့လေးက တို့ဘ၀လေးပဲကွဲ့၊ ရောက်ရင် ဘလော့ရဲ့
ထိပ်လေးမှာ Facebook (like ) လေးတွေ့မယ်။ ကလစ်ခေါက်ခဲ့ဦးနော်။ အဲဒီထဲကမှ
ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ ဆိုတာရှိတယ်။ အဲဒီမှာ ပိဋကတ်သုံးပုံမြန်မာပြန်တွေရှိတယ်။ နောက် နာမည်
ကျော်ဆရာတော်ဘုရားကြီးတွေရဲ့ ကျမ်းစာတွေရှီတယ်။ မြန်မာလိုတွေဆိုတော့ဖတ်ရတာ
အဆင်ပြေတယ်လေ။ အဲ .. မင်းကွန်းဆရာတော်ဘုရားကြီးရေးတဲ့ မဟာဗုဒ္ဓ၀င်ကျမ်းကြီး
အတွဲလိုက်ရှိတယ် ။ ဒီလင့်မှာ http://www.alinshin.co.vu/2014/03/blog-post_8166.html ၀င်ဒေါင်းလိုက်ဦး ။ ဘ၀ဟာ အစုံအဆန်တွေနဲ့မို့ ဒီလိုစာတွေဖတ်နေရတာကို
ပါရမီအဖြစ် သဘောထားရင်း . .
မုဆိုးဘ၀ရောက်လည်း . . မကြမ်းတမ်းနဲ့ .. .
သားကောင်ဘ၀ဆိုလည်း . . . မသိမ်ငယ်နဲ့ . . ။
အားလုံးဟာ အနတ္တတွေလို့ နှလုံးသွင်းနိုင်အောင်ကျိုးစားနော် .. .။
သဗ္ဗဒါနံဓမ္မဒါနံဇိနာတိ။တရားအလှူသည်အမြတ်ဆုံး၊ထိုအလှူကိုမင်းတို့အားပေးလှူပါတယ်
█ ░ အလင်းရှင် ░ █

No comments :
Post a Comment