အလင်းရှင်သည် လူသားဖြစ်ခွင့်ကိုတန်ဘိုးထားသည့်အလျှောက်
မြန်မာနိုင်ငံ၏ မျက်မှောက်မျက်ကွယ်ကာလများကိုလည်း လေ့လာ
သုံးသပ်ဝေဖန်ခဲ့ပါသည်။ အခုလည်း . .
ရခိုင်အရေးအခင်းတွင် စကားလုံးများဖြင့်စတင်လွှဲချော်ခဲ့သော
ဒေါ်အောင်ဆန်းစုကြည်သည် ဒုတိယတစ်ဖန် လက်ပံတောင်း
တောင်တွင်လည်း ပြည်သူ့အကျိုးစီးပွားထက်တရုတ်အကျိုးစီးပွား
ကိုကာကွယ်ပေးခဲ့ပြန်ပါသည်။
ထိုသို့အလွဲများနှင့်လွှဲချော်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည်
တရုတ်နှင့် စစ်အာဏာရှင်ကြံ့ဖွတ်တို့၏ game ကစားကွက်တွင်
ကလေးမလေးသဖွယ်ဖြင့် အကစားခံ အစားခံနေရပါသည်။
ထို့သည်ကို အလင်းရှင်ရေးသားလာခဲ့သည်မှာကြာခဲ့ပါပြီ။
2015 တွင် ဒေါ်အောင်ဆန်းစုကြည်သည် လုံးဝ သမ္မတမဖြစ်နိုင်
ပါဟူ၍လည်း အလင်းရှင် 2012 - ခုနှစ်ကတည်းက ဟောကိန်း
ထုတ်ခဲ့ဖူးပါသည်။
ဟောကိန်းထုတ်နိုင်သည့်အကြောင်းအရင်းက နိုင်ငံရေးနားလည်
တက်ကျွမ်း၍ မဟုတ်ပါ။ စစ်အာဏာရှင်တို့ရဲ့ မိုက်မဲယုတ်ကန်းမှု
ကို သိနားလည်နေသောကြောင့် လွယ်လွယ်ကူကူဖြင့် ပြည်သူလူ
ထုလိုလားသော စစ်မှန်သောဒီမိုကရေစီဆိုသည်မှာ အိပ်မက်မက်
ရုံမျှသာပင်ရှိနေပါသေးသည်။
11.2015 ရက်နေ့က . . .
လွတ်တော်ထဲမှာတင် ဒဂုံစီးတီးကိစ္စကို ကန်ကွက်ရန်အဆို
တင်သွင်းသော ဒေါ်ညိုညိုသင်းမှာ ရှုံးနိပ့်ခဲ့သည်မဟုတ်ပါလော။
ဒါ့ကြောင့် ပြည်သူနှင့်ပြည်သူအကျိုးစီးပွားအတွက် မျှော်
လင့်ချက်သည် ကင်းမဲ့နေတုန်းပင်ဖြစ်သည်။
ဗုဒ္ဓဘာသာဝင်တို့၏ အားကိုးကြည်ညိုရာ ရွှေတိဂုံဘုရားမပြိုပျက်
ရေရှည်ကိစ္စသည်ပင် လွှတ်တော်မှာ ပျက်စီးခဲ့သည်။ထို့ကြောင့်
ပြည်သူ့အရေးထက် ခရိုနီအရေး အာဏာရှင်အရေးတို့သည်
လွှတ်တော်ထဲတွင် ကောင်းစားနေဦးမည်ဖြစ်ပါသည်။
သို့ပါသောကြောင့် . .
ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ်သည် . . . .
(၁) ခွေးဝမ်းသာအောင် အီးနံ့ပေးခြင်း။
(၂) တရုတ်နှင့်စစ်ခွေးကြံ့ဖွတ်တို့၏ နိုင်ငံရေးလှည့်ကွက်တစ်ခု။
သာဖြစ်ပါတော့သည်ဟု သုံးသပ်တင်ပြလိုက်ပါသည်။
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)
No comments :
Post a Comment