မြန်မာနိုင်ငံတွင် အာဏာရှင်နှင့်လက်ပါးစေခရိုနီတို့၏အကြောင်းကိုမသိ
သူမရှိကြတော့ပေ။ သုတေသီတို့က စာအုပ်များတရားဝင်ရိုက်နှိပ်ထုတ်
ဝေဖေါ်ပြခွင့်ရနေသောကြောင့်လည်းဖြစ်သည်။
ယင်းစာအုပ်တွေထဲမှမပါရှိသောတကယ့်အဖြစ်အပျက်ကိုအလင်းရှင်
အခုပြေပါမည်။
(၁) နေဝင်း ကောင်းစားစဉ် . ..
သူ၏သားမြေးလက်ပါးစေ ခရိုနီတို့ ကြီးပွားချမ်းသာကြသည်။ နေဝင်း
အာဏာကျတော့ သန်းရွှေက နေဝင်းမိသားစုအားအင်းစိန်ထောင်ထဲ
ပို့ခဲ့သည်။
(၂) သန်းရွှေကောင်းစားစဉ် . . .
သူ၏သားမြေးလက်ပါးစေခရိုနီတို့ ကြီးပွားချမ်းသာကြသည်။ ယင်းတို့
တွင် ̏ တေဇ˝ သည်အဓိပတိပင်ဖြစ်တော့သည်။
ဖြစ်ပုံများက အလားတူနေတယ် . ..
နေဝင်းမပြုတ်ခင် နေဝင်းရဲ့ သားမြေးများ နောက်ဆုံး ငထောက်ခေါ်
ခင်ညွှန့်တို့ ဘုန်းမီးနေလတောက်ကြသည်။ ခင်ညွှန့်၏ ငထောက်တပ်
ဖွဲ့ တပ်ကြပ်ကြီးသည် အခြားစစ်ဗိုလ်ကြီးတစ်ယောက်ကို ပါးရိုက်နိုင်
သည့်။ ဟော . .နောက်တော့ ပြုတ်ခဲ့တာပဲမဟုတ်လား . .
အခုလည်း . . . .
̏ တေဇ˝ ကြီးဘုန်းမီးနေလတောက်နေသည် . . သယံဇာတများထွက်
သောပြည်နယ်နှင့်တိုင်းတို့တွင် တေဇ၏ ဘုန်းမီးနေလတောက်ပုံကပို၍
ထင်ရှားသည်။ ရန်ကုန်တွင်တော့ မသိသာလှပေ။
ဥပမာ . .တေဇရဲ့ကုမ္မဏီဝန်ထမ်းနဲ့ အခြားတစ်ယောက်တို့လူမှုရေး
ပြဿနာမှစ၍ အခြားသောအကြောင်းအရာများဖြစ်ပေါ်လာပါက ဆိုင်
ရာ မြို့နယ်အသီးသီးရှိ အာဏာပိုင်ရဲတပ်ဖွဲ့၊တရားစီရင်ရေးစသောသူ
တို့သည် တေဇကုမ္မဏီဝင်ထမ်းဘက်မှရပ်တည်က အမှုမှန်သမျှအဖြူ
ကိုအမည်းလုပ်ပစ်သည်။
ကားတိုက်မလား ? ပါးရိုက်မလား ?
တေဇအဖွဲ့သားများကိုသာ ရဲတပ်ဖွဲ့တရားစီရင်ရေးစသည်တို့ကအနိုင်
ပေးနေကြသည့် ဖြစ်စဉ်များကို ကြားသိနေရသည်။ ကြားရတိုင်း အား
နည်းပါးသောခံလိုက်ရသူ ပြည်သူတွေအတွက် များစွာစိတ်မကောင်း
ဖြစ်မိပါသည်။ ထို့ကြောင့်လည်း အခုလိုရေးလိုက်ခြင်းဖြစ်သည်။ တေဇ
ကို မုန်း၍မဟုတ်ပါ။ ယင်းတေဇဆိုသူကို အလင်းရှင် တစ်စက္ကန့်မျှအ
ပြင်တွင် ကိုယ်တွေ့မမြင်ဘူးသေးပေ။ ယင်းသို့မမြင်ဘူးခြင်းကြောင်း
တေဇအား အမုန်းတရားမရှိပါ။
ဒါဆို အခုလိုဘာလို့ရေးတာလည်းမေးရင် . . တေဇရဲ့ လက်ပါးစေ
ကုမ္မဏီဝန်ထမ်းကောင်တွေရဲ့ မိုက်ရိုင်းမှုကြောင့်ပါ။ တေဇရဲ့ နာမည်
ကိုခံကာ ရဲတပ်ဖွဲ့တရားရားရေးမဏ္ဍိုင်များတွင် အနိုင်ကျင့်နေတာကို
မခံခြင်သောစိတ်ကြောင့် ပြည်သူ့ဘက်တော်သားအဖြစ်ရေးရခြင်း
ပင်ဖြစ်ပါတယ်။
ထို့ကြောင့် . .
တေဇရဲ့ဘုန်းမီးနေလအရှိုန်သည် ကောင်းနေသေးသည်။ အကယ်၍
သန်းရွှေကြီးပြုတ်ကျသေဆုံးပြီဆိုပါ .. ယင်းတေဇအား ခံရသူပြည်သူ
တို့မှ လက်စားချေဦးမည်ဆိုတာ မြေကြီးလက်ခပ်မလွဲပေ . .
ငထောက်ခင်ညွှန့်ကြီးတို့ပြုတ်ကျတော့ မျက်နှာလေးဇီးရွက်လောက်ပေါ့
ခရိုနီတေဇ ပြုတ်ကျချိန်မှာ မျက်နှာနှမ်းစေ့လောက်ရှိလျှင်ကံကောင်း
မည်။
ထို့ကြောင့် . .တေဇသည် အခုအချိန်အထိ သူ့ရဲ့လက်ပါးစေများကို
ဘိုင်းကောင်းကျောက်ပိ မထိမ်းနိုင်ပါက ငထောက်ကြီးခင်ညွှန့်တို့
ထက်ပို၍ အထိနာမည်ဟု မြေကြီးလက်ခပ်မလွဲပြောလိုက်ပြီ ..
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)
No comments :
Post a Comment