ရွှေတိဂုံစေတီတော်ကို ကယ်တင်ရာတွင်သင်လည်းတစ်တပ်တအား
ပါဝင်မှသာလျှင် ဗုဒ္ဓဘာသာမျိုးချစ်စစ်စစ်ဖြစ်ကြောင်း ကောင်းမှုကုသိုလ်
ရှင်ဖြစ်ပါလိမ့်မည်။
ရန်ကုန်မြို့ ရွှေတိဂုံ စေတီတော် တ၀ိုက်မှာ အထပ်မြင့် အဆောက်အ
ဦးတွေ ဆောက်လုပ်မယ့် ဒဂုံစီတီး (Dagon City) စီမံကိန်းဟာ မြန်
မာနိုင်ငံရဲ့ ပုံရိပ်ကို ထိခိုက်စေနိုင် ကြောင်း ရွှေတိဂုံစေတီတော်ကို
ကယ် တင်ပါ "Save The Shwedagon" ဆွေးနွေးပွဲမှာ ပညာရှင်
တွေက ပြောပါတယ်။
ဒီနေ့ ရန်ကုန်မြို့ မြန်မာနိုင်ငံ ဗိသုကာ အသင်းရုံးချုပ်မှာ ကျင်းပတဲ့
ဆွေးနွေးပွဲမှာ ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ အဆောက်အဦး ဦးစီး
ဋ္ဌာနညွှန်ကြားရေး မှူး ဒေါ်လှိုင်မော်ဦးက အဲဒီလို ဆောက်လုပ်ရေး
စီမံ ကိန်းတွေဟာ ယဉ်ကျေးမူကို ထိခိုက်စေတဲ့ ပုံရိပ်တွေ များလာမှာ
ကို စိုးရိမ်ကြောင်း ပြောပါတယ်။
"အဲ့မှာ အဆောက်အဦးတွေသာမြင့်လာရင် ဘာဖြစ်မလဲဆိုတာ
ကတော့ ဒီမိုကရေစီ ခေတ်မှာ အများပြည်သူရဲ့ဆုံးဖြတ်ချက်ဘဲဖြစ်
သင့်တယ်လို့ ကျမထင်ပါတယ်၊ ဒီမှာ သေသေချာချာကြည့်ရင် ယော
င်္ကျားလေးတွေ၊ မိန်းကလေးတွေ ပုံစံမျိုးစုံနဲ့ ဘောင်းဘီတို နဲ့ ဒီဇိုင်း
ပေါင်းစုံတွေ့ရပါတယ်၊ ကျမတို့ရွှေတိဂုံဘုရားကြီးတွက်ဒါဟာ သင့်
တော်တယ်၊ မသင့်တော်ဘူးဆိုတာ ကျမတို့ ဆုံးဖြတ်ရမှာဖြစ်ပါတယ်၊
ဘာသာရေးနဲ့ မသက်ဆိုင်ပါဘူး၊ ကျမတို့နိုင်ငံရဲ့မြို့ပြဒီဇိုင်းမြင်ကွင်း
ကနေ ကျမပြော တာဖြစ်ပါတယ်"
ဒဂုံစီးတီးစီမံကိန်းကို ရွှေတိဂုံဘုရားတောင်ဘက်မုဒ်အနီးမှာ အကောင်
အထည်ဖော်ဖို့ ရှိနေပြီး အဲဒီစီမံကိန်းမှာ လူနေ အထပ်မြင့်အဆောက်
အဦးတွေ ဆောက်လုပ်ဖို့ပါရှိနေတာကြောင့် ရွှေတိဂုံဘုရား တည်ထားတဲ့
သိင်္ဂုတ္တရ ကုန်းတော်ကို ထိခိုက်မယ့် အခြေအနေတွေရှိတယ်လို့ ပြော
ပါတယ်။
ဒဂုံစီးတီးစီမံကိန်း တည်ရှိတဲ့နေရာဟာ အရင်က တပ်မတော်စစ်ရုံးချုပ်
ဟောင်း နဲ့မော်တော်ယာဉ်တပ် တည်ရှိ တဲ့နေရာဖြစ်ပြီး ရင်းနှီးမြုပ်နှံမူ
ကော်မရှင် MIC ရဲ့ခွင်ပြူချက်နဲ့ အဆင်မြင့်အိမ်ရာ အဆောက်အဦးတွေ
ဆောက်လုပ် မှာဖြစ်တယ်လို့ သိရပါတယ်။
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)
No comments :
Post a Comment