သားကောင်ရေ 250000သတ်နေကြပုံ(၁)
နီပေါတွင် ရက်စက်သော သာသတ်ယစ်ပူဇော်မူကြီးကို 2009
ခုနှစ်ကကျင်းပခဲ့သည်။ နီပေါနိုင်ငံရှိ ကျွဲ၊ ဆိတ်၊ ငှက်အကောင်
ရေစုစုပေါင်း̏ 250,000 ˝ နှစ်သိန်းငါးသောင်းကို ရက်စက်စွာ
သတ်ဖြတ်ခဲ့ကြသည်။
သက်သေခံဓာတ်ပုံများကိုတင်ပြထားပါသည်။
ကဲ . . ခင်ဗျားတို့သာ ကြည့်ပြီးဒီလို လုပ်ရပ်ဟာ လုပ်သင့်သလား
မလုပ်သင့်ဘူးလားဆိုတာ ဆုံးဖြတ်ပါ။
အခုတော့ တန်ပြန်အကျိုးသက်ရောက်မှုက ငလျင်ကြီးတစ်ခုဖြစ်ခဲ့
ပြီမဟုတ်ပါလော . ..
ခင်ဗျားတို့က အားနည်းတဲ့သတ္တ၀ါတွေကို ရက်စက်စွာသတ်ဖြတ်ခဲ့
ကြတယ် . . ကဲ အခု . .ခင်ဗျားတို့ကို အားကြီးတဲ့ ငလျင်ကြီးက
တစ်ဖန်ပြန်ပြီး သတ်လိုက်ပြန်ပြီမဟုတ်လား . . ဟု အလင်းရှင်
အော် ပြောလိုက်ချင်ပါသည်။
လူဖြစ်စေ တိရိစ္ဆာန်ဖြစ်စေ မိမိအသက်ကိုနှမြောကြတသည်။ လူမှ
မြင့်မြတ်သည်မဟုတ်ပါ။ သတ္တ၀ါတိုင်းသည် အသိဉာဏ်ရှိသူကပို၍
ပင် စာနာထောက်ထားရမည်။ စာနာထောက်ထားမှုကရုဏစိတ်ရှိ
ခြင်းမရှိခြင်းသည်သာ ပဓာနကြသည်။
ပုခုံးနှစ်ဘက်ကြားခေါင်းပေါက်ရုံဖြင့် လူမမည်ပါ။ ကိုယ်တော့မသေ
ချင်ဘူး။ သူများကိုတော့ သတ်လိုသည်ကား .. . လူပီသသောစိတ်
ထားမဟုတ်ပါ။
̏ သတ္တ၀ါတိုင်း၌ နာစိတ်/ကောင်းစိတ်ဆိုတာရှိသည်˝
ကိုယ်က သူ့ကိုသတ်ဖြတ်နှိပ်စက်သောအခါ ယင်းနာစိတ်ကြောင့်
သတ်ဖြတ်နှိပ်စက်ခံရသောသတ္တ၀ါသည် . .
̏ မင်းကိုလည်း ငါအားရှိတဲ့အချိန်ပြန်သတ်မယ်˝
ဆိုသော ဒေါသစိတ်သည်ဖြစ်ပွား၏ ထိုဒေါသစိတ်သည် ကျိန်စာ
ပင်ဖြစ်တော့သည်။ သံသာရာအဆက်ဆက် . .
̏ ကြက်ဥကိုကြောင်စား˝ ̏ သားကို ဘီလူးစား˝
သော ဇာတက၀တ္ထုကဲ့သို့ ̏ သူ့သားကို ကိုယ်ကသတ်၊ ကိုယ့်သားကို
သူကသတ် ˝ မဆုံးနိုင်သော သားသတ်ပွဲပင်ဖြစ်တော့သည်။
̏ မြန်မာနိုင်ငံ၌ ရှေးဟောင်းသမိုင်းဝင်လယ်တီသိမ်ကိုဖြိုသည်၊လယ်
ယာလုပ်ကိုင်သောပြည်သူကို သေနပ်ဖြင့်ပစ်သတ်သည်ထောင်ချ
သည်˝
̏ ယင်းအကျိုးဆက်သည် တရုတ်ပြည်၌ စက်ရုံမီးလောင်ခဲ့သည့်
သတင်းဆိုးဖြစ်ပေါ်ခဲ့သည်မဟုတ်ပါလော့။
အခုကြည့်စမ်း ..အသိဉာဏ်မဲ့သောတရိစ္ဆာန်တို့အား ယစ်ပူဇော်တုန်း
က ယင်းတိရိစ္ဆာန်မိသားစုတို့ ပူဆွေးငိုကျွေးကြမည်နည်း .. ။
ဟော . . အခု မိမိတို့မိသားစုအား ငလျင်သည် ရက်စက်စွာသတ်ဖြတ်
ခဲ့လေပြီ .. .တကား . ..
သို့ပါသောကြောင့် . .. သတ္တ၀ါအခြင်းခြင်း မသတ်ဖြတ်သင့်ကြောင်း
အပ္ပမာဒစကားပါးလိုက်ပါသည်။
ဓာတ်ပုံအပြည့်အစုံကိုအောက်ပါလင့်တွင်ဝင်ရောက်ကြည့်ရှုပါ။
မူရင်းလင့် . . .
https://www.facebook.com/spoghlk
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)
သားကောင်ရေ 250000သတ်နေကြပုံ(၂)
ငလျင်ဘေးဒုက္ခ (၁)
ငလျင်ဘေးဒုက္ခ (၂)
No comments :
Post a Comment