နောက်ကျန်ခဲ့သော သက္ကရာဇ်များ
ကုန်ဆုံးသွားသော
သယံဇာတများ
ပြန်မရနိုင်တော့သော
ချစ်သောသူ၏အနမ်း
ကြိုးပျက်သွားသော
သံစဉ်များ
စာလုံးပေါင်းသတ်ပုံမှားတဲ့
ညတစ်ည
လောင်ကျွမ်းသွားသော
နေတစ်စင်း
ဂီယာတံပျောက်သွားသော
ကားတစ်စီး
ခမ်းခြောက်သွားသောမြစ်တစ်စင်း
အနိစ္စတွေ .. ဒုက္ခတွေ . . အနတ္တတွေ
ဒါတွေကို
စစ်ခွေးတရုတ်တွေမသိလို့
တောင်တွေပျောက်
မြစ်တွေခန်း တောတွေပြုန်းအခုတော့
ကျောင်းသားတွေတောင်
လမ်းပေါ်ရောက်ကာဆင်းရဲနေကြပြီ။
အစိုးမရတာကို
အစိုးရလုပ်
မသာလောင်းတွေထပ်နေတဲ့စစ်တလင်းကြားထဲမှာ
Myanmar
Peace Center ကဘာလို့ရုပ်ရှင်ရိုက်နေတာလဲ။
သူ့ဘက်ကိုယ့်ဘက်
သေလိုက်ကြတဲ့
မသာအလောင်းတွေ . . ။
လယ်ထွန်နေတဲ့လယ်သမား
လယ်ပျောက်သွားတဲ့
အဖြစ်တွေ . . ။
အောတိုက် . . အောတိုက်
မြန်မာပြည်မှာပေါသလားမမေးနဲ့
. . .။
ပါချုပ်ဆိုတဲ့
ပညာရေးပါမောက္ခတောင်
ဗိုလ်ချုပ်အောင်ဆန်းဘွဲ့ရတာမသိဘူး .. ။
ချာတူးလံ .. ချာတူးလံ . .
မြန်မာပြည်မှာပေါသလားမေးနဲ့ .. ။
တကယ်ပြောတာမယုံရင်လာကြည့်
လယ်လုပ်ရင်း
လယ်ပျောက်သွားတဲ့သူ
ယာလုပ်ရင်းယာပျောက်သွားတဲ့သူ
တိုက်ပွဲမသွားပဲ
ကိုယ့်လယ်ထဲမှာသေနတ်ပစ်ခံရတယ်ဆိုတာ
မြန်မာနိုင်ငံမှာပဲရှိတယ်။
ကြားဖူးသလား ..
မယုံရင်လက်ပတောင်းတောင်ကဒေါ်ခင်ဝင်းကိုမေးကြည့်။
လွှတ်တော်ဆိုတာ
ရစ်ဘီးကြိုးလျှော့တင်းတဲ့စွန်လွတ်တဲ့ကလေးအဆင့်ပဲရှိတယ်။
ခေါင်းခါခိုင်းရင်
ခေါင်းခါတက်ရတယ်။
လက်ညှိုးထောင်ခိုင်းရင်
လက်ညှိုးထောင်ပြတက်ရတယ်။
Ok
ဒါဆိုရင်မြန်မာပြည်မှာ လွှတ်တော်အမတ်တစ်ယောက်ဖြစ်ပြီ။
သူရဘွဲ့ဆိုတာ
. .
စစ်တပ်ထဲက
သူရဘွဲ့ကိုပြောတာမဟုတ်ဘူး။
အထက်ကိုဖားတက်လို့
̏သူပဲရသွားတဲ့အတွက်˝ ̏သူရဘွဲ့˝တဲ့။
ငါပြောတာမဟုတ်ဘူး
သူတို့စစ်တပ်ထဲကသူတွေကိုယ်တိုင်ပြောလို့ငါ့နားနဲ့ဆတ်ဆတ်ကြားရတာ။
ဗိုလ်ချုပ်ဆိုတဲ့အောင်ဆန်းက
ပြည်သူကိုအကာအကွယ်ပေးဖို့
မြန်မာတပ်မတော်ကြီးကိုဖွဲ့ခဲ့တာ နှစ်(၁၀၀)
တကယ်ကာကွယ်နေတာကတော့
အာဏာရူးတွေနဲ့ခရိုနီတွေအတွက်ပါပဲ။
သေကြစမ်း . .လောက်ကိုင် . ..
တော်တော်ခေတ်စားတဲ့စကားလုံးပဲ
လယ်တီသိမ်အဖြိုခံရပြီးတော့
လောက်ကိုင်ပြိုတော့တာပဲ။
ဖုန်ကြားထဲကထွက်လာတဲ့
̏ဖုန်ကြားရှင်˝
ဟုတ်တာပေါ့ ..
မြန်မာပြည်မှာသစ်တောက
5% ပဲရှိတော့ဖုန်ထူတာပေါ့။
ဖုန်ကြားထဲကကောင်နဲ့
မြန်မာစစ်ခွေးကြီးတွေတစ်ချိန်တုန်းက
သောက်ဖေါ်သောက်ဘက်
စားဖေါ်စားဘက်တွေပေါ့။
အခုတော့ ..
နိုင်ငံရေးကစားကွက်မှာ
အောက်ခြေစစ်သားနဲ့ပြည်သူတွေအသက်ပေးရပြီ
ဒါကိုမသိတဲ့
စစ်သားတွေ ခံလိုက်ကြပေဦပေါ့။
သေလိုက်ကြပေဦးပေါ့။
စိတ်မကောင်းပါဘူးကွာ
ဒါ့ကြောင့်လည်းဒါတွေရေးဖြစ်တာပါ။
ဘဒ္ဒန္တကောဝိဒ
(အလင်းရှင်)
No comments :
Post a Comment