Saturday, February 7, 2015
မှတ်ကျောက် စတွေ
ဖိုးနဂ္ဃတန်တဲ့ ၊ ဒေါင်းအလှမာန်ကို ၊
စွဲကိုင်ခဲ့သူ . . . ။
လက်နက်မဲ့ သတ္တိရှင် ၊ အနာဂါတ်အတွက်
အသက်ပေး ရဲဝံ့တဲ့ တေး .. ။
ိမိုက်ကန်းတဲ့ စစ်ခွေးဗိုလ်ချုပ်တွေ
နိုင်ငံသမိုင်းအတွက် ရက်စက်ခဲ့ကြပေ။
ဦးသန့် . ..
88 ၊ ဒီပဲရင်း ၊ စက်တင်ဘာ
နေ၀င်းသန်းရွှေခိုင်းသမျှ သူတို့သတ်ခဲ့ကြတာ။
သေလိုက်တဲ့ ရဟန်း ရှင်လူပြည်သူတွေ
အနာဂါတ်ရဲ့ ကျောင်းသားလူမမည်လေးတွေ . .။
ညီတို့ရေ . . .
တက်သာတက် .. . တိုက်သာတိုက် . ..
မင်းတို့ပေးလိုက်ရတဲ့ အသက်ဟာ
ဗုဒ္ဓဘာသာသမိုင်းအတွက် တကယ်ကိုအသုံးဝင်ပါတယ်။
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)
Labels:
ရင်ဘတ်ကြွေရာမြေ
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment