အာဏာရှင် ၊ ခရိုနီတွေ ပြေးတော့ . .
နိုင်ငံနဲ့အ၀ှမ်း ကျောင်းသားတွေ ချီတက်လာပြီ . . ။
ကြံ့ဖွတ်တွေ စွမ်းအားရှင်တွေ ပြေးတော့
မင်းတို့ဆင်ထားတဲ့ (မဘသ)နဲ့ (၉၆၉) ဖဲကွက်က
မဆင်ခင်ကတည်းက ဘူကြီးဖြစ်နေပြီ . . .။
အို . ..
အမောင်ကျောင်းသားတို့ . . နှိုးကြားကြကုန်လော့
ကျားငစဉ်းလဲသည် အကြံကုန်ပါက
ရွှေလက်ကောက်ပေး၍ မြူဆွယ်တက်သည်။
ထိုကျားငစဉ်းလဲထက်
အဆပေါင်းရာထောင်မက ကောက်ကျစ်စဉ်းလဲသူက
ကြံ့ဖွတ်ငစဉ်လဲပဲ ဖြစ်တယ်။
ထို့ကြောင့် . ..
အောင်ကျောင်းသားတို့ . .. သတိတရားထားကြပါကုန်လော။
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)
No comments :
Post a Comment