.

AlinShin

Wednesday, February 18, 2015

အလင်းအလှူ



အွန်လိုင်းပေါ်မှာ  . .
ကုသိုလ်ရှင်များရဲ့ ပုံရိပ်များကိုမြင်ရ . .
သူတို့ရဲ့ စကားများကို ကြားရ  . . အလွန်ပင်ပီတိသောမနဿဖြစ်မိပါသည်။
ဦးကျော်သူ  . .ဘယ်နေရာမှာ ဘယ်လိုဒုက္ခရောက်နေသူများကို သွားရောက်
ကူညီနေသည် . . စသည်ဖြင့်ပေါ့။
ကုသိုလ်သမ္ပတ္တိစက်အား လွန်စွာပင်တုန်ဟီးပါရောလားဟု အလင်းရှင်စိတ်ထဲ
ဝမ်းသာမိပါသည်။
ဒေါ်လာဟူ၍ တစ်ကျပ်ပင်မရှိသော မိမိအတွက် ကုသိုလ်မပြုရကောင်းလားဟု
စိတ်စနိုးစနင့်ဖြစ်မိသည်။
သြော်  ..  ငါလည်း စာရေးနေတာ ဘလော့မှာ ဆောင်းပါးကဗျာပေါင်း (2700)
ကျော်ရှိတောင်ရှိခဲ့ပြီ။ အထက်ကဆိုခဲ့သော ကုသိုလ်ရှင်ကြီးများကဲ့သို့
ကာယ၀တ္ထုတွေမလှူနိုင်သော်လည်း အလင်းအလှုကိုတော့ဖြင့်လှူနိုင်ပါသေး
တယ်ဟု ဖြေဆည်ရာရမိပါသည်။
ထို့ကြောင့်  . . .
မြန်မာနိုင်ငံအ၀ှမ်း ဘာသာလူမျိုးပေါင်းစုံအတိဒုက္ခရောက်နေကြသူများကို လှူဒါန်းဖွယ်ရာအဖြာဖြာတို့ဖြင့်လှူဒါန်းနိုင်ကြသောကုသိုလ်ရှင်ပါရမီရှင်များ ဆထက်တိုး၍
လှူဒါန်းနိုင်ကြပါစေ  . .
စစ်ခွေးကြံ့ဖွတ်တို့နှိပ်စက်အပ်သောဘေးကြမ်းဒုက္ခမှလည်းအမြန်ဆုံး
လွတ်မြောက်ကြပါစေဟု  . .ဆုတောင်းနေမိပါသည်။
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget