အမေရိကန်နိုင်ငံသမ္မတဘားရက်အိုဘားသည်
အိန္ဒိယနိုင်ငံ နယူးဒေလီသို့ရောက်ခိုက် ဂေါတမ
မြတ်စွာဘုရား သီးတင်းသုံးတော်မူခဲ့သော သစ်ပင်
နှင့်တူညီသောဗောဓိပင်ကို ငြိမ်းချမ်းရေးသင်္ကေတအဖြစ် စိုက်ပျိုး
ခဲ့ကြောင်း သတင်းကိုကြားမြင်ရ၍ အလင်းရှင်၏နှလုံးသားတွင်
ငြိမ်းချမ်းရေး အငွေ့အသက်ကို ခံစားမိရပါသည်။
ထိုနှင့်တစ်ပြိုင်နက် မြန်မာနိုင်ငံရှိ မိစ္ဆာစစ်ခွေးဘီးလူးကြီးသန်းရွှေ
တို့ ကြံ့ဖွတ်အုပ်စုမှာ ကြီးစိုးကာ ဘုရားစေတီတွေဖျက်ဆီး၊သံဃာ
တော်တွေကိုသတ်ဖြတ် ၊ ပြည်သူပြည်သားတွေကိုဖမ်းဆီးနှိပ်စက်
ထောင်ချနေသော အဓမ္မလုပ်ရပ်များ၏ အပူအရိပ်ကိုလည်း
တစ်ပြိုင်တည်းခံစားမိရ၍ အခုလို ကဗျာလေးရေးမိပါသည်။
မြန်မာ့မြေပေါ်တွင် 2015 မှစ၍ . . . .
မိစ္ဆာစစ်ခွေးတို့၏ မိစ္ဆာလုပ်ရပ်များပျက်ပြုန်းပါစေ .
စစ်ခွေးဘ၀မှကြံ့ဖွတ်ဘ၀သို့(ခွေးဘ၀မှဖွတ်ဘ၀သို့)
အသွင်ပြောင်းကာ မိစ္ဆာလုပ်ငန်းများအား 2015တွင်ပြီးဆုံးပါစေ ..
သံဃာတော်များအားလည်းကောင်း ..
သမိုင်းဝင်စေတီပုထိုးများအားလည်း . .
ဖျက်ဆီးသတ်ဖြတ်ထောင်ချခြင်းတို့သည် ယင်းမိစ္ဆာစစ်ခွေးကြံ့ဖွတ်
တို့နှင့်တကွ ချုပ်ငြိမ်းကွယ်ပပါစေ ..
ယင်းတို့နှင့်အလိုတူအလိုပါများဖြစ်ကြသော . . .
တေဇ ၊ဇော်ဇော်၊ ခင်ရွှေ ၊ ဌေးမြင့်အစရှိသော ခရိုနီကြီးများနှင့်
သယံဇာတသူခိုးတရုတ်(ပေါက်ဖေါ်)ကြီးတို့သည်လည်း ချုပ်ငြိမ်း
ချုပ်ငြိမ်းကွယ်ပျောက်ပါစေသည်တည်း . ..
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)
No comments :
Post a Comment