.

AlinShin

Thursday, January 8, 2015

ပုလင်းပန်းချီပညာရှင်ဦးညိုလေး

ပုလင်းပန်းချီပညာရှင်ဦးညိုလေး

မြန်မာ့ပန်းချီလောကတွင် ပြောစမှတ်ပြုရလောက်အောင် ထင်ပေါ်ကျော်ကြားခဲ့သော ပန်းချီပညာ ရှင်ကြီးများအနက် ပုလင်းပန်းချီပညာရှင်ကြီး ဦးညိုလေးလည်း အပါအဝင် ဖြစ်သည်။ထိုင်လို့တောင်မရ နိုင်လောက်အောင် မသန်စွမ်း ဖြစ်ခဲ့ပြီးမှ စိတ်ကူးထုတ် ပြီးပုလင်းပန်းချီကိုစတင်ရေး ဆွဲခြင်းဖြစ်သည်။
ဘဝအစ
ပုလင်းပန်းချီဆရာကြီး ဦးညို လေးကို ၁၉၃၈ခုနှစ်တွင် မန္တလေးတိုင်းဒေသတွင်းရှိ ပျော်ဘွယ်မြို့တွင် မွးဖွားခဲ့ သည်။မိဘနှစ်ပါးမှာ မီးရထား လမ်းအလုပ် သမားကြီးဦးသွင် နှင့်ဒေါ်အေးစမ်းဖြစ်သည်။ ဦးညိုလေးသည်မွေးချင်းလေး ယောက်အနက်အကြီးဆုံးသား ဖြစ်သည်။အသက်၈နှစ် အရွယ် တွင် ပိုလီယိုရောဂါ ခံစားရပြီး ပေါင်တစ်ဖက်လည်းကျိုးခဲ့ ရသည်။
အခက်အခဲများ
မိသားစုစားဝတ်နေရေး ခက်ခဲနွမ်းပါးရသော်လည်း ဦးညိုလေးသည် အထက်တန်း ကျောင်းသားဘဝတွင်ထူးချွန် ပြောင်မြောက်သော ကျောင်း သားတစ်ယောက်အဖြစ် အထူး သဖြင့်ပန်းချီရေးဆွဲခြင်း၊ပုံ ဆွဲခြင်းများတွင် ထူးချွန်သူဖြစ်ခဲ့ သည်။သို့သော် ငွေရေးကြေးရေး နှင့်ကျန်းမာရေးအခက်အခဲများ ကြောင့် အနုပညာကျောင်းသို့ မတက်ရောက်နိုင်ခဲ့ပေ။ ထို့ ကြောင့်သူသည်ပန်းချီပညာ သင်ခန်းစာများကိုစာအုပ်၊ မဂ္ဂဇင်းများမှတစ်ဆင့် လေ့လာ သင်ယူခဲ့ရသည်။သူ၏ မြင် ဆရာများမှာပန်းချီဆရာကြီး များဖြစ်ကြသောဦးဘကြည်၊ ဦးအုန်းလွင်၊ ပန်းချီအောင်စိုး၊ ပေါ်ဦးသက် စသူတို့ဖြစ်သည်။ နောက်ပိုင်း အခြေအနေအမျိုး မျိုးကြောင့်အထက်တန်း ကျောင်း မှ ထွက်ခဲ့ရပြီး အလွတ်ပန်းချီ ဆရာအဖြစ်အသက်မွေးခဲ့ရ သည်။၁၉၇၂ခုနှစ်စာတတ် မြောက်ရေးလှုပ်ရှားမှုတွင် ဦးညိုလေးတက်ကြွစွာပါဝင် ဆောင်ရွက်နေစဉ်ကာလအ တွင်း မြင်း လှည်းမှောက်သော ကြောင့် သူ၏ပခုံးရိုးတစ်ချောင်းကျိုးခဲ့ရ သည်။၁၉၇၇ခုနှစ်တွင် မန္တလေး အနုပညာကောင်စီတွင် တာဝန် ထမ်းဆောင်စဉ်ကာလ အတွင်း တွင်လည်း ကားမတော်တဆဖြစ် မှုကြောင့်ညာဘက်လက် ကျိုး ကြေခဲ့ရသည်။ထို့နောက်ပိုင်း ခါးအောက်ပိုင်းတစ်ခုလုံးနှင့် ညာဘက်လက်တစ်ခုလုံး အသုံး ပြုနိုင်ခြင်း မရှိတော့ဘဲဘီးတပ် ကုလားထိုင်ပေါ်တွင်ထိုင်ပြီးဘယ် လက်တစ်ခုဖြင့်သာ ပန်းချီအနု ပညာအလုပ်ကိုလုပ်ခဲ့ရသည်။
ပုလင်းပန်းချီ      
ပုလင်းပန်းချီ (Glass Bottle Painting) ကို ၁၉ရာစု နှစ်အစပိုင်းတွင်တရုတ်နိုင်ငံ မှစတင်ခဲ့သည်။ မျက်နှာပြင် ပေါ်တွင်ရေးဆွဲရသည် မဟုတ် သောကြောင့်ပိုမို၍ခက်ခဲသိမ် မွေ့သည်။ ဦးညိုလေးသည် မြန် မာပြည်၏ပထမဆုံးပုလင်းပန်း ချီဆရာဖြစ်ပြီး မိမိဘာသာ လေ့လာသင်ယူတွေးခေါ်ကြံဆ ပြီးရေး ဆွဲခြင်းဖြစ်သည်။ဦးညို လေးပုလင်းပန်းချီအပေါ်စိတ် ဝင်စားရခြင်းမှာ ဦးညိုလေး အသက်၂၆နှစ်အရွယ် ၁၉၄၆ ခုနှစ်တွင်ဒေါ်စောမုံညင်း သည်တရုတ်ပြည်မှပုလင်းပန်း ချီအကြောင်းဆောင်းပါး တစ်ပုဒ်ရေးသားခဲ့သည်။ယင်း ဆောင်းပါးကို ဖတ်ပြီးဦးညို လေးအနေဖြင့် ပုလင်းပန်းချီကို စိတ်ဝင်စားလာခြင်းဖြစ်သည် ဦးညိုလေးကိုကဗျာ ဆရာတစ် ဦးအဖြစ်လည်း သတ်မှတ်နိုင် သည်။အဘယ် ကြောင့်ဆိုသော် သူ၏ ပုလင်းပန်းချီများတွင် ကိုယ်တိုင်ရေးစပ်ထားသောအလွန် တိုပြီး လှပသော ကဗျာစာသား များရေးထည့်တတ်သော ကြောင့်ဖြစ်သည်။သူ၏ပန်းချီ များသည် မဟာဗုဒ္ဓဝင်၊ ရာမာယဏ၊ ရာသီပွဲတော်နှင့် မြန်မာ့ရိုးရာ စသည်တို့ကို ဖော်ညွှန်း ထားသည်။ ယခုအခါ သူသည် ပုလင်းပန်းချီပေါင်း ၁၅ဝဝကျော်ရေးဆွဲပြီးဖြစ်ပြီး ၁၉၈၅ ခုနှစ်လောက်မှစ၍ UK ၊ USA ၊ ဂျာမနီ၊ ပြင်သစ်၊ ဂျပန်၊ ကိုရီးယား၊အိန္ဒိယစသော နိုင်ငံခြားမှ ဝယ်လိုအားများ ရှိ လာခဲ့သည်။ ပုလင်းပန်းချီ တစ်ခုပြီးစီးရန် အနည်းဆုံး ၁၅ ရက်အချိန်ကြာမြင့်သည်။
၂ဝ၁၂ ခုနှစ်၊မေလ၈ ရက် နေ့တွင်ကျင်းပခဲ့သောရွှေ မင်းသားဖောင်ဒေးရှင်း(မြန် မာ)အခမ်းအနားတွင် ဦးညို လေး၏သမီး သီတာညိုလေးက ၎င်းကိုယ်တိုင်ရေးဆွဲ ထားသော ပုလင်းပန်းချီတစ်ခုကို ဒေါ်အောင်ဆန်းစုကြည်အား အမှတ်တရပေးအပ်ခဲ့သည်။
http://www.popularmyanmar.com/

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget