.

AlinShin

Tuesday, January 13, 2015

အောက်မလေးသီတဂူကြီးရယ် . . .မဟန- ထက်ဆိုး



(မဟန)ဘုန်းကြီးတွေသံဃာတော်များသတ်တာကိုမကန့်ကွက်၊
လယ်တီသိမ်နှင့်စေတီဖျက်တာကိုပဲ ဖျက်ကောင်းတယ်ဆိုပြီး
သြ၀ါဒတရားချီးမြှင့်။
ထိုကဲ့သို့သူမိုက်ကြီများ(မဟန)အဖွဲ့ကို ကြောက်လို့ သီတဂူဘုန်းကြီးကိုအားကိုး
မိပါတယ် ယင်းသီတဂူကပို၍ဆိုးနေသည်။ ဟို စကားပုံလိုပေါ့။
“ကျားကြောက်လို့ ရှင်ကြီးကိုးပါတယ် ရှင်ကြီးကကျားထက်ဆိုး”
“မဟန၊ကိုကြောက်လို့ သီတဂူကိုးပါတယ် သီတဂူက-မဟန-ကြီးထက်ဆိုး”
ဆိုသလိုပါပဲလား။
နောက်ထပ် ငါးနှစ်တာကာလကို သိန်းစိန်ပြောင်ကြီးကိုဆက်လက်ထောက်ခံ
ကြဦးမယ်ဆိုရင် သီတဂူရေ   . . .
မြန်မာပြည်အခုကျန်နေသေးတဲ့ 5% သောသစ်တောတွေပါပြောင်တော့မယ်
ဆိုတာလောက်တော့ သိထားသင့်ပါတယ်။
လယ်မြေတွေကိုလည်းအဓမ္မသိမ်းယူတယ်  . . .
မြေပေါ်ရှိ ကျွန်းသစ်သဘာဝသယံဇာတတွေကိုလည်း ရောင်းတယ် . . ..
မြေအောက်ရေအောက်ရှိ သဘာဝသယံဇာတွေကိုလည်း ရောင်းတယ် . . .
တော်နေကြာ စစ်ကိုင်းမင်းကွန်းတောင်ရိုးကြီးကိုပါ တရုတ်ကြီးကသိမ်းမယ်ဆိုရင် . .
အောက်မလေး  . .  သီတဂူရယ်  . .ကိုယ်တော်ရဲ့ပြောင်နေတဲ့ကုတုံးကိုပါ
လေယဉ်ကွင်းလုပ်ဖို့များသိမ်းဦးမယ်ဆိုခဲ့ရင်  . . . .
စိတ်မဆိုးလိုက်ပါနဲ့ ကိုသီတဂူကြီးရယ်  . . . . ပြောလက်စနဲ့ပြောပါရစေဦး
သစ်တောတွေလည်း  . .  5 ရာခိုင်နှုန်းပဲကျန်တော့တယ် . .
တောင်တွေလည်း  .. မြေပြင်ဖြစ်နေပြီ  .. .
မြစ်တွေလည်း  . ..  ဆည်ဆောက်ကုန်ပြီ . . .
မြေအောက် ဂစ်တွေရေနံတွေလည်း တရုတ်သယ်လို့ကုန်ပြီ  ..
ကဲ  .. . သီတဂူရေ  . .
ကိုယ်တော်တို့ပေါက်စရာ သေးတောင် ရှိပါတော့မှာလား  . .
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)


No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget