.

AlinShin

Sunday, January 11, 2015

ဖင်မှန်းခေါင်းမှန်းမသိသောစစ်ခွေးကြံ့ဖွတ်တို့ရဲ့ မသမာသောလုပ်ရပ်စကား


လိမ်စားတယ် . . .
သို့သော်သူဟာဘောလုံးသမားတော့မဟုတ်ဘူး
စစ်ခွေးကြံ့ဖွတ်ခရိုနီဦးပိုင်ပါ။
ခိုးစားတယ် . . .
သို့သော်သူဟာ ငတက်တော့မဟုတ်ဘူး
စစ်ခွေးကြံ့ဖွတ်ခရိုနီဦးပိုင်ပါ။
သတ်စားတယ်  . .. .
သို့သော်သူဟာသားသတ်သမားတော့မဟုတ်ဘူး
စစ်ခွေးကြံ့ဖွတ်ခရိုနီဦးပိုင်ပါ။
ရိုက်စားတယ် . . .
သို့သော်သူဟာ ဖားရိုက်သမားတော့မဟုတ်ဘူး
စစ်ခွေးကြံ့ဖွတ်ခရိုနီဦးပိုင်ပါ။
ဖျက်စားတယ်  . . .
သို့သော်သူဟာ သားကြီးငါးကြီးတွေကိုဖျက်တာမဟုတ်ပါဘူး
စေတီပုထိုးဂူဘုရားတွေကိုဖျက်တဲ့စစ်ခွေးကြံ့ဖွတ်ခရိုနီဦးပိုင်ပါ။
အောက်ပါလင့်တွင် မူရင်းသတင်းကိုဖတ်ရှု့နိုင်ပါသည်။
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)
~❈❀✿⊰❂⊱✿❀❈~ ~❈❀✿⊰❂⊱✿❀❈~
https://www.facebook.com/bagyi.aung.188?fref=photo
ဦးပိုင်ကို
နိုင်ငံတော်ပိုင် လိုလို
ထင်ရောင်ထင်မှား လိမ်ပြောနေပြန်ပြီ။

တကယ်နိုင်ငံတော်ပိုင်လို့ 
တရားဝင်ကြောညာချက်ထုတ်ပြန်
ပေးမယ်ဆိုရင် ဝမ်းသာအားရ
ကြိုဆိုပါမည်။

တပ်မတော်ထိပ်ပိုင်းအရာရှိကြီးများ တည်ထောင်ထားသည့်
မြန်မာ့ စီးပွားရေးဦးပိုင်လုပ်ငန်း(MEC)၏ စီမံကိန်းလုပ်ငန်းများသည်
နိုင်ငံတော် စီမံကိန်းများသာဖြစ်သည်ဟု လက်ပံတောင်းကြေးနီစီမံကိန်း
နှင့်ပါတ်သက်သည့် အစီရင်ခံစာအပေါ် အကောင်အထည်ဖေါ်
ဆောင်ရွက်နေသည့် ကော်မတီအတွင်းရေးမှူး-
ဦးတင်မြင့်ကပြောကြားသည်။
''မြန်မာ့စီးပွားရေးဦးပိုင်ဆိုတာလည်းတပ်မတော်သားတွေ
 ပင်စင်ယူတဲ့သူ တွေ အကြောင်းအမျိုးမျိုးကြောင့် တိုက်ပွဲမှာဒါဏ်
ရာရတဲ့သူတွေ အသက်ဆုံးရှုံးသူမိသားစုတွေကို ထောက်ပံ့ဖို့ လုပ်ထားတဲ့အတွက်ဒါလည်းနိုင်ငံတော်စီမံကိန်းလို့ 
ပြောရင်ရပါတယ်''ဟု၎င်းကဆိုသည်။

''ပြောရင်ရတယ်''…ဆိုတဲ့ စကားဟာမရှင်မလင်း မပြတ်မသား
 ဝှေ့လည် ကြောင်ပတ် ဖြစ်နေသဖြင့် လိမ်လည်
ပြောဆိုနေကြောင်း ပေါ်လွင်လှပါသည်။

အထူးသဖြင့်
လက်ပံတောင်းဒေသခံများအတွက် အကောင်အ
ထည်ဖေါ်ရေးကော်မတီ ၏ ဆောင်ရွက်ချက်နှင့်ပါတ်သက်၍
နေပြည်တော်ရှိ သမတရုံးအမှတ်၁၈တွင် မီးဒီယာများနှင့် တွေ့ ဆုံစဉ်
၎င်းက ယင်းသို့ ပြောကြားခြင်းဖြစ်သည်ဟု The Voice daily
9-1-2015 ပါသတင်းက ဖေါ်ပြထားပါသည်။

((ယင်းစီမံကိန်းတွင်  . . .
နိုင်ငံတော်မှ 51% ဦးပိုင်မှ19% ဝမ်ပေါင်မှ30% ရင်းနှီထားကြောင်း)
ဦးတင်မြင့်ကပြောပြီး တဖန်'' နိင်ငံတော်က ၇၀% ဝမ်ပေါင်က၃၀%ပေါ့ ''ဟု
၎င်းကထပ်လောင်းပြောပြန်သဖြင့်ဦးပိုင် မပါတော့သလိုလို
ဝေဝေဝါးဝါး မီဒီယာများကိုလှည့်ဖျားပြောဆိုနေသည်ကို
ထင်ရှားစွာ တွေ့ ရှိရပါသည်။

အတွင်းရေးမှူးဦးတင်မြင့်သမတရုံး မီဒီယာတွေ့ ဆုံပွဲမှာ
ထိုသို့  လိမ်လည်လှည့်ပါတ်ပြောဆိုပုံမျိုးကို သမတရုံးတာဝန်ရှိသုများ
အနေဖြင့် ပြန်လည်စိစစ်ပြီးမည်သည်ဟာသည် အမှန်ဖြစ်မည်ကို
ရှင်းလင်းပေးဖိုလ့လိုအပ်လာပြီ…ဟုအသိပေးအပ်ပါသည်။

အဓိကပြသာနာမှာ
ဦးပိုင်သည် နိုင်ငံပိုင်ဖြစ်သည်ဆိုသည်မှာ မှန်ပါ၏လော… …?
နိုင်ငံပိုင်ဖြစ်သည်ဆိုပါက…
မည်သည့်ဝန်ကြီးဌာန အောက်တွင်
ဖွဲ့ စည်းပုံ အဆင့်ဆင့်ကို တရားဝင်
ဖေါ်ပြပေးရန် …ပျက်ကွက်နေခြင်း သည် အဘယ့်ကြောင့်နည်း… …

အကယ်၍
အတွင်းရေးမှူးစကား မမှန် ဟုဆုံးဖြတ်ပါက ထို အတွင်းရေးမှူးအား
အရေးယူသင့်လှပါကြောင်းသို့ မှသာ
တာဝန်ယူနိုင်သောအစိုးရ…ဟူသောသိက္ခာကို
ထိန်းသိမ်းနိုင်မည်ဖြစ်ပါ ကြောင်း သတိပေးရေး
သားလိုက်ရပါ သည်။
ဘကြီးအောင်B
9-1-2015

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget