ငါ့မိတ်ဆွေတစ်ယောက်ရဲ့ ပန်းချီးကားကို
နိုင်ငံခြားသူက သူ့အိမ်နံရံမှာချိပ်ဖို့
ဒေါ်လာ 1000 ပေးဝယ်သွားတယ်။
ဂျင်းဘောင်းဘီဖင်ကျပ်နဲ့ကောင်မလေးက
သူ့အသဲနံရံထက်မှာ
ငါ့ဘ၀ကိုချိပ်ဖို့ . .
အလားကားပေးတာတောင် မယူခဲ့ဘူး။
ဒီတော့မှ
စစ်ခွေးခွာရာတွေပေပွနေသော
ငါ့ရုပ်စုံပန်းချီဘ၀ကို
ခ၀ါသည်မလေးထံ အပ်ခဲ့ရတယ်။
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)
No comments :
Post a Comment