၁.၁.၂၀၁၅-မန္တလေး
လက်ပတောင်းတောင်မှာဒေသခံတောင်သူများ
အကြမ်းဖက်နှိမ်နင်းခံရတာနဲ့ပတ်သက်လို့ ဒုတိယအကြိမ်မြောက်
ကန့်ကွက်ဆန္ဒပြပွဲကိုမန္တလေးမြို့ မှာဒီနေ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဒေသခံနိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ၊သံဃာတော်များ လယ်မြေ
သိမ်းဆည်းခံ လယ်သမားများပါဝင်တဲ့လူအင်အား ၂၀၀ ခန့်ဟာ
ဒီကနေ့  ၁.၁.၂၀၁၅ နေ့ လည် ၁နာရီမှ မန္တလေးမြို့မြတောင်ကျောင်း
တိုက်ကနေ စတင်ထွက်ခွာပြီး ၃၅လမ်း၊ ၇၈ လမ်း ၂၆ ဘီလမ်းနှင် ၈၄
လမ်းအတိုင်းဈေးချိုတော်ရှေ့ ကပတ်ပြီးဆန္ဒပြခဲ့ ကြတာဖြစ်ပါတယ်။
(ဓာတ်ပုံ-တေဇလှိုင်/ဧရာဝတီ)
No comments :
Post a Comment