စိန္တိတာကရဒဿ နဟူသည်မြန်မာလိုအနက်ပြန်ရပါက . . .
“စဉ်းစား-တွေးဆ-ဆင်ခြင်အပ်သောအကြောင်းအရာ” ဟူဆိုသည်။ ထို့ကြောင့်
ယနေ့ခေတ်ဗုဒ္ဓဘာသာဝင်တို့အား စဉ်းစားစရာများကို အလင်းရှင်ဆရာတော်မှ
စဉ်းစားပြမည် ။ တွေးဆစရာများကိုလည်း တွေးဆပြမည်။ ဆင်ခြင်တုံတရားများ
ကိုလည်း ဆင်ခြင်နိုင်ရန်ဆင်ခြင်နိုင်ကြောင်းကိုဖေါ်ပြမည်။
ဤသို့ ဓမ္မဒေသနာ၊ဓမ္မသာဝနာ၊ဓမ္မသာကစ္ဆာ၊မင်္ဂလာကြောင့် ဟောကြားရေးသား
သူအတွက်လည်း အလင်းကုသိုလ်ဖြစ်သလို နားကြားဖတ်ရှု့ခွင့်ရသူများအတွက်
လည်း နိဗ္ဗာန်အလင်းကုသိုလ်အကျိုးတရားတို့ကိုတိုးပွားစေပါတယ်။
ဒါ့ကြောင့် “ အလင်းရှင်” ကလောင်အမည်ဖြင့်ရေးသားခဲ့သော ယခင်ထောင်မကျ
ခင်က “အခြားကလောင်အမည်” များဖြင့်ရေးသားဖဲ့ဖူးသောစာပေများကို ..
www.alinshin.co.vu မှာဖတ်ရှု့နိုင်ပါတယ်။
ကဲ .. တို့တွေ စိန္တိတာကထာဘက်သို့ ဆက်ကြရအောင် . .
ပူးတွဲဖေါ်ညွှန်းသည့်ဓာတ်ပုံကိုသေချာဖတ်ကြည့်ကြပါ။ ယင်းဆရာတော်ကြီး
(မဟန)တွင်အကျိုးဆောင်အဖြစ် တာဝန်ယူဆောင်ရွက်စဉ်က သိကျွမ်းရင်းနှီး
ခဲ့ဖူးပါသည်။ တကျပြတ်သား အဂတိမလိုက်စားဘူးဟု သတင်းကြီးပါသည်။
ယခုအခါ ယင်းဆရာတော်ဘုရားကြီးမှ ထုတ်ပြန်လိုက်သော “သဘောထား
ကြေညာချက်” ကိုဖတ်ရ၍ အလွန်ပင် “ကလိထိုး၍ရယ်ချင်မိပါသည်။”
ဘာ့ကြောင့်လဲဆိုတော့ .. ။ သာသာရှင်ကောင်းရဟန်းလောင်းတို့ရဲ့မိခင်ကြီး
ဖြစ်သော လယ်တီသိမ်နဲ့စေတီတော်တို့ကို တရုတ်ကြီး မိုင်းခွဲ၊ဒိုဇာနဲ့ထိုးတာကို
တော့ ကန့်ကွက်ရှုတ်ခြခြင်းမရှိဘဲ . .. သံအမတ်စိုးနွယ်က ရွှေတိဂုံပုံတူကိတ်
မုန့်ကို ဓားနဲ့လှီးစားတာကိုတော့ ကန်ကွက်သည်။
မေးခွန်း
(၁) တကယ့်အစစ်အမှန်သိမ်စေတီကို မိုင်းခွဲ၊ ဒိုဇာနှင့်ထိုးသောတရုတ်ကြီးနှင့်
(၂) ပုံတူကိတ်မုန့်ကို ဓားသေးလေးဖြင့်လှီးသော စိုးနွယ်တို့တွင်
(က) ထိုသူနှစ်ဦးတွင် မည်သူက အပြစ်ပိုကြီးသနည်း ။
(ခ) မည်သူ့ကိုပို၍အလေးထားကန့်ကွက်သင့်သနည်း။
မှတ်ချက်။ တကယ်ကာယကံမြောက် သိမ်စေတီကိုဖျက်သော တရုတ်ကြီးနှင့်ဦးပိုင်
စစ်ခွေးတို့ကို မကန့်ကွက်မရှုတ်ချပဲ ။ ကိတ်မုန့်မျှသာဓားဖြင့်လှီးသော စိုနွယ်ကိုကန့်
ကွက်ရှုတ်ခြခြင်းရဲ့ (မဘသ)တို့ရဲ့ လုပ်ရပ်သည် အလွဲကြီးလွဲနေပြီ .. အမှားကြီး
မှားပြီ .. ။ ထိုသို့ဆိုလျှင် ရွှေတိဂုံစေတီတော်ကို ယင်းတရုတ်စစ်ခွေးတွေဖြိုလျှင်
လည်း ဒီအတိုင်းပဲကြည့်နေကြမှာလား?
ကဲ .. ညီငယ်ညီမငယ်တို့ စိန္တိတံလိုက်ကြဦး .. ။
█ ░ အလင်းရှင် ░ █

No comments :
Post a Comment